သင့်ဖုန်း ရေထဲပြုတ်ကျသွားတဲ့အခါ ဒီအချက် (၅)ချက်ကို လုပ်ဆောင်သင့်တာ
Unicode
ရုတ်တရက် သင့်စမတ်ဖုန်းရေထဲ ကျသွားရင် ဘာလုပ်လို့ လုပ်ရမှန်းမသိ ဖြစ်သွားတတ်ပါတယ။် ဒီအတွက်မပူပါနဲ့ ။ ဒီနည်းလေးတွေကို လိုက်လုပ်ကြည့်လိုက်ပါ။ အားလုံးအဆင်ပြေသွားပါလိမ့်မယ်။  
၁။ ဖုန်းပါဝါပိတ်ပါ- ဖုန်းရေထဲကျလို့ ပြန်ဆယ်ယူပြီးပြီးချင်း ဖုန်းပါဝါ ခလုပ်ကိုပိတ်ပါ။ ထိုသို့လုပ်ခြင်းအားဖြင့် သင့်ဖုန်းရဲ့အတွင်းပိုင်းထိcircuits တွေ ပျက်စီးသွားခြင်းကို ကာကွယ်ပေးပါတယ်။ 
၂။ အကုန်ဖြုတ်ပါ- ပါဝါပိတ်ပြီးရင် ဖုန်းထဲက အရာမှန်သမျှ ဖြုတ်ပါ။ ဘက်ထရီ၊ ဆင်းကတ်ဒ်နဲ့ ဖုန်းအလှဆင်တန်ဆာ( အဖုံးခွံ၊ဖုန်းကပ်ခွာ) စတာတွေကို ဖြုတ်ပစ်လိုက်ပါ။ ထိုပစ္စည်းတွေပေါ်မှာ ရေတွေ ကျန်ရစ်ခဲ့မှုမရှိစေဖို့ ဖြုတ်တဲ့အခါ အဝတ်စ အခြောက်ကလေးကိုင်ပြီး ဖြုတ်ပါ။
 ၃။ လှုပ်ခါပါ- နားကြပ်ပေါက်၊အားသွင်းပေါက် သို့မဟုတ် ဖုန်းအပြင်ရှိ ခလုပ်ကြားတွေထဲ ရေတွေကျန်မနေအောင် ဖုန်းကို အသာကလေး လှုပ်ခါပါ။ အဲ့ဒီနောက် ဖုန်းအပြင်ပိုင်းရှိ ရေတွေကို ဖယ်ရှားဖို့ အဝတ်ခြောက် သို့မဟုတ် တစ်ခါသုံးစက္ကူစ သို့မဟုတ် တစ်ရှူးစလေးဖြင့် ဖုန်းအား သုတ်ပါ။ 
၄။ ဖုန်းကိုဆန်ထဲမြှပ်ထားပါ -ဒီနည်းကတော့ အသုံးများတဲ့ နည်းလမ်းပါ။ လေလုံသေတ္တာငယ်တစ်ခ ုသို့မဟုတ် ဇစ်ပါသောအိတ်ထဲသို့ မချက်ရသေးတဲ့ ဆန်များထည့်ပါ။ ဖုန်းကို အဲ့ဒီ ဆန်ထဲသို့ထည့်ပါ။ထို့နောက် ယင်းအိတ် သို့မဟုတ် သေတ္တာကို ပိတ်ပြီး ခြောက်သွေ့တဲ့ နေရာမှာ ထားပါ။ ဂျုံမှုံ့၊ silica gel ထုတ်လေးတွေဖြင့်လည်း လုပ်နိုင်ပါတယ်။ 
၅။ စောင့်ကြည့်ပါ-ဖုန်းကို ဆန်ထဲတွင် အနည်းဆုံး ၂၄ နာရီ မှ ၄၈နာရီကြာအောင် ထားထားပါ။ အကောင်းဆုံးကတော့ ဖုန်းအလုပ်လုပ်သေးလားဆိုတာ သိရှိလိုရင်တောင် မထုတ်လိုက်ပါနှင့်။ ရေစိုတာ တအားမများရင် ဖုန်းကအလုပ်လုပ်မှာပါ။ စက်အလုပ်မလုပ်သေးရင် ရေစိုသွားတဲ့ဖုန်းက လုံးဝပြန်ကောင်းလာမယ်လို့တော့ အာမခံလို့ မရပါဘူး။ ပြန်ကောင်းလာဖို့က ၅၀ ရာခိုင်နှုန်းပဲ ရှိပါတယ်။ အထက်ပါအတိုင်း ဆန်ထဲထည့်တဲ့နည်းက အလုပ်မဖြစ်ဘူးဆိုရင်တော့ သက်ဆိုင်ရာ ဖုန်း ဝန်ဆောင်မှုစင်တာကိုသွားပါ။ သူတို့က သင်ဖုန်းပြန်ကောင်းအောင် ပြုပြင် ပေးနိုင်ပါလိမ့်မယ်။ သိထားရမှာက ဖုန်းအာမခံပေးထားမှုမှာ ရေစိုပျက်စီးမှု မပါဝင်ပါဘူး။ မိုးတွင်း သို့မဟုတ် ကမ်းခြေလိုနေရာမျိုး သွားတဲ့အခါ ဖုန်းရေစိုခံအိတ် ဆောင်သွားခြင်းမျိုးဖြင့် ရေစိုခြင်းကို ကာကွယ်ထားနိုင်ပါတယ်။
 Ref:timesofindia.indiatimes
သင့်ဖုန်း ရေထဲပြုတ်ကျသွားတဲ့အခါ ဒီအချက် (၅)ချက်ကို လုပ်ဆောင်သင့်တာ သင့်ဖုန်း ရေထဲပြုတ်ကျသွားတဲ့အခါ ဒီအချက် (၅)ချက်ကို လုပ်ဆောင်သင့်တာ Reviewed by Naethit on Monday, May 01, 2017 Rating: 5
No comments