ခေါင်းမလျှော်ပဲ အချိန်ကြာမြင့်စွာ သင့်ဆံပင် လှပနေချင်တယ်ဆိုရင်


သင့်ဆံပင်ကို နေ့တိုင်း ခေါင်းမလျှော်ပဲ ရက်ကြာကြာလေး ထားကြည့်ဖူးပါသလား။ အမျိုးသမီးတွေဆိုရင် ခေါင်းမလျှော်ရတဲ့ရက်မျိုးတွေ တစ်လမှာ တစ်ခါတော့ ရှိတတ်ကြပါတယ်။ အဲ့ဒီလို ရက်တွေဆို တစ်ရက်ခြား ခေါင်းလျှော်နေကျ၊ နှစ်ရက်တစ်ခါ ခေါင်းလျှော်နေကျ ဖြစ်တဲ့သူတွေအတွက် စိတ်ကသိကအောက် ဖြစ်စရာပါပဲ။ ဒါ့ကြောင့် အကြောင်းအမျိုးမျိုးကြောင့် ခေါင်းမလျှော်ဖြစ်တဲ့ သူတွေအတွက် ရက်ကြာကြာလေး ဆံပင်ပုံစံအထာကျကျနဲ့ လှနေစေဖို့ နည်းလေးတွေ ပေးချင်ပါတယ်။ ပထမဆုံးအနေနဲ့ ဆံပင်ကို ရေမထိပဲ လေး၊ ငါးရက်လာက်ထားမယ်လို့ တွေးကြည့်ပြီး အစီအစဉ်တွေ ကြိုတင်ရေးဆွဲထားလိုက်ပါ။ 
ပထမဆုံးနေ့
ပထမဆုံးနေ့က ခေါင်းလျှော်ပြီးပြီးချင်းနေ့ ဖြစ်တာကြောင့် ဆံပင်အနေအထားက သန့်ရှင်းနေပါလိမ့်မယ်။ ပထမဆုံး ဆံပင်ပုံစံအဖြစ် နည်းနည်းအုံထူတဲ့ ဒီဇိုင်း၊ လှိုင်းတွန့်ဆံပင်ပုံစံဖြစ်အောင် ပြင်ဆင်လိုက်ပါ။ သင့်ဆံပင်က ကောက်သားရှိတယ်ဆိုရင် ကောက်သားလေးတွေ ပေါ်အောင် ဆံပင်ကို ပုံသွင်းပါ။
နှစ်ရက်မြောက်နေ့
ဒုတိယနေ့မှာ Dry Shampoo ကို အသုံးပြုပြီး ဆံပင်သား ပိုချောသွားအောင် dryer ဆွဲပေးလိုက်ပါ။ ဆံပင်ကို နည်းနည်း အုံထူအောင် လုပ်ဆောင်လိုက်ပါဦး။ 
သုံးရက်မြောက်နေ့
ဒီနေ့မှာတော့ သင့်ဆံပင်ကို အပူချောင်းနဲ့ ဖြောင့်တာမျိုးလုပ်ဆောင်နိုင်ပါတယ်။ သင့်ဆံပင်က ထွက်လာတဲ့ အဆီတစ်ချို့က သင့်ကို အပူဒဏ်ကနေ ကာကွယ်ပေးပါလိမ့်မယ်။ 
လေးရက်မြောက်နေ့
ဒီနေ့အတွက်တော့ ဆံပင်ကို အားလုံးစုပြီး ပိုနီတေး စည်းကြည့်လိုက်ပါ။ 
ငါးရက်မြောက်နေ့
မလျှော်ရသေးတဲ့ သင့်ဆံပင်အတွက် ဒီနေ့တော့ ပြင်သစ်ကျစ်ဆံမြီးမျိုး၊ ငါးရိုးကျစ်ဆံမြီးလေးတွေ ကျစ်ကြည့်လိုက်ပါ။ 
ဒါကတော့ ငါးရက်အတွင်း သင်လုပ်ဆောင်နိုင်တဲ့ အရာတွေပါ။ ခေါင်းမလျှော်ပဲ ရက်ရှည်ထားမယ်ဆိုရင် လုပ်ဆောင်ရမယ့် အရာတွေက 
လက်နဲ့ခဏခဏ မကိုင်ပါနဲ့။
ဒါက အလွယ်ကူဆုံးအချက်လို့ ထင်ပေမယ့် တကယ်တော့ ခက်ခဲပါတယ်။ အားနေ ခေါင်းကိုင်၊ ဆံပင်ကိုင် လုပ်တတ်တဲ့သူတွေအတွက် ပထမဆုံး ဆံပင်ကို ခဏခဏ မကိုင်ဖို့ ကြိုးစားရမှာပါ။ ဆံပင်ကို ခဏခဏ ကိုင်မိတဲ့အခါ လက်က အဆီတွေက ခေါင်းမှာကျန်ခဲ့တာမျိုး ဖြစ်ပါတယ်။ ဒီလိုဆို သင့်ခေါင်းမှာ အဆီတွေ များသထက်များလာပါလိမ့်မယ်။ 
ပိုးသားခေါင်းအုံးနဲ့ အုံးပါ။
သင့်ဆံပင်တွေ ပိုမရှုပ်ထွေးအောင်၊ သဘာဝအတိုင်း လှနေစေဖို့ဆို သင်အိပ်တဲ့ အိပ်ယာနဲ့ခေါင်းအုံးကလည်း အရေးပါသွားပါပြီ။ ဖြစ်နိုင်ရင် ပြောင်ချောနေတဲ့အစ၊ ပိုးသားနဲ့ ချုပ်ထားတဲ့ အိပ်ယာခင်း၊ ခေါင်းအုံးတွေကို သုံးရင် အကောင်းဆုံးပါပဲ။ ဒီလိုဆို သင့်ဆံပင်ပုံစံ ပိုထိန်းနိုင်တာမို့ ရက်ကိုရှည်ရှည် ခေါင်းမလျှော်ပဲ ထားနိုင်ပါလိမ့်မယ်။
Headband သုံးပါ။ 
မျက်နှာသစ်တဲ့အခါ၊ ရေချိုးတဲ့အခါ ၊ သင့်မျက်နှာကို ပေါင်းတင်တာမျိုး ဘာလုပ်လုပ် ဆံပင်တွေ မျက်နှာပေါ်မကပ်အောင်နဲ့ သင့်ဆံပင်ရေမစိုအောင် Headband လေး သုံးပေးပါ။ ဆံပင်ကို မျက်နှာသစ်တဲ့အခါ ဆပ်ပြာတွေဘာတွေ လုံးဝမထိတာ ကောင်းပါတယ်။
အဆီစုပ်စက္ကူလေးတွေ သုံးပေးပါ။
သင့်ဆံပင်က အဆီတွေ အရမ်းထွက်နေတယ်လို့ ခံစားရရင် သင့်မျက်နှာအတွက်သုံးတဲ့ အဆီစုပ်စက္ကူလေးတွေနဲ့ ဆံပင်အရင်းပိုင်းတွေ၊ ဆံပင်ခွဲကြောင်းကို အဆီစုပ်ပေးလိုက်ပါ။
Ref:bustle
ခေါင်းမလျှော်ပဲ အချိန်ကြာမြင့်စွာ သင့်ဆံပင် လှပနေချင်တယ်ဆိုရင် ခေါင်းမလျှော်ပဲ အချိန်ကြာမြင့်စွာ သင့်ဆံပင် လှပနေချင်တယ်ဆိုရင် Reviewed by Naethit on Thursday, May 18, 2017 Rating: 5

No comments