ကျေးဇူး ကို ချေ လို့ မရ…ထေ လို့ မရ။



လူတစ်ယောက်ဟာ ကိုယ့်ကို ထမင်းတစ်နပ် ကျွေး လိုက်တယ်။ သူက တစ်ထောင်ဖိုး ကျွေးတယ် ဆိုပါစို့။ ကိုယ်က နှစ်ထောင်ဖိုး ပြန်ပေးလိုက်တယ် ဆိုရင် သူ… ကျွေးလိုက်တဲ့ ပစ္စည်းရဲ့အထောက်အပံ့ အစဉ်အဆက် သည် ရပ်သွားပါ့မလား.… ? (မရပ်သွားပါ.…ဘုရား)

ဒါဖြင့်မှတ်ပါ။ ကျေးဇူးကို ချေလို့ မရဘူးနော်။ဒီလိုနော်… နားလည်ပြီလား။ကျေးဇူးချေတယ်ဆိုတဲ့ စကားကို…… မပြောရဘူး။ ကျေးဇူးဆိုတာ မချေကောင်းဘူး။ငွေနဲ့…… လည်း……ချေလို့ .…ထေလို့…မရပါဘူး။

ဘုရားက ကျေးဇူး သိတယ်၊ကျေးဇူး ဆပ်ရာမည်တယ်… လို့သာ ဟောတာ။ ကျေတယ် လို့ မပြောဘူးနော်။ ကျေးဇူးကို မချေကောင်းဘူး။မထေ ကောင်းဘူး… လို့မှတ်ပါ။

ဘုရား…ဟောတယ်။
ငယ်စဉ်က မိခင်ရဲ့နို့ရည် တစ်စက်၊ ဖခင်ရဲ့ ပြုစုမှု… တစ်ချက်လေးဟာ၊ အဲ့ဒီကျေးဇူးတွေဟာ ခုထိ… ထောက်ပံ့တုန်းပဲတဲ့။ ဘုရားရဲ့ဥာဏ်တော်နဲ့မို့……
မြင်နိုင်တာနော်။ပဋ္ဌာန်းထဲမှာ ပါတယ်။

နတ္ထိပစ္စယော လို့ ပြတယ်။အဟာရက ဥပနိဿ ယပစ္စယော နော်။အားကြီးတဲ့မှီရာအထောက်အပံ့နော်။ ဟိုကျတော့ နတ္ထိပစ္စယော လို့ခေါ်တယ်။ ထောက်ပံ့… ပေးခဲ့တယ်။ ဒါပင်မယ့်မရှိတော့ဘူး။ လက်ဆင့်ကမ်း… သဘောမျိုးလို့ မှတ်ရမယ်။ သေသေချာချာ မှတ်ပါ။

ဒါကြောင့် ကျေးဇူးကို ဆက်ကြည့်တဲ့အခါ………
ငယ်ငယ်ထဲက မိခင် နို့ရည်တစ်စက်၊ ဖခင်ရဲ့ ပြုစုမှု… တစ်ချက်ဟာ ခုချိန်ထိ ရှိတယ်လို့ မှတ်ရမယ်။
အင်မတန် ကျေးဇူး ကြီးတယ်နော်။

ဒါကြောင့်… အမိ ကို လက်ဝဲ၊ အဖ ကို လက်ယာ
(သို့မဟုတ်) ပခုံးနှစ်ဖက်ပေါ်မှာ မိဘကို တင်ပြီး… နှစ်ပေါင်းတစ်ရာ အထိ လုပ်ကျွေးအုံးတဲ့……
ကျေးဇူးဆပ်ရာ မမည်သေးဘူး လို့…ဒီလိုဆိုတယ်နော်။

#Achitlwinpyin

#Credit_ပိုင်းလော့ဆရာတော်ဘုရားကြီး
ကျေးဇူး ကို ချေ လို့ မရ…ထေ လို့ မရ။ ကျေးဇူး ကို ချေ လို့ မရ…ထေ လို့ မရ။ Reviewed by Naethit on Tuesday, May 16, 2017 Rating: 5

No comments