Featured post

အိမ္ျခံေျမကြက္ ေရာင္းမည္

အိမ္ျခံေျမကြက္ ေရာင္းမည္။ သထုံ- ဖါးအံ ကားလမ္းမႀကီးေဘး -အလ်ား ေပ ၁၀၀ အနံေပ ၁၀၀ ပါတ္လည္အက်ယ္ရွိ ႏွစ္၃၀ ဂရံေျမကြက္။ (...

ျမန္မာအင္တာနက္စာၾကည့္တိုက္

ျမန္မာအင္တာနက္စာၾကည့္တိုက္မွႀကိဳဆိုပါတယ္။ လာေရာက္လည္ပတ္သူအားလံုး ရႊင္လန္းခ်မ္းေျမ႕ၾကပါေစ။

ေၾကျငာထည့္သြင္းလိုသူမ်ားအားဖိတ္ေခၚပါတယ္။

ျမန္မာအင္တာနက္စာၾကည့္တိုက္အား ေန႕စဥ္ဝင္ေရာက္ၾကည့္ရႈသူမ်ားစြာရွိၿပီး ကၽြႏု္ပ္တို႔ website တြင္ေၾကျငာထည့္သြင္းျခင္းျဖင့္ လူႀကီးမင္းတို႔ထုတ္ကုန္မ်ားအား လူသိမ်ားေရာင္းအားေကာင္းလာေစမွာျဖစ္ပါတယ္။

စာအုပ္စာေပ လူ႕မိတ္ေဆြ

####

###

###

###

###

ကာမသ်ွတၱရက်မ္းႀကီး

ေ႐ွးပညာရိွႀကီးမ်ားေရးသားထားခ့ဲေသာ
စာအုပ္ေတြ႔လို႔ ဗဟုသုတအေနျဖင့္ တင္ေပးလိုက္ပါတယ္။


ဝဋ္ေႂကြးခံရဟႏၱာႏွင့္ထိတ္လန္႔ဖြယ္ၿပိတၱာတေစၦမ်ား


Credit-ဧကန္မင္းေရးသားသည္။



စိတ္ဓာတ္က်၊ စိတ္ဖိစီးတဲ့အခါ ဒီအခ်က္ေလး (၅)ခ်က္ေတြးျပီး ၀မ္းနည္းစရာေတြကို ေက်ာ္ျဖတ္ပါ

လူတုိင္းလူတုိင္းမွာ စိတ္ပင္ပန္းစရာ၊ စိတ္ဓာတ္က်စရာအေျခအေနေတြ ဆုိတာကေတာ့ ရွိစျမဲပါ။ ဒါေတြကို ဘယ္လိုေကာင္းမြန္စြာ ေက်ာ္ျဖတ္ႏိုင္ခဲ့သလဲဆုိတာေပၚ မူတည္ျပီး အဲ့ဒီလူဟာ အေတြ႔အႀကံဳကေန သင္ယူႏိုင္သြားတဲ့အျပင္ စိတ္ဓာတ္လည္း ပိုႀကံ႕ခိုင္သြားတတ္ၾကပါတယ္။ တကယ္လို႕မ်ား သင္ဟာ ၀မ္းနည္းသလိုလုိ ခံစားလာရတယ္၊ စိတ္ဓာတ္က်သလို ျဖစ္လာျပီဆုိရင္ ဒီအခ်က္ေလးေတြ ေတြးၾကည့္လိုက္ပါ။

 ၁။ငါဟာ ခံစားခ်က္ေတြကို ေၾကာက္လန္႕ေနသူ မဟုတ္ဘူး။ အရင္အခ်ိန္ေတြတုန္းက သင္ဟာ နာက်င္ေနခဲ့ရတာေတြ ဖုံးကြယ္ျပီး ဘယ္သူမွမသိေအာင္ တိတ္တိတ္ကေလး ေနခဲ့ရတယ္။ငိုခဲ့ရတယ္။ သင္ေပ်ာ္ရႊင္တဲ့အခ်ိန္မ်ိဳးဆုိရင္ေတာ့ အားလံုးေရွ႔မွာ ရယ္ေမာေပ်ာ္ရႊင္တာပဲ မဟုတ္လား။ ခံစားခ်က္ေတြကို အတင္းႀကီး ဖံုးကြယ္နစရာ မလုိပါဘူး။ ျပီးေတာ့ ငါခံစားရေတာ့မွာလားဆုိျပီးလည္း မေၾကာက္ပါနဲ႕။ အားလံုးဟာ ခဏတာလုိ႕ ေတြးပါ။ 

၂။ သူငယ္ခ်င္းအစစ္ေတြဟာ ဘယ္သူေတြဆုိတာ သိႏိုင္ျပီ။ စိတ္ဓာတ္က်တာ၊ အားငယ္တဲ့ ပံုစံမ်ိဳးေပါက္လာတာနဲ႕ ကုိယ့္အေပၚ ဘယ္သူကေတာ့ေကာင္းတယ္။ ဘယ္သူကေတာ့ မေကာင္းဘူးဆုိတာ သိသိသာသာ ျမင္လာရပါျပီ။ တစ္ခ်ိဳ႕လူေတြက စိတ္ဓာတ္က်အားငယ္ေနတဲ့ သူငယ္ခ်င္းကို ေဖးမဖုိ႕ထက္ အေ၀းကိုသာ တြန္းပို႕တတ္ၾကပါတယ္။ ကုိယ့္ဆီလာျပီး ေျပာဆုိေနမွာမ်ိဳးကိုလည္း သူတုိ႕အခ်ိန္ေပးနားမေထာင္ခ်င္ၾကပါဘူး။ ဒီအခ်ိန္မွာ သင့္ကုိ ဘယ္သူေတြက အားျဖည့္ေပးပါသလဲ။ ႏွစ္သိမ့္ကူညီေပးသလဲဆုိတာ သင္သိရမွာပါ။ 

၃။ကုိယ့္ကိုယ္ကို ပိုအခ်ိန္ေပးႏိုင္လာပါလိမ့္မယ္။ အရင္တုန္းက အျခားသူေတြအတြက္ပဲ အခ်ိန္ေပးေနခဲ့တယ္။ အျခားသူေတြ ေပ်ာ္ေအာင္ဦးစားေပးခဲ့သမ်ွ ခုခ်ိန္မွာေတာ့ ကုိယ့္ဘာသာကိုယ္အခ်ိန္ေပးႏိုင္ေအာင္ လုပ္ပါ။ ဒီေတာ့ ကိုယ္မသြားခ်င္တဲ့ ပါတီပြဲေတြ၊ ေပ်ာ္ပြဲရႊင္ပြဲေတြ လည္း စိတ္လြတ္ကိုယ္လြတ္ ျငင္းလို႕ရပါျပီ။ 

၄။ပိုရဲရင့္လာတယ္၊ ကုိယ့္ကိုယ္ကို ပိုယံုၾကည္မႈရွိလာတယ္လို႕ ေတြးပါ။ တစ္ခါစိတ္ဓာတ္က်ျပီးတုိင္း သင္ဟာ ဖြင့္ဟရဲတဲ့ သတိၱေတြရွိလာမယ္။ ခံစားခ်က္ေတြကိုလည္း ေ၀မွ်တတ္လာမယ္။ ဒီလို အခါခါႀကံဳဖူးတဲ့ေနာက္မွာ သင္ဟာ ပိုရဲရင့္လာျပီး ကိုယ့္ကိုယ္ကို ယံုၾကည္မႈေတြ ရွိလာပါလိမ့္မယ္။

 ၅။ဒီလိုျဖစ္တာ၊ ခံစားရတာ ကိုယ္တစ္ေယာက္တညး္ မဟုတ္ဘူးလုိ႕ ေတြးပါ။ တကယ္ေတာ့ စိတ္ဓာတ္က်တာ၊ ခံစားရတာဟာ သင္တစ္ေယာက္တည္း ထူးျပီးျဖစ္ေနတာမ်ိဳး မဟုတ္ပါဘူး။ ကမ႓ာေက်ာ္မင္းသား၊ မင္းသမီး အႏုပညာရွင္ေတြလည္း ဒီလိုခံစားၾကရတာပါပဲ။ ပိုက္ဆံရွိတာ မရွိတာနဲ႕လည္း မဆုိင္ပါဘူး။ ဒီေတာ့ ကိုယ့္ကိုယ္ကို အျပစ္မတင္ပါနဲ႕။ 

Ref:yourtango

Unicode

လူတိုင်းလူတိုင်းမှာ စိတ်ပင်ပန်းစရာ၊ စိတ်ဓာတ်ကျစရာအခြေအနေတွေ ဆိုတာကတော့ ရှိစမြဲပါ။ ဒါတွေကို ဘယ်လိုကောင်းမွန်စွာ ကျော်ဖြတ်နိုင်ခဲ့သလဲဆိုတာပေါ် မူတည်ပြီး အဲ့ဒီလူဟာ အတွေ့အကြုံကနေ သင်ယူနိုင်သွားတဲ့အပြင် စိတ်ဓာတ်လည်း ပိုကြံ့ခိုင်သွားတတ်ကြပါတယ်။ တကယ်လို့များ သင်ဟာ ဝမ်းနည်းသလိုလို ခံစားလာရတယ်၊ စိတ်ဓာတ်ကျသလို ဖြစ်လာပြီဆိုရင် ဒီအချက်လေးတွေ တွေးကြည့်လိုက်ပါ။ 

၁။ငါဟာ ခံစားချက်တွေကို ကြောက်လန့်နေသူ မဟုတ်ဘူး။ အရင်အချိန်တွေတုန်းက သင်ဟာ နာကျင်နေခဲ့ရတာတွေ ဖုံးကွယ်ပြီး ဘယ်သူမှမသိအောင် တိတ်တိတ်ကလေး နေခဲ့ရတယ်။ငိုခဲ့ရတယ်။ သင်ပျော်ရွှင်တဲ့အချိန်မျိုးဆိုရင်တော့ အားလုံးရှေ့မှာ ရယ်မောပျော်ရွှင်တာပဲ မဟုတ်လား။ ခံစားချက်တွေကို အတင်းကြီး ဖုံးကွယ်နစရာ မလိုပါဘူး။ ပြီးတော့ ငါခံစားရတော့မှာလားဆိုပြီးလည်း မကြောက်ပါနဲ့။ အားလုံးဟာ ခဏတာလို့ တွေးပါ။

 ၂။ သူငယ်ချင်းအစစ်တွေဟာ ဘယ်သူတွေဆိုတာ သိနိုင်ပြီ။ စိတ်ဓာတ်ကျတာ၊ အားငယ်တဲ့ ပုံစံမျိုးပေါက်လာတာနဲ့ ကိုယ့်အပေါ် ဘယ်သူကတော့ကောင်းတယ်။ ဘယ်သူကတော့ မကောင်းဘူးဆိုတာ သိသိသာသာ မြင်လာရပါပြီ။ တစ်ချို့လူတွေက စိတ်ဓာတ်ကျအားငယ်နေတဲ့ သူငယ်ချင်းကို ဖေးမဖို့ထက် အဝေးကိုသာ တွန်းပို့တတ်ကြပါတယ်။ ကိုယ့်ဆီလာပြီး ပြောဆိုနေမှာမျိုးကိုလည်း သူတို့အချိန်ပေးနားမထောင်ချင်ကြပါဘူး။ ဒီအချိန်မှာ သင့်ကို ဘယ်သူတွေက အားဖြည့်ပေးပါသလဲ။ နှစ်သိမ့်ကူညီပေးသလဲဆိုတာ သင်သိရမှာပါ။ 

၃။ကိုယ့်ကိုယ်ကို ပိုအချိန်ပေးနိုင်လာပါလိမ့်မယ်။ အရင်တုန်းက အခြားသူတွေအတွက်ပဲ အချိန်ပေးနေခဲ့တယ်။ အခြားသူတွေ ပျော်အောင်ဦးစားပေးခဲ့သမျှ ခုချိန်မှာတော့ ကိုယ့်ဘာသာကိုယ်အချိန်ပေးနိုင်အောင် လုပ်ပါ။ ဒီတော့ ကိုယ်မသွားချင်တဲ့ ပါတီပွဲတွေ၊ ပျော်ပွဲရွှင်ပွဲတွေ လည်း စိတ်လွတ်ကိုယ်လွတ် ငြင်းလို့ရပါပြီ။ 

၄။ပိုရဲရင့်လာတယ်၊ ကိုယ့်ကိုယ်ကို ပိုယုံကြည်မှုရှိလာတယ်လို့ တွေးပါ။ တစ်ခါစိတ်ဓာတ်ကျပြီးတိုင်း သင်ဟာ ဖွင့်ဟရဲတဲ့ သတိ္တတွေရှိလာမယ်။ ခံစားချက်တွေကိုလည်း ဝေမျှတတ်လာမယ်။ ဒီလို အခါခါကြုံဖူးတဲ့နောက်မှာ သင်ဟာ ပိုရဲရင့်လာပြီး ကိုယ့်ကိုယ်ကို ယုံကြည်မှုတွေ ရှိလာပါလိမ့်မယ်။ 

၅။ဒီလိုဖြစ်တာ၊ ခံစားရတာ ကိုယ်တစ်ယောက်တည်း မဟုတ်ဘူးလို့ တွေးပါ။ တကယ်တော့ စိတ်ဓာတ်ကျတာ၊ ခံစားရတာဟာ သင်တစ်ယောက်တည်း ထူးပြီးဖြစ်နေတာမျိုး မဟုတ်ပါဘူး။ ကမ္ဘာကျော်မင်းသား၊ မင်းသမီး အနုပညာရှင်တွေလည်း ဒီလိုခံစားကြရတာပါပဲ။ ပိုက်ဆံရှိတာ မရှိတာနဲ့လည်း မဆိုင်ပါဘူး။ ဒီတော့ ကိုယ့်ကိုယ်ကို အပြစ်မတင်ပါနဲ့။ 

Ref:yourtango

ဦးေပၚဦး န့ဲ လွေတာသား

က်ေနာ္တို႔ျမန္မာလူမ်ိဳးမွန္ စကားအရာေပါႂကြယ္လွတ့ဲ ဦးေပၚကိုလူတိုင္းသိၾကပါတယ္။

ထို႔အတူ စကားကိုကတ္ေျပာတ့ဲလွေတာသားေတြကိုလဲေမ့ထားလို႔ေတာ့မရဘူး။

ဒါေၾကာင့္စာခ်စ္သူမ်ားအတြက္ ဦးေပၚဦး န့ဲ လွေတာသား စာအုပ္ကိုတင္ေပးလိုက္ပါတယ္။

ဗဟုသုတမ်ားျခင္းသည္ မဂၤလာတစ္ပါးျဖစ္သည္။




ေျပာင္းလဲခ်င္သူ ေအာင္ျမင္ခ်င္သူမ်ားအတြက္

အရမ္းေကာင္းလြန္းတဲ့အားေပးစကားေတြ

Nick Vujicic ၏ စိတ္ခြန္အား ေပးသည့္ စကားစုမ်ား

ကြ်န္ေတာ့္ဟာ ေျခေထာက္ မပါဘူး လက္ မပါဘူး.. ဒါေပမဲ့ …ခင္ဗ်ားတို့ စိတ္မပူပါနဲ့

ထို့စကားကို.စိတ္ဓာတ္ျမွင့္တင္ေရးစကားေျပာ
ကြ်မ္းက်င္သူတစ္ဦးျဖစ္သူ Nick Vujicic က
ေျပာခဲ့ျခင္း ျဖစ္ပါတယ္.. သူ၏စကားကိုၾကည့္ျခင္းျဖင့္ မသန္ေပမဲ့ စြမ္းတဲ့သူ႔စိတ္ဓာတ္ကို အားက်ဖြယ္ျမင္ေတြ့ ရပါတယ္..

သူ့သည္အသက္ ၁၇ ႏွစ္မွာ Life Without Limbs ဆိုတဲ့ အသင္းကို တည္ေထာင္ျပီး မိန့္ခြန္းေျပာဆိုျခင္းနဲ့ ကုိယ္အဂၤါမသန္စြမး္သူေတြကုိ ေထာက္ပံ့ကူညီရင္း ဇနီးျဖစ္သူ Patricia Maier နဲ့အတူ ဘ၀၇ဲ့ အဓိပၸာယ္ကို ရွာေဖြလ်က္ရွိသူျဖစ္ပါတယ္။

အခုေဖာ္ျပမွာက လူငယ္ေတြ၊ေက်ာင္းသားေတြအတြက္ သူေျပာခဲ့တဲ့ မိန့္ခြန္း (သို့)စိတ္ဓာတ္ျမွင့္တင္ေရးစကား မ်ားစြာထဲက အေျခခံ အခ်က္တခ်ိဳ့ပဲျဖစ္ပါတယ္….

၁၊ မ်က္ရည္ က်တဲ့အခ်ိန္မွာ ဆံုးျဖတ္ခ်က္မခ်ပါနဲ့… အဲဒီအခ်ိန္မွာ အဆိုးျမင္စကား ေျပာဆိုျခင္း နည္း ႏုိင္သမ်ွနည္းပါေစ။

၂။အခက္အခဲ ကိစၥတစ္ခုကို အျမဲ ေတြးေတာ ပူပန္မေနပါနဲ့… ခံစားခ်က္တုိင္းကို သင့္ ဆီမွာ ေသာင္တင္ မေနပါေစနဲ့… သင့္မွာ တုိင္ပင္စရာ သူငယ္ခ်င္းေတြ မိဘေတြ ရွိေသးတာကို သတိရပါ။

၃။ မွား မွာကို မေၾကာက္ပါနဲ့…တကယ္လို့ မွားခဲ့ရင္ ေတာင္ ဦးေႏွာက္ေျခာက္မခံပါနဲ့၊ လူ့ဘ၀ဆိုတာ အမွားအမွန္ ဒြန္တြဲေနတတ္ပါတယ္။ ဘယ္လို အေျခအေနပဲျဖစ္ျဖစ္... ေနာက္ဆံုး ျပန္စဥ္းစား ၾကည့္လိုက္တဲ့အခါ…
ျပီးခဲ့တဲ့ အမွားေတြဟာ သိပ္ေတာ့ အေရး မၾကီးလွတာကို ခံစားရပါလိမ့္မယ္။

၄။ အဆိုးျမင္ျခင္းဟာ လူေတြမွာ ရွိတတ္ပါတယ္။ ဒါေပမဲ့ ဒီလိုအဆိုးျမင္တဲ့အရာေတြဟာ ဘ၀ရဲ့ ေသးငယ္တဲ့ အစိတ္အပိုင္းေတြဆိုတာ နားလည္ဖို့လိုပါတယ္။ တကယ္ေတာ့.. စိတ္ခံစားခ်က္ကို ဦးစားမေပးပဲ မွ်တေအာင္ အေကာင္းျမင္စိတ္ေလးနဲ့ အစားထုိ္းေပးဖို့ လို္ပါတယ္။

၅။ တကယ္လို့ တစ္ေယာက္ေယာက္က သင့္ကို အဆက္အသြယ္လုပ္သည္ျဖစ္ေစ…မလုပ္သည္ျဖစ္ေစ .. စကားေျပာေျပာ မေျပာေျပာ … ဒါဟာ သာမန္ပါပဲ။ ေရးၾကီးခြင္က်ယ္ အက်ယ္ခ်ဲ့ေနစရာ မလိုပါဘူး။ ေတြးျပီး ၀မ္းနည္းမေနသင့္ပါဘူး။

၆။ တကယ္လို့ သင္ တစ္ခုခုကို နားမလည္ရင္… ေမးျမန္းေျပာဆိုပါ၊ နားလည္ျပီဆုိရင္ေတာ့ ရင္ထဲမွာပဲ သိမ္းထားပါ…သိိလိုက္ရတဲ့အတြက္ ၀မ္းသာပါ။

၇။ ဦးေႏွာက္ေျခာက္စရာ ကိစၥေတြ အားလံုးက မိမိ ဘာသာ ရွာတာေတြ မ်ားပါတယ္။ ဒါေၾကာင့္ ကုိယ့္ ဘာသာ ေျဖ၇ွင္းဖို့ ၾကိဳးစားပါ…သူငယ္ခ်င္းေတြကို ငုိယို စိတ္ပူပန္ေစမဲ့ အစား … သူတို့ေတြနဲ့ အတူတူ ေပ်ာ္ေပ်ာ္ ေနပါ။

၈။ ေျပာျပီးသား ကတိတည္ပါေစ။ စကားကို လြယ္လြယ္ ေျပာဆုိျခင္းက သင့္အေပၚမွာ မိတ္ေဆြေတြ ယံုၾကည္မွု နညး္ပါးေစပါတယ္။

၉။ ဘယ္လိုအေျပာင္းအလဲ အတားအဆီးရွိပါေစ… မူလ သင္လုပ္ေနက် ေန့စဥ္ ဘ၀ကို မဆံုးရွံုးပါေစနဲ့.. အခ်ိန္မွန္စား… အခ်ိန္မွန္အိပ္စက္ပါ။

၁၀။ ကိစၥတစ္ခု လုပ္တဲ့အခါ မေၾကာက္မရြံံ့ လုပ္ေဆာင္ပါ။ ထိခုိက္နာက်င္မွာ မေၾကာက္ပါနဲ့။ မွားယြင္း ေျပာဆိုမိမွာကိုလဲ မေၾကာက္ပါနဲ့။ ျပီးခဲ့တဲ့ အရာေတြကိုလဲ ျပန္စဥ္းစား ပူပန္မေနပါနဲ့။ မေရာက္ေသးတဲ ့အနာဂတ္ကုိလဲ ေတြးပူ မေနပါနဲ့။

၁၁။မွားသည္ျဖစ္ေစ…မွန္သည္ျဖစ္ေစ၊လမ္းေၾကာင္း…
ဦးတည္ရာရွိပါေစ…ယံုၾကည္မွုနဲ့ေရွ့တိုးေဆာင္ရြက္ပါ။
လက္ရွိဘ၀ကို အျမဲသံုးသပ္ၾကည့္ျပီး ရွင္သန္ေနထုိင္ပါ။ ဘယ္လိုလူေတြနဲ ့ေတြ့ေတြ့ မုန္းတီးစရာ မလိုပါဘူး…… အမွားအမွန္ လူ႔ေလာက မွာ အမွားကေန သင္ခန္းစာ ယူျပီး အမွန္ကို ေရွ့တိုး ေဆာင္ရြက္ပါ။

၁၂။ သင့္ကုိယ္သင္ ညံ့ဖ်င္းတယ္လို့ ထင္တာဟာ… လိမ္လည္မွု တစ္ခုပါပဲ။ သင္ဟာ ဘာမွတန္ဖိုးမရွိဘူးလို့ ထင္ျခင္းကလဲ မွားယြင္းတဲ ့အေတြးတစ္ခုျဖစ္ပါတယ္။

၁၃။ ဘယ္အရာကုိမွ မေၾကာက္ပါနဲ့။ ေလာကမွာ ေၾကာက္စရာ ေကာင္းတာေတြက မ်ားပါတယ္။ သင္ေၾကာက္ေနလို့လဲ ကုန္ဆံုးမွာ မဟုတ္ပါဘူး။ အခက္အခဲၾကံဳလာရင္ ေျဖရွင္းပါ… ေျဖရွင္းလို့မရႏုိင္ရင္…စြန့္လႊတ္ရံုပါပဲ။ ေတြးေတာ ေၾကာက္ရြ့ံမေနပါနဲ့။

၁၄။ ဘယ္ေလာက္ အားကိုးရတဲ့သူျဖစ္ပါေစ၊ စကားအားလံုးကို အက်ိဳးမရွိပဲ ထုတ္ေဖာ္ မေျပာဆို သင့္ပါဘူး။

၁၅။ ဘာေျပာရမွန္း မသိတဲ့အခါမွာလဲ ဘာမွမေျပာပါနဲ့။ ဆိတ္ဆိတ္ေနပါ။ေျပာရင္း နဲ ့အမွား ပါတတ္လို့ပါ။

၁၆။ရလဒ္ အတြက္ ပူပန္မေနပါနဲ့… အေကာင္းဆံုး လုပ္ေဆာင္ပါ။ရလဒ္က အလိုလိုလိုက္ပါလာပါလိမ့္မယ္။

၁၇။ေနာင္တ မရပါေစနဲ့… ေနာင္တရျခင္း က အမွား လုပ္လိုက္တာထက္ပိုျပီးေၾကာက္စရာေကာင္းပါတယ္။
သင့္ရဲ့ ကုိယ့္ကိုယ္ကို ယံုၾကည္မွုလဲပ်က္ျပားေစပါတယ္။ မွားျပီးရင္း မွားတာေတြ ၾကံဳေတြ့ရတတ္ပါတယ္။

၁၈။ဘာကိစၥပဲ ၾကံဳၾကံဳ…ကုိယ့္ကိုယ္ကို……
"ဒါျဖစ္သင့္ပါတယ္ေလ"…လို့ေျပာပါ။
"ငါ့က်မွ ဘာလို့ ဒုကၡေရာက္ရတာလဲ"…လို့ မညည္းတြား ပါနဲ့။အခု သင္ခံစား ေနရတဲ့အခ်ိန္မွာ ကမၻာၾကီးရဲ့ တျခား ေနရာမွာ အခက္အခဲဒုကၡ ခံစားညည္းတြားေနတဲ့သူေတြ အမ်ားၾကီးပါပဲ။

၁၉။ဘ၀ မွာ ခါးသီးျခင္း နွင့္ ပိုမိုေကာင္းမြန္တဲ့ အရာေတြ ကို ေရြးခ်ယ္ရမယ္ဆိုရင္… ခါးသီးျခင္းကို ေမ့ပစ္ျပီးပိုေကာင္းတာ ေရြးပါ။

၂၀။ကုိယ္လက္အဂၤါခ်ိဳ့တဲ့ေနပါေစ…ေမွ်ာ္လင့္ခ်က္ျဖင့္ အသက္ရွင္ေနထုိင္ပါ။

၂၁။တကယ္လို့ ကြ်န္ေတာ္ က်ရွံဳးရင္ ထပ္ၾကိဳးစားမယ္။ တစ္ၾကိမ္ျပီး တစ္ၾကိမ္ေပါ့…
တကယ္လို့… သင္…က်ဆံုးခဲ့ရင္ေရာ…? ထပ္ၾကိဳးစားမွာလား…?

လူ႔စိတ္၀ိဥာဥ္ ဟာ ကြ်န္ေတာ္တုိ့ ထင္ထားတာထက္ ပိုမိုျပီး အခက္အခဲေတြကို ကိုင္တြယ္ ေျဖရွင္းႏုိင္ပါတယ္။

သင္…ဘယ္လို နိဂံုး ခ်ဳပ္ခ်င္လဲ…ဆိုတာ အေပၚမွာပဲ မူတည္ပါတယ္။

#Credit_ကနက္သီရိ

ပြောင်းလဲချင်သူ အောင်မြင်ချင်သူများ အတွက်

#အရမ်းကောင်းလွန်းတဲ့အားပေးစကားတွေ

Nick Vujicic ၏ စိတ်ခွန်အား ပေးသည့် စကားစုများ

ကျွန်တော့်ဟာ ခြေထောက် မပါဘူး လက် မပါဘူး.. ဒါပေမဲ့ …ခင်ဗျားတို့ စိတ်မပူပါနဲ့

ထို့စကားကို.စိတ်ဓာတ်မြှင့်တင်ရေးစကားပြော
ကျွမ်းကျင်သူတစ်ဦးဖြစ်သူ Nick Vujicic က
ပြောခဲ့ခြင်း ဖြစ်ပါတယ်.. သူ၏စကားကိုကြည့်ခြင်းဖြင့် မသန်ပေမဲ့ စွမ်းတဲ့သူ့စိတ်ဓာတ်ကို အားကျဖွယ်မြင်တွေ့ ရပါတယ်..

သူ့သည်အသက် ၁၇ နှစ်မှာ Life Without Limbs ဆိုတဲ့ အသင်းကို တည်ထောင်ပြီး မိန့်ခွန်းပြောဆိုခြင်းနဲ့ ကိုယ်အင်္ဂါမသန်စွမ်းသူတွေကို ထောက်ပံ့ကူညီရင်း ဇနီးဖြစ်သူ Patricia Maier နဲ့အတူ ဘဝရဲ့ အဓိပ္ပာယ်ကို ရှာဖွေလျက်ရှိသူဖြစ်ပါတယ်။

အခုဖော်ပြမှာက လူငယ်တွေ၊ကျောင်းသားတွေအတွက် သူပြောခဲ့တဲ့ မိန့်ခွန်း (သို့)စိတ်ဓာတ်မြှင့်တင်ရေးစကား များစွာထဲက အခြေခံ အချက်တချို့ပဲဖြစ်ပါတယ်….

၁၊ မျက်ရည် ကျတဲ့အချိန်မှာ ဆုံးဖြတ်ချက်မချပါနဲ့… အဲဒီအချိန်မှာ အဆိုးမြင်စကား ပြောဆိုခြင်း နည်း နိုင်သမျှနည်းပါစေ။

၂။အခက်အခဲ ကိစ္စတစ်ခုကို အမြဲ တွေးတော ပူပန်မနေပါနဲ့… ခံစားချက်တိုင်းကို သင့် ဆီမှာ သောင်တင် မနေပါစေနဲ့… သင့်မှာ တိုင်ပင်စရာ သူငယ်ချင်းတွေ မိဘတွေ ရှိသေးတာကို သတိရပါ။

၃။ မှား မှာကို မကြောက်ပါနဲ့…တကယ်လို့ မှားခဲ့ရင် တောင် ဦးနှောက်ခြောက်မခံပါနဲ့၊ လူ့ဘဝဆိုတာ အမှားအမှန် ဒွန်တွဲနေတတ်ပါတယ်။ ဘယ်လို အခြေအနေပဲဖြစ်ဖြစ်... နောက်ဆုံး ပြန်စဉ်းစား ကြည့်လိုက်တဲ့အခါ…
ပြီးခဲ့တဲ့ အမှားတွေဟာ သိပ်တော့ အရေး မကြီးလှတာကို ခံစားရပါလိမ့်မယ်။

၄။ အဆိုးမြင်ခြင်းဟာ လူတွေမှာ ရှိတတ်ပါတယ်။ ဒါပေမဲ့ ဒီလိုအဆိုးမြင်တဲ့အရာတွေဟာ ဘဝရဲ့ သေးငယ်တဲ့ အစိတ်အပိုင်းတွေဆိုတာ နားလည်ဖို့လိုပါတယ်။ တကယ်တော့.. စိတ်ခံစားချက်ကို ဦးစားမပေးပဲ မျှတအောင် အကောင်းမြင်စိတ်လေးနဲ့ အစားထိုးပေးဖို့ လိုပါတယ်။

၅။ တကယ်လို့ တစ်ယောက်ယောက်က သင့်ကို အဆက်အသွယ်လုပ်သည်ဖြစ်စေ…မလုပ်သည်ဖြစ်စေ .. စကားပြောပြော မပြောပြော … ဒါဟာ သာမန်ပါပဲ။ ရေးကြီးခွင်ကျယ် အကျယ်ချဲ့နေစရာ မလိုပါဘူး။ တွေးပြီး ဝမ်းနည်းမနေသင့်ပါဘူး။

၆။ တကယ်လို့ သင် တစ်ခုခုကို နားမလည်ရင်… မေးမြန်းပြောဆိုပါ၊ နားလည်ပြီဆိုရင်တော့ ရင်ထဲမှာပဲ သိမ်းထားပါ…သိလိုက်ရတဲ့အတွက် ဝမ်းသာပါ။

၇။ ဦးနှောက်ခြောက်စရာ ကိစ္စတွေ အားလုံးက မိမိ ဘာသာ ရှာတာတွေ များပါတယ်။ ဒါကြောင့် ကိုယ့် ဘာသာ ဖြေ၇ှင်းဖို့ ကြိုးစားပါ…သူငယ်ချင်းတွေကို ငိုယို စိတ်ပူပန်စေမဲ့ အစား … သူတို့တွေနဲ့ အတူတူ ပျော်ပျော် နေပါ။

၈။ ပြောပြီးသား ကတိတည်ပါစေ။ စကားကို လွယ်လွယ် ပြောဆိုခြင်းက သင့်အပေါ်မှာ မိတ်ဆွေတွေ ယုံကြည်မှု နည်းပါးစေပါတယ်။

၉။ ဘယ်လိုအပြောင်းအလဲ အတားအဆီးရှိပါစေ… မူလ သင်လုပ်နေကျ နေ့စဉ် ဘဝကို မဆုံးရှုံးပါစေနဲ့.. အချိန်မှန်စား… အချိန်မှန်အိပ်စက်ပါ။

၁၀။ ကိစ္စတစ်ခု လုပ်တဲ့အခါ မကြောက်မရွံံ့ လုပ်ဆောင်ပါ။ ထိခိုက်နာကျင်မှာ မကြောက်ပါနဲ့။ မှားယွင်း ပြောဆိုမိမှာကိုလဲ မကြောက်ပါနဲ့။ ပြီးခဲ့တဲ့ အရာတွေကိုလဲ ပြန်စဉ်းစား ပူပန်မနေပါနဲ့။ မရောက်သေးတဲ့အနာဂတ်ကိုလဲ တွေးပူ မနေပါနဲ့။

၁၁။မှားသည်ဖြစ်စေ…မှန်သည်ဖြစ်စေ၊လမ်းကြောင်း…
ဦးတည်ရာရှိပါစေ…ယုံကြည်မှုနဲ့ရှေ့တိုးဆောင်ရွက်ပါ။
လက်ရှိဘဝကို အမြဲသုံးသပ်ကြည့်ပြီး ရှင်သန်နေထိုင်ပါ။ ဘယ်လိုလူတွေနဲ့တွေ့တွေ့ မုန်းတီးစရာ မလိုပါဘူး…… အမှားအမှန် လူ့လောက မှာ အမှားကနေ သင်ခန်းစာ ယူပြီး အမှန်ကို ရှေ့တိုး ဆောင်ရွက်ပါ။

၁၂။ သင့်ကိုယ်သင် ညံ့ဖျင်းတယ်လို့ ထင်တာဟာ… လိမ်လည်မှု တစ်ခုပါပဲ။ သင်ဟာ ဘာမှတန်ဖိုးမရှိဘူးလို့ ထင်ခြင်းကလဲ မှားယွင်းတဲ့အတွေးတစ်ခုဖြစ်ပါတယ်။

၁၃။ ဘယ်အရာကိုမှ မကြောက်ပါနဲ့။ လောကမှာ ကြောက်စရာ ကောင်းတာတွေက များပါတယ်။ သင်ကြောက်နေလို့လဲ ကုန်ဆုံးမှာ မဟုတ်ပါဘူး။ အခက်အခဲကြုံလာရင် ဖြေရှင်းပါ… ဖြေရှင်းလို့မရနိုင်ရင်…စွန့်လွှတ်ရုံပါပဲ။ တွေးတော ကြောက်ရွံ့မနေပါနဲ့။

၁၄။ ဘယ်လောက် အားကိုးရတဲ့သူဖြစ်ပါစေ၊ စကားအားလုံးကို အကျိုးမရှိပဲ ထုတ်ဖော် မပြောဆို သင့်ပါဘူး။

၁၅။ ဘာပြောရမှန်း မသိတဲ့အခါမှာလဲ ဘာမှမပြောပါနဲ့။ ဆိတ်ဆိတ်နေပါ။ပြောရင်း နဲ့အမှား ပါတတ်လို့ပါ။

၁၆။ရလဒ် အတွက် ပူပန်မနေပါနဲ့… အကောင်းဆုံး လုပ်ဆောင်ပါ။ရလဒ်က အလိုလိုလိုက်ပါလာပါလိမ့်မယ်။

၁၇။နောင်တ မရပါစေနဲ့… နောင်တရခြင်း က အမှား လုပ်လိုက်တာထက်ပိုပြီးကြောက်စရာကောင်းပါတယ်။
သင့်ရဲ့ ကိုယ့်ကိုယ်ကို ယုံကြည်မှုလဲပျက်ပြားစေပါတယ်။ မှားပြီးရင်း မှားတာတွေ ကြုံတွေ့ရတတ်ပါတယ်။

၁၈။ဘာကိစ္စပဲ ကြုံကြုံ…ကိုယ့်ကိုယ်ကို……
"ဒါဖြစ်သင့်ပါတယ်လေ"…လို့ပြောပါ။
"ငါ့ကျမှ ဘာလို့ ဒုက္ခရောက်ရတာလဲ"…လို့ မညည်းတွား ပါနဲ့။အခု သင်ခံစား နေရတဲ့အချိန်မှာ ကမ္ဘာကြီးရဲ့ တခြား နေရာမှာ အခက်အခဲဒုက္ခ ခံစားညည်းတွားနေတဲ့သူတွေ အများကြီးပါပဲ။

၁၉။ဘ၀ မှာ ခါးသီးခြင်း နှင့် ပိုမိုကောင်းမွန်တဲ့ အရာတွေ ကို ရွေးချယ်ရမယ်ဆိုရင်… ခါးသီးခြင်းကို မေ့ပစ်ပြီးပိုကောင်းတာ ရွေးပါ။

၂၀။ကိုယ်လက်အင်္ဂါချို့တဲ့နေပါစေ…မျှော်လင့်ချက်ဖြင့် အသက်ရှင်နေထိုင်ပါ။

၂၁။တကယ်လို့ ကျွန်တော် ကျရှုံးရင် ထပ်ကြိုးစားမယ်။ တစ်ကြိမ်ပြီး တစ်ကြိမ်ပေါ့…
တကယ်လို့… သင်…ကျဆုံးခဲ့ရင်ရော…? ထပ်ကြိုးစားမှာလား…?

လူ့စိတ်ဝိဉာဉ် ဟာ ကျွန်တော်တို့ ထင်ထားတာထက် ပိုမိုပြီး အခက်အခဲတွေကို ကိုင်တွယ် ဖြေရှင်းနိုင်ပါတယ်။

သင်…ဘယ်လို နိဂုံး ချုပ်ချင်လဲ…ဆိုတာ အပေါ်မှာပဲ မူတည်ပါတယ်။

#Credit_ကနက်သီရိ

အျဖစ္မွန္မသိေသးေသာသူမ်ားအတြက္ သံမဏိႏွင္းဆီ(ဂ်ာနယ္တိုက္) လူသတ္သမားရ႕ဲ ရင္နင့္ဘြယ္မိသားစုဘဝေလး


ပုဇြန္ေတာင္ၿမိဳ႕နယ္ရွိ သံမဏိႏွင္းဆီ ဂ်ာနယ္တုိက္ခန္းတြင္ ျဖစ္ပြားေသာ လူသတ္မႈအား သတင္းရရွိသည့္ ေန႔မွ ၄ ရက္အတြင္း ရန္ကုန္တိုင္း ေဒသႀကီးရဲတပ္ဖဲြ႕က ျပစ္မႈက်ဴးလြန္သူအား ေဖာ္ထုတ္ ဖမ္းဆီးရမိ 

———————- 
ရန္ကုန္၊ ဧၿပီ ၂၁ ၁၆.၄.၂၀၁၇ရက္ေန႔ နံနက္ ၈နာရီခြဲ အခ်ိန္တြင္ ပုဇြန္ေတာင္ၿမိဳ႕နယ္ရွိ သံမဏိႏွင္းဆီဂ်ာနယ္တိုက္မွ အပုတ္နံ႔ထြက္ေနေၾကာင္း ေဘးခ်င္းကပ္လ်က္ အခန္းေနသူမွ အယ္ဒီတာျဖစ္သူအားအေၾကာင္းၾကားခဲ့သျဖင့္ ဂ်ာနယ္တုိက္ခန္းအတြင္းသုိ႔ ၀င္ေရာက္ၾကည့္ရႈရာ အယ္ဒီတာ၏ သားျဖစ္သူ ေ၀ယံဟိန္းမွာ ဓားဒဏ္ရာမ်ားျဖင့္ ပုတ္ပြေသဆံုးေနေၾကာင္း ေတြ႕ရွိရ၍ ပုဇြန္ေတာင္ၿမိဳ႕မရဲစခန္းသို႔ အေရးယူေပးရန္ အမႈဖြင့္ တိုင္တန္းခဲ့ေသာအမႈျဖစ္ပါသည္။

 အမႈမွန္ အျမန္ဆံုးေပၚေပါက္ေရးအတြက္ တိုင္းေဒသႀကီးရဲတပ္ဖဲြ႕မွဴးမွ အထူးအမႈစစ္အဖဲြ႕အားဖဲြ႕စည္း ေဆာင္ရြက္ေစခဲ့ရာ ျပစ္မႈက်ဴးလြန္သူအား ၄ ရက္အတြင္းေဖာ္ထုတ္ဖမ္းဆီးႏိုင္ခဲ့ေၾကာင္း သိရသည္။ အမႈအျမန္ေဖာ္ထုတ္ႏုိင္ေရးအတြက္ စံုစမ္းခဲ့ရာ ေသဆံုးသူ ေ၀ယံဟိန္းမွာ လြန္ခဲ့ေသာ ၈ လခန္႔က မအယ္နီ(ခ) ရိုစီကိုဆိုသူႏွင့္ Facebook မွ တစ္ဆင့္ခ်စ္ႀကိဳက္ကာ မၾကာခဏခ်ိန္းေတြ႕ခဲ့ၾကေၾကာင္း၊ မအယ္နီ(ခ) ရိုစီကိုမွာ ႏိုင္ငံျခားသေဘၤာသား ေအာင္ကိုကို၏ ဇနီးျဖစ္ၿပီး သားတစ္ဦးရွိေၾကာင္း စံုစမ္းသိရွိရပါသည္။ 

ႏိုင္ငံျခားသေဘၤာသား ေအာင္ကိုကိုမွာ ၂၀၁၆ ခုႏွစ္၊ ေအာက္တိုဘာလကုန္တြင္ စကၤာပူႏိုင္ငံမွ ရန္ကုန္ၿမိဳ႕သို႔ ျပန္လည္ေရာက္ရွိလာစဥ္ ၎တို႔မိသားစုေနထိုင္ေသာ မဂၤလာေတာင္ညြန္႔ၿမိဳ႕နယ္၊ သေျပကုန္းရပ္ကြက္ရွိေနအိမ္ေရွ႕တြင္ ကားတစ္စီးရပ္ထားသည္ကို ၎မွ ေတြ႕ျမင္ခဲ့ၿပီး ၎ကားမွာ ထြက္ေျပးသြားသျဖင့္ ဇနီးျဖစ္သူအား ေမးျမန္းရာမွ ေ၀ယံဟိန္း၏ ကားျဖစ္ေၾကာင္းသိရသည့္အျပင္ ႏိုင္ငံျခားရွိ သူငယ္ခ်င္းျဖစ္သူတစ္ဦးမွလည္း Facebook Account တြင္ ၎၏ ဇနီးအား ေ၀ယံဟိန္းဆိုသူႏွင့္ ဓာတ္ပံုတဲြရိုက္ထားသည္ကို ေျပာျပခဲ့ဖူးသျဖင့္ ၎၏ ဇနီးႏွင့္ လူမႈေရးေဖာက္ျပန္ေနေၾကာင္း မသကၤာျဖစ္ကာ ေ၀ယံဟိန္းအား ဖုန္းျဖင့္ဆက္သြယ္၍ စကားမ်ားခဲ့ဖူးေၾကာင္း စံုစမ္းသိရသည္။

 ျပစ္မႈက်ဴးလြန္ရန္ မသကၤာသည့္ အေၾကာင္းမ်ားေၾကာင့္ ရဲတပ္ဖဲြ႕၀င္မ်ားက ေအာင္ကိုကိုအား စံုစမ္းခဲ့ရာ ၁၅.၄.၂၀၁၇ ရက္ေန႔ ညေန ၅ နာရီအခ်ိန္တြင္ ျပင္ဦးလြင္ၿမိဳ႕ရွိ ၎၏ မိဘမ်ားေနထိုင္ရာ ငါးရံ႕ေခ်ာင္းရြာသို႔ တိမ္းေရွာင္ထြက္ေျပးေနေၾကာင္း စံုစမ္းသိရသျဖင့္ သြားေရာက္ဖမ္းဆီးခဲ့ရာ ေအာင္ကိုကိုႏွင့္ ဇနီးျဖစ္သူ မအယ္နီ(ခ)ရုိစီကုိ တုိ႔အား ၁၉.၄.၂၀၁၇ ရက္ေန႔ ညေန ၆ နာရီအခ်ိန္တြင္ ဖမ္းဆီးရမိခဲ့ပါသည္။

 ေအာင္ကိုကို၏ ေဖာ္ထုတ္ခ်က္အရ ေသဆံုးသူ ေ၀ယံဟိန္းမွာ ၎၏ ဇနီးျဖစ္သူ မအယ္နီ(ခ)ရိုစီကိုႏွင့္ လူမႈေရးေဖာက္ျပန္ေနေၾကာင္း သိရသျဖင့္ ၁၁.၄.၂၀၁၇ ရက္ေန႔တြင္ ဇနီး မအယ္နီ(ခ)ရိုစီကိုႏွင့္ သားျဖစ္သူတို႔အား ေနအိမ္အတြင္းထား၍ အျပင္မွေသာ့ခတ္ထားခဲ့ရာ ေနအိမ္သို႔ ျပန္လည္ေရာက္ရွိစဥ္ ဇနီးႏွင့္ သားျဖစ္သူတို႔မွာမေတြ႕ရွိရသျဖင့္ ဇနီးျဖစ္သူ အားျပန္လည္ေတြ႕ရွိႏုိင္ရန္အတြက္ ၁၂.၄.၂၀၁၇ ရက္ေန႔တြင္ ေ၀ယံဟိန္းအား ဖုန္းျဖင့္ ဆက္သြယ္ၿပီး စံုစမ္းခဲ့သည့္အျပင္ ကန္ေတာ္ႀကီးဥယ်ာဥ္သို႔ ခ်ိန္းဆို၍ အကူအညီေတာင္းခံခဲ့ေၾကာင္း၊ ၁၄.၄.၂၀၁၇ ရက္ေန႔တြင္ ေ၀ယံဟိန္းမွ ေအာင္ကိုကိုထံ ဖုန္းျဖင့္ဆက္သြယ္ၿပီး ဒဂံုဧရာအေ၀းေျပး၀င္းတြင္ အယ္နီ(ခ)ရိုစီကိုႏွင့္ သားျဖစ္သူအားေတြ႕ရွိခဲ့ေၾကာင္း၊ အေၾကာင္းစံုသိလိုပါက ၎ေနထုိင္သည့္ သံမဏိႏွင္းဆီဂ်ာနယ္တိုက္သို႔ လာေရာက္ရန္ ခ်ိန္းဆိုခဲ့ပါသည္။ 

ယင္းေန႔ ၁၄း၀၀ အခ်ိန္တြင္ ေအာင္ကိုကိုမွ ဂ်ာနယ္တိုက္သို႔ သြားေရာက္ခဲ့ရာ ေသဆံုးသူေ၀ယံဟိန္း တစ္ဦးတည္းေတြ႕ရွိခဲ့ၿပီး ၎၏ ဇနီးအား ရွာေဖြေပးရန္ေျပာဆိုခဲ့ရာ ေ၀ယံဟိန္းမွ ေအာင္ကိုကို၏ဇနီး အယ္နီ(ခ) ရိုစီကိုမွာ ၎ႏွင့္တစ္ဦးတည္း လူမႈေရးေဖာက္ျပန္ခဲ့ျခင္း မဟုတ္ဘဲ အျခား အမ်ိဳးသားမ်ားႏွင့္လည္း ပတ္သက္ခဲ့ဖူးေၾကာင္း၊ ယခု အယ္နီ(ခ) ရိုစီကိုအား လမ္းမေတာ္ၿမိဳ႕နယ္ရွိ Bilss Guest House အခန္း(၁၀၁) တြင္ ေ၀ယံဟိန္းအမည္ျဖင့္ တည္းခုိေနထုိင္ေစခဲ့ေၾကာင္း ေျပာဆိုခဲ့ရာမွ တစ္ေယာက္တစ္ခြန္း စကားမ်ားခဲ့ၿပီး စားပဲြေပၚရွိ ဓားဦးခၽြန္ျဖင့္ ေ၀ယံဟိန္း၏ ၀မ္းဗိုက္အား ၁၄ ခ်က္ ၁၅ ခ်က္ခန္႔ ထိုးႏွက္ခဲ့ေၾကာင္း၊

 ေ၀ယံဟိန္း၏ iPhone SE ကိုလည္းယူေဆာင္လာခဲ့ေၾကာင္း၊ ဇနီးျဖစ္သူ မအယ္နီ(ခ) ရိုစီကိုႏွင့္ သားျဖစ္သူတုိ႔ကုိလည္း ၎ေန႔ ၁၈း၀၀ အခ်ိန္တြင္ Bilss Guest House တည္းခိုခန္းမွ သြားေရာက္ေခၚယူကာ ေရႊဂံုတိုင္ဟိုတယ္သို႔ ေျပာင္းေရြ႕တည္းခိုခဲ့ၿပီး ၁၅.၄၂၀၁၇ ရက္ေန႔ ညေန ၅ နာရီအခ်ိန္တြင္ ျပင္ဦးလြင္ၿမိဳ႕ရွိ ၎၏မိဘမ်ားေနထိုင္ရာ ငါးရံ႕ေခ်ာင္းရြာသို႔ ထြက္ေျပးတိမ္းေရွာင္ ခဲ့ေၾကာင္း ေပၚေပါက္ခဲ့ပါသည္။ 

အယ္နီ(ခ)ရိုစီကိုအား စစ္ေဆးရာတြင္ ၁၁.၄.၂၀၁၇ ရက္ေန႔ နံနက္ ၉ နာရီ အခ်ိန္ခန္႔က ၎တို႔မိသားစုေနထိုင္ေသာ မဂၤလာေတာင္ညြန္႔ၿမိဳ႕နယ္ရွိ ေနအိမ္တြင္ ခင္ပြန္းျဖစ္သူ ေအာင္ကိုကိုမွ ၎တို႔သားအမိအား အျပင္မွ ေသာ့ခတ္ထားစဥ္ ၎ႏွင့္ခ်စ္ႀကိဳက္ေနသူ ေ၀ယံဟိန္းအား ဖုန္းျဖင့္ ဆက္သြယ္ေခၚယူခဲ့သျဖင့္ ေ၀ယံဟိန္းႏွင့္ ေသာ့ျပင္သူတစ္ဦးတို႔မွ ည ၈ နာရီအခ်ိန္တြင္ ေရာက္ရွိလာေၾကာင္း၊ ေနအိမ္တံခါးေသာ့အား ဖ်က္ကာ ၎တို႔သားအမိ အားေခၚေဆာင္၍ လမ္းမေတာ္ၿမိဳ႕နယ္ရွိ Bilss Guest House သုိ႔ ည ၉ နာရီအခ်ိန္ခန္႔တြင္ေရာက္ခဲ့ၿပီး အခန္း အမွတ္(၁၀၁)တြင္ တည္းခိုေနထိုင္ေစခဲ့ေၾကာင္း၊ တည္းခိုေနထိုင္စဥ္ ၁၂.၄.၂၀၁၇ ရက္ေန႔ ေန႔လယ္ ၂ နာရီ အခ်ိန္ခန္႔တြင္ ေ၀ယံဟိန္းမွ ထမင္းခ်ိဳင့္ပုိ႔ေပးခဲ့ေၾကာင္း၊ သားျဖစ္သူအား ဂိမ္းကစားရန္ ေ၀ယံဟိန္းမွ ၎၏လက္ေတာ့အား ေပးခဲ့ေၾကာင္းႏွင့္ ၁၁ ရက္ေန႔မွ ၁၄ ရက္ေန႔ ညေနပုိင္းအထိတည္းခုိခဲ့ေၾကာင္း ေပၚေပါက္ခဲ့ပါသည္။ 

အခင္းျဖစ္စဥ္က ျပစ္မႈက်ဴးလြန္သူ ေအာင္ကုိကုိ၀တ္ဆင္ခဲ့သည့္ ဂ်င္းေဘာင္းဘီႏွင့္ တီရွပ္တုိ႔အား မဂၤလာေတာင္ညြန္႔ၿမိဳ႕နယ္၊ သေျပကုန္းရပ္ကြက္၊ (၁၂၅)လမ္းရွိ ေနအိမ္မွသိမ္းဆည္းရမိခဲ့ၿပီး အမႈႏွင့္သက္ဆုိင္သည့္ သက္ေသခံပစၥည္းမ်ားျဖစ္သည့္ လက္ေတာ့ႏွင့္ iPhone SE တို႔အားေအာင္ကိုကိုမွ ဇနီးျဖစ္သူႏွင့္ ျပင္ဦးလြင္သို႔သြားေရာက္စဥ္ Feel စားေသာက္ဆုိင္အနီးရွိ ေရကန္အတြင္းသို႔ လႊင့္ပစ္ခဲ့ေၾကာင္းႏွင့္ အခင္းျဖစ္စဥ္ အသံုးျပဳသည့္ဓားကုိလည္း ဂ်ာနယ္စကၠဴျဖင့္ထုပ္ပုိးၿပီး ဂ်ာနယ္တိုက္ မ်က္ေစာင္းထိုးရွိ အမိႈက္ပံုးတြင္လြင့္ပစ္ထားခဲ့ေၾကာင္း သိရွိရသျဖင့္ သက္ေသခံပစၥည္းမ်ား သိမ္းဆည္း ရမိေရးအတြက္ ဆက္လက္ရွာေဖြေဆာင္ရြက္လ်က္ရွိပါသည္။ 

ယခုလူသတ္မႈျဖစ္စဥ္ႏွင့္ပတ္သက္၍ အခ်ဳိ႕ေသာသတင္းဌာနမ်ားမွ ျဖစ္စဥ္အမွန္အား သိရွိရျခင္းမရွိမီ မလုိလားအပ္ေသာျပႆနာမ်ား ျဖစ္ေပၚေစႏုိင္သည့္ ထင္ျမင္ယူဆခ်က္မ်ားႏွင့္ ေ၀ဖန္ေရးသားျခင္းမ်ား ေဖာ္ျပခဲ့သျဖင့္ အထင္အျမင္လြဲမွားမႈမ်ားျဖစ္ေပၚလာႏုိင္ပါသည္။ သို႔ျဖစ္ပါ၍ ျဖစ္စဥ္အမွန္ကုိ မသိရွိေသးမီ ထုိကဲ့သုိ႔ ထင္ျမင္ယူဆခ်က္မ်ား၊ ေ၀ဖန္ေရးသားခ်က္မ်ားကုိ ေဖာ္ျပျခင္းမျပဳၾကပါရန္ ေမတၱာရပ္ခံအပ္ပါ ေၾကာင္းႏွင့္ ရန္ကုန္တုိင္းေဒသႀကီးရဲတပ္ဖြဲ႕အေနျဖင့္ မႈခင္းျဖစ္စဥ္အမွန္ကုိ အျမန္ဆံုးေဖာ္ထုတ္ရရွိေရးအတြက္ အခ်ိန္ႏွင့္တစ္ေျပးညီ စံုစမ္းေဖာ္ထုတ္ ခဲ့ေၾကာင္း အမ်ားျပည္သူသိရွိေစရန္ အသိေပးေဖာ္ျပအပ္ပါသည္။ 

#yangonpolice Flower News Yangon Media Group

Unicode
ပုဇွန်တောင်မြို့နယ်ရှိ သံမဏိနှင်းဆီ ဂျာနယ်တိုက်ခန်းတွင် ဖြစ်ပွားသော လူသတ်မှုအား သတင်းရရှိသည့် နေ့မှ ၄ ရက်အတွင်း ရန်ကုန်တိုင်း ဒေသကြီးရဲတပ်ဖွဲ့က ပြစ်မှုကျူးလွန်သူအား ဖော်ထုတ် ဖမ်းဆီးရမိ 

———————- 
ရန်ကုန်၊ ဧပြီ ၂၁ ၁၆.၄.၂၀၁၇ရက်နေ့ နံနက် ၈နာရီခွဲ အချိန်တွင် ပုဇွန်တောင်မြို့နယ်ရှိ သံမဏိနှင်းဆီဂျာနယ်တိုက်မှ အပုတ်နံ့ထွက်နေကြောင်း ဘေးချင်းကပ်လျက် အခန်းနေသူမှ အယ်ဒီတာဖြစ်သူအားအကြောင်းကြားခဲ့သဖြင့် ဂျာနယ်တိုက်ခန်းအတွင်းသို့ ဝင်ရောက်ကြည့်ရှုရာ အယ်ဒီတာ၏ သားဖြစ်သူ ဝေယံဟိန်းမှာ ဓားဒဏ်ရာများဖြင့် ပုတ်ပွသေဆုံးနေကြောင်း တွေ့ရှိရ၍ ပုဇွန်တောင်မြို့မရဲစခန်းသို့ အရေးယူပေးရန် အမှုဖွင့် တိုင်တန်းခဲ့သောအမှုဖြစ်ပါသည်။

 အမှုမှန် အမြန်ဆုံးပေါ်ပေါက်ရေးအတွက် တိုင်းဒေသကြီးရဲတပ်ဖွဲ့မှူးမှ အထူးအမှုစစ်အဖွဲ့အားဖွဲ့စည်း ဆောင်ရွက်စေခဲ့ရာ ပြစ်မှုကျူးလွန်သူအား ၄ ရက်အတွင်းဖော်ထုတ်ဖမ်းဆီးနိုင်ခဲ့ကြောင်း သိရသည်။ အမှုအမြန်ဖော်ထုတ်နိုင်ရေးအတွက် စုံစမ်းခဲ့ရာ သေဆုံးသူ ဝေယံဟိန်းမှာ လွန်ခဲ့သော ၈ လခန့်က မအယ်နီ(ခ) ရိုစီကိုဆိုသူနှင့် Facebook မှ တစ်ဆင့်ချစ်ကြိုက်ကာ မကြာခဏချိန်းတွေ့ခဲ့ကြကြောင်း၊ မအယ်နီ(ခ) ရိုစီကိုမှာ နိုင်ငံခြားသင်္ဘောသား အောင်ကိုကို၏ ဇနီးဖြစ်ပြီး သားတစ်ဦးရှိကြောင်း စုံစမ်းသိရှိရပါသည်။ 

နိုင်ငံခြားသင်္ဘောသား အောင်ကိုကိုမှာ ၂၀၁၆ ခုနှစ်၊ အောက်တိုဘာလကုန်တွင် စင်္ကာပူနိုင်ငံမှ ရန်ကုန်မြို့သို့ ပြန်လည်ရောက်ရှိလာစဉ် ၎င်းတို့မိသားစုနေထိုင်သော မင်္ဂလာတောင်ညွန့်မြို့နယ်၊ သပြေကုန်းရပ်ကွက်ရှိနေအိမ်ရှေ့တွင် ကားတစ်စီးရပ်ထားသည်ကို ၎င်းမှ တွေ့မြင်ခဲ့ပြီး ၎င်းကားမှာ ထွက်ပြေးသွားသဖြင့် ဇနီးဖြစ်သူအား မေးမြန်းရာမှ ဝေယံဟိန်း၏ ကားဖြစ်ကြောင်းသိရသည့်အပြင် နိုင်ငံခြားရှိ သူငယ်ချင်းဖြစ်သူတစ်ဦးမှလည်း Facebook Account တွင် ၎င်း၏ ဇနီးအား ဝေယံဟိန်းဆိုသူနှင့် ဓာတ်ပုံတွဲရိုက်ထားသည်ကို ပြောပြခဲ့ဖူးသဖြင့် ၎င်း၏ ဇနီးနှင့် လူမှုရေးဖောက်ပြန်နေကြောင်း မသင်္ကာဖြစ်ကာ ဝေယံဟိန်းအား ဖုန်းဖြင့်ဆက်သွယ်၍ စကားများခဲ့ဖူးကြောင်း စုံစမ်းသိရသည်။

 ပြစ်မှုကျူးလွန်ရန် မသင်္ကာသည့် အကြောင်းများကြောင့် ရဲတပ်ဖွဲ့ဝင်များက အောင်ကိုကိုအား စုံစမ်းခဲ့ရာ ၁၅.၄.၂၀၁၇ ရက်နေ့ ညနေ ၅ နာရီအချိန်တွင် ပြင်ဦးလွင်မြို့ရှိ ၎င်း၏ မိဘများနေထိုင်ရာ ငါးရံ့ချောင်းရွာသို့ တိမ်းရှောင်ထွက်ပြေးနေကြောင်း စုံစမ်းသိရသဖြင့် သွားရောက်ဖမ်းဆီးခဲ့ရာ အောင်ကိုကိုနှင့် ဇနီးဖြစ်သူ မအယ်နီ(ခ)ရိုစီကို တို့အား ၁၉.၄.၂၀၁၇ ရက်နေ့ ညနေ ၆ နာရီအချိန်တွင် ဖမ်းဆီးရမိခဲ့ပါသည်။

 အောင်ကိုကို၏ ဖော်ထုတ်ချက်အရ သေဆုံးသူ ဝေယံဟိန်းမှာ ၎င်း၏ ဇနီးဖြစ်သူ မအယ်နီ(ခ)ရိုစီကိုနှင့် လူမှုရေးဖောက်ပြန်နေကြောင်း သိရသဖြင့် ၁၁.၄.၂၀၁၇ ရက်နေ့တွင် ဇနီး မအယ်နီ(ခ)ရိုစီကိုနှင့် သားဖြစ်သူတို့အား နေအိမ်အတွင်းထား၍ အပြင်မှသော့ခတ်ထားခဲ့ရာ နေအိမ်သို့ ပြန်လည်ရောက်ရှိစဉ် ဇနီးနှင့် သားဖြစ်သူတို့မှာမတွေ့ရှိရသဖြင့် ဇနီးဖြစ်သူ အားပြန်လည်တွေ့ရှိနိုင်ရန်အတွက် ၁၂.၄.၂၀၁၇ ရက်နေ့တွင် ဝေယံဟိန်းအား ဖုန်းဖြင့် ဆက်သွယ်ပြီး စုံစမ်းခဲ့သည့်အပြင် ကန်တော်ကြီးဥယျာဉ်သို့ ချိန်းဆို၍ အကူအညီတောင်းခံခဲ့ကြောင်း၊ ၁၄.၄.၂၀၁၇ ရက်နေ့တွင် ဝေယံဟိန်းမှ အောင်ကိုကိုထံ ဖုန်းဖြင့်ဆက်သွယ်ပြီး ဒဂုံဧရာအဝေးပြေးဝင်းတွင် အယ်နီ(ခ)ရိုစီကိုနှင့် သားဖြစ်သူအားတွေ့ရှိခဲ့ကြောင်း၊ အကြောင်းစုံသိလိုပါက ၎င်းနေထိုင်သည့် သံမဏိနှင်းဆီဂျာနယ်တိုက်သို့ လာရောက်ရန် ချိန်းဆိုခဲ့ပါသည်။ 

ယင်းနေ့ ၁၄းဝ၀ အချိန်တွင် အောင်ကိုကိုမှ ဂျာနယ်တိုက်သို့ သွားရောက်ခဲ့ရာ သေဆုံးသူဝေယံဟိန်း တစ်ဦးတည်းတွေ့ရှိခဲ့ပြီး ၎င်း၏ ဇနီးအား ရှာဖွေပေးရန်ပြောဆိုခဲ့ရာ ဝေယံဟိန်းမှ အောင်ကိုကို၏ဇနီး အယ်နီ(ခ) ရိုစီကိုမှာ ၎င်းနှင့်တစ်ဦးတည်း လူမှုရေးဖောက်ပြန်ခဲ့ခြင်း မဟုတ်ဘဲ အခြား အမျိုးသားများနှင့်လည်း ပတ်သက်ခဲ့ဖူးကြောင်း၊ ယခု အယ်နီ(ခ) ရိုစီကိုအား လမ်းမတော်မြို့နယ်ရှိ Bilss Guest House အခန်း(၁၀၁) တွင် ဝေယံဟိန်းအမည်ဖြင့် တည်းခိုနေထိုင်စေခဲ့ကြောင်း ပြောဆိုခဲ့ရာမှ တစ်ယောက်တစ်ခွန်း စကားများခဲ့ပြီး စားပွဲပေါ်ရှိ ဓားဦးချွန်ဖြင့် ဝေယံဟိန်း၏ ဝမ်းဗိုက်အား ၁၄ ချက် ၁၅ ချက်ခန့် ထိုးနှက်ခဲ့ကြောင်း၊

 ဝေယံဟိန်း၏ iPhone SE ကိုလည်းယူဆောင်လာခဲ့ကြောင်း၊ ဇနီးဖြစ်သူ မအယ်နီ(ခ) ရိုစီကိုနှင့် သားဖြစ်သူတို့ကိုလည်း ၎င်းနေ့ ၁၈းဝ၀ အချိန်တွင် Bilss Guest House တည်းခိုခန်းမှ သွားရောက်ခေါ်ယူကာ ရွှေဂုံတိုင်ဟိုတယ်သို့ ပြောင်းရွေ့တည်းခိုခဲ့ပြီး ၁၅.၄၂၀၁၇ ရက်နေ့ ညနေ ၅ နာရီအချိန်တွင် ပြင်ဦးလွင်မြို့ရှိ ၎င်း၏မိဘများနေထိုင်ရာ ငါးရံ့ချောင်းရွာသို့ ထွက်ပြေးတိမ်းရှောင် ခဲ့ကြောင်း ပေါ်ပေါက်ခဲ့ပါသည်။ 

အယ်နီ(ခ)ရိုစီကိုအား စစ်ဆေးရာတွင် ၁၁.၄.၂၀၁၇ ရက်နေ့ နံနက် ၉ နာရီ အချိန်ခန့်က ၎င်းတို့မိသားစုနေထိုင်သော မင်္ဂလာတောင်ညွန့်မြို့နယ်ရှိ နေအိမ်တွင် ခင်ပွန်းဖြစ်သူ အောင်ကိုကိုမှ ၎င်းတို့သားအမိအား အပြင်မှ သော့ခတ်ထားစဉ် ၎င်းနှင့်ချစ်ကြိုက်နေသူ ဝေယံဟိန်းအား ဖုန်းဖြင့် ဆက်သွယ်ခေါ်ယူခဲ့သဖြင့် ဝေယံဟိန်းနှင့် သော့ပြင်သူတစ်ဦးတို့မှ ည ၈ နာရီအချိန်တွင် ရောက်ရှိလာကြောင်း၊ နေအိမ်တံခါးသော့အား ဖျက်ကာ ၎င်းတို့သားအမိ အားခေါ်ဆောင်၍ လမ်းမတော်မြို့နယ်ရှိ Bilss Guest House သို့ ည ၉ နာရီအချိန်ခန့်တွင်ရောက်ခဲ့ပြီး အခန်း အမှတ်(၁၀၁)တွင် တည်းခိုနေထိုင်စေခဲ့ကြောင်း၊ တည်းခိုနေထိုင်စဉ် ၁၂.၄.၂၀၁၇ ရက်နေ့ နေ့လယ် ၂ နာရီ အချိန်ခန့်တွင် ဝေယံဟိန်းမှ ထမင်းချိုင့်ပို့ပေးခဲ့ကြောင်း၊ သားဖြစ်သူအား ဂိမ်းကစားရန် ဝေယံဟိန်းမှ ၎င်း၏လက်တော့အား ပေးခဲ့ကြောင်းနှင့် ၁၁ ရက်နေ့မှ ၁၄ ရက်နေ့ ညနေပိုင်းအထိတည်းခိုခဲ့ကြောင်း ပေါ်ပေါက်ခဲ့ပါသည်။ 

အခင်းဖြစ်စဉ်က ပြစ်မှုကျူးလွန်သူ အောင်ကိုကိုဝတ်ဆင်ခဲ့သည့် ဂျင်းဘောင်းဘီနှင့် တီရှပ်တို့အား မင်္ဂလာတောင်ညွန့်မြို့နယ်၊ သပြေကုန်းရပ်ကွက်၊ (၁၂၅)လမ်းရှိ နေအိမ်မှသိမ်းဆည်းရမိခဲ့ပြီး အမှုနှင့်သက်ဆိုင်သည့် သက်သေခံပစ္စည်းများဖြစ်သည့် လက်တော့နှင့် iPhone SE တို့အားအောင်ကိုကိုမှ ဇနီးဖြစ်သူနှင့် ပြင်ဦးလွင်သို့သွားရောက်စဉ် Feel စားသောက်ဆိုင်အနီးရှိ ရေကန်အတွင်းသို့ လွှင့်ပစ်ခဲ့ကြောင်းနှင့် အခင်းဖြစ်စဉ် အသုံးပြုသည့်ဓားကိုလည်း ဂျာနယ်စက္ကူဖြင့်ထုပ်ပိုးပြီး ဂျာနယ်တိုက် မျက်စောင်းထိုးရှိ အမှိုက်ပုံးတွင်လွင့်ပစ်ထားခဲ့ကြောင်း သိရှိရသဖြင့် သက်သေခံပစ္စည်းများ သိမ်းဆည်း ရမိရေးအတွက် ဆက်လက်ရှာဖွေဆောင်ရွက်လျက်ရှိပါသည်။ 

ယခုလူသတ်မှုဖြစ်စဉ်နှင့်ပတ်သက်၍ အချို့သောသတင်းဌာနများမှ ဖြစ်စဉ်အမှန်အား သိရှိရခြင်းမရှိမီ မလိုလားအပ်သောပြဿနာများ ဖြစ်ပေါ်စေနိုင်သည့် ထင်မြင်ယူဆချက်များနှင့် ဝေဖန်ရေးသားခြင်းများ ဖော်ပြခဲ့သဖြင့် အထင်အမြင်လွဲမှားမှုများဖြစ်ပေါ်လာနိုင်ပါသည်။ သို့ဖြစ်ပါ၍ ဖြစ်စဉ်အမှန်ကို မသိရှိသေးမီ ထိုကဲ့သို့ ထင်မြင်ယူဆချက်များ၊ ဝေဖန်ရေးသားချက်များကို ဖော်ပြခြင်းမပြုကြပါရန် မေတ္တာရပ်ခံအပ်ပါ ကြောင်းနှင့် ရန်ကုန်တိုင်းဒေသကြီးရဲတပ်ဖွဲ့အနေဖြင့် မှုခင်းဖြစ်စဉ်အမှန်ကို အမြန်ဆုံးဖော်ထုတ်ရရှိရေးအတွက် အချိန်နှင့်တစ်ပြေးညီ စုံစမ်းဖော်ထုတ် ခဲ့ကြောင်း အများပြည်သူသိရှိစေရန် အသိပေးဖော်ပြအပ်ပါသည်။ 

#yangonpolice Flower News Yangon Media Group

မုဒိန္းမႉန႔ဲဖမ္းဆီးခံထားရတ့ဲ မ်ိဳေဇာ္ေထြးဆိုသူဟာ NLD ပါတီဝင္မဟုတ္ေၾကာင္း ပခုကၠဴၿမိဳ႕နယ္ NLD႐ုံးမွေျပာၾကား



အလိုမတူဘဲ သားမယားျပဳက်င့္မႈနဲ႕ အမႈဖြင္႕ ဖမ္းဆီးခံထားရတဲ႕ မ်ိဳးေဇာ္ေထြးဆိုသူဟာ ပါတီဝင္မဟုတ္ေၾကာင္း ပခုကၠဴျမိဳ႕နယ္ အမ်ိဳးသားဒီမုိကေရစီအဖြဲ႔ခ်ဳပ္ စည္းရံုးေရးေကာ္မတီက သည္ကေန႔ထုတ္ျပန္လိုက္ပါတယ္။
လူမႈကြန္ယက္စာမ်က္ႏွာမွာေဖာ္ျပပါရွိတဲ႕ ကိစၥရပ္မ်ားနဲ႕ဆက္စပ္ျပီး အမွတ္(၁) ရပ္ကြက္မွာေနထုိင္တဲ႕ ဦးမ်ဳိးေဇာ္ေထြးဟာ ပခုကၠဴျမိဳ႕နယ္ ရံုးမွတ္တမ္းမ်ားအရ ပခုကၠဴျမိဳ႕နယ္ အမ်ိဳးသားဒီမိုကေရစီ အဖြဲ႔ခ်ဳပ္၊ အဖြဲ႔ဝင္မဟုတ္ေၾကာင္း၊ ပခုကၠဴျမိဳ႕နယ္ အမ်ိဳးသားဒီမိုကေရစီအဖြဲ႔ခ်ဳပ္နဲ႔ လံုးဝသက္ဆိုင္ျခင္းမရွိပါေၾကာင္း ေၾကညာခ်က္မွာ ပါရွိပါတယ္။
“အန္တီတို႔ ပခုကၠဴ NLD ပါတီဝင္မဟုတ္ဘူးဆိုတာ ေသခ်ာပါတယ္။ လံုးဝေသခ်ာပါတယ္။
အန္တီတို႔ ျမိဳ႕နယ္ အလုပ္အမႈေဆာင္က အဝင္အထြက္မွာ နည္းနည္းရူပ္ယွက္ခတ္တာေတြရွိေနလို႔ ပါတီဝင္က လက္ကိုမခံေသးတာ” လို႔ ပခုကၠဴျမိဳ႕နယ္ အမွတ္(၁) ရပ္ကြက္မွ ဥကၠဌ ေဒၚျမိဳ႕က ေျပာပါတယ္။
မုဒိန္းမႈနဲ႕ အမႈဖြင္႕ဖမ္းဆီးခံထားရတဲ႕ပရဟိတ ကူညီေရးအသင္း တာ၀န္ခံတစ္ဦးျဖစ္တဲ႕ ဦးမ်ဳိးေဇာ္ေထြးဟာ အန္အယ္ဒီအဖြဲ႕ကုိေထာက္ခံအေနနဲ႕ ဓာတ္ပုံတြဲရို္က္ခဲ႕တာေတြ အက်ီ ၤ၀တ္ျပီးဓာတ္ပုံရုိက္ခဲ႕တာေတြ ရွိခဲ႕တယ္လုိ႕ဆုိပါတယ္။
by ဝင္းနႏၵာ/kumudra

Unicode

အလိုမတူဘဲ သားမယားပြုကျင့်မှုနဲ့ အမှုဖွင့် ဖမ်းဆီးခံထားရတဲ့ မျိုးဇော်ထွေးဆိုသူဟာ ပါတီဝင်မဟုတ်ကြောင်း ပခုက္ကူမြို့နယ် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် စည်းရုံးရေးကော်မတီက သည်ကနေ့ထုတ်ပြန်လိုက်ပါတယ်။
လူမှုကွန်ယက်စာမျက်နှာမှာဖော်ပြပါရှိတဲ့ ကိစ္စရပ်များနဲ့ဆက်စပ်ပြီး အမှတ်(၁) ရပ်ကွက်မှာနေထိုင်တဲ့ ဦးမျိုးဇော်ထွေးဟာ ပခုက္ကူမြို့နယ် ရုံးမှတ်တမ်းများအရ ပခုက္ကူမြို့နယ် အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်၊ အဖွဲ့ဝင်မဟုတ်ကြောင်း၊ ပခုက္ကူမြို့နယ် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်နဲ့ လုံးဝသက်ဆိုင်ခြင်းမရှိပါကြောင်း ကြေညာချက်မှာ ပါရှိပါတယ်။
“အန်တီတို့ ပခုက္ကူ NLD ပါတီဝင်မဟုတ်ဘူးဆိုတာ သေချာပါတယ်။ လုံးဝသေချာပါတယ်။
အန်တီတို့ မြို့နယ် အလုပ်အမှုဆောင်က အဝင်အထွက်မှာ နည်းနည်းရူပ်ယှက်ခတ်တာတွေရှိနေလို့ ပါတီဝင်က လက်ကိုမခံသေးတာ” လို့ ပခုက္ကူမြို့နယ် အမှတ်(၁) ရပ်ကွက်မှ ဥက္ကဌ ဒေါ်မြို့က ပြောပါတယ်။
မုဒိန်းမှုနဲ့ အမှုဖွင့်ဖမ်းဆီးခံထားရတဲ့ပရဟိတ ကူညီရေးအသင်း တာဝန်ခံတစ်ဦးဖြစ်တဲ့ ဦးမျိုးဇော်ထွေးဟာ အန်အယ်ဒီအဖွဲ့ကိုထောက်ခံအနေနဲ့ ဓာတ်ပုံတွဲရိုက်ခဲ့တာတွေ အကျီ ၤဝတ်ပြီးဓာတ်ပုံရိုက်ခဲ့တာတွေ ရှိခဲ့တယ်လို့ဆိုပါတယ်။
by ဝင်းနန္ဒာ/kumudra

Share

Twitter Delicious Facebook Digg Stumbleupon Favorites