သင့် စိတ်ထဲမှာ အဆင်မပြေ ဖြစ်နေလား



တစ်ခါတစ်လေ ဘဝမှာ လုပ်သမျှ အဆင်မပြေ ဖြစ်နေတာကြောင့် ကိုယ့်ဘဝကို အလိုမကျတွေ ဖြစ်ပြီး စိတ်ပျက်အားငယ်နေတဲ့ အချိန်တွေ အတော်များများ ကြုံဖူးကြမယ်လို့ ထင်ပါတယ်။ အဲဒီအချိန်တွေဆို ကိုယ့်လောက်ကံဆိုးတဲ့သူ ကမ္ဘာမှာ ရှိပါအုံးမလား လို့တောင် တွေးတတ် ကြပါတယ်။

အလုပ်က တစ်မျိုး၊ မိသားစုက တစ်မျိုး၊ ပေါင်းသင်း ဆက်ဆံရေးက တစ်မျိုးပေါ့။ ကျွန်မလည်း အဲလို အခြေအနေမျိုးတွေ ကြုံပြီး ဘဝကို စိတ်ပျက် အားငယ် ခဲ့ဖူးပါတယ်။

ဒါပေမယ့် အဲဒီိအတွေးတွေဟာ မနေ့က ကျွန်မရဲ့ သူငယ်ချင်းတစ်ယောက်နဲ့ စကား ပြောလိုက်တဲ့ အခါမှာတော့ အဲဒီအတွေးတွေကို စုပ်ယူလိုက်သလိုကို ကျွန်မ ခေါင်းထဲက ပျောက်သွား ပါတော့တယ်။

အဲဒီသူငယ်ချင်းက အသက်ကြီးပြီဖြစ်တဲ့မိဘနှစ်ပါး၊ ယောက္ခမ၊ ဇနီးနဲ့ သမီးနှစ်ယောက်ရဲ့ တာဝန်ကို ယူနေ ရတဲ့ အိမ်ထောင်ဦးစီး တစ်ယောက်ပါ။

ဒီလို စားဝတ်နေရေးတွေအပြင် အခြား အထွေထွေ ကုန်ကျစားရိတ်တွေကို သူ့လခဒေါ်လာတစ်ထောင် နဲ့ လောက်ငှအောင် စီမံနေရတဲ့သူက ကျွန်မကို စိတ်ဓါတ် ခွန်အားတွေ ပေးတယ်ဆိုတော့ ထူးဆန်း ကောင်း ထူးဆန်း နေပါလိမ့်မယ်။ ဒါပေမယ့် အဲဒါ အမှန်ပါပဲ။

ကျွန်မ သူငယ်ချင်းကပြောတယ်။
သူဒီလို စိတ်ဓါတ်တွေ ခိုင်မာလာပြီး ဘဝကို ရောင့်ရဲ တတ်လာတာ အိန္ဒိယမှာ ကြုံခဲ့ရတဲ့ အဖြစ်အပျက်လေး တစ်ခု ကြောင့်ပါတဲ့။

အဲဒီအဖြစ်အပျက်ကို သူလွန်ခဲ့တဲ့ နှစ်အနည်းငယ် က ကြုံခဲ့ရတာလို့ဆိုပါတယ်။ အဲဒီတုန်းက သူ ကိုယ်တိုင် လည်း အရမ်းစိတ်ဓါတ်ကျနေလို့ စိတ်ပြေ လက်ပျောက် အဖြစ် အိန္ဒိယကိုသွားလည်ရင်း တွေ့ခဲ့ ရတာလို့ ဆိုပါတယ်။ သူ့မျက်စိရှေ့မှာ မိန်းမ တစ်ယောက်ဟာ သူ့သားလေးရဲ့ လက်ကို ဓါးနဲ့ ပိုင်းဖြတ်နေတာ တွေ့လိုက် ရတယ်လို့ ပြောပါတယ်။

အဲဒီမိန်းမရဲ့ မျက်လုံးထဲမှာ မလွှဲသာလို့ လုပ်လိုက် ရတဲ့ အရိပ်အယောင်တွေ ထင်ဟပ်နေတာကို သူ တွေ့ရ တယ်တဲ့။ နောက်ပြီး ဘာမှ မသိသေးတဲ့ လေးနှစ် အရွယ်ကလေးလေးရဲ့ စူးစူးရှရှ အော်သံလေးရယ် သူကြားလိုက်ရတဲ့ အခါ အရမ်း ဝမ်းနည်းသွားခဲ့ ရတယ်လို့ ပြောပါတယ်။

ဘာကြောင့်များ ဒီလို ကိုယ့်သားသမီးကို လုပ်ရတာ ပါလိမ့်လို့ တွေးနေမိတယ်တဲ့။ ကလေးကပဲ အရမ်း ဆိုးလို့လား၊ဒါမှမဟုတ် ကလေး လက်မှာများ ကူးစပ် ရောဂါတစ်ခုခု ရှိနေလို့ ဖြတ်ပစ် လိုက်ရတာလားဆို မေးခွန်းတွေနဲ့ ရှုပ်ထွေး နေခဲ့တယ်လို့ ဆိုပါတယ်။

တစ်ကယ်တော့ အဲဒီမိန်းမ ဒီလိုလုပ်လိုက်တာဟာ သူ့သားလေး တောင်းရမ်းစားသောက်လို့ ရအောင် လုပ်ပေး လိုက်တာတဲ့ဗျာ။

သူငယ်ချင်းကိုယ်တိုင်လည်း ဘယ်လိုမှ မယုံကြည် နိုင်လောက်အောင် ဖြစ်ခဲ့ရတယ်လို့ ဆိုပါတယ်။ ဘယ်လိုမှ မယုံကြည်နိုင်ပေမယ့်လည်း ဒီအဖြစ်အပျက် က တကယ်ဖြစ်ခဲ့တာပါ။

သူငယ်ချင်းက ဆက်ပြောတယ်။

သူလည်း အဲဒီ မြင်ကွင်းကို မြင်ပြီး လက်ထဲမှာ စားနေတဲ့ ပေါင်မုန့်တောင်လွတ်ကျသွားခဲ့တယ်လို့ ပြောပါတယ်။ အဲဒီအချိန်မှာပဲ ခြေတွေလက်တွေ ချို့ယွင်းနေကြတဲ့ ကလေး (၅/၆)ယောက် လောက် ဟာ သူ့နား ရောက်လာပြီး အဲဒီပေါင်မုန့်အပိုင်း အစလေးတွေကို အလုအယက် စားနေကြတာကို တွေ့လိုက်ရတယ်လို့ ပြောပါတယ်။

“ကြည့်ပါအုံး အစာရေစာငတ်မွတ်ခြင်း ဒါဏ်ခံနေ ရတဲ့ ကလေးလေးတွေ ဘယ်လောက် သနားစရာ ကောင်းသလဲ။ ”

ဒါနဲ့ ကျွန်တော့သူငယ်ချင်းလည်း သူ့ လမ်းပြကို ပေါင်မုန့် ဆိုင်တစ်ဆိုင်ဆိုင်ကို မောင်းပို့ပေးဖို့ ညွှန်ကြား လိုက်ပြီး ဆိုင်မှာရှိသမျှပေါင်မုန့်တွေဝယ်
(ပေါင်မုန့် (၄ဝဝ) ရဖို့အတွက် ဒေါ်လာ (၁ဝဝ) ပဲ ကုန် ကျပါတယ်။)

ကျန်တဲ့ ဒေါ်လာ(၁ဝဝ)ကိုတော့ သူတို့လိုအပ်မယ့် နေ့စဉ်သုံးနေကျ အသုံးအဆောင်လေးတွေ ဝယ်ပြီး လှူဒါန်းခဲ့တယ်လို့ ဆိုပါတယ်။ ဒီလိုလှူဒါန်းနေတဲ့ အချိန်မှာ ခုန ရပ်ကွက်ထဲကမသန်စွမ်းသူလေးတွေ ဟာ သူ့ကို ကျေးဇူးတင်လွန်းလို့ ကန်တော့တဲ့သူက ကန်တော့၊ ဆုတောင်းပေးတဲ့သူက ဆုတောင်း ပေး နေကြတယ်လို့လည်း ပြောပါတယ်။

အဲဒီအချိန်မှာ သူတွေးလိုက်မိတာက လူတွေဝမ်းစာ အတွက် ဘယ်လောက်တောင် ဒုက္ခ ရောက်နေကြ ရလဲ ဆိုတာပါပဲ။ ဒီမြင်ကွင်းလေးကြောင့် သူ့မှာရှိတဲ့ အခက်အခဲတွေ ဒီလူတွေလောက် မဆိုးပါလားလို့ လည်း တွေးမိလာတယ်တဲ့။ သူ့မှာ ခြေလက် အင်္ဂါ အစုံ နဲ့ မွေးဖွားလာပြီး၊ မိဘနှစ်ပါး ရှိနေသေးတာ၊ စားဝတ်နေရေးအတွက် အလုပ်အကိုင် တစ်ခု ရှိနေတာ ကိုသိပ်ကံကောင်းနေပြီလို့ တောင်တွေးမိ နေပါသေးတယ် တဲ့။

သူ့စကားအဆုံးမှာ ကျွန်မလည်း ကျွန်မဘဝကျွန်မ ပြန်တွေးကြည့်လိုက်တယ်။ ငါ စိတ်ပျက်နေတဲ့ အကြောင်းအရာတွေကရော တစ်ကယ် စိတ်ပျက် သင့်လို့လားလို့ လည်း ပြန်ဆန်းစစ်ကြည့်မိပါတယ်။

ဒုက္ခဆိုတာတော့ လူတိုင်းမှာ ရှိတတ်ကြပါတယ်။ ဒါကို ကိုယ့်ဒုက္ခကပဲ ကြီးလှပြီထင်ပြီး ထိုင်ဝမ်းနည်း အားငယ် နေဖို့ မလိုပါဘူး။ လောကကြီးမှာ ကိုယ့် ထက် အများကြီး အခြေအနေ ဆိုးရွားတဲ့ သူတွေရဲ့ ဘဝကို စာနာကြည့်လိုက်ရင် ကိုယ့်ဘဝကို ကျေနပ် ရောင့်ရဲ နိုင်လာပါလိမ့်မယ်။

#Achitlwinpyin

#All_Credit_To_Original_Post_Owner.
သင့် စိတ်ထဲမှာ အဆင်မပြေ ဖြစ်နေလား သင့် စိတ်ထဲမှာ အဆင်မပြေ ဖြစ်နေလား Reviewed by Naethit on Tuesday, May 16, 2017 Rating: 5

No comments