လူတွေရဲ့ ပင်ကိုစရိုက်လက္ခဏာတွေထဲမှာမှ မနာလိုဝန်တိုတဲ့ ပင်ကိုစရိုက်လက္ခဏာရှိသူတွေ အများဆုံးလို့ သိရ



မနာလိုဝန်တိုမှုဆိုတာ လူ့အပြုအမူကို ပုံဖော်တဲ့ အတွေ့အများဆုံး အဓိကပင်ကိုစရိုက်လက္ခဏာ၊ ဥာဉ်ဖြစ်ပြီး လူ ၃ပုံ ၁ပုံ နီးပါးကို  ဒီစရိုက်လက္ခဏာတွေ့ရတယ်လို့ စိတ်ဝင်စားဖွယ်လေ့လာမှုတစ်ခုက လေ့လာတွေ့ရှိခဲ့ပါတယ်။ လူ့အပြုအမူဆိုင်ရာ လေ့လာမှုက လူဦးရေ ၉၀ ရာခိုင်နှုန်းကို အကောင်းမြင်သူ၊ အဆိုးမြင်သူ၊ ယုံလွယ်သူနဲ့ မနာလိုသူ ဆိုပြီး အဓိက အခြေခံပင်ကိုလက္ခဏာ ၄ မျိုး ခွဲနိုင်ကြောင်းတွေ့ရှိခဲ့ပါတယ်။
လေ့လာမှုမှာ စပိန်နိုင်ငံ Zaragoza တက္ကသိုလ်က သုတေသီ  ၅၄၁ ယောက်ရဲ့ လူမှုရေးအကျပ်ရိုက်မှုအပေါ် တုံ့ပြန်မှုတွေကို စူးစမ်းလေ့လာခဲ့ပါတယ်။ ပါဝင်စမ်းသပ်ခံသူတွေကို နှစ်ယောက်တစ်တွဲထားပြီး ပူးပေါင်းဆောင်ရွက်မှု သို့မဟုတ် အငြင်းပွားမှု ဦးတည်စေမယ့် ရွေးချယ်မှုတွေ ပေးပါတယ်။
ရလဒ်ပေါ်အခြေခံပြီး သုတေသီတွေဟာ လူတွေကို ပင်ကိုယ်လက္ခဏာအလိုက် အုပ်စုခွဲမယ့် ကွန်ပျူတာပရိုဂရမ်တစ်ခု ရေးသားခဲ့ပါတယ်။ ၃၀ ရာခိုင်နှုန်းသော အများဆုံးအုပ်စုဟာ မနာလိုသူတွေလို့ သိရပါတယ်။ အကောင်းမြင်သူ (၂၀ရာခိုင်နှုန်း) က သူနဲ့ လက်တွဲဖော်ကို အကောင်းဆုံးရွေးချယ်မှုပြုလုပ်ကြမယ်ဆိုတာ ယုံကြည်နေကြချိန်မှာ အဆိုးမြင်သမား (၂၀ ရာခိုင်နှုန်း) ကတော့ သိပ်မဆိုးဘူးလို့ ယူဆတဲ့ ရွေးချယ်မှုတွေ ပြုလုပ်ကြပါတယ်။
အယုံလွယ်တဲ့ အုပ်စု (၂၀ ရာခိုင်နှုန်း) ဟာ အမြဲတမ်းပူးပေါင်းဆောင်ရွက်ပြီး ရှုံးရှုံး၊ နိုင်နိုင် မမှုတဲ့ မွေးရာပါ ပူးပေါင်းဆောင်ရွက်တတ်သူတွေ ဖြစ်ကြပါတယ်။ ရေရေရာရာ သတ်မှတ်ထားခြင်းမရှိတဲ့ ပဉ္စမအုပ်စုက ၁၀ ရာခိုင်နှုန်းရှိပြီး ရှင်းလင်းတဲ့ ပင်ကိုလက္ခဏာအမျိုးအစားတစ်ခု သတ်မှတ်လို့ မရဘူးလို့ သိရပါတယ်။ 

#Achitlwinpyin 
Ref: Indianexpress 
လူတွေရဲ့ ပင်ကိုစရိုက်လက္ခဏာတွေထဲမှာမှ မနာလိုဝန်တိုတဲ့ ပင်ကိုစရိုက်လက္ခဏာရှိသူတွေ အများဆုံးလို့ သိရ လူတွေရဲ့ ပင်ကိုစရိုက်လက္ခဏာတွေထဲမှာမှ မနာလိုဝန်တိုတဲ့ ပင်ကိုစရိုက်လက္ခဏာရှိသူတွေ အများဆုံးလို့ သိရ Reviewed by Naethit on Monday, May 15, 2017 Rating: 5

No comments