အဖေ....


"အ​ဖေ"
"သား ဆယ်​တန်းကျတယ်​"
နွားစာ​ ကျွေး​နေ​သော အ​ဖေ ရုတ်​တရတ်​တုံ့သွားသည်​...

မီးဖို​ချောင်​ထဲ ထမင်းချက်​​နေ​သော အ​မေက
ကြားလိမ့်​မည်​ မထင်​။အ​ဖေ စကား တလုံးမှ မ​ပြောပဲ…
ကျ​တော့်​ကို စူးစိုက်​ကြည့်​​နေသည်​။

"ဟိုးမှာ​……တွေ့လား ငါ့သား…!!!
ဓား ၂​ ချောင်းစီ ကျ​တော့်​ကိုညွှန်​ပြသည်​။
(စကားလမ်းလွှဲလိုက်​သည်​ဟု ကျ​တော်​ထင်​)

"လှည်း​ပေါ်တင်​ကွာ အ​ဖေနဲ့​ လယ်​​တော…ခဏလိုက်​ခဲ့… အ​င်္ကျီထူထူ ယူခဲ့ "

နွားညိုသိုးကြီး ၂ ​ကောင်​ကို ဆွဲသွားပြီး…
အ​ဖေ… နွားလှည်းတပ်​​နေပြီ ။ ကျ​တော်​ အ​ဖေ့​နောက်​မှ ၀င်​ထိုင်​လိုက်​သည်​။(အ​တွေးထဲ ကျောင်း များထုတ်​လိုက်​သည်​ဟုထင်​ခဲ့)

လယ်​​တော​ရောက်​​တော့ အ​ဖေ ကျ​တော့်​ ကို ထွန်​တုံး ဆင်​​ပေးပြီး ထွန်​ခိုင်းသည်​။ ကျ​တော်​​အူ​ကြောင်​​ကြောင်​ ဖြစ်​သွားတယ်​။ အ​ဖေ… ငါ့ကို တကယ်​များ​ ကျောင်း ထုတ်​လိုက်​ပြီလား…?

ကျ​တော့်ကို တခါမှ အလုပ်​ မခိုင်းဘူးခဲ့တဲ့ အ​ဖေ က
 ဒီလိုလုပ်​​တော့ အံ့သြသွားမိတာ​ပေါ့...

ကျ​တော်​…နွားကို ရိုက်​လိုက်​သည်​။ လယ်​ထဲကို… သုံးပတ်​​လောက်​ ပတ်​မိတဲ့အချိန်​ ​ဖြေဖဝါး​တွေက​သွေးကျင်​ဥ လာတယ်​။နေပူတဲ့ဒဏ်​​ ကြောင့်​ ​ချွေး… တလုံးလုံးနဲ့ ပင်ပန်းတဲ့ဒဏ်​ကို မခံစားနိုင်​​တော့ဘဲ…
ကျ​တော်​…ယိုင်ကျသွားသည်​။

"ငါ့သား ..အ​ဖေတို့ မင်းလို ပညာမသင်​ခဲ့ရဘူး။
ပညာ ဆိုလို့ ၄ တန်းပဲ​အောင်​ခဲ့တာ။
မင်းကို​ကျောင်းထားတယ်​ဆိုတာ…အ​ဖေတို့လို…
ပင်ပန်းမှာ စိုးလို့။ ငါ့သားသမီး​တွေ…ငါ့လို…
မဖြစ်​ရ​လေ​အောင်​ ဆိုပြီး… အ​ဖေတို့…မင်းကို​……
ဘော်​ဒါ​ဆောင်​မှာ ကောင်း​ကောင်း ထားပြီး……
စာသင်​ခိုင်းခဲ့တာ..…အ​ဖေတို့ မင်းဆီက ဘာမှ​……
မျှော်​လင့်​ချက်​…မရှိဘူး။ ငါ့သားသမီး…ငါ့လို
ပင်​ပင်​ပန်းပန်းနဲ့…မလုပ်​စား​စေချင်​လို့..…
နောင်​တချိန်​မှာ မင်း ဘ၀လေး သာယာလှပဖို့……
(​ပြောရင်းနဲ့ အ​ဖေ့အသံက ငိုသံပါသလိုလိုခံစားရ)

ကျ​တော်​နောင်​တနဲ့ အတူ မျက်​ရည်​​တွေ ကျလာခဲ့သည်​။
 (စာ မကျက်​မိသည်​များကို) ...

ဟိုးအ​ဝေး က အ​မေ တလှုပ်​လှုပ်​နဲ့……
ထမင်း​တောင်းကို ရွတ်​လာတာ…မြင်​​နေမိသည်​။

အ​ဖေ့ ကို ထာဝရ အစဉ်​​လေးစားလျက်​…

#Achitlwinpyin
         
#Credit_ZawHtetAung
အဖေ.... အဖေ.... Reviewed by Naethit on Monday, May 15, 2017 Rating: 5

No comments