စကားများခြင်းအပြစ်(၅)မျိုး



၁။ မဟုတ်မမှန်တာကို ပြောမိတတ်ခြင်း။
( ပြောပါများရင် အပိုအလိုတွေ ပါလာတတ်သည် )။
၂။ ကုန်းစကားကို ပြောမိတတ်ခြင်း။
(မိမိ ပိုကောင်းကြောင်း သိစေလိုသဖြင့်
သူများရဲ့ မကောင်းကြောင်း ပြောရင်း ကုန်း
စကား ဖြစ်မှန်းမသိ ဖြစ်သွားတတ်သည် )။
၃။ ကြမ်းတမ်းသော စကားကို ပြောမိတတ်ခြင်း။
( ပြောရင်းပြောရင်းနှင့် စိတ်ပါသွားပြီး စိတ်လိုက်
မာန်ပါဖြစ်ကာ စကားကြမ်းတွေ ပြောမိတတ်သည်)။
၎။ သိမ်ဖျင်းသောစကားကို ပြောမိတတ်ခြင်း
( စကားများပြီးဆိုမှတော့ သိမ်ဖျင်းတာက ပါတာပဲ
များတ်သည် )။
၅။ သေပြီးနောက် အပါယ်ငရဲကို ကျတတ်ခြင်း။
( စကားက မှားရင် မှားသလောက် သူတစ်ပါးကို
ထိခိုက်ရင် ထိခိုက်သလောက် ပေးဆပ်ရတတ်ပေသည် )။
ဒါကြောင့်
စကားပြောဆိုရာတွင်ကိုသာ နှိုင်းနှိုင်းချင့်ချိန်စွာဖြင့် ပြောဆိုကြဖို့ လိုအပ်သည်မဟုတ်ပါလား။ ။

#Achitlwinpyin 
Credit - Original Writer
စကားများခြင်းအပြစ်(၅)မျိုး စကားများခြင်းအပြစ်(၅)မျိုး Reviewed by Naethit on Tuesday, May 16, 2017 Rating: 5

No comments