ကိုယ်ဝန်ဆောင်ချိန်တွင် ရှောင်ရှားသင့်သောအချက်များ



<<< အထိုင်များခြင်း၊ အထများခြင်း >>> 

ကိုယ်ဝန်ဆောင်မိခင်တွေဟာ အမြဲတမ်းမထိုင်နေသင့်သလို ၊ အမြဲတမ်းမတ်တပ်ရပ်ကြီးလည်း မနေသင့်ပါဘူး။ ကွန်ပျူတာရှေ့မှာ အလုပ်လုပ်တဲ့သူတွေပိုပြီး သတိထားသင့်ပါတယ်..။ အထိုင်များခြင်းကြောင့် ခါးနာတာ၊ ခြေထောက်ရောင်တာတို့ ဖြစ်စေနိုင်တဲ့အပြင် တင်ပဆုံတွင်း ဆီကို သွေးလှည့်ပတ်စီးဆင်းမှု ဟန့်တားစေတာကြောင့် သန္ဓေသားဆီကို အာဟာရဓာတ်ရောက် ရှိမှုလျော့နည်းစေပါတယ်။ ကွန်ပျူတာရှေ့မှာ ထိုင်တဲ့ကြာအခါ နှစ်နာရီကြာတိုင်း မတ်တတ်ရပ်ကာ လမ်းလျှောက်ပေးသင့်ပါတယ်။ 

<<< အကိုက်အခဲပျောက်ဆေးသောက်ခြင်း >>> 

ကိုယ်ဝန်ဆောင်ချိန်မှာ ဆရာဝန်ရဲ့ ညွှန်ကြားချက်မရှိဘဲ ဘာဆေးကိုမှ မသောက်သင့်ပါဘူး။ ဝေဒနာတစ်ခုခုခံစားလာရတဲ့အခါ ဆရာ ဝန်နဲ့ ပြသပြီး ဆရာဝန်ညွှန်ကြားမှဆေးသောက်ပါ။ 

<<< Caffeine ဓာတ်ပါတဲ့အစားအစာတွေ အလွန်ကျွံစားသုံးခြင်း >>> 

Caffeine ဓာတ်ပါတဲ့ ကော်ဖီ၊ ချောကလပ် ၊ ကိုလာ၊ လက်ဖက်ရည်အစရှိတာတွေကို တစ်နေ့မှာ ၁၅၀ မီလီဂရမ် နဲ့ ၃၀၀ မီလီဂရမ်လောက်သာစားသင့်ပါတယ်။ 

<<< တိရိစ္ဆာန်တွေနဲ့ ပူးပူးကပ်ကပ်နေခြင်း >>> 

အဓိကကတော့ကြောင်များနဲ့ဝေးရာမှာနေသင့်ပါတယ်..။ ကြောင်များဟာ Toxoplasmosis ဆိုတဲ့ အမေ့ဝမ်းထဲမှကလေး အတွက် အလွန်ကြောက် စရာကောင်းတဲ့ရောဂါပိုးမွားတွေ ကို သယ်ဆောင် လာကြ လို့ပဲဖြစ်ပါတယ်။ 

<<< အိပ်ရေးဝအောင်မအိပ်ခြင်း >>> 

ကိုယ်ဝန်ဆောင်ချိန် တွင် မိခင်လောင်းများ အနေဖြင့် တစ်နေ့ ၈ နာရီ ၉နာရီ အနည်းဆုံး အိပ်စက်ရမည်။အချိန် ရလျှင် နေ့ခင်း နေ့လည်များတွင်လည်း ခေတ္တခဏ အနားယူအိပ်စက် သင့်ပါသည်။ အိပ်စက် ရာတွင်လည်း ဘေးတစောင်း အိပ်ခြင်းကို လေ့ကျင့် ယူရမည်ဖြစ်ပြီး ပက်လက်လှန် အိပ်စက်ခြင်း ကိုတော့ ကိုယ်ဝန်ရင့်လာသည်နှင့်အမျှ တတ်နိုင်သမျှရှောင်ရှား သင့်ပါတယ်။ 

<<< ဆေးလိပ်သောက်ခြင်း နှင့်ဆေးလိပ်ငွေ့ရှုမိခြင်း >>> 

ဆေးလိပ်နံ့ဟာ မိခင်နှင့်ကလေးအတွက်အရမ်းစိုးရိမ်စရာကောင်းပါတယ.်.. ။သင့်အနီးနားမှာဆေးလိပ်သောက်တဲ့သူရှိရင်တော့ သူတို့နားကနေဝေးဝေးကိုရှောင်ရှားသင့်ပါတယ်…။ ဆေးလိပ်သောက်တဲ့ သက်တမ်း ၁၀ နှစ်မှ ၁၅ နှစ်ကြားအထိ ရှိလာပြီဆိုရင် အဲ့ဒီသူဟာ ကင်ဆာဖြစ်ဖို့ လုံလောက်တဲ့အချိန်လို့ ဆိုပါတယ်။ ဆေးလိပ်သောက်သုံးသူ ကိုယ်တိုင်မဟုတ်ပေမယ့် ဆေးလိပ်ငွေ့ ပုံမှန်ရှူ ရှိုက်နေရတဲ့ သူများလည်း ကင်ဆာရောဂါဖြစ်နိုင်ချေရှိပြီး ကိုယ်ဝန်ဆောင်များကတော့ ဆေးလိပ်ငွေ့အမြဲရှုရိုက်နေတဲ့အခါ ကိုယ်ဝန်ပျက်ကျနိုင်ခြင်း ပေါင်မပြည့်တဲ့ကလေးမွေးလာခြင်းကဲ့သို့ဆိုးကျိုးများခံစားရနိုင်ပါတယ်..။ 
Yin Min ( မိုမိုလေး )
ကိုယ်ဝန်ဆောင်ချိန်တွင် ရှောင်ရှားသင့်သောအချက်များ ကိုယ်ဝန်ဆောင်ချိန်တွင် ရှောင်ရှားသင့်သောအချက်များ Reviewed by Naethit on Saturday, May 20, 2017 Rating: 5

No comments