အသားအေရ ဝင္းပျပီး ဆံပင္နက္ေမွာင္ေတာက္ပေစမယ့္ ဇာတိပၹိဳလ္သီး

ဇာတိပၹဳိလ္သီး (nutmeg) က က်န္းမာေရးအတြက္သာမက အလွအပအတြက္ပါ ေကာင္းမြန္တာေရာ သိျပီးျပီလား။ အေပၚယံၾကမ္းေထာ္ျပီး ရနံ႔စူးရွတဲ့ ဇာတိပၹဳိလ္သီးက အလွအပသုံးအတြက္ အင္မတန္ေကာင္းမြန္တဲ့ ပစၥည္းျဖစ္ပါတယ္။ ဇာတိပၹဳိလ္သီးမႈန္႔ ပုံမွန္သုံးစြဲျခင္းက နက္ေမွာင္ေတာက္ပတဲ့ ဆံေကသာနဲ႔ အသားအေရၾကည္လင္ဝင္းပေစပါတယ္။ ႏူးည့ံေခ်ာေမြ႔ျပီး ဝက္ျခံကင္းတဲ့ အသားအေရ ရရိွပိုင္ဆုိင္ေစပါတယ္။
၁။ ဇာတိပၹိဳသီးမႈန္႔မ်က္ႏွာလိမ္းေဆး
ပါဝင္ပစၥည္းမ်ား
·         ႏြားႏို႔ ထမင္းစားဇြန္း (၁) ဇြန္း
·         ဇာတိပၹဳိလ္သီးမႈန္႔ လက္တစ္ဆိတ္စာ
လမ္းညႊန္ခ်က္
၁။ ႏြားႏို႔နဲ႔ ဇာတိပၹိဳလ္သီးမႈန္႔ကို ေရာစပ္ပါ။  
၂။ မ်က္ႏွာေပၚ မိနစ္ ၃၀ ထက္မေက်ာ္ေအာင္ လိမ္းထားရပါမယ္။
၃။ ေရေအးနဲ႔ ေဆးခ်ေပးရပါမယ္။
ဆံေကသာနက္ေမွာင္ေတာက္ေစျခင္း 
ဇာတိပၹိဳလ္သီးအဆီ (nutmeg oil) ကို ဆံပင္အလွကုန္ပစၥည္းအမ်ားစုမွာ မၾကာခဏေတြ႔ရပါတယ္။ ဇာတိပၹဳိလ္သီးဆီကို ဆံပင္ ေတာက္ပၾကံ့ခုိင္သန္စြမ္းေစဖုိ႔အတြက္ ေခါင္းေလွ်ာ္ရည္နဲ႔ conditioner နဲ႔ ေပါင္းထည့္ႏုိင္ပါတယ္။
အသားအေရေခ်ာေမြ႔ေစျခင္း
ပါဝင္ပစၥည္းမ်ား
·         ပ်ားရည္ ထမင္းစားဇြန္း (၁) ဇြန္း
·         သစ္ၾကံပိုးေခါက္ လက္ဖက္ရည္ဇြန္း တစ္ဝက္
·         ဇာတိပၹိဳလ္သီးမႈန္႔ လက္ဖက္ရည္ဇြန္း တစ္ဝက္
အညႊန္း
၁။ ပါဝင္ပစၥည္းအားလုံး ပန္းကန္တစ္ခုထဲ ေပါင္းစပ္ရပါမယ္။
၂။ ရလာတဲ့အေရာအေႏွာနဲ႔ မ်က္ႏွာကို ႏွိပ္နယ္ေပးပါ။
၃။ အနည္းဆုံး ၁၀ မိနစ္ သုိ႔မဟုတ္ လုိအပ္ပါက အဲဒီထက္ အခ်ိန္ပိုၾကာၾကာထားရပါမယ္။
၄။ မ်က္ႏွာကို ပြတ္ေပးရင္း ေရနဲ႔ ေဆးခ်ရပါမယ္။
၅။ အဲဒီနည္းအတုိင္း တစ္ပတ္ ၂-၃ ၾကိမ္လုပ္ေပးပါ။
အသုံးျပဳပုံ
ဇာတိပၹိဳလ္သီးကို အဆီ သုိ႔မဟုတ္ အမႈန္႔ႏွစ္မ်ဳိးုလံုးျဖင့္ ဆံပင္နဲ႔ အသားအေရမွာ အသုံးျပဳႏုိင္ပါတယ္။ nutmeg oil ကို အလြယ္တကူ ဝယ္ယူရရိွႏုိင္ပါတယ္။ အသားအေရပ်က္စီးမႈ ျဖစ္ပြားတဲ့အခါ nutmeg oil ညတုိင္းလိမ္းေပးျခင္းက အသားေရ ေပ်ာ့ေပ်ာင္း ေခ်ာေမြ႔ေစပါလိမ့္မယ္။ အဆီကုိ ဆံပင္ထိန္းသိမ္းျခင္းအတြက္လည္း အသုံးျပဳႏုိင္ပါတယ္။ 
Ref: 1mhealthtips

Unicode
ဇာတိပ္ဖိုလ်သီး (nutmeg) က ကျန်းမာရေးအတွက်သာမက အလှအပအတွက်ပါ ကောင်းမွန်တာရော သိပြီးပြီလား။ အပေါ်ယံကြမ်းထော်ပြီး ရနံ့စူးရှတဲ့ ဇာတိပ္ဖိုလ်သီးက အလှအပသုံးအတွက် အင်မတန်ကောင်းမွန်တဲ့ ပစ္စည်းဖြစ်ပါတယ်။ ဇာတိပ္ဖိုလ်သီးမှုန့် ပုံမှန်သုံးစွဲခြင်းက နက်မှောင်တောက်ပတဲ့ ဆံကေသာနဲ့ အသားအရေကြည်လင်ဝင်းပစေပါတယ်။ နူးညံ့ချောမွေ့ပြီး ဝက်ခြံကင်းတဲ့ အသားအရေ ရရှိပိုင်ဆိုင်စေပါတယ်။

၁။ ဇာတိပ္ဖိုသီးမှုန့်မျက်နှာလိမ်းဆေး

ပါဝင်ပစ္စည်းများ

· နွားနို့ ထမင်းစားဇွန်း (၁) ဇွန်း

· ဇာတိပ္ဖိုလ်သီးမှုန့် လက်တစ်ဆိတ်စာ

လမ်းညွှန်ချက်

၁။ နွားနို့နဲ့ ဇာတိပ္ဖိုလ်သီးမှုန့်ကို ရောစပ်ပါ။  

၂။ မျက်နှာပေါ် မိနစ် ၃၀ ထက်မကျော်အောင် လိမ်းထားရပါမယ်။

၃။ ရေအေးနဲ့ ဆေးချပေးရပါမယ်။

ဆံကေသာနက်မှောင်တောက်စေခြင်း 

ဇာတိပ္ဖိုလ်သီးအဆီ (nutmeg oil) ကို ဆံပင်အလှကုန်ပစ္စည်းအများစုမှာ မကြာခဏတွေ့ရပါတယ်။ ဇာတိပ္ဖိုလ်သီးဆီကို ဆံပင် တောက်ပကြံ့ခိုင်သန်စွမ်းစေဖို့အတွက် ခေါင်းလျှော်ရည်နဲ့ conditioner နဲ့ ပေါင်းထည့်နိုင်ပါတယ်။

အသားအရေချောမွေ့စေခြင်း

ပါဝင်ပစ္စည်းများ

· ပျားရည် ထမင်းစားဇွန်း (၁) ဇွန်း

· သစ်ကြံပိုးခေါက် လက်ဖက်ရည်ဇွန်း တစ်ဝက်

· ဇာတိပ္ဖိုလ်သီးမှုန့် လက်ဖက်ရည်ဇွန်း တစ်ဝက်

အညွှန်း

၁။ ပါဝင်ပစ္စည်းအားလုံး ပန်းကန်တစ်ခုထဲ ပေါင်းစပ်ရပါမယ်။

၂။ ရလာတဲ့အရောအနှောနဲ့ မျက်နှာကို နှိပ်နယ်ပေးပါ။

၃။ အနည်းဆုံး ၁၀ မိနစ် သို့မဟုတ် လိုအပ်ပါက အဲဒီထက် အချိန်ပိုကြာကြာထားရပါမယ်။

၄။ မျက်နှာကို ပွတ်ပေးရင်း ရေနဲ့ ဆေးချရပါမယ်။

၅။ အဲဒီနည်းအတိုင်း တစ်ပတ် ၂-၃ ကြိမ်လုပ်ပေးပါ။

အသုံးပြုပုံ

ဇာတိပ္ဖိုလ်သီးကို အဆီ သို့မဟုတ် အမှုန့်နှစ်မျိုးုလုံးဖြင့် ဆံပင်နဲ့ အသားအရေမှာ အသုံးပြုနိုင်ပါတယ်။ nutmeg oil ကို အလွယ်တကူ ဝယ်ယူရရှိနိုင်ပါတယ်။ အသားအရေပျက်စီးမှု ဖြစ်ပွားတဲ့အခါ nutmeg oil ညတိုင်းလိမ်းပေးခြင်းက အသားရေ ပျော့ပျောင်း ချောမွေ့စေပါလိမ့်မယ်။ အဆီကို ဆံပင်ထိန်းသိမ်းခြင်းအတွက်လည်း အသုံးပြုနိုင်ပါတယ်။ 

Ref: 1mhealthtips
အသားအေရ ဝင္းပျပီး ဆံပင္နက္ေမွာင္ေတာက္ပေစမယ့္ ဇာတိပၹိဳလ္သီး အသားအေရ ဝင္းပျပီး ဆံပင္နက္ေမွာင္ေတာက္ပေစမယ့္ ဇာတိပၹိဳလ္သီး Reviewed by Naethit on Saturday, May 06, 2017 Rating: 5

No comments