ငွေတွေပေါလွန်းလို့ ဘယ်နားမှာသွားသုံးရမှန်းမသိ ဖြစ်နေပြီလား?



ချမ်းသာတဲ့သူ အများစုကို ငွေကိုခြိုးခြံချွေတာ စုဆောင်းတတ်ကြပါတယ်။ ကိုယ်ပင်ပင်ပန်းပန်း ရှာထားရတဲ့ ငွေတွေကို အကျိုးမဲ့ ဖြုန်းပစ်တာဟာ မကောင်းပေမယ့် ငွေလည်းရှာရသေး၊ ဘာမှမသုံးပဲ ခြစ်ခြုပ်ပြီး သိမ်းထားတာကလည်း နည်းလမ်းမှန်တစ်ခုတော့ မဟုတ်ပါဘူး။ ဒီတော့ ငါ့ပိုက်ဆံတွေ ဘယ်နားသွားသုံးရပါ့? လို့ စဉ်းစားနေတဲ့ ဘောစိကြီးတွေအတွက် ငွေအသုံးပြုသင့်တဲ့ နေရာလေးတွေကို အကြံပြုပေးလိုက်ရပါတယ်။ 

၁ - အတွေ့အကြုံအသစ်တွေအတွက် 

မရောက်ဖူးတဲ့နေရာတွေကို ခရီးသွားခြင်းတွေ၊ လုပ်ငန်းသစ်တွေအတွက် ရင်းနှီးမြှုပ်နှံခြင်းတွေ၊ မစီးဖူးတဲ့ကားဝယ်စီးတာမျိုးတွေ စသဖြင့် မိမိအတွက် အတွေ့အကြုံသစ်တွေ၊ ခံစားမှုသစ်တွေ ပေးစွမ်းနိုင်မယ့် ကိစ္စမျိုးတွေမှာ သင့်ပိုက်ဆံတွေကို အသုံးပြုတာဟာ အကောင်းဆုံး နည်းလမ်းတစ်ခု ဖြစ်ပါသတဲ့။ 

၂ - အိမ်တွင်းအလှဆင်ခြင်းနဲ့ ပရိဘောဂတွေအတွက် 

ငွေပုံဆိုတာ စိတ်ကူးထဲမှာသာ ထိုင်လို့ကောင်းပေမယ့် အပြင်မှာထိုင်ရင်တော့ သိပ်ပြီးသက်တောင့်သက်သာ မရှိလှပါဘူး။ ဒီတော့ သင့်အတွက် သက်တောင့်သက်သာ ဖြစ်စေမယ့် အသုံးအဆောင်ကောင်းကောင်း၊ ပရိဘောဂကောင်းကောင်း လိုပါတယ်။ သင့်ရဲ့အိမ်ဂေဟာလေးဟာလည်း နေချင်စဖွယ် လှလှပပလေးဆိုရင် သင့်အနေနဲ့ စိတ်လက်ကြည်သာပြီး အလုပ်အကိုင်လည်း ပိုမိုအဆင်ပြေမှာဖြစ်သလို၊ မိမိကိုယ်ကိုလည်း ယုံကြည်မှုတိုးစေမှာပါ။

၃ - အလှအပနဲ့ စတိုင်ကျကျနေဖို့ 

တောင်းမှာအကွပ်၊ လူမှာအ၀တ်ဆိုသလို မိမိရဲ့ ဂုဏ်ဒြပ်နဲ့လိုက်မယ့် အနေအထိုင်၊ အလှအပ၊ ၀တ်စားဆင်ယင်မှုကလည်း အရေးကြီးပါတယ်။ သင့်အပေါ် လူအများအထင်ကြီးလေးစားဖို့ သင့်ပိုက်ဆံတွေထဲက အချို့ကိုတော့ အလှအပနဲ့ စမတ်ကျမှုအတွက် မဖြစ်မနေ အသုံးချရပါမယ်။ ပိုက်ဆံဟာ အရာတော်တော်များများကို ဖန်တီးပေးနိုင်လို့ ထာဝရနုပျိုစေရန် နတ်ရေကန်ထဲ ဆင်းစိမ်းစရာ မလိုတော့ဘူး။ ငွေရှိရင် နုပျိုစေမယ့် နည်းလမ်းတွေ တစ်ပုံကြီး ရှိနေပြီ ဖြစ်ပါတယ်။ 

၎ - ကျန်းမာရေး 

ကျန်းမာခြင်းဟာ လာဘ်ကြီးတစ်ပါးလို့ ဆိုကြတာမို့ ငွေအသုံးပြုဖို့စာရင်းထဲမှာ သူ့ကိုသွားချန်ထားမယ်ဆိုရင် စိတ်ကောက်သွားပါလိမ့်မယ်။ သင့်အနေနဲ့ ဘယ်လောက်ချမ်းသာသည်ဖြစ်စေ ကျန်းမာရေးလိုက်စားဖို့ လိုအပ်ပြီး Medical Check Up တွေဟာလည်း ၆ လ တစ်ခါလောက် လုပ်နေသင့်ပါတယ်။ ကျန်းမာပြီး ချမ်းသာနေရင်တော့ ဘ၀ရဲ့ စည်းစိမ်တွေဟာ သင့်အတွက်ပါ။ 

အားလုံးပဲ အောင်မြင်ကျန်းမာ၊ စိတ်ချမ်းသာလို့ စီးပွားရေးတွေလည်း ဒီရေအလား တိုးပွားကြပါစေ။

Credit : Momolay
#Achitlwinpyin 
ငွေတွေပေါလွန်းလို့ ဘယ်နားမှာသွားသုံးရမှန်းမသိ ဖြစ်နေပြီလား? ငွေတွေပေါလွန်းလို့ ဘယ်နားမှာသွားသုံးရမှန်းမသိ ဖြစ်နေပြီလား? Reviewed by Naethit on Wednesday, May 17, 2017 Rating: 5

No comments