အမှိုက်ကစ ပြဿာဒ်မီးလောင်ခဲ့တဲ့ ကမ္ဘာကျော်ဖြစ်ရပ်များ




တစ်ခါတစ်ရံမှာ ဆုံးဖြတ်ချက်လေးတွေက အရာအားလုံးကိုပြောင်းလဲစေနိုင်ပါတယ်။ဒီလို သတိမထားမိလိုက်ဘဲနဲ့ ကမ္ဘာကျော်ဖြစ်ရပ်ကြီးတွေကို ဖြစ်ပွားစေခဲ့တဲ့ ဖြစ်ရပ်လေးတွေကိုဖော်ပြလိုက်ပါတယ်။

၁။ ဖရန်စစ်ဖာဒီနန်ဟာ လမ်းကြောင်းမှားခဲ့လို့ လုပ်ကြံခံခဲ့ရတာဖြစ်ပါတယ်။

ပထမ ကမ္ဘာစစ်ကြီးကို ဖြစ်ပွားစေခဲ့တဲ့ သြစတြီးယားအင်ပါယာ ဧကရာဇ်မင်း၏ သား ဖရန်စစ်ဖာဒီနန် (Franz Ferdinand ) ဟာ သေးငယ်တဲ့ အလွဲလေးတွေကနေ ကြီးကျယ်တဲ့ ကိစ္စများကို ဖြစ်စေတဲ့ ကိစ္စများစွာထဲက တစ်ခုဖြစ်ပြီး သူရဲ့ ယာဉ်မောင်းသူဟာ မြေပုံကို သေချာကြည့်ပြီးမောင်းခဲ့မယ် ဆိုရင် လုပ်ကြံခံခဲ့ရမှာမဟုတ်ပါဘူး။

ဖရန်စစ် ဖာဒီနန်ဟာ ဩစတီယား၊ဟန်ဂေရီနဲ့ ဘိုဟီးမီးယား နိုင်ငံတို့ရဲ့ ထီးနန်းအလျောင်းအလျာဖြစ်ပြီး သူ ဘောစနီးယားနိုင်ငံ ဆာရေဂျီဗို မြို့ (Sarajevo)ကို ရောက်ခဲ့တဲ့ အချိန်မှာ သူကို လုပ်ကြံချင်တဲ့ သူတွေများမှန်း သူသိခဲ့ပါတယ်။ဒါပေမဲ့ ဖာဒီနန်ဟာ သူရဲ့ နောက်ပါအခြွေအရံတွေ ကျန်ခဲ့ပေမဲ့ ဆေးရုံမှာ တက်ရောက်ကုသနေရတဲ့ သူ့ရဲ့ သူငယ်ချင်းတွေဆီကို အစောင့်အရှောက့် မပါဘဲသွားခဲ့ပါတယ်။ထိုအချိန်မှာ သူ့ရဲ့ Driver ဖြစ်သူက လမ်းမကျွမ်းတဲ့ အတွက် ကွေ့ရမဲ့ ဘက်မှားပြီး ကွေ့မိတဲ့အတွက် ဖရန်စစ်ကို လုပ်ကြံဖို့ အစီအစဉ်ရှိနေပေမဲ့ အခွင့်ကောင်းမကြုံသေးတဲ့ ဂတ်ရီလို ပရင်ဆစ် (Gavrilo Princip) ထိုင်နေတဲ့ လက်ဖက်ရည်ဆိုင်ဘက်ကို ရောက်သွားခဲ့ပြီး ပရင်ဆစ်ကို အခွင့်အရေးပေးလိုက်သလို ဖြစ်ကာ ၁၉၁၉ ဂျွန်လ ၂၈ ရက်နေ့မှာ အသတ်ခံခဲ့ရတာ ဖြစ်ပါတယ်။

၂။ ဟစ်တလာကို အသက်ဘေးက လွှတ်ခဲ့တဲ့ ဗြိတိန် စစ်သား။

၁၉၁၈ ခုနှစ်မှာ ဟင်နရီ တန်ဒေ ဆိုတဲ့ ဗြိတိန် စစ်သားဟာ ပြင်သစ်စစ်မြေပြင်မှာ တိုက်ပွဲဝင်နေရင်း လူတစ်ယောက်အသက်ကို ကယ်ဆယ်မိခဲ့တဲ့အတွက် လူသန်း ၆၀ ခန့်ကို သတ်မိသလိုဖြစ်သွားခဲ့ပါတယ်။ ဟင်နရီ တန်ဒေ ဟာ ပြင်သစ်နိုင်ငံပိုင် မာကိုရင်းမြို့နယ်လေး (Marcoing)ကို ပြန်သိမ်းနေတာ ဖြစ်ပြီး ဂျာမန်စစ်သားများက ထိုအချိန်မှာ အညံ့ခံပြီး ထွက်ပြေးနေခဲ့တာဖြစ်ပါတယ်။ထိုအချိန်မှာ ဒဏ်ရာရပြီး ပြေးနေတဲ့ ဂျာမန်စစ်သားတစ်ယောက်ဟာ သူ့ရဲ့ ပစ်ကွင်းထဲကို ရောက်လာခဲ့ပါတယ်။ဟင်နရီ တန်ဒေဟာ ပထမ ထိုဂျာမန်ကို ပစ်ဖို့ ချိန်လိုက်ခဲ့ပေမဲ့ ထိုဂျာမန်စစ်သားဟာ ဒဏ်ရာရနေခဲ့ပြီး လွတ်မြောက်အောင်ကြိုးစားနေတာကို မြင်တဲ့အခါမှာ ကိုယ်ချင်းစာပြီး သေနတ်ပြောင်းကို ပြန်ချခဲ့ပါတယ်။ထိုအချိန်မှာ ထိုဂျာမန်စစ်သားကလည်း ကျေးဇူးတင်ကြောင်း ခေါင်းတစ်ချက်ငြိမ့်ပြခဲ့ပြီး လွတ်မြောက်သွားခဲ့ပါတယ်။ဗြိတိန်ဝန်ကြီးချုပ်ဖြစ်သူ ဂျာမနီနိုင်ငံကို အလည်သွားရောက်ခဲ့တဲ့ အခါမှာ ဟစ်တလာရဲ့ရုံးခန်းတွင် ဗြိတိန် ၀ါဒဖြန့် စာရွက်ကိုတွေ့တဲ့အခါမှာ ဟစ်တလာက ဟင်နရီ တန်ဒေ ရဲ့ ဓာတ်ပုံကို ပြသခဲ့ပြီး ဒီဗြိတိန် စစ်သားက ကျွန်တော်ကို သတ်မိတော့မလို့လို့ ဆိုခဲ့တယ် လို့သိရပါတယ်။

၃။ ၀ုဒ်ဒရိုး ၀ီဆင် စာတစ်စောင်ကို လျစ်လျူရှုခဲ့လို့ ဗီယက်နမ်စစ်ဖြစ်ခဲ့တာဖြစ်ပါတယ်။

၁၉၁၃ ခုနှစ်မှ ၁၉၂၁ နှစ်အတွင်း အမေရိကန်နိုင်ငံရဲ့ ၂၈ ယောက်မြောက်သမ္မတ အဖြစ်တာဝန်ထမ်းဆောင်ခဲ့တဲ့  ၀ုဒ်ဒရိုး ၀ီဆင် (Woodrow Wilson)ဗာဆိုင်းရှိ ပြစ်သစ်ငြိမ်းချမ်းရေး ဆွေးနွေးပွဲကို တက်ရောက်နေစဉ် ဗီယက်နမ်လူငယ် ဆိုရှယ်လစ် တစ်ဦးက သူ့ကို တွေ့ခွင့်တောင်းပြီး စာတစ်စောင်ပေးခဲ့ပါတယ်။ဝီဆင်ဟာ အလုပ်များတဲ့ လူတစ်ယောက်ဖြစ်တာကြောင့် စာကို လျစ်လျူရှုခဲ့ပြီး အကျိုးဆက်ကတော့ ဗီယက်နမ်စစ်ဖြစ်စေခဲ့တာပဲဖြစ်ပါတယ်။

ဝီဆင်ကို တွေ့ခွင့်တောင်းခဲ့တဲ့ လူငယ်လေးဟာ ဗီယက်နမ်ခေါင်းဆောင် ဖြစ်တဲ့ ဟိုချီမင်း( Ho Chi Minh)ဖြစ်ပြီး ဟိုချီမင်းဟာ ထိုအချိန်က ပြင်သစ်လက်အောက်က လွတ်မြောက်ဖို့အတွက် အမေရိကန်ဆီက အကူအညီလိုအပ်နေခဲ့တာဖြစ်ပါတယ်။ဝီဆင်က လျစ်လျူရှုခဲ့တဲ့အတွက် ဟိုချီမင်းလည်း အမေရိကန်ကိုစိတ်ပျက်သွားခဲ့ပြီး ရုရှားကို အကူအညီတောင်းခဲ့တာဖြစ်ပါတယ်။ဗီယက်နမ် ပြင်သစ်လက်အောက်က လွတ်မြောက်တဲ့အခါမှာ ဟိုချီမင်း က မြောက်ဗီယက်နမ်ကို ဦးဆောင်ပြီးတိုက်ခဲ့တာဖြစ်ပြီး အကယ်၍  ၀ုဒ်ဒရိုး ၀ီဆင်က စာတစ်စောင်ကို အချိန်ပေးခဲ့မယ်ဆိုရင် ဗီယက်နမ်စစ်ကို ကာကွယ်ကောင်း ကာကွယ်နိုင်ပါတယ်။

Arkar Hein (Shwemom)

Ref : List verse
အမှိုက်ကစ ပြဿာဒ်မီးလောင်ခဲ့တဲ့ ကမ္ဘာကျော်ဖြစ်ရပ်များ အမှိုက်ကစ ပြဿာဒ်မီးလောင်ခဲ့တဲ့ ကမ္ဘာကျော်ဖြစ်ရပ်များ Reviewed by Naethit on Monday, May 22, 2017 Rating: 5

No comments