သင့္ကိုယ္သင္မိတ္ဆက္စရာ မလိုေအာင္အလုပ္လုပ္ပါ။

တစ္ေန႔မွာ ေကာင္ေလးတစ္ေယာက္ ဟာ လမ္းေဘး ဖုန္းဆိုင္ေလးကို ေရာက္လာၿပီး ဖုန္းဆက္ဖို႔ခြင့္ေတာင္း တယ္။ ၿပီးေတာ့ ဖုန္းနံပါတ္ေတြကို သူႏွိပ္လိုက္တယ္။ တစ္ဖက္ကလူနဲ႔ ေကာင္ေလးနဲ႔ စကားေျပာေနသံကို ဆိုင္ရွင္ က အမွတ္တမဲ႔နားစြင္႔ေနမိတယ္။

ေကာင္ေလး - အမႀကီး၊ ကြ်န္ေတာ္အမႀကီးရဲ႕ ၿခံအတြက္ ဥယ်ာဥ္မႈးအလုပ္ ရႏိုင္မလား ခင္ဗ်ာ။

မိန္းမႀကီး (တစ္ဖက္မွ) - ေအာ္၊ မလိုေသးပါဘူးေနာ္၊ အမမွာ အခု ဥယ်ာဥ္မႈးတစ္ေယာက္ ရွိၿပီးသားမုိ႔ပါ။

ေကာင္ေလး - ကြ်န္ေတာ္႔ကို သူ႔ကိုေပးတဲ့လစာ ထက္ တစ္၀က္ပဲေပးပါ၊ ကြ်န္ေတာ္လုပ္ပါ႔မယ္။

မိန္းမႀကီး - ေက်းဇူးပါပဲကြယ္၊ ဒါေပမယ့္ အမ အခုရွိတဲ႔ သူနဲ႔ လည္း အဆင္ေျပပါတယ္ကြယ္။

ေကာင္ေလး - ကြ်န္ေတာ္ သန္႔ရွင္းေရးေတြလည္း လုပ္ေပး ပါ႔မယ္၊ နားရက္လည္း မယူပါဘူးခင္ဗ်ာ။ အမႀကီးရဲ႕ဥယ်ာဥ္ဟာ ဒီၿမိဳ႕မွာအလွဆံုးျဖစ္ေစရပါမယ္။

မိန္းမႀကီး - ေအးပါကြယ္၊ ဒါေပမယ့္ မလိုေသးပါဘူးေနာ္။ ေက်းဇူးပါ။

ေကာင္ေလး - ဟုတ္ကဲ႔ပါ။

ဒီလိုနဲ႔ ေကာင္ေလးဟာ ေက်နပ္တဲ႔အၿပံဳးတစ္ခုနဲ႔ ဖုန္းကို ခ်လိုက္တယ္။ အဲ႔ဒီမွာ ဖုန္းဆိုင္ပိုင္ရွင္ ဦးေလးႀကီးက ေမးတယ္။

ဆိုင္ရွင္ - လူေလး မင္းရဲ႕ႀကိဳးစားခ်င္စိတ္နဲ႔ ဇြဲကိုေတာ႔ ေလးစားတယ္ကြာ၊ ငါ႔ဆိုင္မွာ အလုပ္လုပ္မလား။ မင္းကို တစ္ေနရာေပးမယ္။

ေကာင္ေလး - ေက်းဇူးပါဗ်ာ။ ဒါေပမယ့္ ကြ်န္ေတာ္႔မွာ အလုပ္ရွိပါတယ္။

ဆိုင္ရွင္ - ဟင္၊ ဒါဆိုဘာလို႔ခုနက မင္း အလုပ္ကို အတင္း ေတာင္းေနတာလဲ။

ေကာင္ေလး - အဲ႔ဒါက ကြ်န္ေတာ္အခု အလုပ္လုပ္ေနတဲ့ ဥယ်ာဥ္ပုိင္ရွင္အမ်ိဳးသမီးပါ။ ကြ်န္ေတာ္႔  ရဲ့ …လုပ္ရည္ ကိုင္ရည္ အေပၚ ကြ်န္ေတာ္႔အလုပ္ရွင္ ေက်မွ ေက်နပ္ရဲ႕လားလို႔ …စမ္းသပ္ၾကည္႔တာပါ ခင္ဗ်ာ။

#သင္ခန္းစာ
သင္႔အလုပ္အေပၚမွာ ရိုးသားပါ၊ ႀကိဳးစားပါ၊ အၿမဲတမ္း အားသြန္ခြန္စိုက္ ႏွစ္ျမဳပ္ထားမယ္ဆို သင္႔အတြက္ ထိုက္တန္တဲ႔အခြင္႔အေရးေတြ တစ္ခ်ိန္မွာ ေပၚေပါက္ လာမွာပါ။

#Credit_Writer

Unicode

တစ်နေ့မှာ ကောင်လေးတစ်ယောက် ဟာ လမ်းဘေး ဖုန်းဆိုင်လေးကို ရောက်လာပြီး ဖုန်းဆက်ဖို့ခွင့်တောင်း တယ်။ ပြီးတော့ ဖုန်းနံပါတ်တွေကို သူနှိပ်လိုက်တယ်။ တစ်ဖက်ကလူနဲ့ ကောင်လေးနဲ့ စကားပြောနေသံကို ဆိုင်ရှင် က အမှတ်တမဲ့နားစွင့်နေမိတယ်။ 

ကောင်လေး - အမကြီး၊ ကျွန်တော်အမကြီးရဲ့ ခြံအတွက် ဥယျာဉ်မှုးအလုပ် ရနိုင်မလား ခင်ဗျာ။ 

မိန်းမကြီး (တစ်ဖက်မှ) - အော်၊ မလိုသေးပါဘူးနော်၊ အမမှာ အခု ဥယျာဉ်မှုးတစ်ယောက် ရှိပြီးသားမို့ပါ။ 

ကောင်လေး - ကျွန်တော့်ကို သူ့ကိုပေးတဲ့လစာ ထက် တစ်ဝက်ပဲပေးပါ၊ ကျွန်တော်လုပ်ပါ့မယ်။ 

မိန်းမကြီး - ကျေးဇူးပါပဲကွယ်၊ ဒါပေမယ့် အမ အခုရှိတဲ့ သူနဲ့ လည်း အဆင်ပြေပါတယ်ကွယ်။ 

ကောင်လေး - ကျွန်တော် သန့်ရှင်းရေးတွေလည်း လုပ်ပေး ပါ့မယ်၊ နားရက်လည်း မယူပါဘူးခင်ဗျာ။ အမကြီးရဲ့ဥယျာဉ်ဟာ ဒီမြို့မှာအလှဆုံးဖြစ်စေရပါမယ်။

မိန်းမကြီး - အေးပါကွယ်၊ ဒါပေမယ့် မလိုသေးပါဘူးနော်။ ကျေးဇူးပါ။ 

ကောင်လေး - ဟုတ်ကဲ့ပါ။ 

ဒီလိုနဲ့ ကောင်လေးဟာ ကျေနပ်တဲ့အပြုံးတစ်ခုနဲ့ ဖုန်းကို ချလိုက်တယ်။ အဲ့ဒီမှာ ဖုန်းဆိုင်ပိုင်ရှင် ဦးလေးကြီးက မေးတယ်။ 

ဆိုင်ရှင် - လူလေး မင်းရဲ့ကြိုးစားချင်စိတ်နဲ့ ဇွဲကိုတော့ လေးစားတယ်ကွာ၊ ငါ့ဆိုင်မှာ အလုပ်လုပ်မလား။ မင်းကို တစ်နေရာပေးမယ်။ 

ကောင်လေး - ကျေးဇူးပါဗျာ။ ဒါပေမယ့် ကျွန်တော့်မှာ အလုပ်ရှိပါတယ်။ 

ဆိုင်ရှင် - ဟင်၊ ဒါဆိုဘာလို့ခုနက မင်း အလုပ်ကို အတင်း တောင်းနေတာလဲ။ 

ကောင်လေး - အဲ့ဒါက ကျွန်တော်အခု အလုပ်လုပ်နေတဲ့ ဥယျာဉ်ပိုင်ရှင်အမျိုးသမီးပါ။ ကျွန်တော့် ရဲ့ …လုပ်ရည် ကိုင်ရည် အပေါ် ကျွန်တော့်အလုပ်ရှင် ကျေမှ ကျေနပ်ရဲ့လားလို့ …စမ်းသပ်ကြည့်တာပါ ခင်ဗျာ။ 

#သင်ခန်းစာ
သင့်အလုပ်အပေါ်မှာ ရိုးသားပါ၊ ကြိုးစားပါ၊ အမြဲတမ်း အားသွန်ခွန်စိုက် နှစ်မြုပ်ထားမယ်ဆို သင့်အတွက် ထိုက်တန်တဲ့အခွင့်အရေးတွေ တစ်ချိန်မှာ ပေါ်ပေါက် လာမှာပါ။

#Credit_Writer
သင့္ကိုယ္သင္မိတ္ဆက္စရာ မလိုေအာင္အလုပ္လုပ္ပါ။ သင့္ကိုယ္သင္မိတ္ဆက္စရာ မလိုေအာင္အလုပ္လုပ္ပါ။ Reviewed by Naethit on Friday, May 05, 2017 Rating: 5

No comments