မူဆယ်ကမ္ဘေဇဘဏ်ခွဲတွင် မေ ၁၇ရက် နံနက် ၂နာရီခွဲခန့်က မီးလောင်မှုကြောင့် အိမ်ပိုင်ရှင် ဒုသမ္မတဟောင်း ဒေါက်တာစိုင်းမောက်ခမ်း၏ အမ နှင့် တူမ သေဆုံး


ချင်းမိုင်၊ မေ ၁၇ ။ ။ ရှမ်းပြည်နယ်မြောက်ပိုင်း မူဆယ်မြို့ ဟိုမွန်ရပ်ကွက်ရှိ ကမ္ဘာဇဘဏ်ခွဲတွင် မီးလောင်မှုအတွင်း အိမ်ရှင် သားအမိ နှစ်ဦး သေဆုံးခဲ့သည်ဟု မူဆယ် ရဲစခန်းမှ ဒုရဲမှူး အေးမြင့်က ပြောသည်။

မေလ ၁၇ ရက် နံနက် ၂ နာရီ ၄၅ မိနစ်ချိန်တွင် ကမ္ဘောဇဘဏ်ခွဲ ဖွင့်လှစ်ထားသည့် နှစ်ထပ်တိုက်အိမ် စတင်မီးလောက်ခဲ့ခြင်းဖြစ်ပြီး မီးလောင်မှုကြောင့် အိမ်ရှင် အသက် ၇၆ နှစ်အရွယ် ဒေါ်နန်းခေါင်နှင့် သမီးဖြစ်သူ အသက် ၅၂ နှစ်အရွယ် ဒေါ်နန်းရွှေထီးတို့သေဆုံးခဲ့သည်။ ၎င်းတို့နှစ်ဦးမှာ ဒုသမ္မတ (ငြိမ်း) ဒေါက်တာစိုင်းမောက်ခမ်း၏ အမ နှင့် တူမတို့ ဒုရဲမှူးက အတည်ပြုသည်။

“ဒေါ်နန်းခေါင်က ဒေါက်တာ စိုင်းမောက်ခမ်းရဲ့ အစ်မပါဗျ၊ နောက်တယောက်က တူမ။ အမရဲ့ သမီးပါ။ သူတို့အလောင်းကတော့ မူဆယ်ဆေးရုံမှာပါ” ဟု ပြောသည်။

“မီးသတ်နဲ့ ကျနော်တို့စစ်ဆေးချက်အရတော့ သူက ရေခဲသတ္တာကနေ စဖြစ်တာကို သိရတယ်။ သေဆုံးတာက ဒေါ်နန်းခေါင်နဲ့ဒေါ်နန်းရွှေထီး၊ သူတို့က သားအမိပါ။ သူတို့ အောက်ထပ်က လောင်လိုက်တော့ အပေါ်ထပ်က ဆင်းလို့ မရတော့တာ။ ဆင်းမရတော့ အပေါ်ထပ်မှာတင်ပဲ ပိတ်မိပြီး မီးခိုးမွန်းပြီးတော့ အသက်ရှုကြပ်ပြီး သေတဲ့သဘော” ဟု မူဆယ် ရဲစခန်းမှ ဒုရဲမှူး အေးမြင့်က ပြောသည်။

ကမ္ဘောဇဘဏ်ခွဲအတွင်းရှိ ဆုံးရှုံးမှု မရှိသော်လည်း နှစ်ထပ်တိုက်တခုလုံး မီးလောင်ကျွမ်းခဲ့သဖြင့် အဆောက်အအုံ အပျက်အစီးဆုံးရှုံးမှု ကျပ်သိန်း ၆၀ဟု ခန့်မှန်းထားသည်ဟု သူက ပြောသည်။

“အခုကတော့ လောလောဆယ် မီးပေါ့ဆမှုနဲ့ အရေးယူထားတယ်။ အိမ်ရှင်ကလည်း သေသွားပြီဖြစ်တဲ့အတွက် ဆက်ပြီးတော့ ဆောင်ရွက်နေပါတယ်”ဟု ရဲစခန်းမှ ဒုရဲမှူး အေးမြင့်က ပြောသည်။

မီးလောင်မှုကို မူဆယ်ခရိုင်မီးသတ်ဦးစီးဌာနမှ မီးသတ်ကား ၅ စီး၊ အကူ ၁၀ စီး စုစုပေါင်း မီးသပ်ကား ၁၅ စီးနှင့် မီးသတ် တပ်ဖွဲ့ဝင် ၁၅၀ ကျော်ဖြင့် မီးငြိမ်းသတ်ခဲ့သော်လည်း မီးရှိန်များသဖြင့် နှစ်ထပ် တအိမ်လုံး မီးလောင်သွားခဲ့သည်ဟု သူက ပြောသည်။

သေဆုံးသူများသည် ဒုသမ္မတဟောင်း ဒေါက်တာ စိုင်းမောက်ခမ်း၏ အစ်မနှင့် တူမတို့ ဖြစ်သည်ဟု သိရသည်။

#Achitlwinpyin
Credit:mzm
မူဆယ်ကမ္ဘေဇဘဏ်ခွဲတွင် မေ ၁၇ရက် နံနက် ၂နာရီခွဲခန့်က မီးလောင်မှုကြောင့် အိမ်ပိုင်ရှင် ဒုသမ္မတဟောင်း ဒေါက်တာစိုင်းမောက်ခမ်း၏ အမ နှင့် တူမ သေဆုံး မူဆယ်ကမ္ဘေဇဘဏ်ခွဲတွင် မေ ၁၇ရက် နံနက် ၂နာရီခွဲခန့်က မီးလောင်မှုကြောင့် အိမ်ပိုင်ရှင် ဒုသမ္မတဟောင်း ဒေါက်တာစိုင်းမောက်ခမ်း၏ အမ နှင့် တူမ သေဆုံး Reviewed by Naethit on Wednesday, May 17, 2017 Rating: 5

No comments