ဆားငန်ရေကို ရေချိုအဖြစ် ပြောင်းလဲနိုင်တဲ့ နည်းလမ်း ဆယ်ကျော်သက်တစ်ဦး ရှာဖွေတွေ့ရှိ



ဆားငန်ရေကို အသင့်သောက်သုံးနိုင်တဲ့ ရေချိုအဖြစ် ပြောင်းလဲမယ့် နည်းလမ်းကို အထက်တန်းကျောင်းသားတစ်ဦး ရှာဖွေတွေ့ရှိခဲ့ပါတယ်။
လူ ၈ယောက်မှာ ၁ယောက်က သန့်ရှင်းလတ်ဆတ်တဲ့ရေ မရကြပါဘူး။ ဒါ အရေးတကြီး လုပ်ဆောင်ရမယ့်အချက်ပဲ။ ရေရဖို့ အကောင်းဆုံးနည်းလမ်းက ပင်လယ်ကပါ။ ကမ္ဘာဂြိုဟ်ရဲ့ ၇၀% ဟာ ရေနဲ့ ဖုံးလွှမ်းထားပြီး အားလုံးနီးပါးက သမုဒ္ဒရာတွေဖြစ်ပါတယ်။ ပြသနာက ဒီရေတွေဟာ ဆားငန်ရေဖြစ်နေတာပါပဲလို့ အမေရိကနိုင်ငံ Portland ပြည်နယ် Jesuit High School Senior ကျောင်းက စီနီယာကျောင်းသား Chaitanya Karamchedu ဆိုသူက ပြောဆိုခဲ့ပါတယ်။
ပင်လယ်ရေကို ရေချိုဖြစ်အောင် ပြုလုပ်နည်းစဉ်ကို သိပ္ပံပညာရှင်တွေ လေ့လာစမ်းသပ်ခဲ့ကြပေမယ့် နေရာတိုင်း ရရှိဖို့ အလှမ်းဝေးနေသေးပြီး စီမံကိန်းကြီးဖြင့် အကောင်အထည်ဖော် ဆောင်ရွက်ဖို့ ကုန်ကျစရိတ်နည်းမှာ မဟုတ်ပါဘူး။ သမုဒ္ဒရာကနေ ရေချိုသီးသန့်ခွဲထုတ်ဖို့ ကြိုးစားတာက သိပ္ပံပညာရှင်တွေ ၄ နှစ်ကြာ ကြိုးစားလာခဲ့တဲ့ အရာတစ်ခု ဖြစ်ပါတယ်။
အခြေခံသဘောတရားက ပင်လယ်ရေဟာ ဆားလုံးဝ ပျော်ဝင်နေတာမျိုးမဟုတ်ဘူးဆိုတာ နားလည်ဖို့ပါပဲလို့ သူက ဆိုပါတယ်။ လူတွေ ဆားနဲ့ရေရဲ့ ဖွဲ့စည်းမှုကိုပဲ လေ့လာကြတယ်။ ဒါပေမယ့် Chai က လုံးဝကွဲပြားတဲ့ ရှုထောင့်တစ်ခုက တွေးတယ်လို့ သူ့ဆရာမ ဒေါက်တာ Lara Shamieh က ပြောဆိုခဲ့ပါတယ်။ 
သိပ္ပံပညာရှင်တွေဟာ Chai ရဲ့ လုပ်ဆောင်ချက်ကို အသိအမှတ်အပြုကြပြီး သူဟာ Intel's International Science Fair ၊ International Global Development အတွက် US Agency ဆီက ဆုငွေ $10,000 ရရှိခဲ့ပါတယ်။ MIT ရဲ့ TechCon Conference မှာလည်း ဒုတိယနေရာရရှိခဲ့ပြီး သူ့ရဲ့ သုတေသန ဆက်လက်လုပ်ဆောင်ဖို့ ဆုငွေချီးမြှင့်ခံခဲ့ရပါတယ်။
သူဟာ ဒါတစ်ခုတည်းကိုပဲ လုပ်နေတာမဟုတ်ပါဘူး။ ကင်ဆာဆဲလ်တွေ နှိမ်နင်းရေးကိစ္စ စဉ်းစားအကြံထုတ်ရာမှာလည်း ပါဝင်လုပ်ဆောင်သူနေဖြစ်ပါတယ်လို့ ၎င်းရဲ့ဆရာမက ပြောဆိုခဲ့ပါတယ်။ 
#Achitlwinpyin 
Ref: Metro 
ဆားငန်ရေကို ရေချိုအဖြစ် ပြောင်းလဲနိုင်တဲ့ နည်းလမ်း ဆယ်ကျော်သက်တစ်ဦး ရှာဖွေတွေ့ရှိ ဆားငန်ရေကို ရေချိုအဖြစ် ပြောင်းလဲနိုင်တဲ့ နည်းလမ်း ဆယ်ကျော်သက်တစ်ဦး ရှာဖွေတွေ့ရှိ Reviewed by Naethit on Monday, May 15, 2017 Rating: 5

No comments