ဘုရားရိွခိုးရသည့္အေၾကာင္းရင္းမ်ား...

အဘိဓမၼာနည္းနဲ့ ေျပာရမယ္ဆိုရင္ ဘုရားရွိခိုးေနစဥ္အခ်ိန္မွာမဟာကုသိုလ္စိတ္ျဖစ္ေပၚေနတဲ့အတြက္ မဟာကုသိုလ္စိတ္ ရရွိ တယ္လို့ေျပာရပါမယ္၊ မဟာကုသိုလ္စိတ္က ဘယ္ေလာက္အက်ိဳးေပးသလဲလို့ ထပ္ဆင့္ေမးျမန္းရင္ ဘုရားရွိခိုး ရတဲ့အတြက္ အက်ိဳးတရား (၁၇)ပါးကို ဆုမေတာင္းဘဲရရွိႏိုင္ပါတယ္။ အဲ့ဒီအက်ိဳးတရားေတြကေတာ့.......

 
(၁) ေစတီအိမ္နွင့္တူသည္ျဖစ္၍ သူတစ္ပါးတို့ရွိခိုးထိုက္ျခင္း၊

(၂) စိတ္၏ရဲရင့္တည္ၾကည္မွု့ရွိျခင္း၊

(၃)ေသေသာအခါနတ္ျပည္စသည့္
ေကာင္းေသာသုဂတိ ဘ၀သို့ ေရာက္ ရျခင္း၊

(၄) ေနာင္- ျမတ္စြာဘုရားရွင္ႏွင့္ ေတြ့ရေသာအခါ သစၥာေလးပါးကို
သိလြယ္ျခင္း၊

(၅) ျမတ္ေသာအမ်ိဳး၌ျဖစ္ရျခင္း၊

(၆) အရိုအေသအေလးအျမတ္ျပဳခံရျခင္း၊

(၇) ခ်ီးမြမ္းထိုက္ေသာ ကိုယ္အဂၤါႏွင့္ျပည့္စံုျခင္း၊

(၈) အဆင္းလွျခင္း၊

(၉) ကိုယ္အနံ့ေမြးပ်ံ့ျခင္း၊

(၁၀) ခံတြင္းအနံ့ေမႊးပ်ံ့ျခင္း၊

(၁၁) ၾကီးက်ယ္ေသာပညာ ႏွင့္ျပည့္စံုျခင္း၊

(၁၂) နက္နဲေသာပညာ ႏွင့္ျပည့္စံုျခင္း၊

(၁၃) ထက္ေသာပညာ ႏွင့္ျပည့္စံုျခင္း၊

(၁၄) ရႊင္ေသာပညာ ႏွင့္ျပည့္စံုျခင္း၊

(၁၅) လ်င္ေသာဥာဏ္ပညာ ႏွင့္ျပည့္စံုျခင္း၊

(၁၆) ဆန္းၾကယ္ေသာဥာဏ္ပညာ ႏွင့္ျပည့္စံုျခင္း၊

(၁၇)ေကာင္းေသာစကားကိုေျပာဆိုႏိုင္ျခင္း
တို့ျဖစ္ပါတယ္။

ဘုရားရွိခိုးတဲ့မဟာကုသိုလ္စိတ္ေၾကာင့္ အက်ိဳးေပးပံုကိုသာဓက တင္ျပရရင္ - ရာဇျဂိဳလ္ျပည္ရွိ ကာလီအမ်ိဳးသမီးေလးဟာ ဘုရားရွင္ပြင့္ေတာ္မူေၾကာင္းတဆင့္စကားၾကားရရံုနဲ့ ဘုရားရဲ့ဂုဏ္ေတာ္ကို မွန္းဆ၍ၾကည္ညိဳေသာစိတ္ျဖင့္ ရွိခိုးရာမွာ တရား အျမင္ေပါက္ျပီး ေသာတပန္ျဖစ္ခဲ့ဖူးပါတယ္။
(သုတၱနိ႒၊သ၊ ၂၀၅)

ထိုနည္းတူရာဇျဂိဳလ္ျပည္ရွိ စ႑ာလီအမ်ိဳးသမီးၾကီး ဟာ ေသခါနီးကာလတြင္ ဘုရားရွင္အားတစ္ၾကိမ္ တစ္ခါရွိခိုးရံုမ်ွျဖင့္ သူက်ေရာက္မဲ့ဆဲဆဲ အပါယ္ငရဲကလြတ္ေျမာက္သြားခဲ့ပါတယ္။
(၀ိမာန၊ ပါ၊ ၂၅)

ဓမၼမိတ္ေဆြအေပါင္းဗဟုသုတျပည့္၀ႏိုင္ၾကပါေစ၊
  ဓမၼ၀ီရဂ်ာနယ္ တြဲ(၃၁) အမွတ္(၁)

Credit: မ်ိဳးျမင့္(ေအာင္လံ)

Unicode

အဘိဓမ္မာနည်းနဲ့ ပြောရမယ်ဆိုရင် ဘုရားရှိခိုးနေစဉ်အချိန်မှာမဟာကုသိုလ်စိတ်ဖြစ်ပေါ်နေတဲ့အတွက် မဟာကုသိုလ်စိတ် ရရှိ တယ်လို့ပြောရပါမယ်၊ မဟာကုသိုလ်စိတ်က ဘယ်လောက်အကျိုးပေးသလဲလို့ ထပ်ဆင့်မေးမြန်းရင် ဘုရားရှိခိုး ရတဲ့အတွက် အကျိုးတရား (၁၇)ပါးကို ဆုမတောင်းဘဲရရှိနိုင်ပါတယ်။ အဲ့ဒီအကျိုးတရားတွေကတော့.......


(၁) စေတီအိမ်နှင့်တူသည်ဖြစ်၍ သူတစ်ပါးတို့ရှိခိုးထိုက်ခြင်း၊

(၂) စိတ်၏ရဲရင့်တည်ကြည်မှု့ရှိခြင်း၊

(၃)သေသောအခါနတ်ပြည်စသည့်
ကောင်းသောသုဂတိ ဘဝသို့ ရောက် ရခြင်း၊

(၄) နောင်- မြတ်စွာဘုရားရှင်နှင့် တွေ့ရသောအခါ သစ္စာလေးပါးကို
သိလွယ်ခြင်း၊

(၅) မြတ်သောအမျိုး၌ဖြစ်ရခြင်း၊

(၆) အရိုအသေအလေးအမြတ်ပြုခံရခြင်း၊

(၇) ချီးမွမ်းထိုက်သော ကိုယ်အင်္ဂါနှင့်ပြည့်စုံခြင်း၊

(၈) အဆင်းလှခြင်း၊

(၉) ကိုယ်အနံ့မွေးပျံ့ခြင်း၊

(၁၀) ခံတွင်းအနံ့မွှေးပျံ့ခြင်း၊

(၁၁) ကြီးကျယ်သောပညာ နှင့်ပြည့်စုံခြင်း၊

(၁၂) နက်နဲသောပညာ နှင့်ပြည့်စုံခြင်း၊

(၁၃) ထက်သောပညာ နှင့်ပြည့်စုံခြင်း၊

(၁၄) ရွှင်သောပညာ နှင့်ပြည့်စုံခြင်း၊

(၁၅) လျင်သောဉာဏ်ပညာ နှင့်ပြည့်စုံခြင်း၊

(၁၆) ဆန်းကြယ်သောဉာဏ်ပညာ နှင့်ပြည့်စုံခြင်း၊

(၁၇)ကောင်းသောစကားကိုပြောဆိုနိုင်ခြင်း
တို့ဖြစ်ပါတယ်။

ဘုရားရှိခိုးတဲ့မဟာကုသိုလ်စိတ်ကြောင့် အကျိုးပေးပုံကိုသာဓက တင်ပြရရင် - ရာဇဂြိုလ်ပြည်ရှိ ကာလီအမျိုးသမီးလေးဟာ ဘုရားရှင်ပွင့်တော်မူကြောင်းတဆင့်စကားကြားရရုံနဲ့ ဘုရားရဲ့ဂုဏ်တော်ကို မှန်းဆ၍ကြည်ညိုသောစိတ်ဖြင့် ရှိခိုးရာမှာ တရား အမြင်ပေါက်ပြီး သောတပန်ဖြစ်ခဲ့ဖူးပါတယ်။
(သုတ္တနိဋ္ဌ၊သ၊ ၂၀၅)

ထိုနည်းတူရာဇဂြိုလ်ပြည်ရှိ စဏ္ဍာလီအမျိုးသမီးကြီး ဟာ သေခါနီးကာလတွင် ဘုရားရှင်အားတစ်ကြိမ် တစ်ခါရှိခိုးရုံမျှဖြင့် သူကျရောက်မဲ့ဆဲဆဲ အပါယ်ငရဲကလွတ်မြောက်သွားခဲ့ပါတယ်။
(ဝိမာန၊ ပါ၊ ၂၅)

ဓမ္မမိတ်ဆွေအပေါင်းဗဟုသုတပြည့်ဝနိုင်ကြပါစေ၊
  ဓမ္မဝီရဂျာနယ် တွဲ(၃၁) အမှတ်(၁)

ဖိုးသူတော် (www.phothutaw.com)
Credit: မျိုးမြင့်(အောင်လံ)

ဘုရားရိွခိုးရသည့္အေၾကာင္းရင္းမ်ား... ဘုရားရိွခိုးရသည့္အေၾကာင္းရင္းမ်ား... Reviewed by Naethit on Wednesday, May 10, 2017 Rating: 5

No comments