ကိုယ်ဝန်ဆောင်ချိန် လုပ်သင့်တဲ့ အသားအရေထိန်းသိမ်းမှု (၅) မျိုး
ကိုယ်ဝန်ဆောင်စဉ် ဆောင်ရန်၊ ရှောင်ရန်အချက်တွေနဲ့ ပတ်သက်တဲ့ စာအုပ်တွေ ပုံပင်နေအောင်ရှိပါတယ်။ အချက်အလက်များစွာ ပါဝင်တာလည်း ကျွန်ုပ်တို့သိတယ်။ ဒါပေမယ့် အသားရေထိန်းသိမ်းမှုနဲ့ ပတ်သက်လာရင် ရိုးရှင်းလွယ်ကူတာပဲ ကျွန်ုပ်တို့ လိုလားကြပါတယ်။ ဒါ့ကြောင့် ကိုယ်ဝန်ဆောင်စဉ် အသားရေအတွက် ဆောင်ရွက်နိုင်တဲ့ ရိုးရှင်းလွယ်ကူတဲ့အချက် (၅) ချက်ကို ဖော်ပြပေးလိုက်ပါတယ်။
၁။ ကိုယ်ဝန်ဆောင်များအတွက် ဗီတာမင်ဓာတ် prenatal vitamins တွေ မှီဝဲပါ
နေ့စဉ်ပုံမှန်အစားအသောက် မျှတအောင်သုံးဆောင်ပေမယ့် သင်နဲ့ သင့်ကလေးမှာ လိုအပ်တဲ့ အာဟာရအားလုံး ရဖို့ ခက်ပါတယ်။ ကိုယ်ဝန်ဆောင်များသောက်သုံးတဲ့ prenatal vitamins က မရှိမဖြစ်လိုအပ်ချက်သာ မဟုတ်ဘဲ အသားရေနဲ့ ဆံပင်အတွက်ပါ ကောင်းမွန်တဲ့အရာတွေ ထည့်သွင်းပေးထားတာပါ။
၂။ အသားရေစိုပြေစေရန် အလှဆီ များများလိမ်းပါ
ဗိုက်ကြောပြတ်ရာ ဖြစ်မဖြစ်ဆိုတာ မျိုးရိုးဗီဇနဲ့ အခြားအချက်တွေပေါ်မူတည်ပေမယ့် အလှဆီတွေက ဗိုက်ကြောပြတ်ရာတွေကို နည်းနိုင်သလောက် နည်းစေပါတယ်။ ဒါတင်မက ယားယံမှုနဲ့ ကသိကအောက်ဖြစ်မှုတွေ ချက်ချင်းသက်သာစေပါတယ်။
၃။ နေပူခံလိမ်းဆေး တိုးလိမ်းပါ
ဟော်မုန်းအတက်အကျဖြစ်မှုတွေကြောင့် အရေပြားဟာ ပုံမှန်ထက် အရေပြားရှိ အမည်းရောင်ဒြပ် ပိုထုတ်လုပ်ပြီး အသားပိုမည်း လေ့ရှိပါတယ်။ zinc နဲ့ titanium ပါဝင်တဲ့ နေပူခံလိမ်းဆေးနဲ့ မိမိကိုယ် ကာကွယ်ပြီး အပြင်ထွက်တိုင်း နေရောင်နဲ့ ထိတွေ့မှု ပိုမိုလျော့နည်းစေတဲ့ အဝတ်အစား၊ ဦးထုပ်တွေကို အပြင်ထွက်တိုင်း ဝတ်ဆင် သို့မဟုတ် ဆောင်းပေးပါ။
၎။ Vitaimin C serum အသုံးပြုပါ
ကိုယ်ဝန်ဆောင်ကာလ အသားရေအတွက် လုပ်နိုင်တဲ့ အကောင်းဆုံးအရာက vitamin C serum သုံးဖို့ပါပဲ။ Collagen ထုတ်လုပ်မှု အထောက်အကူဖြစ်စေရုံမက ခရမ်းလွန်ရောင်ခြည်ကြောင့် အရေပြားဆဲလ်တွေထိခိုက်ပျက်စီးမှု ကာကွယ်ပေးပါတယ်။
၅။ အသားရေထိန်းသိမ်းပစ္စည်းတွေ သတိထားပါ
အစောပိုင်းကိုယ်ဝန်ကာလမှာတောင် အသားရေမှာ လိမ်းသမျှ သွေးကြောထဲ စုပ်ယူခံရပြီး ကလေးကို ထိခိုက်စေနိုင်ပါတယ်။ အဓိကသတိထားရမယ့် အသားရေထိန်းသိမ်းပစ္စည်းတွေရဲ့ ပါဝင်ပစ္စည်းတွေထဲမှာ retinol ၊ benzoyl peroxide ၊ formaldehyde နဲ့ aluminium တို့ ပါဝင်ပါတယ်။
Ref: Purewow
ကိုယ်ဝန်ဆောင်ချိန် လုပ်သင့်တဲ့ အသားအရေထိန်းသိမ်းမှု (၅) မျိုး
Reviewed by Naethit
on
Saturday, May 20, 2017
Rating:
Reviewed by Naethit
on
Saturday, May 20, 2017
Rating:

No comments