ဝက်ခြံချိုင့်ခွက်တွေ ပျောက်အောင် ဘယ်လိုလုပ်မလဲ...?
ဝက်ခြံတွေ ထွက်ပြီးတဲ့အခါ အမာရွတ်တွေ ကျန်ခဲ့တာရှိသလို တချို့ကျတော့လည်း ချိုင့်ခွက်လိုမျိုးတွေ ကျန်ခဲ့တတ်ပါတယ်။ ဒီချိုင့်ခွက်တွေကို မိတ်ကပ်၊ သနပ်ခါးတွေနဲ့ ဖုံးဖိရတာလည်း သိပ်တော့ မလွယ်ကူလှပါဘူး။ ၀က်ခြံကြောင့်ဖြစ်တဲ့ ချိုင့်ခွက်တွေ ရှိနေတာက ယောက်ျားလေးရော၊ မိန်းကလေးအတွက်ပါ စိတ်ညစ်စရာပါပဲ။ ၀က်ခြံကြောင့်ဖြစ်တဲ့ ချိုင့်ခွက်တွေ ပျောက်ကင်းနိုင်မယ့် အကောင်းဆုံးနည်းလမ်းတွေရှိတာမို့ လိုက်လုပ်ကြည့်ပေးနော်..
ဝက်ခြံထွက်ပြီး ချိုင့်ခွက်တွေ မကျန်ရစ်ခဲ့ဖို့အတွက် အဆီများတဲ့ အစားအစာတွေ မစားဖို့ လိုပါတယ်။ ရေများများသောက်ပေးတဲ့ အလေ့အကျင့်တွေ ပြုလုပ်ပေးပါ။ ညဘက် မျက်နှာသစ်အိပ်တာနဲ့ မိတ်ကပ်လိမ်းတယ်ဆိုရင်လည်း ဖျက်ပြီးမှ အိပ်ပါ။ ဒါဆိုရင် ၀က်ခြံထွက်ပြီးရင် ချိုင့်ခွက်တွေ မကျန်ရစ်စေနိုင်ပါဘူး။
အရိုးရှင်းဆုံးနဲ့ အကောင်းဆုံး သဘာဝနည်းလမ်းတွေက ချိုင့်ခွက်တွေ ပြန်လည်ဖြည့်တင်းပေးနိုင်တဲ့ အရာပါ။ ပျားရည်ကို ချိုင့်ခွက်ရှိတဲ့ နေရာတွေမှာ ခပ်များများလေး သုတ်လိမ်းပေးပါ။ ပျားရည်စစ်စစ် ဖြစ်ဖို့တော့ လိုပါတယ်။ ပျားရည်ဟာ အသားအရေ မညီညာခြင်းတွေကို ပြန်လည် ပြုပြင်ကောင်းမွန်စေနိုင်တဲ့ သဘာဝပစ္စည်းပါပဲ။ ပျားရည်လိမ်းပေးပြီး နာရီဝက်လောက်ကြာရင် ရေနွေးနွေးလေးနဲ့ မျက်နှာသစ်ပေးပါ။ ချိုင့်ခွက်တွေ ပြန်လည်ပြည့်တင်းလာပြီး ကြည့်ကောင်းလာမှာ အသေအချာပါပဲ။
ဝက်ခြံချိုင့်ခွက်တွေ သက်သာပျောက်ကင်းစေမယ့် နောက်တစ်နည်းကတော့ ဒိန်ချဉ်ပါ။ ဒိန်ချဉ်ကို ၀က်ခြံချိုင့်ခွက်ရှိတဲ့ နေရာတွေမှာ လိမ်းပေးပါ။ ဒိန်ချဉ်မှာ ပါဝင်တဲ့ ဗီတာမင်စီဟာ ၀က်ခြံ၊ အမာရွတ်နဲ့ ချိုင့်ခွက်တွေကို သက်သာစေနိုင်ပါတယ်။ လိမ်းပြီး နာရီဝက်လောက် ကြာတဲ့အခါ ရေနွေးလေးနဲ့ ဆေးကြောပေးကာ နို့ရည်လိုမျိုး အစိုဓါတ်ပါတာလေးတွေ လိမ်းပေးပါ။ တပတ်ကို (၂) ကြိမ်လောက် လုပ်ပေးမယ်ဆိုရင် သက်သာလာမှာပါ။
Ref: glowpink
ဖြိုးပြည့်သူ(မိုမိုလေး)
#Achitlwinpyin
ဝက်ခြံချိုင့်ခွက်တွေ ပျောက်အောင် ဘယ်လိုလုပ်မလဲ...?
Reviewed by Naethit
on
Wednesday, May 17, 2017
Rating:
Reviewed by Naethit
on
Wednesday, May 17, 2017
Rating:



No comments