ကျန်းမာပျှော်ရွှင်သော နေထိုင်မှူဘဝပုံစံ



၁၀၀ ရာခိုင်နှုန်း ကျန်းမာပျော်ရွှင်စေရန်

ပြီးပြည့်စုံတဲ့ဘ၀ကိုရရှိပိုင်ဆိုင်နိုင်ဖို့အတွက် ခန္ဓာကိုယ်ကျန်းမာကြံ့ခိုင်မှုက အရေးကြီးပါတယ်။ ကျန်းမာရေးနဲ့ ညီညွတ်တဲ့ဘ၀နေထိုင်မှုပုံစံကို ရရှိဖို့အတွက် အစားအသောက်ဆင်ခြင်ဖို့နဲ့ ကိုယ်လက်လေ့ကျင့်ခန်းလုပ်ဖို့ လိုအပ်တယ်ဆိုတာကို အားလုံးက သိထားပြီးသာဖြစ်မှာပါ။ ဒါပေမယ့် သင့်ကျန်းမာရေးပြီးပြည့်စုံဖို့ နောက်ထပ်အလေးထားစရာတွေ ရှိနေပါသေးတယ်။ ဒါ့ကြောင့် (၁၀၀)ရာခိုင်နှုန်း ပျော်ရွှင်ကျန်းမာတဲ့ ဘ၀ကို ပိုင်ဆိုင်နိုင်ဖို့ အလေ့အကျင့် (၁၄)ခုကို စုစည်းဖော်ပြလိုက်ပါတယ်။

၁။ တရားထိုင်ပါ။

တရားထိုင်ခြင်း၊ တရားရှုမှတ်ခြင်းဟာ ကျန်းမာရေးဆိုင်ရာ အကျိုးရလဒ်တွေအများကြီး ပေးစွမ်းနိုင်ပါတယ်။ တစ်နေ့ကို (၁၀)မိနစ်ကနေ မိနစ်(၂၀)လောက်အထိ တရားထိုင်ပေးမယ်ဆိုရင် စိတ်ဖိစီးမှုလျော့ပါးခြင်း၊ အိပ်ကောင်းခြင်း၊ သွေးဖိအားပုံမှန်ထိန်းထားနိုင်ခြင်း၊ ကိုယ်ခံအားစနစ်နဲ့ နှလုံးသွေးကြောဆိုင်ရာ လုပ်ငန်းတွေ ပိုမိုတိုးတက်ကောင်းမွန်ခြင်းစတဲ့ အကျိုးကျေးဇူးတွေကို ရရှိနိုင်ပါတယ်။

၂။ အိပ်စက်ပါ။

အလုပ်ကြိုးစားတဲ့သူတွေက အိပ်ရေးဝလေ့မရှိပါဘူး။ ဒါဟာ အလေ့အကျင့်ကောင်းတစ်ခုမဟုတ်ဘူးဆိုတာ သတိပြုပါ။ အိပ်စက်ခြင်းဟာ ကျန်းမာပြည့်စုံတဲ့ဘ၀အပေါ်မှာ အကျိုးသက်ရောက်မှုရှိပါတယ်။ တစ်ညကို အိပ်ချိန် (၇)နာရီကနေ (၈)နာရီလောက်အထိမှ မရှိဘူးဆိုရင် အစားအသောက်ဆင်ခြင်ပြီး လေ့ကျင့်ခန်းတွေ လုပ်နေရင်လည်း အကျိုးရှိမှာမဟုတ်ပါဘူး။ အိပ်ရေးမ၀တဲ့အခါမှာ ဦးနှောက်ရဲ့လုပ်ငန်းဆောင်တာတွေကို ထိခိုက်စေတဲ့အတွက် အာရုံစူးစိုက်နိုင်စွမ်း ကျဆင်းသွားတတ်ပါတယ်။

၃။ လိင်ဆက်ဆံမှု

အန္တရာယ်ကင်းတဲ့ ပုံမှန်လိင်ဆက်ဆံမှုက စိတ်ဖိစီးမှုတွေလျော့နည်းစေခြင်း၊ ကိုယ်ခံအားစနစ်ကို မြှင့်တင်ပေးခြင်း၊ အိပ်စက်မှုကို ကောင်းမွန်စေခြင်း၊ ဆီးကျိတ်ကင်ဆာကို ကာကွယ်ပေးနိုင်ခြင်းနဲ့ နှလုံးကျန်းမာရေးတိုးတက်ခြင်းစတဲ့ ကျန်းမာရေးအကျိုးကျေးဇူးတွေ ရရှိစေနိုင်ပါတယ်။

၎။ ရေနွေးကြမ်းသောက်ပါ။

ဟုတ်ပါတယ်။ ရေနွေးကြမ်းပါ။ သောက်ရေအပြင် ခန္ဓာကိုယ်အတွက် အကောင်းဆုံးသောက်စရာတစ်ခုက ရေနွေးကြမ်းပါ။ ရေနွေးကြမ်းပုံမှန်သောက်ပေးခြင်းအားဖြင့် မှတ်ဉာဏ်စွမ်းရည်နဲ့ သိမှတ်ဆင်ခြင်နိုင်စွမ်းကို တိုးတက်စေနိုင်ပါတယ်။ ဒါ့အပြင် ခန္ဓာကိုယ်ဇီဝကမ္မဖြစ်စဉ်ကို တိုးတက်စေခြင်း၊ သွေးဖိအားလျော့ကျစေခြင်း၊ ခံတွင်းနံ့ဆိုးမထွက်ခြင်း၊ ကိုယ်ခံအားစနစ်ကောင်းမွန်စေခြင်းနဲ့ ရောင်ရမ်းမှုတွေကို သက်သာစေနိုင်ခြင်းစတဲ့ ကျန်းမာရေးအကျိုးကျေးဇူးတွေ အများပေးစွမ်းနိုင်ပါတယ်။

၅။ သွားသန့်ရှင်းရေးလုပ်ပါ။

သွားတွေအကြားကို အပ်ချည်ဒါမှမဟုတ်ပိုးချည်မျှင်လေးနဲ့ သန့်ရှင်းရေးလုပ်ပေးတာက ပိုမိုဖြူဖွေးတောက်ပတဲ့ သွားတွေကို ရရှိစေနိုင်တဲ့အပြင် ကျန်းမာရေးကောင်းမွန်စေဖို့လည်း အထောက်အကူဖြစ်စေပါတယ်။ သွားဖုံးတွေကို ပိုးဝင်တဲ့အခါမှာ ဘက်တီးရီးယားတွေဟာ ပါးစပ်အတွင်းသွေးကြောတွေကဆင့် ခန္ဓာကိုယ်အတွင်း ၀င်ရောက်ပြီး ရောင်ရမ်းခြင်းတွေကို ဖြစ်စေနိုင်ပါတယ်။ ဒီလိုတွေ မဖြစ်အောင် ကြိုတင်ကာကွယ်ပြီးသား ဖြစ်မှာပါ။

၆။ အူလမ်းကြောင်း ဖြည့်စွက်စာတွေ မှီဝဲပါ။

ကျန်းမာတဲ့ အစာခြေအင်္ဂါအဖွဲ့အစည်းဟာ အလုံးစုံသော ကျန်းမာရေးကို ကိုယ်စားပြုနေပါတယ်။ ဒါ့ကြောင့် အစာအိမ်နဲ့ အူလမ်းကြောင်းကျန်းမာရေးအတွက် လိုအပ်တဲ့ဖြည့်စွက်စာတွေ မှီဝဲပေးဖို့လိုပါတယ်။ Probiotics လို့ ခေါ်တဲ့ အူလမ်းကြောင်းဖြည့်စွက်စာတွေက အစာချေလုပ်ငန်းစဉ်ကို အထောက်အကူဖြစ်စေသလို ကိုယ်ခံအားစနစ်အတွက်လည်း ကောင်းပါတယ်။

၇။ သွေးပူလေ့ကျင့်ခန်းပြီးမှ ကျန်တာတွေဆက်လုပ်ပါ။

အလေးမလေ့ကျင့်ခန်းတွေ၊ အခြားအပြင်းစား လေ့ကျင့်ခန်းတွေ မလုပ်ခင်မှာ လှုပ်လှုပ်ရှားရှား သွေးပူလေ့ကျင့်ခန်းတွေ လုပ်ပေးဖို့လိုပါတယ်။ ဒီသွေးပူလေ့ကျင့်ခန်းတွေလုပ်ဆောင်ခြင်းက အခြားစွမ်းဆောင်ရည်တွေကို မြှင့်တင်ပေးနိုင်သလို ကြွက်သားဒဏ်ဖြစ်တာတွေကိုလည်း ကာကွယ်ပေးနိုင်တာကြောင့် ဖြစ်ပါတယ်။

၈။ HIIT လေ့ကျင့်ခန်းတွေလုပ်ဆောင်ပါ။

Hight-intensity interval training (HIIT) လို့ခေါ်ကြတဲ့ အချိန်ပိုင်းအတွင်း အပြင်းအထန်လုပ်ဆောင်ရတဲ့ လေ့ကျင့်ခန်းတွေ လုပ်ဆောင်တာဟာ အချိန်ကုန်သက်သာပြီး ခံနိုင်ရည်နဲ့ ခွန်အားကို တိုးတက်ကောင်းမွန်စေပါတယ်။ ဒါ့အပြင် နှလုံးရောဂါ၊ သွေးတိုးရောဂါနဲ့ ဆီးချိုရောဂါတို့ကို ဆန့်ကျင်နိုင်ပြီး ခန္ဓာကိုယ်ကို ကြံ့ခိုင်တောင့်တင်းနေစေမှာဖြစ်ပါတယ်။

၉။ BPA ဓာတ်ပစ္စည်းကို ရှောင်ကျဉ်ပါ။

BPA ဆိုတာ ပလတ်စတစ်နဲ့ ပြုလုပ်ထားတဲ့ ရေဘူးတွေ၊ အစားသောက်ထည့်စရာတွေမှာ အများဆုံးတွေ့ရလေ့ရှိတဲ့ Bisphenol A ဓာတုပစ္စည်းရဲ့အတိုကောက်ဖြစ်ပါတယ်။ BPA ဟာ ကျန်းမာရေးကို ထိခိုက်စေနိုင်တဲ့ ဓာတ်ပေါင်းတစ်ခုဖြစ်ပြီး မျိုးပွားမှုစွမ်းရည်ကို ထိခိုက်ခြင်း၊ ဆီးချိုနဲ့ နှလုံးသွေးကြောဆိုင်ရာ ရောဂါဖြစ်ပွားမှုတွေနဲ့ ဆက်စပ်နေတယ်လို့ ဆိုပါတယ်။ ဒါ့ကြောင့် ပလတ်စတစ်နဲ့ ပြုလုပ်ထားတဲ့ ထည့်စရာတွေအစား သံဗူးတွေ၊ ဖန်ထည်ပစ္စည်းတွေကို အစားထိုးအသုံးပြုသင့်ပါတယ်။

၁၀။ အသားအရေထိန်းသိမ်းမှုကို ဂရုစိုက်ပါ။

အသားအရေ(အရေပြား)ဟာ ခန္ဓာကိုယ်မှာ အကြီးဆုံးအင်္ဂါအစိတ်အပိုင်းဖြစ်ပါတယ်။ ဒါ့ကြောင့် အသားအရေထိန်းသိမ်းဖို့အတွက် အသုံးပြုတဲ့ပစ္စည်းတွေကို ဂရုစိုက်သင့်ပါတယ်။ အသားအရေထိန်းသိမ်းတဲ့အလှကုန်တွေနဲ့ ရှမ်ပူတွေမှာ ဓာတုပစ္စည်းတွေ ပါဝင်လေ့ရှိပါတယ်။ ၀ယ်ယူတဲ့ ကုန်ပစ္စည်းမှာ Sodium Lauryl Sulfate ဒါမှမဟုတ် Sodium Laureth Sulfate ဓာတ်ပစ္စည်းတွေ ပါဝင်မှုရှိမရှိ စစ်ဆေးပါ။ Sulfate ဓာတ်က ဆံပင်နဲ့ အရေပြား စိုစွတ်မှုနဲ့ အကာကွယ်ဖြည့်စည်းပေးနိုင်ပေမယ့် အခြား ဓာတ်ပစ္စည်းတွေနဲ့ ပေါင်းစပ်မိရင် အဆိပ်အတောက်ဖြစ်စေနိုင်တာကြောင့်ဖြစ်ပါတယ်။

၁၁။ နေကာမျက်မှန်တပ်ပါ။

နေကာမျက်မှန်တပ်ခြင်းအားဖြင့် နေရောင်ခြည်မှာပါဝင်တဲ့ အန္တရာယ်ရှိဓာတ်ရောင်ခြည်တွေကနေ မျက်လုံးတွေကို ကာကွယ်ထားနိုင်မှာဖြစ်ပါတယ်။ နေကာမျက်မှန်ရွေးချယ်ရာမှာ ခရမ်းလွန်ရောင်ခြည် စုပ်ယူနိုင်စွမ်း (၉၉–၁၀၀)ရာခိုင်နှုန်းရှိတဲ့ မျက်မှန်ကြီးကြီးတွေကို ရွေးချယ်ပါ။ ဒါ့အပြင် အပြင်သွားရင် ခန္ဓာကိုယ်ကိုလည်း တိုက်ရိုက်နေရောင်ခြည်ထိတွေ့မှုမခံရအောင် ကာကွယ်ထားခြင်းအားဖြင့် နေလောင်ခြင်းကနေ အရေပြားကင်ဆာရောဂါတွေအထိ ကာကွယ်နိုင်မှာဖြစ်ပါတယ်။

၁၂။ အမျှင်ဓာတ်များများစားပါ။

အမျှင်ဓာတ်ဟာ ကျန်းမာရေးနဲ့ ညီညွတ်တဲ့ ဓာတ်တစ်မျိုးဖြစ်ပါတယ်။ အမျှင်ဓာတ်များများစားသုံးပေးခြင်းအားဖြင့် အစာခြေစနစ်ကို ကောင်းမွန်စေခြင်း၊ ရောင်ရမ်းမှုတွေ လျော့ကျစေခြင်း၊ သွေးဖိအားမှန်စေခြင်း၊ ဆီးချိုဖြစ်နိုင်ချေနည်းခြင်း၊ မကောင်းတဲ့ကိုလက်စထရောဓာတ်တွေ လျော့ပါးစေခြင်းစတဲ့ အကျိုးကျေးဇူးတွေရရှိစေမှာဖြစ်ပြီး သက်ရှည်ကျန်းမာစေမှာဖြစ်ပါတယ်။

၁၃။ ရေနွေးထဲကို သံပုရာရည်ညစ်သောက်ပါ။

မနက်ပိုင်းမှာ ဘာတွေစားသောက်သလဲဆိုတာက တစ်နေ့တာစွမ်းဆောင်ရည်ကို အဆုံးအဖြတ်ပေးနိုင်ပါတယ်။

၁၄။ အစိမ်းရောင်စားသောက်ဖွယ်ရာတွေ ပိုစားပါ။

အစိမ်းရောင်ရှိတဲ့ အသီးအနှံတွေနဲ့ ဟင်းသီးဟင်းရွက်တွေဟာ ဓာတ်တိုးဆန့်ကျင်ပစ္စည်းတွေ ပါဝင်ပြီး ကင်ဆာရောဂါအမျိုးမျိုးကို ကာကွယ်ပေးနိုင်တဲ့ စားစရာတွေဖြစ်ပါတယ်။ ဒါ့အပြင် ကိုယ်အလေးချိန် ထိန်းညှိဖို့နဲ့ ၀မ်းမှန်စေဖို့ကိုလည်း အထောက်အကူပြုပါတယ်။ အများကြီးမစားနိုင်ရင် Spirulina လို့ ခေါ်တဲ့ စိမ်းပြာရေညှိမှုန့်ဖျော်ရည်ကို သောက်သုံးပေးပါ။ စိမ်းပြာရေညှိမှာ ကျန်းမာရေးအတွက် သင့်တော်တဲ့ အသားဓာတ်၊ အိုမီဂါ သရီး အဆီဓာတ်၊ ဗိုက်တာမင် ဘီ ဓာတ်ပေါင်းများ၊ ဇင့်၊ အိုင်ယွန်းနဲ့ ဘီတာကရိုတိန်းစတာတွေ ကြွယ်ဝစွာပါဝင်ပါတယ်။

#Achitlwinpyin
Credit-gentleman
ကျန်းမာပျှော်ရွှင်သော နေထိုင်မှူဘဝပုံစံ ကျန်းမာပျှော်ရွှင်သော နေထိုင်မှူဘဝပုံစံ Reviewed by Naethit on Saturday, May 20, 2017 Rating: 5

No comments