ဗားမဲ့ ဗားတမော့ လက်တွေ့အစီအရင်ကျမ်း - ဆရာညို


ဗားမဲ့ ဗားတမော့ လက်တွေ့အစီအရင်ကျမ်း
ပြုစုသူ - ဆရာညို

ရှားပါးဒီကျမ်းရဲ့ ဒုတိယတွဲနဲ့တတိယတွဲကို မြန်မာအင်တာနက်စာကြည့်တိုက်မှ စာချစ်သူ Ko Win Thura Nyunt မှ လာရောက်ပေးလှူလာတာကြောင့် ချက်ချင်းကို တင်လိုက်ပါပြီရှင်


ဗားမဲ့ဗားတမော့လို့ပြောလိုက်တာနဲ့ ကြားဖူးသူတွေကတော့ အကြေးအလွှားကို download လုက်ယူချင်ရလောက်အောင် နာမည်ကြီးပြီးသားပါ။
ဒါပေမယ့် မသိမမှီ မကြားဖူးသူတွေအတွက်လည်း ဗားမဲ့ဗားတမော့ကျမ်း ဘာ့ကြောင့်အဲ့လောက်နာမည်ကြီးသလဲဆိုတာလေ့လာနိုင်ဖို့ မာတိကာကိုပါ ယှဉ်တွဲဖော်ပြလိုက်ပါတယ်ရှင်
လေ့လာကြည့်ပါ
သိသင့် သိအပ်တဲ့ ပျောက်ကွယ်လုနီးနီး မြန်မာ့အစီအရင်ကျမ်းတစ်စောင်မို့ လိုချင်သူတို့အဖို့တော့ အဖိုးမဖြတ်နိုင်တာအသေအချာပါပဲရှင်
ဒီလိုစာအုပ်ကောင်းကိုလာရောက်ပေးပို့လှူဒါန်းလာတဲ့ စာချစ်သူ Ko Win Thura Nyunt ကိုရော Pdf ပြုလုပ်ထားသူကိုပါ ကျေးဇူးအထူးတင်ပါကြောင်း ထပ်ပေါင်းပြောပါရစေရှင်

ဒီမှာ download ပါ

ဗားမဲ့ဆရာတော်ဘုရားကြီးအကြောင်း တစေ့တစောင်းကို Hein Tint Zaw website မှ တွေ့ရှိရတာကြောင့် 
ဗဟုသုတအလို့ငှာ ထည့်သွင်းဖော်ပြလိုက်ပါတယ်ရှင်။

အင်းဝခေတ်တွင်ဖြစ်၏။ အင်းဝဘုရင်သည် ဗားမဲ့ဆရာတော်ကို လွန်စွာယုံကြည် ကိုးကွယ်၏။ ထိုအတူ နန်းတွင်းသူ နန်းတွင်းသား မင်းညီမင်းသား ၀န်ကြီးဝန်ကလေး ၊ အမတ် ၊ ကလန် ၊ သံပျင်မှအစ တိုင်းသူပြည်သား ဆင်းရဲသား မိလက္ခူ တို့ပါမကျန် ဆရာတော်အား လွန်စွာကြည်ညိုကြကုန်၏။ဆရာတော်လည်း ရဟန်းအဖြစ်နှင့်လည်း ကြည်ညိုကြကုန်၏။ ထို့အတူ မိမိတို့၌ရှိသော အခက်အခဲများကိုလည်း ၎င်းတတ်ကြွမ်းသော လောကီပညာရပ်ဖြင့် အကူအညီပေးသည်ဖြစ်ရာ တတိုင်းပြည်လုံးက ရွှေတောင်ကြီးသဖွယ် အားထားကြရကုန်၏။

ဆရာတော်၏ ကျောင်းသင်္ခမ်းသည် လွန်စွာမှကြီးကျယ်၍ လွန်စွာမှလည်း ခမ်းးနားသည်။ ဆရာတော်၏ ကျောင်းကျက်သရေခန်း၌ လှူဖွယ်ပစ္စည်းအပြည့်ရှိ၏။ ဆရာတော်သည် လာသမျှသော ဒါယကာဒါယိကာမ ဧည့်ပရိသတ်တို့ကို တတ်ကြွမ်းသောပညာဖြင့် ကယ်မသည်ဖြစ်ရာ အစဉ်သဖြင့် ညောင်းညာ ကိုက်ခဲနေတတ်၏။ အင်းဝ မန်ကျဉ်းတန်းနေ ဦးရွှေအိုးဆိုသော သူဆင်းရဲကြီးတစ်ဦးသည် ဆရာတော်ကျောင်းသို့ အစဉ်သဖြင့် သွားရောက်၍ အစဉ်သဖြင့် ဆရာတော်၏ ခန္ဓာကိုယ်ကို နှိပ်နယ်ပေးရလေ၏။ ဆရာတော်၏ ခါးနှင့် ခြေသလုံးများသည် တောင့်တင်းနေသည်ဖြစ်ရာ နှိပ်ရုံဖြင့် မပေါက်ပဲ တတောင်ဖြင့် ထောင်းရလေ၏။ ကြာသောအခါ ဦးရွှေအိုး၏ တံတောင်သည် ကျွဲပခုံးများ ထ၍နေပေတော့၏။

ဆရာတော်သည် မင်းညီမင်းသား သူဌေးကုန်သည်တို့အား လိုအပ်သော အဆီအမံများ လုပ်ပေးနေသည်ကို သူဆင်းရဲ ဦးရွှေအိုးသည် ဆရာတော်အား တံတောင်ဖြင့်ထောင်းပေးရင်း ကြားသိမြင်တွေ့နေရလေ၏။ တနေ့သ၌ မင်းသားတစ်ပါးသည် ဆရာတော်ထံသို့ ရောက်လာပြီးလျှင် ဆရာတော်ဘုရား အခုအခါမှာ မြို့စားကြီးရာထူး လစ်လပ်နေပါတယ်။ တပည့်တော်တို့ မင်းသားက သုံးပါးရှိပါတယ်။ သူရမလို ကိုယ်ရမလို ဖြစ်နေပါတယ်။ အဲဒီနေရာကို တပည့်တော် လိုချင်ပါတယ်ဘုရားဟု လျှောက်ထားလိုက်လျှင် ကောင်းပြီ ဒကာဟု ဆိုကာ ကွမ်းရွက်ပေါ်တွင် ထုံးဖြင့် စမရေး၍ ထိုမင်းသားအား ပေးလိုက်လေ၏။ ထိုသို့ ပေးပြီးနောက် “သုံးရက်အတွင်း ဒကာလိုချင်တဲ့ ရာထူးကိုရလိမ့်မယ်” ဟုလည်း မိန့်မှာတော်မူလိုက်လေ၏။

ထိုမင်းသားသွားလျှင် အမတ်တဦး ရောက်လာပြန်၏။ ထိုအမတ်ကလည်း ဆရာတော်အား ၀တ်ပြုပြီးလျှင် ဆရာတော်ဘုရား အမတ်ချုပ်ရာထူး လစ်လပ်နေပါပြီ။ တပည့်တော်တို့ ငါးဦးဟာ အဲဒီနေရာကို ချိန်ရွယ် နေကြပါတယ်ဘုရား။ တပည့်တော်ဟာ အဲဒီနေရာကို အလွန်ပဲ လိုချင်ပါတယ်ဘုရား”ဟု လျောက်ထားလျှင် ဆရာတော်သည် ထိုအမတ်အား သပြေညွန့် ခုနှစ်ညွန်ကို ဂါထာခုနှစ်အုပ် စုပ်၍ ပေးလိုက်၏။ ထို့ နောက် “ဒါယကာအမတ် ငါးရက်အတွင်း အမတ်ချုပ်ရာထူးရလိမ့်မယ်။ သွားပေတော့” ဟု ပြောလိုက်လေ၏။

ထိုအမတ် ဆင်းသွားပြီး မကြာမီ၌ပင် ကုန်သည်တစ်ဦး ရောက်လာလေ၏။ ထိုကုန်သည်သည်လည်း ဆရာတော်အား “ဆရာတော်ဘုရား တပည့်တော်ဟာ ကုန်သည်လေး ဖြစ်ပါတယ်ဘုရား။ တပည့်တော်ဟာ လုံးလ၀ီရိယလည်း ရှိပါတယ်။ ကုန်သည်ကြီး ဖြစ်လိုလို့ ဆရာတော်ဘုရား ကယ်မတော်မူပါ” ဟုလျောက်ထားပြန်လေ၏။ ဆရာတော်က ထိုကုန်သည်အား အင်းတစ်ချပ် ချီးမြင့်လိုက်ပြီးလျှင် “ကဲ ကုန်သည် ဒါယကာလေးရေ ဒီတပတ်အတွင်းမှာပဲ ကုန်တွေ အဆမတန်မြတ်စွန်းပြီး ကုန်သည်ကြီးဖြစ်သွားလိမ့်မယ်”ဟု မိန့်မှာတော်မူကာ လွတ်လိုက်လေ၏။ ကုန်သည်လေးသည် ၀မ်းမြောက်ဝမ်းသာနှင့် ပြန်သွားလေ၏။

ရက်မကြာမီ၌ မင်းသားသည်လည်းကောင်း အမတ်သည်လည်းကောင်း ကုန်သည်သည်လည်းကောင်း လှူဖွယ်ပစ္စည်းအစုစုဖြင့် ဗားမဲ့ ဆရာတော်ကျေင်းသို့ ပြန်လည် ရောက်ရှိလာကြလေ၏။ မင်းသားကလည်း မြို့ စားကြီးဖြစ်ကြောင်း အမတ်ကလည်း အမတ်ချုပ်ဖြစ်သွာပြီ ဖြစ်ကြောင်း ကုန်သည်လေးကလည်း ဆရာတော် ပြောသည့်အတိုင်း တစ်ခေါက်ထဲ၌ပင် ကုန်သည်ကြီးဘ၀သို့ ရောက်သွားပြီ ဖြစ်ကြောင်းပြောလေ၏။ ထို့ နောက် ဆရာတော်အား ကန်တော့၍ ပြန်သွားကြလေ၏။ ထိုအခါ ဆရာတော်၏ကျောကို တတောင်ဖြင့် ကျိတ်ပေးနေသော ဦးရွှေအိုးက“အရှင်ဘုရား လုပ်တာကိုင်တာတွေ ကြည်နေတာ ကြာပြီ ။ အရှင်ဘုရားရဲ့ ပညာက အားကိုးဖို့  အတော့်ကောင်းပါတယ်။ ဒါပေမဲ တပည့်တော်တွေ့  သလောက်ဆိုရင် သာမန် မင်းသားငယ်တစ်ပါးကို မြို့ စားကြီး ဖြစ်သွားအောင် အမတ်ငယ်လေးတစ်ဦးကို အမတ်ချုပ်ကြီး ဖြစ်သွားအောင် ကုန်သည်လေးကို ကုန်သည်ကြီး ဖြစ်အောင် လုပ်ပေးနိုင်တဲ ပညာမျိုးပဲ။

ဆင်းရဲသူ ဆင်းရဲသားတွေ ကြီးပွားချမ်းသာအောင် လုပ်ပေးတဲ့ပညာမျိုးမှ မဟုတ်ဘဲ” ဟု လျောက်ထားလိုက်လေရာ ဆရာတော်သည် အံသြသွားလေ၏။ ထို့ နောက် ဆရာတော်က “ဟဲ ငရွှေအိုး နင် ဘာတွေ ပြောနေတာတုန်း။ ငါ့ပညာဟာ ဆင်းရဲသူဆင်းရဲသားတွေ အတွက်လဲ အားကိုးလောက်တဲ့ ပညာဖြစ်တယ်”ဟု ပြောလိုက်ရာ ဦးရွှေအိုးက “အရှင်ဘုရားကို တတောင်နဲ့ ကျိတ်ပေးလို့ တပည့်တော် တံတောင်ဟာ ကျွဲပုခုံးတွေ ဖြစ်နေပါပြီ။ တပည့်တော်လောက် ဆင်းရဲတဲ့ လူဟာ အင်းဝ တစ်ပြည်လုံးမှာတောင် မဟုတ်ဘူး။ မန်ကျည်းတန်း တစ်တန်းလုံးမှာလည်း တပည့်တော် အဆင်းရဲဆုံးပါပဲ။ ဆန်ကွဲနဲ့မန်ကျည်းရွက်နဲ့  ပြုတ်သောက်နေရတာကြာပါပြီဘုရား။ တပည့်တော်ကို ကြီးပွားချမ်းသာအောင် ဘာလို့  မလုပ် ပေးတာလဲဘုရား”ဟု ရဲဝံ့ပြတ်သားစွာ လျှေက်တင်လေ၏။

ထိုအခါ ဗားမဲ့ဆရာတော်က နင်က ဒီလိုပြောသလား။ နင် ငါ့ဆီမှာ ဘယ်နှစ်ခါများ တောင်းဖူးသလဲ။ နင့်ဟာနင် နင်းပေးတယ်။ နှိပ်ပေးတယ်။ အဲဒီအတွက် နင် ကုသိုလ်တွေ ရနေပြီပဲ ။ တို့လောကီပညာက မတောင်းရင် မပေးရဘူး။ နင် မတောင်းတော့ ငါက မပေးဘူးပေါ့။ ”ဟု မိန့်လိုက်လျင် ဦးရွှေအိုးက “တောင်းမှ ပေးမယ်ဆိုရင်လည်း အခုပေးပါ။ တပည့်တော် ငတ်လှပါပြီဘုရား”ပြောလေ၏။ ထိုအခါ ဗားမဲ့ဆရာတော်က ပြဲုးရယ်လျက် နင် တော်တော် ချမ်းသာပြီကိုး ငရွှေအိုးရဲ့ ...ဟု မိန့်တော်မူလေ၏။ တပည့်တော်က ငတ်လို့ ချမ်းသာချင်တာပါဘရား။ လောကမှာ မချမ်းသာချင်သူ ရှိပါမလား.... ဟု ဦးရွှေအိုးက ပြန်လျောက်ထားရာ ဆရာတော်ဘုရားက “အေးအေး နင့်ဘုရားစင်မှာ ဘုရား ဆင်းတုတော်ရှိရဲ့လား..... ဟု မေးလိုက်လေ၏။ ရှိပါတယ်ဘုရား ကျွန်းသားနဲ့  ထုလုပ်ထားတဲ့ ခြောက်လက်မ ကိုယ်တော်ရှိပါတယ်ဟု ဦးရှေအိုးက ပြန်လျှောက်လေ၏။

ထိုအခါ ဗားမဲ့ဆရာတော်က နင်အခုပြန်သွား ... အဲဒီ ဆင်းတုတော်မှာ သင်္ကန်းတော်ကို အနီရဲရဲ ဆေးပြန်ချယ်။ ပလ္လင်တော်ကိုတော့ အစိမ်းရောင်တောက်တောက် ဆေးချယ်။ ခေါင်းတော်မျက်နှာတော် လက်ဝါးတော်ကိုတော့ တတ်နိုင်ရင် ရွှေချ။ မတတ်နိုင်ရင် အ၀ါရောင် တောက်တောက်ကို ချယ် ။ပြီတော့ ဒီဂါထာနဲ့  နေ့စဉ်ရေချမ်း ဆွမ်းတော် အမွှေး ပန်းမာလ်စသည်တို့ကို ကပ်လှူပြီး ချမ်းသာအောင်ဆုတောင်းပေတော့ဟု မိန့်လိုက်လေ၏။ ဦးရွှေအိုးလည်း ထိုစကားကိုကြားလျှင် ဆရာတော်အား ကန်တော့ဦးချ၍ အိမ်သို့ ပြန်ပြေးလေ၏။ အိမ်သို့ ပြန်ရောက်လျင် ဆရာတော်မှာ လိုက်သည့်အတိုင်း အ၀ါ ၊ အစိမ်း ၊ အနီတိုကို ချယ်ရန် ဆေးချယ်တတ်သူထံသို့  သွားရောက်၍ အကူအညီတောင်းလေ၏။ ဆေးချယ်တတ်သူလည်း ဦးရွှေအိုးအား သနား၍ အခမဲ့ ချယ်သပေးလိုက်လေ၏။

ထိုနေ့မှစ၍ ဦးရွှေအိုးသည် ဆရာတော်မှာသည့် အတိုင်းပြုလုပ်၍ ဆင်းတုတော်ကို ကိုးကွယ်ခဲ့လေသည်။ တစ်ပါတ်မျှကြာသောအခါ မည်သို့ ဖြစ်သည်မသိ။ ငွေကြေးရှိသူတို့ သည် ဦးရွှေအိုးကြီးအား ယုံကြည် စိတ်ချရသည်ဆိုကာ ငွေများပေး၍ အလုပ်များစေခိုင်းကြလေ၏။ ဤသို့နှင့်ပင် ဦးရွှေအိုးကြီးသည် အလုပ်နှင့်ငွေများ ရရှိလာလေ၏။ အကျိုးပေးကား မြန်လှ၏။ သုံးနှစ်မျှ ကြာသောအခါ အင်းဝမန်ကျည်းတန်းတွင် ဆန်ကွဲကြို၍ သောက်နေရသော သူဆင်းရဲကြီးငရွှေအိုးအား သူကြွယ်ကြီး ဦးရွှေအိုးဘွဲ့ ကို အင်းဝဘုရင်ကိုယ်တိုင် ချီးမြင့်ခဲ့လေ၏။ ဦးရွှေအိုးမှ ဆင်းသက်သော မျိုးဆက်ခုနှစ်ဆက်တိုင်တိုင် ထိုဆင်းတုတော်ကို ကိုးကွယ်ခဲကြလေ၏။ ထိုခုနှစ်ဆက်လုံးအားလည်း ဘုရင်မင်မြတ်သည် သူကြွယ်ဘွဲ့ကို ချီးမြင့်ခဲ့ရသည်ချည်းဖြစ်၏။

အထက်ပါ အကြောင်းအရာသည် ၀ါစိမ်းနီဘုရားနှင့် ပါတ်သက်သော အကြောင်းအရာများ ဖြစ်သည်။ အဘမင်းသိင်္ခ၏ မနောမယလက်ဆောင်ပေါင်းချုပ်စာအုပ်တွင် အထက်ပါအတိုင်း ရေးသားထားသည်ကို တွေ့ရှိကြသူများသည် လွန်စွာ စိတ်ဝင်စားကြသည် ဖြစ်သောကြောင့် ရောင်ပြန်မဂ္ဂဇင်းတိုက်သို့လည်းကောင်း အဘမင်းသိင်္ခ၏ မရမ်းတလင်း ခြံသို့သော်လည်းကောင်း စာဖြင့်သော်လည်း လူကိုယ်တိုင်သော်လည်း ဆက်သွယ်လာကြကုန်သောကြောင့် ၀ါစိမ်းနီ ဦးရွှေအိုးဘုရားကို အဆင်သင့် ထုလုပ်ထားရှိကြရလေ၏။ နောင်တွင် လူပေါင်းများစွာတို့သည် လွန်စွာ စိတ်ဝင်စားကြလေသောကြောင့် ပင့်ဆောင် ပူဇော်ကြသူ များလေရာ ဘုရာဆင်းတုတော်များ ရောင်းချသော ဆိုင်များတွင်လည်း အဆင်သင့် ထုလုပ် ရောင်းချကြသည်ကိုလည်း တွေ့ရလေ၏။ အကယ်၍ ၀ါစိမ်းနီ ဦးရွှေအိုးဘုရားကို မိမိတို့ နေအိမ်တွင် ပင့်ဆောင်ကိုးကွယ်လိုသူများသည်လည်း မည်သည် နိဗ္ဗာန်ကုန်ဆိုင်တွင် မဆို သွားရောက် ပင်ဆောင် ကိုးကွယ်နိုင်ပါကြောင်း ပြောကြားလိုက်ရပါသည်။

အကယ်၍ မိမိတို့၏ မြန်မာမွေးသက္ကရာဇ်နှင့် အတိအကျ ထုလုပ် ကိုးကွယ်လိုသူများ အတွက် အောက်တွင် အသားရွေးချယ်နည်းစနစ် တစ်ခုကို ဖော်ပြပေးလိုက်ပါသည်။ ထိုနည်းမှာ မြန်မာမွေးသက္ကရာဇ်ကို (၇)နှင့် စားပါ။ အကြွင်းအလိုက် ဖော်ပြထားသော အသားများနှင့် ဘုရားထုလုပ် ပူဇော်နိုင်ပါသည်။ ဆေးရောင်ကိုတော့ အထက်တွင်ဖော်ပြထားသော သင်္ကန်းတော်ကို - အနီရောင် ၊ အသားတော်ကို - အ၀ါရောင် ၊ ပလ္လင်တော်ကို - အစိမ်းရောင်ဖြင့် ချယ်သ၍ ပူဇော်နိုင်ပါသည်။

သင်၏ မြန်မာမွေးသက္ကရာဇ်ကို (၇)နှင့် စားပါ။

(၁) ကြွင်းသူများ - 
ဘုရားရှင်ကိုယ်တော်မြတ်ကြီးကို ထိန်သားဖြင့် ထုပါ။
ရှင်သီဝလိ ရဟန္တာကိုယ်တောမြတ်ကြီးကို ပျဉ်းမသားဖြင့်ထုပါ။
ရှင်ဥပ္ပရုတ္တရဟန္တာကိုယ် တော်မြတ်ကြီးကို အောင်သပြေဖြင့်ထုလုပ်ပါ။ 

(၂) ကြွင်းသူများ....
ဘုရားရှင်ကိုယ်တော်မြတ်ကြီးကို အင်ကြင်းသားဖြင့် ထုပါ။
ရှင်သီဝလိ ရဟန္တာကိုယ်တောမြတ်ကြီးကို သီးသားဖြင့်ထုပါ။
ရှင်ဥပ္ပရုတ္တရဟန္တာကိုယ် တော်မြတ်ကြီးကို ထိန်သားဖြင့်ထုလုပ်ပါ။ 

(၃) ကြွင်းသူများ.....
ဘုရားရှင်ကိုယ်တော်မြတ်ကြီးကို ကံ့ကော်သားဖြင့် ထုပါ။
ရှင်သီဝလိ ရဟန္တာကိုယ်တောမြတ်ကြီးကို ထိန်သားဖြင့်ထုပါ။
ရှင်ဥပ္ပရုတ္တရဟန္တာကိုယ် တော်မြတ်ကြီးကို အင်ကြင်းသားဖြင့်ထုလုပ်ပါ။ 

(၄)ကြွင်းသူများ....
ဘုရားရှင်ကိုယ်တော်မြတ်ကြီးကို ဇီးသားဖြင့် ထုပါ။
ရှင်သီဝလိ ရဟန္တာကိုယ်တောမြတ်ကြီးကို အင်ကြင်းသားဖြင့်ထုပါ။
ရှင်ဥပ္ပရုတ္တရဟန္တာကိုယ် တော်မြတ်ကြီးကို ကံ့ကော်သားဖြင့်ထုလုပ်ပါ။ 

(၅) ကြွင်းသူများ....
ဘုရားရှင်ကိုယ်တော်မြတ်ကြီးကို လင်းလွန်းသားဖြင့် ထုပါ။
ရှင်သီဝလိ ရဟန္တာကိုယ်တောမြတ်ကြီးကို ကံ့ကော်သားဖြင့်ထုပါ။
ရှင်ဥပ္ပရုတ္တရဟန္တာကိုယ် တော်မြတ်ကြီးကို ဇီးသားဖြင့်ထုလုပ်ပါ။ 

(၆) ကြွင်းသူများ...
ဘုရားရှင်ကိုယ်တော်မြတ်ကြီးကို ပျဉ်းမသားဖြင့် ထုပါ။
ရှင်သီဝလိ ရဟန္တာကိုယ်တောမြတ်ကြီးကို ဇီးသားဖြင့်ထုပါ။
ရှင်ဥပ္ပရုတ္တရဟန္တာကိုယ် တော်မြတ်ကြီးကို ထိန်သားဖြင့်ထုလုပ်ပါ။ 

(၀ - သို့ - ၇ ) ကြွင်းသူများ.....
ဘုရားရှင်ကိုယ်တော်မြတ်ကြီးကို သီးသားဖြင့် ထုပါ။
ရှင်သီဝလိ ရဟန္တာကိုယ်တောမြတ်ကြီးကို လင်းလွန်းသားဖြင့်ထုပါ။
ရှင်ဥပ္ပရုတ္တရဟန္တာကိုယ် တော်မြတ်ကြီးကို ပျဉ်းမသားဖြင့်ထုလုပ်ပါ။ 

အထက်ပါနည်းအတိုင်း စနစ်တကျ အသားရွေးချယ်၍ ထုလုပ်ကိုးကွယ် ပူဇော်နိုင်ကြပါကြောင်း သင်တို့၏ အကျိုးကို ထာဝစဉ်လိုလားသော ဗေဒင်ဆရာတစ်ဦးမှ ဖော်ပြပေးလိုက်ရပါသည်။





ဗားမဲ့ ဗားတမော့ လက်တွေ့အစီအရင်ကျမ်း - ဆရာညို ဗားမဲ့ ဗားတမော့ လက်တွေ့အစီအရင်ကျမ်း - ဆရာညို Reviewed by Unknown on Saturday, February 13, 2016 Rating: 5

No comments