မ်က္ေတာင္ေကာ့ေဆးေတြ ပ်စ္ခဲမသြားဘဲ အသစ္အတိုင္းျဖစ္ေနေစဖို႔
ကၽြန္မတို႔ မိန္းကေလးအတြက္ေတာ့ အသစ္၀ယ္ထားတာမၾကာေသးတဲ့ မ်က္ေတာင္ေကာ့ေဆးေတြ ပ်စ္ခဲသြားတာက တကယ့္ကို ငိုခ်င္စရာကိစၥတစ္ခုပါ။ အသစ္၀ယ္ထားၿပီးေန႔တိုင္းအသံုးျပဳျဖစ္တဲ့အခါ အျခား မိတ္ကပ္ပစၥည္းေတြထက္ ပိုၿပီး ေျခာက္လြယ္ ၊ပ်စ္ခဲလြယ္တာက မ်က္ေတာင္ေကာ့ေဆးေတြပါပဲ။ ဒီလိုျဖစ္ၿပီဆိုရင္ လႊင့္ပစ္ရမွာလည္း ႏွေျမာ ၊ဆက္လည္းသံုးလို႔အဆင္မေျပျဖစ္တတ္ပါတယ္။ အထူးသျဖင့္ ေစ်းႀကီးေပး၀ယ္ထားတာဆိုရင္ေပါ့။
စိတ္ပူစရာေတာ့ မလိုပါဘူး။ လြယ္လြယ္ကူကူနဲ႔ သင္မထင္မွတ္ထားတဲ့ နည္းလမ္းေလးက ကူညီႏိုင္မွာပါ။ သင့္ရဲ႕ ေဆးေသတၱာထဲမွာ ရွိတဲ့ မ်က္စဥ္းက လက္နက္ေကာင္းေလးေပါ့။ မ်က္စဥ္း ၂ စက္ကေန ၄စက္ေလာက္ထိ မ်က္ေတာင္ေကာ့ေဆးဗူးထဲက ညွစ္ခ်လိုက္ပါ။ မ်က္ေတာင္ေကာ့တံကို ေသခ်ာသန္႔ရွင္းထားၿပီး ဗူးထဲကို ေမႊလိုက္ပါ။
ၿပီးရင္ေတာ့ အနည္းငယ္ လႈပ္လိုက္ပါ။ ဒါဆို သင့္ရဲ႕ မ်က္ေတာင္ေကာ့ေဆးေတြက ပ်စ္ခဲမေနဘဲ အသစ္ေတြလို ျဖစ္ေနမွာပါ။ လြယ္လြယ္ကူကူနဲ႔ အိမ္မွာပဲ လုပ္လို႔ရလို႔ စမ္းၾကည့္လိုက္ပါဦး။
Ref:seventeen
Unicode
ကျွန်မတို့ မိန်းကလေးအတွက်တော့ အသစ်ဝယ်ထားတာမကြာသေးတဲ့ မျက်တောင်ကော့ဆေးတွေ ပျစ်ခဲသွားတာက တကယ့်ကို ငိုချင်စရာကိစ္စတစ်ခုပါ။ အသစ်ဝယ်ထားပြီးနေ့တိုင်းအသုံးပြုဖြစ်တဲ့အခါ အခြား မိတ်ကပ်ပစ္စည်းတွေထက် ပိုပြီး ခြောက်လွယ် ၊ပျစ်ခဲလွယ်တာက မျက်တောင်ကော့ဆေးတွေပါပဲ။ ဒီလိုဖြစ်ပြီဆိုရင် လွှင့်ပစ်ရမှာလည်း နှမြော ၊ဆက်လည်းသုံးလို့အဆင်မပြေဖြစ်တတ်ပါတယ်။ အထူးသဖြင့် ဈေးကြီးပေးဝယ်ထားတာဆိုရင်ပေါ့။
စိတ်ပူစရာတော့ မလိုပါဘူး။ လွယ်လွယ်ကူကူနဲ့ သင်မထင်မှတ်ထားတဲ့ နည်းလမ်းလေးက ကူညီနိုင်မှာပါ။ သင့်ရဲ့ ဆေးသေတ္တာထဲမှာ ရှိတဲ့ မျက်စဉ်းက လက်နက်ကောင်းလေးပေါ့။ မျက်စဉ်း ၂ စက်ကနေ ၄စက်လောက်ထိ မျက်တောင်ကော့ဆေးဗူးထဲက ညှစ်ချလိုက်ပါ။ မျက်တောင်ကော့တံကို သေချာသန့်ရှင်းထားပြီး ဗူးထဲကို မွှေလိုက်ပါ။
ပြီးရင်တော့ အနည်းငယ် လှုပ်လိုက်ပါ။ ဒါဆို သင့်ရဲ့ မျက်တောင်ကော့ဆေးတွေက ပျစ်ခဲမနေဘဲ အသစ်တွေလို ဖြစ်နေမှာပါ။ လွယ်လွယ်ကူကူနဲ့ အိမ်မှာပဲ လုပ်လို့ရလို့ စမ်းကြည့်လိုက်ပါဦး။
Ref:seventeen
မ်က္ေတာင္ေကာ့ေဆးေတြ ပ်စ္ခဲမသြားဘဲ အသစ္အတိုင္းျဖစ္ေနေစဖို႔
Reviewed by Naethit
on
Monday, May 08, 2017
Rating:
Reviewed by Naethit
on
Monday, May 08, 2017
Rating:

No comments