ဇနီးသည် တစ်ယောက် လိုချင်တဲ့ ချစ်ခြင်း



မနက်မိုးလင်း အလုပ်သွားတိုင်း ဇနီးသည်အား ကြင်နာစွာထွေးပွေ့ပြီး အနမ်းတစ်ချက်လောက်ပေးပါ..။ 

ကားအတူ စီးသွားတဲ့အခါမျိုးမှာ သူမလက်ကလေးကို အချိန်ခဏပေး၍ ဆုပ်ကိုင်ပေးလိုက်ပါ။ 

မင်းက ကိုယ့်အတွက် အကောင်းဆုံးသူပါဆိုတဲ့ စကားလေးကို မေ့လောက်ရှိတိုင်းပြောပေးပါ..။ 

တစ်ခါတစ်ရံ ညစာကို အပြင်ထွက်ပြီး အတူစားတာမျိုး ၊ နှစ်ယောက်တည်း ရုပ်ရှင်သွားကြည့်တာမျိုး ၊ အမှတ်တရနေ့များမှာ လက်ဆောင်ပေးတာမျိုး အစရှိသဖြင့် ချစ်သူဘ၀က ကဲ့သို့ ပျော်ရွှင်စရာအချိန်များ ဖန်တီးပေးပါ..။ 

မင်းဟာ ကိုယ့်အတွက် အမြဲလှနေသူပါ ဆိုတာမျိုး ချီးမွမ်းစကားလေးပြောပေးပါ..။ 

ချက်ပြုတ် လျှော်ဖွတ်တာတွေ ဂရုစိုက်ပေးတာတွေအတွက် ကျေးဇူးတင်ကြောင်းလည်းပြောပါ..။ အားတဲ့အခါ တတ်နိုင်သလောက် ကူညီလုပ်ကိုင်ပေးတာမျိုးလေးလုပ်ပေးလိုက်ပါ..။ 

သူမ နေမကောင်း မကျန်းမာတဲ့အခါ အားလုံးသောအရာတွေထက် အလေးပေးပြီး အချိန်ပေး ဂရုစိုက်လိုက်ပါ..။ 

*** သာယာပျော်ရွှင်တဲ့ ချစ်ခြင်းတွေပိုင်ဆိုင်နိုင်ကြပါစေ *** 

#Achitlwinpyin
Credit:momolay
ဇနီးသည် တစ်ယောက် လိုချင်တဲ့ ချစ်ခြင်း ဇနီးသည် တစ်ယောက် လိုချင်တဲ့ ချစ်ခြင်း Reviewed by Naethit on Wednesday, May 17, 2017 Rating: 5

No comments