ကိုယ်ဝန်ဆောင်ထားစဉ် ဘယ်အချိန်တွေမှာ အမျိုးသားနဲအတူနေနေနိုင်လဲ


အိမ်ထောင်ရှင်မတွေအနေနဲ့ မပြောရဲတဲ့အထဲမှာ ကိုယ်ဝန်ဆောင်စဉ် လိင်ဆက်ဆံခြင်း ပေါ့။ ဒါကလည်းသူတို့တွေအနေနဲ့ မေးဖို့ကို အင်မတန်စိုးရွံ့တာတွေကို တွေ့ရတယ်။ မြန်မာအမျိုးသမီး အများစု က ကိုယ်ဝန်ရှိပြီ ဆိုရင် ဒီ sex နဲ့ ပတ်သက်တာကို မေးရမှာ ကြောက်တယ်။ ကလေး မွေးပြီးရင်လည်း ဘယ်တော့ ပြန်နေလို့ ရပြီ လည်း ဆိုတာကို မေးရမှာကြောက်တတ်ကြပါတယ်။ ကိုယ်ဝန်ရှိနေရင် တော့ ပထမ ၁၂ ပတ်ဆိုတဲ့ အချိန်မှာ အချင်းက ကောင်းကောင်းမဖွံဖြိုးသေးတဲ့ အတွက် ကိုယ်ဝန်ခိုင်၏ မခိုင်၏ ဆိုတာကပြောရတာခက်တယ်။ ကိုယ်ဝန်ရှိရှိခြင်း ၄ လ လောက်မှာ ဆိုရင် ရှောင်သင့်ပါတယ်။ ဘာလို့လဲဆိုရင် ကိုယ်ဝန် က အချင်းမဖြစ်သေးခင်မှာ ကိုယ်ဝန်ပျက်လုပျက်ခင်ဖြစ်နေနိုင်တာလား။ ခိုင်လား မခိုင်လားဆိုတာ မကျိန်းသေတဲ့ အတွက် ဖြစ်ပါတယ်။
Evhtyp4vxwgc5ldmfel6
အကြမ်းအားဖြင့် ကိုယ်ဝန် ၁၂ ပတ် မတိုင်ခင် အရွယ်မရွေးမှာ ကိုယ်ဝန်ရဲ့ ပြတ်ကျနိုင်တဲ့ အခြေအနေဟာ ၂၀ ကနေ ၂၅ ရာခိုင်နူန်း အထိရှိပါတယ်။ ဒါပေမဲ့ ၁၂ ပတ် ကနေ ၁၃ ပတ် ကျော်သွားပြီဆိုရင်တော့ ကိုယ်ဝန် ပြတ်ကျနိုင်ခြေဟာ ၂ ရာခိုင်နှုန်းအောက်ကို နည်းသွားပါပြီ။ အဲဒီလိုအခါ မျိုး မှာတော့ ဗိုက်ကို တိုက်ရိုက်မထိတဲ့ (position) အနေအထားမျိုးနဲ့ ကိုယ့် ရဲ့ အမျိုးသားနဲ့ ဆက်ဆံနိုင်ပါတယ်။ တကယ်လို့များ ကိုယ်ဝန်သည်အနေနဲ့ ကိုယ်ဝန်ရှိနေစဉ်မှာ ရေမွှာပေါက်တယ်၊ သွေးဆင်းတဲ့ပြဿနာရှိတယ်၊ တစ်ခုခုပြဿနာရှိတယ်ဆိုရင်တော့ ရှောင်သင့်ပါတယ်။ ခုန က ၁၃ ပတ်ကျော်ရင် ဆက်ဆံနိုင်တာကတော့ ပုံမှန်ဘာပြဿနာမှ မရှိထားဘူး ဆိုရင်တော့ ဆက်ဆံနိုင်ပါတယ်။ ပြီးရင် မွေးခါနီးဖြစ်တဲ့ ၃၆ ၊ ၃၈ ပတ်ကျော်ပြီ အဲဒီလိုအခါမျိုး ဆိုရင်တော့ အမျိုးသားနဲ့ အတူတူ ဆက်ဆံတာကို ပြန်ရှောင်သင့်ပါတယ်။

မွေးလမ်းကြောင်းမှာ အတူတူနေတဲ့အခါ အမျိုးသားရဲ့ သုတ် (semen) ထဲမှာ ပိုးပါတာ မပါတာ မသိနိုင်ဘူးလေ။ ပြီးတော့ မွေးလမ်းကြောင်းမှာလဲ ထိခိုက်ရှနာ မရှိစေချင်တဲ့အတွက်ကြောင့် ရှောင်ခိုင်းတာဖြစ်ပါတယ်။ အတူနေတဲ့အတွက် မိန်းမကိုယ်ကညှစ်တဲ့အခါကျရင် စောပြီး ရေမွှာပေါက်တာ၊ စောပြီးဗိုက်နာတာတွေ ဖြစ်မှာကြောက်လို့ အကြမ်းအားဖြင့် ကိုယ်ဝန် ၁၃ ပတ် ကနေ ပြီးတော့ ၃၆ ပတ် အတွင်း ဘာမှ ပြဿနာမရှိရင် အတူတူနေလို့ ရပါတယ်။

မှတ်ချက်။ ။ မေ့ရင်သွေးမဂ္ဂဇင်း မတ်လထုတ်မှ ဒေါက်တာသင်းသင်းအောင်နှင့် အင်တာဗျူးတချို့ကို ဖော်ပြပေးခြင်း ဖြစ်ပါတယ်။

ရွှေကျေး(မိုမိုလေး)
#Achitlwinpyin
ကိုယ်ဝန်ဆောင်ထားစဉ် ဘယ်အချိန်တွေမှာ အမျိုးသားနဲအတူနေနေနိုင်လဲ ကိုယ်ဝန်ဆောင်ထားစဉ် ဘယ်အချိန်တွေမှာ အမျိုးသားနဲအတူနေနေနိုင်လဲ Reviewed by Naethit on Wednesday, May 17, 2017 Rating: 5

No comments