ပန္းသီးပုစၦာ

တစ္ခါတုန္းက မူလတန္းျပဆရာမေလးတစ္ေယာက္ဟာ ခုႏွစ္ႏွစ္အရြယ္ေက်ာင္းသားေလးကို သခ်ၤာပုစာၦေမးပါတယ္။

“ သားကို ပန္းသီးတစ္လုံး ေနာက္ထပ္ပန္းသီးတစ္လုံး ေနာက္ထပ္ပန္းသီးတစ္လုံး ေပးမယ္ဆိုရင္ သားမွာ ပန္းသီးဘယ္ႏွလုံးရွိမလဲ”

ခ်က္ခ်င္းပဲေက်ာင္းသားေလးက ျပန္ေျဖတယ္…

“ ေလးလုံးပါ ဆရာမ”
ဘာမွမခက္တဲ့အေျဖ သုံးလုံးဆိုတာကို ဆရာမကလိုခ်င္တာ..။ ဆရာမ စိတ္ပ်က္သြားတယ္..။ ဒါေပမယ့္ သူေတြးလိုုက္မိတယ္ … ကေလးက ေမးခြန္းကို ေသခ်ာနားေထာင္မထားလုိ႔ျဖစ္မယ္ဆိုၿပီး ထပ္ေမးျပန္တယ္..။

“ေသခ်ာနားေထာင္ေနာ္ သား … ဆရာမက သားကို ပန္းသီးတစ္လုံး ေနာက္တစ္လုံး ေနာက္တစ္လုံး ေပးမယ္ဆိုရင္ သားမွာ ပန္းသီးဘယ္ႏွစ္လုံးရွိမလဲ”

ေက်ာင္းသားေလးဟာ သူ႔အေျဖကိုဆရာမမႀကိဳက္မွန္းသိလို႔ ေသခ်ာေအာင္ လက္ခ်ိဳးေရၾကည့္ၿပီး အေျဖရွာပါတယ္..။ ဒီတစ္ခါ ရွာတဲ့အေျဖက အေျဖမွန္မဟုတ္ဘဲ ဆရာမႀကိဳက္မယ့္အေျဖကိုပါ… ဒါေပမယ့္ သူသိတဲ့ အေျဖမွန္ကိုပဲ တုံ႔ဆိုင္းတုံ႔ဆိုင္းနဲ႔ ျပန္ေျဖပါတယ္…။

“ ေလး..လုံးပါဆရာမ ”

ဆရာမ စိတ္ပ်က္ေနတုန္းပါပဲ… ဒါေပမယ့္ ဆရာမက ေကာင္းေလးစေတာ္ဘယ္ရီသီး ႀကိဳက္တာကို သတိရမိတယ္..။ ဒီကေလးဟာ ပန္းသီးႀကိဳက္ပုံမရဘူး ။ ဒါေၾကာင့္ သူအာရုံမစိုက္တာျဖစ္မယ္…သူႀကိဳက္တဲ စေတာ္ဘယ္ရီသီးနဲ႔ ေမးရင္ေတာ့ သူစိတ္ဝင္စားၿပီး အေျဖမွန္ေအာင္တြက္ႏုိင္မွာပဲလို႔ စဥ္းစားမိတယ္..။ တယ္ေတာ္တဲ့ ငါပါလားလို႔လဲ သူ႔အေတြးနဲ႔သူေက်နပ္ၿပီး ေပ်ာ္သြားတယ္…ေနာက္ၿပီး ထပ္ေမးျပန္တယ္…။

“ ကဲ သား … ဆရာမထပ္ေမးမယ္…သားကို စေတာ္ဘယ္ရီသီးတစ္လုံး ေနာက္ထပ္စေတာ္ဘယ္ရီသီးတစ္လုံး ေနာက္ထပ္စေတာ္ဘယ္ရီသီးတစ္လုံး ေပးမယ္ဆိုရင္ သားမွာ စေတာ္ဘယ္ရီသီးဘယ္ေလာက္ရွိမလဲ…”

ဆရာမမ်က္ႏွာရႊင္ေနတာကို ၾကည့္ၿပီး ေကာင္ေလးလည္း သူ႔လက္ကေလးေတြကို ေသခ်ာခ်ဳိးၿပီးေရတြက္ပါတယ္…။ ၿပီးေတာ့ ၿပံဳးစ⁠စနဲ႔ ျပန္ေျဖပါတယ္…

“ သုံးလုံးပါဆရာမ”

ဒီအခ်ိန္မွာေတာ့ ဆရာမဟာ ေအာင္ႏူိင္သူအၿပံဳးႀကီးၿပံဳးလို႔ေပါ့…။ သူ႔ကိုယ္သူလည္း တယ္အေတြးေကာင္းတဲ့ငါပါလားလို႔ ေတြးၿပီးေက်နပ္ေနတာေပါ့..။ ဒါဆိုသူ ပထမပုစာၦကို ေျဖႏို္င္မွာပဲ ဆိုၿပီး ပထမေမးခြန္းကို ထပ္ေမးျပန္တယ္…။

“ ဒါဆုိ သားကို ဆရာမက ပန္းသီးတစ္လုံး ေနာက္တစ္လုံး ေနာက္တစ္လုံး ေပးမယ္ဆိုရင္ သားမွာ ပန္းသီးဘယ္ႏွလုံးရွိမလဲ…”

ေကာင္ေလးလည္း ခ်က္ခ်င္းေျဖတယ္…

“ ေလးလုံးပါ ဆရာမ”

ဒီတစ္ခါမွာေတာ့ ဆရာမ ႀကီးအက်ယ္ေဒါသထြက္သြားပါၿပီ…။

“ ဘာလို႔ ေလးလုံးျဖစ္ေနရျပန္တာလဲ” လို႔ ခပ္ထန္ထန္ေအာ္ေမးလိုက္ပါေတာ့တယ္…။ ေကာင္ကေလးလည္း အေတာ္ေၾကာက္သြားၿပီး တုန္တုန္ရီရီနဲ႔ ျပန္ေျဖလိုက္ပါတယ္…။

“သား…သား လြယ္အိတ္ထဲမွာလည္း ပန္းသီးတစ္လုံး ပါလာလို႔ပါ ဆရာမ…”

ဒီအေၾကာင္းအရာေလးဟာ ရယ္စရာေကာင္းတဲ့ ဟာသေလးျဖစ္သလို သင္ခန္းစာယူစရာလည္း ျဖစ္ပါတယ္…။

## တကယ္လို႔ လူတစ္ေယာက္က သင္မေမ်ွာ္လင့္တဲ့ အေျဖတစ္ခုေပးလာတဲ့အခါ အဲဒီအေျဖမွားတယ္လို႔ မယူဆလိုက္ပါနဲ႔…။ သူတို႔မွာလည္း သင္ျမင္မထားတဲ့ ရႈေထာင့္ေတြရွိေနႏိုင္ပါတယ္…##


Unicode

တစ်ခါတုန်းက မူလတန်းပြဆရာမလေးတစ်ယောက်ဟာ ခုနှစ်နှစ်အရွယ်ကျောင်းသားလေးကို သချၤာပုစ္ဆာမေးပါတယ်။

“ သားကို ပန်းသီးတစ်လုံး နောက်ထပ်ပန်းသီးတစ်လုံး နောက်ထပ်ပန်းသီးတစ်လုံး ပေးမယ်ဆိုရင် သားမှာ ပန်းသီးဘယ်နှလုံးရှိမလဲ”

ချက်ချင်းပဲကျောင်းသားလေးက ပြန်ဖြေတယ်…

“ လေးလုံးပါ ဆရာမ”
ဘာမှမခက်တဲ့အဖြေ သုံးလုံးဆိုတာကို ဆရာမကလိုချင်တာ..။ ဆရာမ စိတ်ပျက်သွားတယ်..။ ဒါပေမယ့် သူတွေးလိုက်မိတယ် … ကလေးက မေးခွန်းကို သေချာနားထောင်မထားလို့ဖြစ်မယ်ဆိုပြီး ထပ်မေးပြန်တယ်..။

“သေချာနားထောင်နော် သား … ဆရာမက သားကို ပန်းသီးတစ်လုံး နောက်တစ်လုံး နောက်တစ်လုံး ပေးမယ်ဆိုရင် သားမှာ ပန်းသီးဘယ်နှစ်လုံးရှိမလဲ”

ကျောင်းသားလေးဟာ သူ့အဖြေကိုဆရာမမကြိုက်မှန်းသိလို့ သေချာအောင် လက်ချိုးရေကြည့်ပြီး အဖြေရှာပါတယ်..။ ဒီတစ်ခါ ရှာတဲ့အဖြေက အဖြေမှန်မဟုတ်ဘဲ ဆရာမကြိုက်မယ့်အဖြေကိုပါ… ဒါပေမယ့် သူသိတဲ့ အဖြေမှန်ကိုပဲ တုံ့ဆိုင်းတုံ့ဆိုင်းနဲ့ ပြန်ဖြေပါတယ်…။

“ လေး..လုံးပါဆရာမ ”

ဆရာမ စိတ်ပျက်နေတုန်းပါပဲ… ဒါပေမယ့် ဆရာမက ကောင်းလေးစတော်ဘယ်ရီသီး ကြိုက်တာကို သတိရမိတယ်..။ ဒီကလေးဟာ ပန်းသီးကြိုက်ပုံမရဘူး ။ ဒါကြောင့် သူအာရုံမစိုက်တာဖြစ်မယ်…သူကြိုက်တဲ စတော်ဘယ်ရီသီးနဲ့ မေးရင်တော့ သူစိတ်ဝင်စားပြီး အဖြေမှန်အောင်တွက်နိုင်မှာပဲလို့ စဉ်းစားမိတယ်..။ တယ်တော်တဲ့ ငါပါလားလို့လဲ သူ့အတွေးနဲ့သူကျေနပ်ပြီး ပျော်သွားတယ်…နောက်ပြီး ထပ်မေးပြန်တယ်…။

“ ကဲ သား … ဆရာမထပ်မေးမယ်…သားကို စတော်ဘယ်ရီသီးတစ်လုံး နောက်ထပ်စတော်ဘယ်ရီသီးတစ်လုံး နောက်ထပ်စတော်ဘယ်ရီသီးတစ်လုံး ပေးမယ်ဆိုရင် သားမှာ စတော်ဘယ်ရီသီးဘယ်လောက်ရှိမလဲ…”

ဆရာမမျက်နှာရွှင်နေတာကို ကြည့်ပြီး ကောင်လေးလည်း သူ့လက်ကလေးတွေကို သေချာချိုးပြီးရေတွက်ပါတယ်…။ ပြီးတော့ ပြုံးစ⁠စနဲ့ ပြန်ဖြေပါတယ်…

“ သုံးလုံးပါဆရာမ”

ဒီအချိန်မှာတော့ ဆရာမဟာ အောင်နိူင်သူအပြုံးကြီးပြုံးလို့ပေါ့…။ သူ့ကိုယ်သူလည်း တယ်အတွေးကောင်းတဲ့ငါပါလားလို့ တွေးပြီးကျေနပ်နေတာပေါ့..။ ဒါဆိုသူ ပထမပုစ္ဆာကို ဖြေနိုင်မှာပဲ ဆိုပြီး ပထမမေးခွန်းကို ထပ်မေးပြန်တယ်…။

“ ဒါဆို သားကို ဆရာမက ပန်းသီးတစ်လုံး နောက်တစ်လုံး နောက်တစ်လုံး ပေးမယ်ဆိုရင် သားမှာ ပန်းသီးဘယ်နှလုံးရှိမလဲ…”

ကောင်လေးလည်း ချက်ချင်းဖြေတယ်…

“ လေးလုံးပါ ဆရာမ”

ဒီတစ်ခါမှာတော့ ဆရာမ ကြီးအကျယ်ဒေါသထွက်သွားပါပြီ…။

“ ဘာလို့ လေးလုံးဖြစ်နေရပြန်တာလဲ” လို့ ခပ်ထန်ထန်အော်မေးလိုက်ပါတော့တယ်…။ ကောင်ကလေးလည်း အတော်ကြောက်သွားပြီး တုန်တုန်ရီရီနဲ့ ပြန်ဖြေလိုက်ပါတယ်…။

“သား…သား လွယ်အိတ်ထဲမှာလည်း ပန်းသီးတစ်လုံး ပါလာလို့ပါ ဆရာမ…”

ဒီအကြောင်းအရာလေးဟာ ရယ်စရာကောင်းတဲ့ ဟာသလေးဖြစ်သလို သင်ခန်းစာယူစရာလည်း ဖြစ်ပါတယ်…။

## တကယ်လို့ လူတစ်ယောက်က သင်မမျှော်လင့်တဲ့ အဖြေတစ်ခုပေးလာတဲ့အခါ အဲဒီအဖြေမှားတယ်လို့ မယူဆလိုက်ပါနဲ့…။ သူတို့မှာလည်း သင်မြင်မထားတဲ့ ရှုထောင့်တွေရှိနေနိုင်ပါတယ်…##



ပန္းသီးပုစၦာ ပန္းသီးပုစၦာ Reviewed by Naethit on Tuesday, May 09, 2017 Rating: 5

No comments