အရက်ကို လုံးဝမသောက်သူတွေထက်စာရင် ကိုယ့် Limit လေးနဲ့ကိုယ် သောက်သုံးသူတွေဟာ အသက်ပိုရှည်ကြ



မကြာသေးခင်က ပြုလုပ်ထားတဲ့ သုတေသနတစ်ခုအရ အရက်ကို ပုံမှန်သောက်သုံးသူဟာ မသောက်တဲ့သူထက် အသက်ပိုရှည်ရှည် နေထိုင်ရကြောင်း ဖော်ပြထားပါတယ်။ ဒါပေမယ့် နေ့စဉ်နေ့တိုင်း အလွန်အကျွံသောက်သုံးတာမျိုး မဟုတ်ပဲ ကိုယ့် limit နဲ့ကိုယ် သောက်သုံးတဲ့သူတွေကို ဆိုလိုပါတယ်တဲ့။ အရက်သမားတစ်ယောက်လို နေ့စဉ်နေ့တိုင်း မူးရူးအောင် သောက်တာမျိုး၊ အလွန်အကျွံသောက်တာမျိုး ဆိုရင်တော့ အရက်စွဲသွားမှာ သေချာပြီး အသည်းရောဂါနဲ့ ကင်ဆာဖြစ်နိုင်ခြေ များသွားပါလိမ့်မယ်။ 

Texas တက္ကသိုလ်က စိတ်ပညာရှင် Charles Holahan ဦးဆောင်တဲ့  သုတေသနပညာရှင်တွေဟာ ဒါကို သုတေသနတစ်ရပ် ပြုလုပ်ခဲ့ပြီး အသက် ၂၀၊ ၅၅ နဲ့ ၆၅ ၀န်းကျင်ရှိသူတွေကို လေ့လာခဲ့ကြပါတယ်။ သူတို့နဲ့ပတ်သက်ပြီး သူတို့ရဲ့ လူနေမှုဘ၀၊ ပေါင်းင်းဆက်ဆံရေး စတာတွေကိုပါ လေ့လာခဲ့ကြတာ ဖြစ်ပါတယ်။

သူတို့တွေ့ရှိခဲ့တာက အကျင့်စာရိတ္တပိုင်းဆိုင်ရာတွေမှာ အရက်ကို လုံးဝမသောက်တဲ့သူတွေဟာ အရက်အလွန်ကျွံသောက်တဲ့သူတွေထက် စာရိတ္တပိုင်း အားနည်းကြပြီး တစ်နေ့ကို တစ်ခွက်ကနေ သုံးခွက်လောက်ထိ ပုံမှန်လေး သောက်ပေးတဲ့သူတွေထက်စာရင် ပိုဆိုးဝါးကြတယ်လို့ သိရပါတယ်။ 

သေဆုံးမှုပိုင်းဆိုင်ရာမှာတော့ အရက်လုံးဝမသောက်တဲ့ သူတွေ ၆၉ရာခိုင်နှုန်းသေဆုံးနေချိန် ပုံမှန်သောက်သုံးပေးနေသူတွေကတော့ ၄၁ရာခိုင်နှုန်းသာ သေဆုံးကြကြောင်းလည်း နှိုင်းယှဉ်ပြထားပါတယ်။ ခုလို ပြောခြင်းအားဖြင့် အရက်သောက်တဲ့သူတွေဟာ မသောက်တဲ့သူတွေထက် ပိုအသက်ရှည်ကြတယ်ဆိုတာ ယုံနိုင်စရာမရှိဘူးလို့ ထင်ကြပါလိမ့်မယ်။ ဒါပေမယ့် အရက်မှာလည်း သူ့ဟာနဲ့သူ ကောင်းကျိုးတွေ ရှိနေပါတယ်။ ခုနပြောသလို အလွန်အကျွံလုပ်မယ်ဆိုရင်တော့ အရက်မှ မဟုတ်ပါဘူး။ ဘယ်အရာမှ မကောင်းပါဘူး။ 

လေ့လာမှုအရ အရက်သောက်တဲ့အခါ လူမှုဆက်ဆံရေးပိုင်းနဲ့ စိတ်ပိုင်းဆိုင်ရာ ကျန်းမာရေး အတွက် ကောင်းကျိုးတွေ ဖြစ်စေနိုင်ပါတယ်။ အခြေခံအားဖြင့် အရက်သောက်တဲ့သူတွေဟာ သူတို့စိတ် ပျော်ရွှင်နေတတ်ကြပြီး ဒါက စိတ်ပိုင်းဆိုင်ရာရော ရုပ်ပိုင်းဆိုင်ရာ ကျန်းမာရေးအတွက်ပါ ဒါက အထောက်အကူဖြစ်စေပါတယ်။ အဲ့ဒီအချိန် လုံးဝမသောက်တဲ့ လူတွေကတော့ စိတ်ဖိစီးမှုတွေကနေ ရုန်းမထွက်နိုင် ဖြစ်နေကြပါတယ်။ 

ဒါ့ကြောင့် ဘယ်အရာမဆို ကောင်းကျိုး ဆိုးကျိုးတွေ ရှိနေတတ်တာကြောင့် အလွန်အကျွံမလုပ်ကြပဲ ကိုယ့် limitလေးနဲ့ ကိုယ် ကစ်ကြပါလို့။
 #Achitlwinpyin 
Ref:yourtango
အရက်ကို လုံးဝမသောက်သူတွေထက်စာရင် ကိုယ့် Limit လေးနဲ့ကိုယ် သောက်သုံးသူတွေဟာ အသက်ပိုရှည်ကြ အရက်ကို လုံးဝမသောက်သူတွေထက်စာရင် ကိုယ့် Limit လေးနဲ့ကိုယ် သောက်သုံးသူတွေဟာ အသက်ပိုရှည်ကြ Reviewed by Naethit on Wednesday, May 17, 2017 Rating: 5

No comments