အိမ်ထောင်ဖက်အဖြစ် မရွေးချယ်သင့်သော ယောကျာ်းများ


<<< ၀န်တိုလွန်းသူ >>> 

အရမ်းသ၀န်တိုတတ်တဲ့ သူတွေကိုလည်း ရှောင့်သင့်ပါတယ်..။ ခုခေတ်က မိန်းမယောကျာ်း ရင်ဘောင်တန်း အလုပ်လုပ်နေကြရတဲ့ခေတ်ပါ ...။ ဒီလိုခြေနေမျိုးမှာ ဟိုလူနဲ့ မသွားရဘူး... ဒီလူနဲ့မပေါင်းရဘူး ဆိုရင်တော့ အလုပ်လုပ်နေရတဲ့ 
အမျိုးသမီးတစ်ယောက်အတွက် အခက်အခဲရှိနိုင်တာမို့ ၀န်တိုလွန်းတဲ့သူမျိုးကို ရှောင်ကြဉ်သင့်ပါတယ်..။ 

<<< အသောက်အစား အပျော်အပါး လိုက်စားချင်သူ >>> 

သောက်မယ် ၊စားမယ် ၊ ပါတီတက်မယ် ၊ မိန်းမမြင်ရင် ရောရောနှောနှောနေချင်တယ်ဆိုတဲ့ အမျိုးသားတွေကိုလည်း အိမ်ထောင်ဖက်အဖြစ် မရွေးချယ်သင့်ပါဘူး။ ဒီလိုအမျိုးသားတွေက အိမ်ထောင်ရေးဖောက်ပြန်ဖို့ ရာခိုင်နှုန်းများတဲ့အတွက်ဖြစ်ပါတယ်...။ 

<<< အလောင်းကစားမက်သူ >>> 

ဘောလုံးပွဲလောင်း၊ ဖဲရိုက် ၊ ကြက်တိုက် ...စတဲ့ အလောင်းကစားခုံမင်တဲ့ ယောကျာ်းတွေကိုလည်း ရှောင်သင့်ပါတယ်နော်..။ အဲ့ဒီလူတွေက ရှာထားသမျှ စည်းစိမ်တစ်ခါတည်း ပြုတ်အောင်ဖြုတ်ပေးမယ့် သူတွေဖြစ်တဲ့အတွက်ကြောင့်ပါပဲ..။ 

<<< အလုပ်အကိုင်ပျင်းရိသူ >>> 

အလုပ်အကိုင်ကို မယ်မယ်ရရမလုပ်ချင်ဘဲ ဟိုယောင်ယောင် ဒီယောင်ယောင်လုပ်နေတဲ့ ယောကျာ်းမျိုးကိုလည်း ဘယ်လောက်ရုပ်ရည်ရှိပြီး အပြောကောင်းတဲ့သူဖြစ်ပါစေ ရှောင်ကြဉ်လိုက်ပါနော်..။ ဒီလိုလူမျိုးတွေက ဘယ်တော့မှ 
ဘ၀တိုးတက်ရာ တိုးတက်ကြောင်းကို စိတ်ဝင်စားမှာမဟုတ်လို့ ပြည့်စုံပျော်ရွှင်ရတဲ့ မိသားစုဘ၀ကိုလည်း ဖန်တီးပေးနိုင်မှာမဟုတ်ပါဘူး။။ မတော်ရင် အမျိုးသမီးက ရှာကျွေးရမယ့်အဆင့်ထိ ရောက်သွားနိုင်ပါတယ်..။ 

<<< အတ္တကြီးသူ >>> 

အရာအားလုံး ငါ့အတွက်ဆိုတဲ့ စိတ်နဲ့ ကြီးပြင်းလာတဲ့ သူကိုလည်း မရွေးချယ်သင့်ပါဘူး ...။ လူတိုင်းအားနည်းချက် ကိုယ်စီ ရှိကြပါတယ်..။ ဒီလိုလူမျိုးတွေကတော့ တစ်ပါးသူရဲ့ အားနည်းချက်ကို နားလည်ပေးနိုင်မယ့် သူမဟုတ်လို့ အတ္တကြီးတဲ့ အမျိုးသားတွေကိုရွေးချယ်မိရင် စိတ်ချမ်းသာပျော်ရွှင်ရမယ့် အိမ်ထောင်ရေးကို ပိုင်ဆိုင်နိုင်မှာမဟုတ်ပါဘူး 

<<< မျှတမှုမရှိသူ >>> 

အိမ်ထောင်တစ်ခုရယ်လို့ ဖြစ်လာတဲ့အခါ နှစ်ဖက်မိဘ၊ နှစ်ဖက်ဆွေမျိုးတွေနဲ့ ပတ်သတ်ဆက်ဆံရတော့မှာဖြစ်ပါတယ်... ဒီလိုအခြေနေမျိုးမှာ သူ့ဘက် ငါ့ဘက် မျှမျှတတ မတွေးပေးတတ်၊ မစဉ်းစားပေးတတ်တဲ့ အမျိုးသားကို ပိုင်ဆိုင်ထားမယ်ဆိုရင်တော့ မိန်းမတစ်ယောက်အနေနဲ့ စိတ်ဆင်းရဲစရာတွေ တွေ့ကြုံခံစားရနိုင်ပါတယ်..။ 

မိုမိုလေး ရဲ့ အမျိုးသမီးချစ်ပရိတ်သတ်များလည်း ကောင်းမွန်သာယာတဲ့ အိမ်ထောင်တစ်ခုကိုဖန်တီးပေးနိုင်တဲ့ အမျိုးသားကောင်းလေးတွေနဲ့ ဆုံတွေ့နိုင်ပါစေနော်...

ကိုယ့်ချစ်သူ အမျိုးသားကကော ဘယ်လိုပုံစံမျိုးလဲ

#Achitlwinpyin
Credit:momolay
အိမ်ထောင်ဖက်အဖြစ် မရွေးချယ်သင့်သော ယောကျာ်းများ အိမ်ထောင်ဖက်အဖြစ် မရွေးချယ်သင့်သော ယောကျာ်းများ Reviewed by Naethit on Wednesday, May 17, 2017 Rating: 5

No comments