ခ်စ္တင္းေႏွာျခင္းျဖင့္ ကုသႏုိင္တဲ့ က်န္းမာေရးျပသနာ (၄) ခု

နာက်င္ကုိက္ခဲမႈေဝဒနာေတြ ခံစားရပါက ေဆးဝါးေတြ ခဏေမ့ထားျပီး ပိုမိုက်န္းမာတဲ့ စိတ္၊ ခႏၶာရရိွပုိင္ဆုိင္ဖုိ႔ ခ်စ္တင္းေႏွာမႈ ျပဳလုပ္ပါ။ ခ်စ္တင္းေႏွာျခင္းမွာ ရုပ္ရည္ ပိုမိုႏုပ်ဳိေစျခင္းကစ ေရာဂါေဝဒနာကင္းေဝးမႈအဆုံး အက်ဳိးေက်းဇူးမ်ားစြာ ရိွပါတယ္။ ဒီက်န္းမာေရးအက်ဳိးေက်းဇူးေတြ သိမ္းပုိက္ရယူဖုိ႔ ႏွစ္စဥ္ ကိုယ္လက္ႏွီးေႏွာရာမွာ စိတ္လႈပ္ရွားမႈ အၾကိမ္ေရ ၂၀၀ ဝန္းက်င္ ရိွသင့္တယ္လုိ႔ အေမရိကန္ႏုိင္ငံ ေျမာက္ကယ္လုိလုိင္းနားျပည္နယ္ Duke တကၠသုိလ္က မၾကာေသးမီေလ့လာမႈတစ္ခုက အခုိင္အမာ ေျပာဆိုထားပါတယ္။
ေနာက္ ဒီလုိုအေျခအေနေတြ႔ၾကဳံတဲ့အခါ အကုိက္အခဲေပ်ာက္ေဆးေတြ ခ်က္ခ်င္းမမွီဝဲဘဲ ခ်စ္တင္းေႏွာမႈ အရင္လုပ္ၾကည့္ပါ။
၁။ ေခါင္းကိုက္ေဝဒနာ
ကာမဂုဏ္ခံစားမႈအထြတ္အထိပ္ေရာက္ျခင္းက ေခါင္းကိုက္ေဝဒနာေတြ အထူးသျဖင့္ ေခါင္းတစ္ျခမ္းကိုက္မႈ သက္သာေစႏုိင္ပါတယ္။ ဘယ္လက္တြဲေဖာ္ျဖစ္ျဖစ္၊ ဘယ္အေနအထားသုံးသုံး၊ ဘယ္လုိလိင္ကိစၥမ်ဳိးေဆာင္ရြက္ျခင္းမဆို အက်ဳိးေက်းဇူးရရိွႏုိင္တယ္လို႔ Cephalalgia ဂ်ာနယ္မွာ ေဖာ္ျပထားတဲ့ ၂၀၁၃ ခုႏွစ္ေလ့လာမႈတစ္ခုအရ သိရပါတယ္။ ဒါေပမယ့္ ေဝဒနာသက္သာမႈအက်ဳိးေက်းဇူးေတြ ရရိွေအာင္ ကိုယ္လက္ႏီွးေႏွာရာမွာ စိတ္လႈပ္ရွားမႈ အျပည့္အဝရိွုဖုိ႔ လိုအပ္ပါတယ္။
၂။ ၾကိဳ႕ထုိးျခင္း
လြယ္လြယ္နဲ႔မေပ်ာက္တဲ့ ၾကိဳ႕ထုိးျခင္းကို ၾကိဳ႕ထုိးစဥ္ ရုတ္တရက္တစ္ေနရာရုိက္ပုတ္ျခင္းျဖင့္ ေပ်ာက္ကင္းေစႏုိင္ပါတယ္။ အသက္ ၄၀ အရြယ္အမ်ဳိးသားတစ္ဦးက သူ႔ရဲ႕အေသာမသတ္ႏုိင္တဲ့ၾကိဳ႕ထိုးမႈျပသနာကို ခ်စ္တင္းေႏွာစဥ္ သုတ္လႊတ္ျပီးေနာက္ ေပ်ာက္ကင္းေစခဲ့ပါတယ္။ ခ်စ္တင္းေႏွာရာတြင္ စိတ္လႈပ္ရွားမႈက ၾကိဳ႕ထုိးျခင္းကို သက္သာေစပါသတဲ့။ ဒီနည္းက အမ်ဳိးသမီးေတြအတြက္လည္း အသုံးဝင္တယ္လုိ႔ ေနာက္ေလ့လာမႈတစ္ခုက ေတြ႔ရိွခဲ့ပါတယ္။
၃။ ကုိယ္ဝန္ေဆာင္ကာလ ပ်ဳိ႕အန္ျခင္း
အမ်ဳိးသမီးေတြအေနနဲ႔ ကိုယ္ဝန္ေဆာင္ကာလ ပ်ဳိ႕အန္ခ်င္စိတ္ တားဆီးဖုိ႔ ပါးစပ္ျဖင့္ ကာမဂုဏ္ခံစားမႈ oral sex ျပဳလုပ္ေပးသင့္တယ္လုိ႔ က်န္းမာေရးဆုိင္ရာကြ်မ္းက်င္သူတစ္ဦးက ဆုိပါတယ္။
၄။ ရာသီမလာမီ နာက်င္ကိုက္ခဲမႈေဝဒနာ
Oxytocin ေဟာ္မုန္း (love hormone) ထြက္မႈေၾကာင့္ ရာသီမလာမီ နာက်င္ကိုက္ခဲမႈေဝဒနာ သက္သာေစႏုိင္ပါတယ္။ ဒီေတာ့ ကိုယ္လက္ႏွီးေႏွာရာမွာ စိတ္လႈပ္ရွားတက္ၾကြမႈနဲ႔ ဆႏၵျပင္းျပမႈက ဗုိက္ေအာင့္မႈ သက္သာေပ်ာက္ကင္းေစႏုိင္ပါတယ္။ 
Ref: ladiescaretips

Unicode

နာကျင်ကိုက်ခဲမှုဝေဒနာတွေ ခံစားရပါက ဆေးဝါးတွေ ခဏမေ့ထားပြီး ပိုမိုကျန်းမာတဲ့ စိတ်၊ ခန္ဓာရရှိပိုင်ဆိုင်ဖို့ ချစ်တင်းနှောမှု ပြုလုပ်ပါ။ ချစ်တင်းနှောခြင်းမှာ ရုပ်ရည် ပိုမိုနုပျိုစေခြင်းကစ ရောဂါဝေဒနာကင်းဝေးမှုအဆုံး အကျိုးကျေးဇူးများစွာ ရှိပါတယ်။ ဒီကျန်းမာရေးအကျိုးကျေးဇူးတွေ သိမ်းပိုက်ရယူဖို့ နှစ်စဉ် ကိုယ်လက်နှီးနှောရာမှာ စိတ်လှုပ်ရှားမှု အကြိမ်ရေ ၂၀၀ ဝန်းကျင် ရှိသင့်တယ်လို့ အမေရိကန်နိုင်ငံ မြောက်ကယ်လိုလိုင်းနားပြည်နယ် Duke တက္ကသိုလ်က မကြာသေးမီလေ့လာမှုတစ်ခုက အခိုင်အမာ ပြောဆိုထားပါတယ်။

နောက် ဒီလိုအခြေအနေတွေ့ကြုံတဲ့အခါ အကိုက်အခဲပျောက်ဆေးတွေ ချက်ချင်းမမှီဝဲဘဲ ချစ်တင်းနှောမှု အရင်လုပ်ကြည့်ပါ။

၁။ ခေါင်းကိုက်ဝေဒနာ

ကာမဂုဏ်ခံစားမှုအထွတ်အထိပ်ရောက်ခြင်းက ခေါင်းကိုက်ဝေဒနာတွေ အထူးသဖြင့် ခေါင်းတစ်ခြမ်းကိုက်မှု သက်သာစေနိုင်ပါတယ်။ ဘယ်လက်တွဲဖော်ဖြစ်ဖြစ်၊ ဘယ်အနေအထားသုံးသုံး၊ ဘယ်လိုလိင်ကိစ္စမျိုးဆောင်ရွက်ခြင်းမဆို အကျိုးကျေးဇူးရရှိနိုင်တယ်လို့ Cephalalgia ဂျာနယ်မှာ ဖော်ပြထားတဲ့ ၂၀၁၃ ခုနှစ်လေ့လာမှုတစ်ခုအရ သိရပါတယ်။ ဒါပေမယ့် ဝေဒနာသက်သာမှုအကျိုးကျေးဇူးတွေ ရရှိအောင် ကိုယ်လက်နှီးနှောရာမှာ စိတ်လှုပ်ရှားမှု အပြည့်အဝရှိုဖို့ လိုအပ်ပါတယ်။

၂။ ကြို့ထိုးခြင်း

လွယ်လွယ်နဲ့မပျောက်တဲ့ ကြို့ထိုးခြင်းကို ကြို့ထိုးစဉ် ရုတ်တရက်တစ်နေရာရိုက်ပုတ်ခြင်းဖြင့် ပျောက်ကင်းစေနိုင်ပါတယ်။ အသက် ၄၀ အရွယ်အမျိုးသားတစ်ဦးက သူ့ရဲ့အသောမသတ်နိုင်တဲ့ကြို့ထိုးမှုပြသနာကို ချစ်တင်းနှောစဉ် သုတ်လွှတ်ပြီးနောက် ပျောက်ကင်းစေခဲ့ပါတယ်။ ချစ်တင်းနှောရာတွင် စိတ်လှုပ်ရှားမှုက ကြို့ထိုးခြင်းကို သက်သာစေပါသတဲ့။ ဒီနည်းက အမျိုးသမီးတွေအတွက်လည်း အသုံးဝင်တယ်လို့ နောက်လေ့လာမှုတစ်ခုက တွေ့ရှိခဲ့ပါတယ်။

၃။ ကိုယ်ဝန်ဆောင်ကာလ ပျို့အန်ခြင်း

အမျိုးသမီးတွေအနေနဲ့ ကိုယ်ဝန်ဆောင်ကာလ ပျို့အန်ချင်စိတ် တားဆီးဖို့ ပါးစပ်ဖြင့် ကာမဂုဏ်ခံစားမှု oral sex ပြုလုပ်ပေးသင့်တယ်လို့ ကျန်းမာရေးဆိုင်ရာကျွမ်းကျင်သူတစ်ဦးက ဆိုပါတယ်။

၄။ ရာသီမလာမီ နာကျင်ကိုက်ခဲမှုဝေဒနာ

Oxytocin ဟော်မုန်း (love hormone) ထွက်မှုကြောင့် ရာသီမလာမီ နာကျင်ကိုက်ခဲမှုဝေဒနာ သက်သာစေနိုင်ပါတယ်။ ဒီတော့ ကိုယ်လက်နှီးနှောရာမှာ စိတ်လှုပ်ရှားတက်ကြွမှုနဲ့ ဆန္ဒပြင်းပြမှုက ဗိုက်အောင့်မှု သက်သာပျောက်ကင်းစေနိုင်ပါတယ်။ 

Ref: ladiescaretips

ခ်စ္တင္းေႏွာျခင္းျဖင့္ ကုသႏုိင္တဲ့ က်န္းမာေရးျပသနာ (၄) ခု ခ်စ္တင္းေႏွာျခင္းျဖင့္ ကုသႏုိင္တဲ့ က်န္းမာေရးျပသနာ (၄) ခု Reviewed by Naethit on Sunday, April 30, 2017 Rating: 5

No comments