အမေတြရိွတာ ဘာေၾကာင့္ေကာင္းတာလဲ?

အစ္မတစ္္ေယာက္ရွိတာက ကမၻာေပၚမွာ အေကာင္းဆံုးအရာေတြထဲက တစ္ခုပါ။ သင့္အစ္မဟာ သင့္အတြက္ အေကာင္းဆံုးသူငယ္ခ်င္းတစ္ေယာက္ဆိုလည္း မမွားပါဘူး။ သင့္အေနနဲ႔ သင့္အစ္မနဲ႔အတူ ရယ္ေမာႏိုင္တယ္၊ တစ္ေယာက္နဲ႔တစ္ေယာက္ အျပန္အလွန္စေနာက္ႏိုင္တဲ့အျပင္ သင့္ရဲ႕အေကာင္းဆံုးအခ်ိန္ေတြ၊ အဆိုးဆံုးအခ်ိန္ေတြမွာပါ သင့္နားမွာ ရွိေပးႏိုင္မယ့္သူပါ။

၁။တစ္ေယာက္နဲ႔တစ္ေယာက္အေၾကာင္း နားလည္ႏိုင္မယ္။သင္တို႔ႏွစ္ေယာက္က မိခင္၀မ္းတစ္၀မ္းထဲက ေမြးထားတာျဖစ္တဲ့အျပင္ ငယ္စဥ္ကတည္းက အနီးကပ္ရွိေနတာျဖစ္တဲ့အတြက္ တစ္ေယာက္အေၾကာင္းတစ္ေယာက္ ေကာင္းေကာင္းႀကီးကို သိေနမွာပါ။ သင္တို႔ႏွစ္ေယာက္က ငယ္တည္းက အတူရွိခဲ့တာျဖစ္တဲ့အတြက္ အစားအေသာက္ကအစ နားေထာင္တဲ့ဂီတအဆံုး သိပ္ၿပီးျငင္းခုန္စရာမ်ားမွာ မဟုတ္ပါဘူး။

၂။ရယ္ေမာစရာေတြ အတူမွ်ေ၀ႏိုင္မယ္။သင့္အေနနဲ႔ ေပါက္ကရဟာသေတြ၊ အလြဲေတြကို သင့္အစ္မကို ေျပာျပႏိုင္မွာျဖစ္သလို သင္တို႔ႏွစ္ေယာက္ငယ္ငယ္က အမွတ္တရေတြကိုပါ ျပန္ၿပီး ရယ္စရာေတြအျဖစ္ ျပန္ေျပာင္းေျပာဆိုလို႔ရပါတယ္။ သင့္ရဲ႕အစ္မေလာက္ ဘယ္သူကမွ သင့္ဟာသေတြကို နားေထာင္ေပးႏိုင္မွာလည္း မဟုတ္ပါဘူး။

၃။သင့္ဆိုးသမွ် ဂ်ီက်သမွ် ခံမယ့္သူပါ။အႀကီးေတြဟာ အငယ္ေတြေပၚမွာ အနစ္နာခံေလ့ရွိၾကၿပီး အငယ္ေတြကို ဦးစားေပးေလ့ရွိၾကပါတယ္။သင့္အေနနဲ႔ သင့္အစ္မကို ႀကိဳက္သေလာက္ဂ်ီက်လို႔ရပါတယ္။ ပူဆာလုိ႔ရပါတယ္။ သူမအေနနဲ႔သင့္ကိုအျပစ္ယူမွာ မဟုတ္ပါဘူး။သင့္အတြက္ အၿမဲေတြးၿပီး အစစအရာရာျဖည့္ဆည္းေပးမယ့္ အစ္မေတြေပါ့။

 ၄။အကုန္အက်လည္း သက္သာမယ္။မိန္းကေလးႏွစ္ေယာက္ျဖစ္တဲ့အတြက္ အ၀တ္အစားဆိုရင္ သူ႔မွာမရွိတာ ကိုယ္၀ယ္၊ ကိုယ့္မွာမရိွတာ သူ၀ယ္ၿပီး ဘီရိုျပည့္ေအာင္ျဖည့္လို႔ရပါတယ္။ မိတ္ကပ္ေတြကအစ ဖိနပ္ပါ ဆိုဒ္တူေနရင္ ေရာသမႊလို႔ေတာင္ ရေသးတယ္ေနာ္။

၅။သင့္ရဲ႕ျပႆနာေတြကို ဒိုင္ခံနားေထာင္ေပးမယ့္သူပါ။သင့္အေနနဲ႔ အိမ္က မိဘေတြ မသိေစခ်င္တဲ့ကိစၥေတြကအစ ရည္းစားအေၾကာင္းအဆံုး အကုန္သာေျပာ၊ သင့္အစ္မက ဒိုင္ခံထိုင္နားေထာင္ေပးမွာပါ။ သူမအေနနဲ႔သင့္ကို အႀကံဥာဏ္ေတြေပးမွာျဖစ္သလိုသင္စိတ္သက္သာရမယ့္ နည္းလမ္းေတြကို ရွာေပးမယ့္သူပါ။ ၆။Best Partner in Crimeဆိုလည္း မမွားပါဘူး။သင့္အေနနဲ႔ ေပါက္ကရတစ္ခုခု လုပ္မယ္ဆုိရင္လည္း သူမကို အေဖာ္ညွိလို႔ရပါတယ္။ အလွျပင္ဆိုင္ပဲသြားမလား ညဘက္ေတြNight Out သြားမလား ႏွစ္ခါေခၚရမွာကို မဟုတ္ပါဘူး။

Ref:popsugar

Unicode

အမတွေရှိတာ ဘာကြောင့်ကောင်းသလဲ?

အစ်မတစ်ယောက်ရှိတာက ကမ္ဘာပေါ်မှာ အကောင်းဆုံးအရာတွေထဲက တစ်ခုပါ။ သင့်အစ်မဟာ သင့်အတွက် အကောင်းဆုံးသူငယ်ချင်းတစ်ယောက်ဆိုလည်း မမှားပါဘူး။ သင့်အနေနဲ့ သင့်အစ်မနဲ့အတူ ရယ်မောနိုင်တယ်၊ တစ်ယောက်နဲ့တစ်ယောက် အပြန်အလှန်စနောက်နိုင်တဲ့အပြင် သင့်ရဲ့အကောင်းဆုံးအချိန်တွေ၊ အဆိုးဆုံးအချိန်တွေမှာပါ သင့်နားမှာ ရှိပေးနိုင်မယ့်သူပါ။

၁။တစ်ယောက်နဲ့တစ်ယောက်အကြောင်း နားလည်နိုင်မယ်။သင်တို့နှစ်ယောက်က မိခင်ဝမ်းတစ်ဝမ်းထဲက မွေးထားတာဖြစ်တဲ့အပြင် ငယ်စဉ်ကတည်းက အနီးကပ်ရှိနေတာဖြစ်တဲ့အတွက် တစ်ယောက်အကြောင်းတစ်ယောက် ကောင်းကောင်းကြီးကို သိနေမှာပါ။ သင်တို့နှစ်ယောက်က ငယ်တည်းက အတူရှိခဲ့တာဖြစ်တဲ့အတွက် အစားအသောက်ကအစ နားထောင်တဲ့ဂီတအဆုံး သိပ်ပြီးငြင်းခုန်စရာများမှာ မဟုတ်ပါဘူး။

၂။ရယ်မောစရာတွေ အတူမျှဝေနိုင်မယ်။သင့်အနေနဲ့ ပေါက်ကရဟာသတွေ၊ အလွဲတွေကို သင့်အစ်မကို ပြောပြနိုင်မှာဖြစ်သလို သင်တို့နှစ်ယောက်ငယ်ငယ်က အမှတ်တရတွေကိုပါ ပြန်ပြီး ရယ်စရာတွေအဖြစ် ပြန်ပြောင်းပြောဆိုလို့ရပါတယ်။ သင့်ရဲ့အစ်မလောက် ဘယ်သူကမှ သင့်ဟာသတွေကို နားထောင်ပေးနိုင်မှာလည်း မဟုတ်ပါဘူး။

၃။သင့်ဆိုးသမျှ ဂျီကျသမျှ ခံမယ့်သူပါ။အကြီးတွေဟာ အငယ်တွေပေါ်မှာ အနစ်နာခံလေ့ရှိကြပြီး အငယ်တွေကို ဦးစားပေးလေ့ရှိကြပါတယ်။သင့်အနေနဲ့ သင့်အစ်မကို ကြိုက်သလောက်ဂျီကျလို့ရပါတယ်။ ပူဆာလို့ရပါတယ်။ သူမအနေနဲ့သင့်ကိုအပြစ်ယူမှာ မဟုတ်ပါဘူး။သင့်အတွက် အမြဲတွေးပြီး အစစအရာရာဖြည့်ဆည်းပေးမယ့် အစ်မတွေပေါ့။

 ၄။အကုန်အကျလည်း သက်သာမယ်။မိန်းကလေးနှစ်ယောက်ဖြစ်တဲ့အတွက် အဝတ်အစားဆိုရင် သူ့မှာမရှိတာ ကိုယ်ဝယ်၊ ကိုယ့်မှာမရှိတာ သူဝယ်ပြီး ဘီရိုပြည့်အောင်ဖြည့်လို့ရပါတယ်။ မိတ်ကပ်တွေကအစ ဖိနပ်ပါ ဆိုဒ်တူနေရင် ရောသမွှလို့တောင် ရသေးတယ်နော်။

၅။သင့်ရဲ့ပြဿနာတွေကို ဒိုင်ခံနားထောင်ပေးမယ့်သူပါ။သင့်အနေနဲ့ အိမ်က မိဘတွေ မသိစေချင်တဲ့ကိစ္စတွေကအစ ရည်းစားအကြောင်းအဆုံး အကုန်သာပြော၊ သင့်အစ်မက ဒိုင်ခံထိုင်နားထောင်ပေးမှာပါ။ သူမအနေနဲ့သင့်ကို အကြံဉာဏ်တွေပေးမှာဖြစ်သလိုသင်စိတ်သက်သာရမယ့် နည်းလမ်းတွေကို ရှာပေးမယ့်သူပါ။ ၆။Best Partner in Crimeဆိုလည်း မမှားပါဘူး။သင့်အနေနဲ့ ပေါက်ကရတစ်ခုခု လုပ်မယ်ဆိုရင်လည်း သူမကို အဖော်ညှိလို့ရပါတယ်။ အလှပြင်ဆိုင်ပဲသွားမလား ညဘက်တွေNight Out သွားမလား နှစ်ခါခေါ်ရမှာကို မဟုတ်ပါဘူး။

Ref:popsugar
အမေတြရိွတာ ဘာေၾကာင့္ေကာင္းတာလဲ? အမေတြရိွတာ ဘာေၾကာင့္ေကာင္းတာလဲ? Reviewed by Naethit on Friday, April 28, 2017 Rating: 5

No comments