အလုပ္မွာလစာတိုးဖို႔အတြက္ ဘယ္လိုအရာေတြကိုလုပ္ေဆာင္သင့္သလဲ



အလုပ္ခြင္မွာ ရာထူးတိုးဖုိ႔၊ လစာတိုးဖုိ႔ အလုပ္ရွင္ကို ဖားေနရံုနဲ႔ အလုပ္ျဖစ္တဲ့ကာလ မဟုတ္ေတာ့ပါဘူး။ ဒါ့ေၾကာင့္ ကိုယ္ရဲ႕ႀကိဳးစားမႈနဲ႔ပဲ ရာထူး၊ လစာတိုးခ်င္တဲ့သူေတြအတြက္ ဘယ္လိုအခ်က္ေလးေတြ သိထားသင့္တယ္ ဆိုတာ ေျပာျပ ေပးခ်င္ပါတယ္။ 

၁။ကိုယ့္အလုပ္ရွင္ (သို႕) အထက္အရာရွိနဲ႔လုပ္မယ့္ အစည္းအေ၀းတိုင္းမွာ ကိုယ္ရွိေနပါေစ။ အစည္းအေ၀းတက္ရတာဟာ ပ်င္းစရာေကာင္းပါတယ္။ အခ်ိန္ၾကာတဲ့ အစည္းအေ၀းဆို ပိုေတာင္ဆိုးေသး။ ဒါေပမယ့္ အစည္းအေ၀းတုိင္း ကုိယ္မပ်က္မကြက္တက္တယ္။ အစည္းအေ၀းမွာေျပာတဲ့ အရာတုိင္းကိုလည္း ဂရုတစိုက္မွတ္သားတယ္။ ဘယ္ေန႔ဘယ္အခ်ိန္ အစည္းအေ၀းရွိတယ္၊ ဘာေတြျပင္ဆင္သင့္တယ္ဆိုတာကိုလည္း အလုပ္ရွင္နဲ႔ အၿမဲေျပာျဖစ္တယ္ဆုိရင္ေတာ့ ဒါဟာ သင့္ကို အလုပ္ရွင္သေဘာက်ေစမယ့္ အခ်က္တစ္ခုျဖစ္လာမွာပါ။ အလုပ္ရွင္နဲ႔ ဆက္ဆံေရးေကာင္းေအာင္ ႀကိဳးစားဖုိ႔လိုပါတယ္။ 

၂။တစ္ပတ္စာ လုပ္ခဲ့တဲ့ အလုပ္ေတြအေၾကာင္း ေရးခ်မွတ္သားပါ။ စာမ်က္ႏွာ ေလး၊ ငါးမ်က္ႏွာ ေရးခ်ထားစရာမလိုပါဘူး။ ကိုယ္တစ္ပတ္အတြင္း ဘာေတြလုပ္ျဖစ္တယ္၊ ဘာေတြၿပီးေျမာက္တယ္။ ဘာကေတာ့ ဘယ္အခ်က္ေတြ ထပ္တိုးဖုိ႔လိုတယ္။ ဘာေတြဆက္လုုပ္သင့္တယ္ စသျဖင့္ တစ္ပတ္စာ ကုိယ္လုပ္ခဲ့တာေတြကို သံုးသပ္တဲ့ သေဘာမ်ိဳး ေရးသားထားႏိုင္ရင္ ေတာ္ေတာ္ေကာင္းပါတယ္။

 ၃။ကုမၸဏီက တျခား၀န္ထမ္းေတြနဲ႔  စကားေျပာေပးပါ။ ကိုယ္ကသီးသီးျခားျခားေနတတ္သူဆုိရင္ေတာင္ ကိုယ့္ရံုးကလူေတြနဲ႔ ေကာ္ဖီေသာက္တဲ့အခ်ိန္မွာပဲျဖစ္ျဖစ္၊ ထမင္းစားခ်ိန္မွာပဲျဖစ္ျဖစ္ စကားစျမည္ေျပာဖုိ႔လိုပါတယ္။ ကိုယ့္ထက္ရာထူးႀကီးတဲ့သူေတြဆိုရင္လည္း သူတို႔ဒီလို ေနရာေရာက္ လာဖုိ႔ ဘာေတြၾကိဳးစားခဲ့ရတယ္ဆိုတာမ်ိဳး သူတို႔ဆီက သင္ယူေလ့လာပါ။ 

၄။အေကာင္းျမင္တတ္ပါေစ။ အရာရာကို အဆိုးျမင္ေနတတ္တဲ့သူဟာ ဘယ္ေတာ့မွ ေနရာေကာင္းမရႏိုင္ပါဘူး။ ရံုးကိုေနာက္က်မွဆင္းရလုိ႔၊ အစည္းအေ၀းက ၾကာလို႔၊ အလုပ္ေတြမ်ားလုိ႔၊ စသျဖင့္ ကုမၸဏီအေပၚ တစ္ခ်ိန္လံုးအျပစ္တင္ေျပာဆိုေနတဲ့ သူေတြဟာ ဘယ္ေတာ့မွ ရာထူး၊ လစာတိုးဖုိ႔ အာမခံခ်က္မရွိပါဘူး။ 

၅။ကိုယ္လိုခ်င္တဲ့အရာကို ေတာင္းပါ။ ကိုယ္လည္း ႀကိဳဴးးႀကိဳးစားစားေနတယ္။ ဘယ္ေတာ့မွအလုပ္နဲ႔ ပတ္သက္ၿပီး မတြက္ကတ္ဘူး။ ရံုးခ်ိန္ဆုိရင္လည္း အခ်ိန္မွန္ေရာက္တဲ့သူတစ္ေယာက္လုိ႔ ကိုယ့္ကိုယ္ကိုယ္ ယံုၾကည္တယ္ဆိုရင္လစာတိုးဖုိ႔၊ ရာထူးတိုးဖုိ႔ ကိုယ့္မန္ေနဂ်ာကို ေျပာပါ။ ကိုယ္ဘယ္အခ်က္ေတြ လစ္ဟာေနတယ္၊ ႀကိဳးစားဖုိ႔လိုေနတယ္ဆိုတာ သူ႕ကို သံုးသပ္ခိုင္းလိုက္ပါ။

 Ref:cosmopolitan 

Unicode

အလုပ်ခွင်မှာ ရာထူးတိုးဖို့၊ လစာတိုးဖို့ အလုပ်ရှင်ကို ဖားနေရုံနဲ့ အလုပ်ဖြစ်တဲ့ကာလ မဟုတ်တော့ပါဘူး။ ဒါ့ကြောင့် ကိုယ်ရဲ့ကြိုးစားမှုနဲ့ပဲ ရာထူး၊ လစာတိုးချင်တဲ့သူတွေအတွက် ဘယ်လိုအချက်လေးတွေ သိထားသင့်တယ် ဆိုတာ ပြောပြ ပေးချင်ပါတယ်။ 

၁။ကိုယ့်အလုပ်ရှင် (သို့) အထက်အရာရှိနဲ့လုပ်မယ့် အစည်းအဝေးတိုင်းမှာ ကိုယ်ရှိနေပါစေ။ အစည်းအဝေးတက်ရတာဟာ ပျင်းစရာကောင်းပါတယ်။ အချိန်ကြာတဲ့ အစည်းအဝေးဆို ပိုတောင်ဆိုးသေး။ ဒါပေမယ့် အစည်းအဝေးတိုင်း ကိုယ်မပျက်မကွက်တက်တယ်။ အစည်းအဝေးမှာပြောတဲ့ အရာတိုင်းကိုလည်း ဂရုတစိုက်မှတ်သားတယ်။ ဘယ်နေ့ဘယ်အချိန် အစည်းအဝေးရှိတယ်၊ ဘာတွေပြင်ဆင်သင့်တယ်ဆိုတာကိုလည်း အလုပ်ရှင်နဲ့ အမြဲပြောဖြစ်တယ်ဆိုရင်တော့ ဒါဟာ သင့်ကို အလုပ်ရှင်သဘောကျစေမယ့် အချက်တစ်ခုဖြစ်လာမှာပါ။ အလုပ်ရှင်နဲ့ ဆက်ဆံရေးကောင်းအောင် ကြိုးစားဖို့လိုပါတယ်။

 ၂။တစ်ပတ်စာ လုပ်ခဲ့တဲ့ အလုပ်တွေအကြောင်း ရေးချမှတ်သားပါ။ စာမျက်နှာ လေး၊ ငါးမျက်နှာ ရေးချထားစရာမလိုပါဘူး။ ကိုယ်တစ်ပတ်အတွင်း ဘာတွေလုပ်ဖြစ်တယ်၊ ဘာတွေပြီးမြောက်တယ်။ ဘာကတော့ ဘယ်အချက်တွေ ထပ်တိုးဖို့လိုတယ်။ ဘာတွေဆက်လုပ်သင့်တယ် စသဖြင့် တစ်ပတ်စာ ကိုယ်လုပ်ခဲ့တာတွေကို သုံးသပ်တဲ့ သဘောမျိုး ရေးသားထားနိုင်ရင် တော်တော်ကောင်းပါတယ်။ 

၃။ကုမ္ပဏီက တခြားဝန်ထမ်းတွေနဲ့ စကားပြောပေးပါ။ ကိုယ်ကသီးသီးခြားခြားနေတတ်သူဆိုရင်တောင် ကိုယ့်ရုံးကလူတွေနဲ့ ကော်ဖီသောက်တဲ့အချိန်မှာပဲဖြစ်ဖြစ်၊ ထမင်းစားချိန်မှာပဲဖြစ်ဖြစ် စကားစမြည်ပြောဖို့လိုပါတယ်။ ကိုယ့်ထက်ရာထူးကြီးတဲ့သူတွေဆိုရင်လည်း သူတို့ဒီလို နေရာရောက် လာဖို့ ဘာတွေကြိုးစားခဲ့ရတယ်ဆိုတာမျိုး သူတို့ဆီက သင်ယူလေ့လာပါ။ 

၄။အကောင်းမြင်တတ်ပါစေ။ အရာရာကို အဆိုးမြင်နေတတ်တဲ့သူဟာ ဘယ်တော့မှ နေရာကောင်းမရနိုင်ပါဘူး။ ရုံးကိုနောက်ကျမှဆင်းရလို့၊ အစည်းအဝေးက ကြာလို့၊ အလုပ်တွေများလို့၊ စသဖြင့် ကုမ္ပဏီအပေါ် တစ်ချိန်လုံးအပြစ်တင်ပြောဆိုနေတဲ့ သူတွေဟာ ဘယ်တော့မှ ရာထူး၊ လစာတိုးဖို့ အာမခံချက်မရှိပါဘူး။ 

၅။ကိုယ်လိုချင်တဲ့အရာကို တောင်းပါ။ ကိုယ်လည်း ကြိုူးးကြိုးစားစားနေတယ်။ ဘယ်တော့မှအလုပ်နဲ့ ပတ်သက်ပြီး မတွက်ကတ်ဘူး။ ရုံးချိန်ဆိုရင်လည်း အချိန်မှန်ရောက်တဲ့သူတစ်ယောက်လို့ ကိုယ့်ကိုယ်ကိုယ် ယုံကြည်တယ်ဆိုရင်လစာတိုးဖို့၊ ရာထူးတိုးဖို့ ကိုယ့်မန်နေဂျာကို ပြောပါ။ ကိုယ်ဘယ်အချက်တွေ လစ်ဟာနေတယ်၊ ကြိုးစားဖို့လိုနေတယ်ဆိုတာ သူ့ကို သုံးသပ်ခိုင်းလိုက်ပါ။

 Ref:cosmopolitan 


အလုပ္မွာလစာတိုးဖို႔အတြက္ ဘယ္လိုအရာေတြကိုလုပ္ေဆာင္သင့္သလဲ အလုပ္မွာလစာတိုးဖို႔အတြက္ ဘယ္လိုအရာေတြကိုလုပ္ေဆာင္သင့္သလဲ Reviewed by Naethit on Friday, April 21, 2017 Rating: 5

No comments