ၾကားျဖတ္ရလာဒ္ကလႊတ္ေတာ္ကအေျခေနမ်ားကို ထိခိုင္စရာအေၾကာင္းမရိွဟု ဦးဝင္းထိန္ေျပာၾကား

ဧၿပီလ ၁ ရက္ေန႔ျပဳလုပ္သည့္ ၂၀၁၇ ၾကားျဖတ္ေရြးေကာက္ပြဲအၿပီး ဧၿပီလ ၂ ရက္ေန႔၌ ေနျပည္ေတာ္ စည္ပင္ရိပ္သာအတြင္း မီဒီယာမ်ားႏွင့္ေတြ႕ဆုံစဥ္ ၾကားျဖတ္ေရြးေကာက္ပြဲႏွင့္ပတ္သက္၍ ေျဖၾကားခဲ့ျခင္းျဖစ္သည္။ ၂၀၁၇ ၾကားျဖတ္ေရြးေကာက္ပြဲတြင္ ျပည္သူ႔လႊတ္ေတာ္၊ အမ်ိဳးသားလႊတ္ေတာ္ႏွင့္ 
တုိင္းေဒသႀကီး/ ျပည္နယ္လႊတ္ ေတာ္မ်ားအတြက္ လစ္လပ္မဲဆႏၵနယ္ ၁၉ ေနရာရွိၿပီး အမ်ိဳးသားဒီမိုကေရစီအဖြဲ႕ခ်ဳပ္မွ ၁၈ ေနရာ၀င္ေရာက္ယွဥ္ၿပိဳင္ ၿပီး ၉ ေနရာအႏိုင္ရရွိခဲ့သည္။ ၾကားျဖတ္ေရြးေကာက္ပြဲတြင္ ၉ ေနရာသာႏုိင္ၿပီး က်န္မဲဆႏၵနယ္မ်ားတြင္ မႏုိင္ရသည့္ အေၾကာင္းအရင္းႏွင့္ပတ္သက္၍ 
ဦး၀င္းထိန္က “အဓိက ရန္ကုန္လုိေနရာမ်ိဳးေတာင္ ၃၀ ရာခိုင္ႏႈန္းေလာက္ပဲ မဲေပးတယ္။ အရင္ ၂၀၁၅ တုန္းကဆုိ ၆၀ ရာခုိင္ႏႈန္းေက်ာ္၊ ၇၀ ရာခိုင္ႏႈန္း မဲလာေပးတာ”ဟု ဆုိသည္။
 
ႏုိင္ငံေရးေလ့လာသုံးသပ္သူ ဦးရန္ေက်ာ္က “ၾကားျဖတ္မွာ NLD တစ္ေနရာမွ မႏုိင္ရင္လည္း လႊတ္ ေတာ္လုပ္ငန္းစဥ္နဲ႔ သူ႔အစုိးရအဖြဲ႕ကုိ ထိခိုက္စရာအေၾကာင္းဘူး။ သိကၡာက်စရာလည္းအေၾကာင္းမရွိဘူး။ ဘာေၾကာင့္ဆုိရင္ ေရြးေကာက္ ပြဲလစ္လပ္ေနရာနည္းလုိ႔။ ျပည္သူစိတ္၀င္စားမႈနည္းလုိ႔”ဟု ေျပာ
သည္။ NLD ပါတီ ၀င္ေရာက္ယွဥ္ၿပိဳင္ျခင္းမရွိေသာ ကယားျပည္နယ္၊ ဖ႐ူဆိုမဲဆႏၵနယ္တြင္ လူမ်ိဳးေပါင္းစံုဒီမိုကေရစီပါတီ(ကယားျပည္နယ္)မွ အႏုိင္ရရွိခဲ့ၿပီး ရွမ္းျပည္နယ္၊ ေက်းသီးႏွင့္ မိုင္း႐ွဴးၿမိဳ႕နယ္မ်ားရွိ ျပည္သူ႔လႊတ္ေတာ္ႏွင့္ ျပည္နယ္မဲ ဆႏၵနယ္ ၆ ေနရာကို ရွမ္းတိုင္းရင္းသားမ်ားဒီမိုကေရစီအဖြဲ႕ခ်ဳ
ပ္(SNLD) ပါတီက အႏိုင္ရရွိခဲ့သည္။ ရခုိင္ျပည္နယ္ အမ္းမဲဆႏၵနယ္အတြက္ ရခိုင္အမ်ိဳးသားပါတီမွ အႏုိင္ရရွိခဲ့သည္။
 
‘‘ရွမ္းျပည္မွာေတာ့ အန္ကယ္တို႔ ထင္တိုင္းမေပါက္ဘူး။ မေပါက္္တဲ့အဓိက အေၾကာင္းကေတာ့ ရွမ္းဘာသာစကားမတတ္တာပဲ’’ဟု ဦး၀င္းထိန္ကဆိုသည္။ ဧၿပီ ၁ ရက္က ျပဳလုပ္ခဲ့ေသာ ၂၀၁၇ ၾကားျဖတ္ေရြးေကာက္ပြဲတြင္ လစ္လပ္မဲဆႏၵနယ္ ျပည္သူ႔လႊတ္ေတာ္အတြက္ ၉ ေနရာ၊ အမ်ိဳးသားလႊတ္ေတာ္
အတြက္ ၃ ေနရာႏွင့္ ျပည္နယ္လႊတ္ေတာ္အတြက္ ၇ ေနရာရိွခဲ့သည္။ အမ်ိဳးသားဒီမိုုကေရစီအဖြဲ႕ခ်ဳပ္သည္ ၂၀၁၅ ေရြးေကာက္ပြဲ၌ ျပည္သူ႔လႊတ္ေတာ္တြင္ ၂၅၀ ေနရာ၊ အမ်ိဳးသားလႊတ္ ေတာ္တြင္ ၁၃၂ ေနရာႏွင့္ တိုင္းေဒသႀကီး/ျပည္နယ္လႊတ္ေတာ္တြင္ ၄၉၆ ေနရာအထိ ကိုယ္စားလွယ္အေရအတြက္ ရ
ရွိထားသည္။
 
စည္သူေက်ာ္
#theyangontimes



ဧပြီလ ၁ ရက်နေ့ပြုလုပ်သည့် ၂၀၁၇ ကြားဖြတ်ရွေးကောက်ပွဲအပြီး ဧပြီလ ၂ ရက်နေ့၌ နေပြည်တော် စည်ပင်ရိပ်သာအတွင်း မီဒီယာများနှင့်တွေ့ဆုံစဉ် ကြားဖြတ်ရွေးကောက်ပွဲနှင့်ပတ်သက်၍ ဖြေကြားခဲ့ခြင်းဖြစ်သည်။ ၂၀၁၇ ကြားဖြတ်ရွေးကောက်ပွဲတွင် ပြည်သူ့လွှတ်တော်၊ အမျိုးသားလွှတ်တော်နှင့် 
တိုင်းဒေသကြီး/ ပြည်နယ်လွှတ် တော်များအတွက် လစ်လပ်မဲဆန္ဒနယ် ၁၉ နေရာရှိပြီး အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်မှ ၁၈ နေရာဝင်ရောက်ယှဉ်ပြိုင် ပြီး ၉ နေရာအနိုင်ရရှိခဲ့သည်။ ကြားဖြတ်ရွေးကောက်ပွဲတွင် ၉ နေရာသာနိုင်ပြီး ကျန်မဲဆန္ဒနယ်များတွင် မနိုင်ရသည့် အကြောင်းအရင်းနှင့်ပတ်သက်၍ 
ဦးဝင်းထိန်က “အဓိက ရန်ကုန်လိုနေရာမျိုးတောင် ၃၀ ရာခိုင်နှုန်းလောက်ပဲ မဲပေးတယ်။ အရင် ၂၀၁၅ တုန်းကဆို ၆၀ ရာခိုင်နှုန်းကျော်၊ ၇၀ ရာခိုင်နှုန်း မဲလာပေးတာ”ဟု ဆိုသည်။

နိုင်ငံရေးလေ့လာသုံးသပ်သူ ဦးရန်ကျော်က “ကြားဖြတ်မှာ NLD တစ်နေရာမှ မနိုင်ရင်လည်း လွှတ် တော်လုပ်ငန်းစဉ်နဲ့ သူ့အစိုးရအဖွဲ့ကို ထိခိုက်စရာအကြောင်းဘူး။ သိက္ခာကျစရာလည်းအကြောင်းမရှိဘူး။ ဘာကြောင့်ဆိုရင် ရွေးကောက် ပွဲလစ်လပ်နေရာနည်းလို့။ ပြည်သူစိတ်ဝင်စားမှုနည်းလို့”ဟု ပြော
သည်။ NLD ပါတီ ဝင်ရောက်ယှဉ်ပြိုင်ခြင်းမရှိသော ကယားပြည်နယ်၊ ဖရူဆိုမဲဆန္ဒနယ်တွင် လူမျိုးပေါင်းစုံဒီမိုကရေစီပါတီ(ကယားပြည်နယ်)မှ အနိုင်ရရှိခဲ့ပြီး ရှမ်းပြည်နယ်၊ ကျေးသီးနှင့် မိုင်းရှူးမြို့နယ်များရှိ ပြည်သူ့လွှတ်တော်နှင့် ပြည်နယ်မဲ ဆန္ဒနယ် ၆ နေရာကို ရှမ်းတိုင်းရင်းသားများဒီမိုကရေစီအဖွဲ့ချု
ပ်(SNLD) ပါတီက အနိုင်ရရှိခဲ့သည်။ ရခိုင်ပြည်နယ် အမ်းမဲဆန္ဒနယ်အတွက် ရခိုင်အမျိုးသားပါတီမှ အနိုင်ရရှိခဲ့သည်။

‘‘ရှမ်းပြည်မှာတော့ အန်ကယ်တို့ ထင်တိုင်းမပေါက်ဘူး။ မပေါက်တဲ့အဓိက အကြောင်းကတော့ ရှမ်းဘာသာစကားမတတ်တာပဲ’’ဟု ဦးဝင်းထိန်ကဆိုသည်။ ဧပြီ ၁ ရက်က ပြုလုပ်ခဲ့သော ၂၀၁၇ ကြားဖြတ်ရွေးကောက်ပွဲတွင် လစ်လပ်မဲဆန္ဒနယ် ပြည်သူ့လွှတ်တော်အတွက် ၉ နေရာ၊ အမျိုးသားလွှတ်တော်
အတွက် ၃ နေရာနှင့် ပြည်နယ်လွှတ်တော်အတွက် ၇ နေရာရှိခဲ့သည်။ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်သည် ၂၀၁၅ ရွေးကောက်ပွဲ၌ ပြည်သူ့လွှတ်တော်တွင် ၂၅၀ နေရာ၊ အမျိုးသားလွှတ် တော်တွင် ၁၃၂ နေရာနှင့် တိုင်းဒေသကြီး/ပြည်နယ်လွှတ်တော်တွင် ၄၉၆ နေရာအထိ ကိုယ်စားလှယ်အရေအတွက် ရ
ရှိထားသည်။

စည်သူကျော်

#theyangontimes
ၾကားျဖတ္ရလာဒ္ကလႊတ္ေတာ္ကအေျခေနမ်ားကို ထိခိုင္စရာအေၾကာင္းမရိွဟု ဦးဝင္းထိန္ေျပာၾကား ၾကားျဖတ္ရလာဒ္ကလႊတ္ေတာ္ကအေျခေနမ်ားကို ထိခိုင္စရာအေၾကာင္းမရိွဟု ဦးဝင္းထိန္ေျပာၾကား Reviewed by Naethit on Friday, April 21, 2017 Rating: 5

No comments