ထိပ္ေျပာင္လို႔စိတ္ညစ္ေနသူမ်ားအတြက္ နည္းလမ္းေကာင္းေတြရိွ


ထိပ္ေျပာင္ သျဖင့္ စိတ္ပ်က္ေနသူမ်ား အားတက္ေစမည့္ တီထြင္မႈအသစ္တစ္ခုကို ဂ်ပန္ႏိုင္ငံမွ ပညာရွင္မ်ား ပူးေပါင္းႀကံဆခဲ့ရာ ဓာတ္ခြဲခန္းအတြင္း ဆံပင္ျပန္ေပါက္ႏိုင္မည့္နည္းလမ္းမ်ားအား ရွာေဖြေဖာ္ထုတ္ႏိုင္ခဲ့ၿပီျဖစ္ ေၾကာင္း Reuters သတင္းတြင္ေဖာ္ျပထားသည္။
အေရျပားေပၚတြင္ ဆံပင္ျပန္ေပါက္ေစႏိုင္သည့္ နည္းလမ္းကိုေတြ႕ရွိထားၿပီဆိုေသာ္လည္း လူ၏ ေမြးၫွင္း ေပါက္မ်ားမွ သဘာဝအတိုင္းထြက္လာသည့္ ပုံစံမဟုတ္ေသးေသာေၾကာင့္ ဆက္လက္ေလ့လာေဖာ္ထုတ္ရန္လို ေသးေၾကာင္း ယင္းသတင္းကဆိုသည္။
ယင္းသုေတသနလုပ္ငန္းမ်ားကို ဂ်ပန္ႏိုင္ငံ Riken Centre ဇီဝေဗဒဌာနမွ ေဒါတ္တာ တာကာရွီ စုဂ်ီဦးေဆာင္ သည့္အဖြဲ႕က တီထြင္ေနျခင္းျဖစ္ၿပီး မီးေလာင္ဒဏ္ရာ ရထားသူမ်ားအတြက္ ပုံမွန္အသားအေရအတိုင္း ရရွိလာ ေစရန္ တီထြင္ရာမွ အေရျပားေပၚတြင္ အေမႊးမ်ားကို ေပါက္လာေစရန္ ျပဳလုပ္ႏိုင္ခဲ့ျခင္းျဖစ္သည္။
ပညာရွင္မ်ားသည္ အေရျပားေပၚတြင္ Ebs ဟုေခၚသည့္ 3D ဆဲလ္မ်ားကို ေမြးေပးထားၿပီး ယင္းဆဲလ္မ်ားသည္ တျဖည္းျဖည္းပြားမ်ားလာကာ ဆဲလ္မ်ားကတစ္ဆင့္ အေမႊးမ်ားထြက္လာေစရန္ လုပ္ေဆာင္ႏိုင္ခဲ့ၾကျခင္းျဖစ္ သည္။
iPSCs ဟုေခၚသည့္ ဆဲလ္မ်ားသည္ ပင္မဆဲလ္မ်ားအျဖစ္ ေမြးျမဴထားရာမွ တျဖည္းျဖည္း ပြားမ်ား ထြက္လာ ေစရန္ ပညာရွင္မ်ားသည္ ႂကြက္မ်ားတြင္ လက္ေတြ႕ေအာင္ျမင္စြာ စမ္းသပ္ျပသႏိုင္ခဲ့သည္။
တစ္သၽွဴးမ်ားကို စမ္းသပ္ခန္းအတြင္း သီးျခားေမြးျမဴျခင္းျဖစ္ၿပီး ေအာင္ျမင္လာသည့္ တစ္သၽွဴးမ်ားကို ႂကြက္မ်ားတြင္ ထပ္ဆင့္ထည့္သြင္းေပးခဲ့ရာ ယင္းထည့္သြင္းေပးလိုက္သည့္ အေရျပားမ်ားသည္ အေမႊးမ်ား ျပန္ေပါက္လာသည္ကို ေတြ႕ရွိၾကရသည္ဟု ပညာရွင္မ်ားကေျပာၾကားသည္။
လူသားတို႔ ဆံပင္မေပါက္ရျခင္းမွာ အေရျပားတြင္ ပါဝင္သည့္ ေမႊးညင္းေပါက္မ်ား ပ်က္စီးသြားေသာေၾကာင့္ျဖစ္ ေၾကာင္း၊ ဓာတ္ခြဲခန္းအတြင္း ေမြးျမဴထားသည့္ ဆဲလ္အိတ္မ်ားကို လူသား၏ အေရျပားေပၚတြင္ ထည့္သြင္း ႏိုင္မည္ဆိုပါက ဆံပင္မ်ားကို ျပန္ေပါက္လာေစႏိုင္မည္ျဖစ္ေၾကာင္း Riken Centre မွပညာရွင္မ်ားကဆိုသည္။

Credit -maukkha

Unicode

ထိပ်ပြောင် သဖြင့် စိတ်ပျက်နေသူများ အားတက်စေမည့် တီထွင်မှုအသစ်တစ်ခုကို ဂျပန်နိုင်ငံမှ ပညာရှင်များ ပူးပေါင်းကြံဆခဲ့ရာ ဓာတ်ခွဲခန်းအတွင်း ဆံပင်ပြန်ပေါက်နိုင်မည့်နည်းလမ်းများအား ရှာဖွေဖော်ထုတ်နိုင်ခဲ့ပြီဖြစ် ကြောင်း Reuters သတင်းတွင်ဖော်ပြထားသည်။
အရေပြားပေါ်တွင် ဆံပင်ပြန်ပေါက်စေနိုင်သည့် နည်းလမ်းကိုတွေ့ရှိထားပြီဆိုသော်လည်း လူ၏ မွေးညှင်း ပေါက်များမှ သဘာဝအတိုင်းထွက်လာသည့် ပုံစံမဟုတ်သေးသောကြောင့် ဆက်လက်လေ့လာဖော်ထုတ်ရန်လို သေးကြောင်း ယင်းသတင်းကဆိုသည်။
ယင်းသုတေသနလုပ်ငန်းများကို ဂျပန်နိုင်ငံ Riken Centre ဇီဝဗေဒဌာနမှ ဒေါတ်တာ တာကာရှီ စုဂျီဦးဆောင် သည့်အဖွဲ့က တီထွင်နေခြင်းဖြစ်ပြီး မီးလောင်ဒဏ်ရာ ရထားသူများအတွက် ပုံမှန်အသားအရေအတိုင်း ရရှိလာ စေရန် တီထွင်ရာမှ အရေပြားပေါ်တွင် အမွှေးများကို ပေါက်လာစေရန် ပြုလုပ်နိုင်ခဲ့ခြင်းဖြစ်သည်။
ပညာရှင်များသည် အရေပြားပေါ်တွင် Ebs ဟုခေါ်သည့် 3D ဆဲလ်များကို မွေးပေးထားပြီး ယင်းဆဲလ်များသည် တဖြည်းဖြည်းပွားများလာကာ ဆဲလ်များကတစ်ဆင့် အမွှေးများထွက်လာစေရန် လုပ်ဆောင်နိုင်ခဲ့ကြခြင်းဖြစ် သည်။
iPSCs ဟုခေါ်သည့် ဆဲလ်များသည် ပင်မဆဲလ်များအဖြစ် မွေးမြူထားရာမှ တဖြည်းဖြည်း ပွားများ ထွက်လာ စေရန် ပညာရှင်များသည် ကြွက်များတွင် လက်တွေ့အောင်မြင်စွာ စမ်းသပ်ပြသနိုင်ခဲ့သည်။
တစ်သျှူးများကို စမ်းသပ်ခန်းအတွင်း သီးခြားမွေးမြူခြင်းဖြစ်ပြီး အောင်မြင်လာသည့် တစ်သျှူးများကို ကြွက်များတွင် ထပ်ဆင့်ထည့်သွင်းပေးခဲ့ရာ ယင်းထည့်သွင်းပေးလိုက်သည့် အရေပြားများသည် အမွှေးများ ပြန်ပေါက်လာသည်ကို တွေ့ရှိကြရသည်ဟု ပညာရှင်များကပြောကြားသည်။
လူသားတို့ ဆံပင်မပေါက်ရခြင်းမှာ အရေပြားတွင် ပါဝင်သည့် မွှေးညင်းပေါက်များ ပျက်စီးသွားသောကြောင့်ဖြစ် ကြောင်း၊ ဓာတ်ခွဲခန်းအတွင်း မွေးမြူထားသည့် ဆဲလ်အိတ်များကို လူသား၏ အရေပြားပေါ်တွင် ထည့်သွင်း နိုင်မည်ဆိုပါက ဆံပင်များကို ပြန်ပေါက်လာစေနိုင်မည်ဖြစ်ကြောင်း Riken Centre မှပညာရှင်များကဆိုသည်။

Credit -maukkha
ထိပ္ေျပာင္လို႔စိတ္ညစ္ေနသူမ်ားအတြက္ နည္းလမ္းေကာင္းေတြရိွ ထိပ္ေျပာင္လို႔စိတ္ညစ္ေနသူမ်ားအတြက္ နည္းလမ္းေကာင္းေတြရိွ Reviewed by Naethit on Thursday, April 20, 2017 Rating: 5

No comments