သာေကတအေနာ္မာထဲမွာ ဘာေတြျဖစ္ပြားခ့ဲတာလဲ

အမ်ဳိးသားေရးအင္အားစုလုိ႕ အမည္ခံထားျပီး လူအင္အား ၁၀၀ ေလာက္ရွိတဲ့ အဖြဲ႕တစ္ဖြဲ႕က သာေကတျမဳိ႕နယ္ အေနာ္မာ ၁ ရပ္ကြက္ အုပ္ခ်ဳပ္ေရးမွဴးရုံးကုိ ဧျပီ ၂၈ ညေန ၃ နာရီခြဲအခ်ိန္ေလာက္မွာ ေရာက္လာခဲ့ပါတယ္ ။ အေနာ္မာ ၁၁ လမ္းနဲ႕ ၁၂ လမ္းမွာရွိတဲ့ မူစလင္ ဘာသာေရးေက်ာင္းမွာ ဗလီလုပ္ျပီး၀တ္ျပဳေနတယ္ဆုိတဲ့ စြပ္စြဲခ်က္နဲ႕ ၀င္ေရာက္ရွာေဖြဖုိ႕ အုပ္ခ်ဳပ္ေရးမွဴးရုံးမွာ အခ်ိန္အတန္ၾကာ ေဆြးေႏြးခဲ့ၾကပါတယ္ ။ အုပ္ခ်ဳပ္ေရးမွဴးရုံးကုိ အမ်ဳိးသားေရးအင္အားစုေတြက ပိတ္ထားခဲ့ျပီး သတင္းမီဒီယာေတြကုိလည္း ၀င္ေရာက္ခြင့္မျပဳခဲ့ပါဘူး ။


ညေန ၅ နာရီအခ်ိန္မွာေတာ့ ရဲတပ္ဖြဲ႕၀င္ေတြေရာက္လာခဲ့ျပီး လုံျခဳံေရးစတင္ယူခဲ့ပါတယ္ ။

ညေန ၆ နာရီအခ်ိန္မွာ ေအပီသတင္းဌာနရဲ႕ သတင္းေထာက္ကုိမင္းၾကည္သိန္းရဲ႕ သတင္းရယူဖုိ႕အတြက္ ေျပာဆုိေနရာကေန အေျခအတင္ျဖစ္ခဲ့ျပီး အမ်ဳိးသားေရးအင္အားစုေတြက စတင္တုိက္ခုိက္ခဲ့ၾကပါတယ္ ။

သတင္းသမားေတြနဲ႕ အမ်ဳိးသားေရးအင္အားစုဆုိသူေတြအၾကား ျပႆနာျဖစ္ပြားျပီးေနာက္ပုိင္းမွာေတာ့ ရဲတပ္ဖြဲ႕က လမ္းကုိပိတ္ခဲ့ပါတယ္ ။ သတင္းသမားေတြကုိလည္း ၀င္ေရာက္သတင္းယူခြင့္ မျပဳေတာ့ပါဘူး။


သတင္းသမားေတြနဲ႕ အမ်ဳိးသားေရးအင္အားစုဆုိသူေတြအၾကား ျပႆနာျဖစ္ပြားျပီးေနာက္ပုိင္းမွာေတာ့ ရဲတပ္ဖြဲ႕က လမ္းကုိပိတ္ခဲ့ပါတယ္ ။ သတင္းသမားေတြကုိလည္း ၀င္ေရာက္သတင္းယူခြင့္ မျပဳေတာ့ပါဘူး။

အေနာ္မာ ၁၁ လမ္းနဲ႕ ၁၂ လမ္းမွာရွိတဲ့ မူစလင္ဘာသာေရးစာသင္ေက်ာင္းေတြကုိ ရဲတပ္ဖြဲ႕ရဲ႕ လုံျခဳံေရးေပးမႈနဲ႕ ခ်ိတ္ပိတ္ခဲ့ၾကပါတယ္ ။


တရားရုံးတစ္ခုရဲ႕ ခြင့္ျပဳမိန္႕မပါဘဲ ဘာေၾကာင့္ခ်ိတ္ပိတ္ခဲ့ရသလဲဆုိတဲ့ ေမးျမန္းမႈေတြကို ျပည္သူ႕လႊတ္ေတာ္ကုိယ္စားလွယ္အပါအ၀င္ ခ်ိတ္ပိတ္ရာမွာ ပါ၀င္ခဲ့သူေတြက ေျဖရွင္းျခင္းမျပဳခဲ့့ၾကပါဘူး ။ ခ်ိတ္ပိတ္ထားတဲ့ စာသင္ေက်ာင္းေတြေရွ႕မွာလည္း ရဲတပ္ဖြဲ႕က လုံျခဳံေရးဆက္ယူခဲ့ပါတယ္ ။ ည ၈ နာရီခြဲအခ်ိန္မွာေတာ့ အမ်ဳိးသားေရးအင္အားစုေတြလည္း အေနာ္မာ ၁ ရပ္ကြက္ အုပ္ခ်ဳပ္ေရးမွဴးရုံးကေနျပန္ထြက္သြားခဲ့ၾကပါတယ္ ။

ဓာတ္ပုံ – စစ္ထက္ေအာင္

Unicode

အမျိုးသားရေးအင်အားစုလို့ အမည်ခံထားပြီး လူအင်အား ၁၀၀ လောက်ရှိတဲ့ အဖွဲ့တစ်ဖွဲ့က သာကေတမြို့နယ် အနော်မာ ၁ ရပ်ကွက် အုပ်ချုပ်ရေးမှူးရုံးကို ဧပြီ ၂၈ ညနေ ၃ နာရီခွဲအချိန်လောက်မှာ ရောက်လာခဲ့ပါတယ် ။ အနော်မာ ၁၁ လမ်းနဲ့ ၁၂ လမ်းမှာရှိတဲ့ မူစလင် ဘာသာရေးကျောင်းမှာ ဗလီလုပ်ပြီးဝတ်ပြုနေတယ်ဆိုတဲ့ စွပ်စွဲချက်နဲ့ ဝင်ရောက်ရှာဖွေဖို့ အုပ်ချုပ်ရေးမှူးရုံးမှာ အချိန်အတန်ကြာ ဆွေးနွေးခဲ့ကြပါတယ် ။ အုပ်ချုပ်ရေးမှူးရုံးကို အမျိုးသားရေးအင်အားစုတွေက ပိတ်ထားခဲ့ပြီး သတင်းမီဒီယာတွေကိုလည်း ဝင်ရောက်ခွင့်မပြုခဲ့ပါဘူး ။

ညနေ ၅ နာရီအချိန်မှာတော့ ရဲတပ်ဖွဲ့ဝင်တွေရောက်လာခဲ့ပြီး လုံခြုံရေးစတင်ယူခဲ့ပါတယ် ။

ညနေ ၆ နာရီအချိန်မှာ အေပီသတင်းဌာနရဲ့ သတင်းထောက်ကိုမင်းကြည်သိန်းရဲ့ သတင်းရယူဖို့အတွက် ပြောဆိုနေရာကနေ အခြေအတင်ဖြစ်ခဲ့ပြီး အမျိုးသားရေးအင်အားစုတွေက စတင်တိုက်ခိုက်ခဲ့ကြပါတယ် ။

သတင်းသမားတွေနဲ့ အမျိုးသားရေးအင်အားစုဆိုသူတွေအကြား ပြဿနာဖြစ်ပွားပြီးနောက်ပိုင်းမှာတော့ ရဲတပ်ဖွဲ့က လမ်းကိုပိတ်ခဲ့ပါတယ် ။ သတင်းသမားတွေကိုလည်း ဝင်ရောက်သတင်းယူခွင့် မပြုတော့ပါဘူး။

သတင်းသမားတွေနဲ့ အမျိုးသားရေးအင်အားစုဆိုသူတွေအကြား ပြဿနာဖြစ်ပွားပြီးနောက်ပိုင်းမှာတော့ ရဲတပ်ဖွဲ့က လမ်းကိုပိတ်ခဲ့ပါတယ် ။ သတင်းသမားတွေကိုလည်း ဝင်ရောက်သတင်းယူခွင့် မပြုတော့ပါဘူး။

အနော်မာ ၁၁ လမ်းနဲ့ ၁၂ လမ်းမှာရှိတဲ့ မူစလင်ဘာသာရေးစာသင်ကျောင်းတွေကို ရဲတပ်ဖွဲ့ရဲ့ လုံခြုံရေးပေးမှုနဲ့ ချိတ်ပိတ်ခဲ့ကြပါတယ် ။

တရားရုံးတစ်ခုရဲ့ ခွင့်ပြုမိန့်မပါဘဲ ဘာကြောင့်ချိတ်ပိတ်ခဲ့ရသလဲဆိုတဲ့ မေးမြန်းမှုတွေကို ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်အပါအဝင် ချိတ်ပိတ်ရာမှာ ပါဝင်ခဲ့သူတွေက ဖြေရှင်းခြင်းမပြုခဲ့ကြပါဘူး ။ ချိတ်ပိတ်ထားတဲ့ စာသင်ကျောင်းတွေရှေ့မှာလည်း ရဲတပ်ဖွဲ့က လုံခြုံရေးဆက်ယူခဲ့ပါတယ် ။ ည ၈ နာရီခွဲအချိန်မှာတော့ အမျိုးသားရေးအင်အားစုတွေလည်း အနော်မာ ၁ ရပ်ကွက် အုပ်ချုပ်ရေးမှူးရုံးကနေပြန်ထွက်သွားခဲ့ကြပါတယ် ။

ဓာတ်ပုံ – စစ်ထက်အောင်
သာေကတအေနာ္မာထဲမွာ ဘာေတြျဖစ္ပြားခ့ဲတာလဲ သာေကတအေနာ္မာထဲမွာ ဘာေတြျဖစ္ပြားခ့ဲတာလဲ Reviewed by Naethit on Sunday, April 30, 2017 Rating: 5

No comments