အွန်လိုင်းပေါ်က သင့်ရဲ့Crush ကို စကားစပြောချင်တယ်ဆိုရင် ဒီအချက်ကလေးတွေ သိထားဖို့လိုတဲ့အချက်(၇)ချက်
 Ref:cosmopolitan.com 
Unicode
လူမှုကွန်ယက်ဖြစ်တဲ့ facebook လိုနေရာမျိုးမှာ တစ်ယောက်နဲ့တစ်ယောက် အပြန်အလှန် Likeတွေလုပ်နေကြပြီ၊ တစ်ခါတစ်လေ ကွန်မန့်တွေတောင် ဝင်ရေးနေကြတဲ့အထိ ခင်မင်နေပြီ။ ဒါပေမယ့် သူနဲ့တစ်ခါမှ စကားမပြောဖူးဘူး။ chat ထဲမှာ သွားခေါ်တာမျိုးလည်း မလုပ်ဖြစ်သေးပေမယ့် ကိုယ့်ဘက်က သူ့ကို စိတ်ဝင်စားနေတာ သေချာပြီမို့ ဒီတစ်ခါ အရဲစွန့်ပြီး သွားစကားပြောဖို့ စဉ်းစားထားတယ်ဆိုရင် ဒီအချက်လေးတွေအတိုင်း ကြိုးစားကြည့်လိုက်ပါ။
 ၁။သူ့ကို ပထမဆုံး သူ့ပရိုဖိုင်းပုံထဲက ဒါမှမဟုတ် သူတင်ထားတဲ့ ဓာတ်ပုံထဲက တစ်ခုခုနဲ့ပတ်သက်ပြီး စနောက်စကားဆိုလိုက်ပါ။ ဟိုင်း ဆိုပြီး သွားခေါ်လိုက်တာမျိုးက ပျင်းစရာကောင်းပါတယ်။ ဘယ်သူကမှလည်း ကိုယ့်ကိုအဖတ်ပြန်လုပ်မှာ မဟုတ်ပါဘူး။ ကိုယ်စိတ်ဝင်စားနေတဲ့ ကောင်လေး (သို့) ကောင်မလေးဟာ ဓာတ်ပုံရိုက်လိုက်တိုင်း ပို့စ်တစ်ခုတည်းကို စွဲစွဲမြဲမြဲလုပ်တတ်သူလား၊ ဒါမှမဟုတ် ဘယ်ကာလာတွေကို အဓိကထား ဝတ်တတ်သလဲ၊ စသဖြင့် ကိုယ်သတိပြုမိတဲ့အရာတစ်ခုခုနဲ့ တွဲပြီး စလိုက်ပါ။ စတယ်ဆိုပေမယ့် အလွန်အကျွံစခိုင်းတာမျိုး မဟုတ်ပါဘူး။ သူလည်း သဘောကျသွားမယ့်အရာမျိုး မြှောက်ပေးသလိုလို စသလိုလိုနဲ့ ပထမဆုံး စကားတစ်ခွန်းကို ကိုယ့်ဘက်က စလိုက်ပါ။ 
၂။သူနဲ့ပတ်သက်တဲ့ ကိုယ်ရေးကိုယ်တာ တစ်ခုခုကို မေးပါ။ ဒီမေးခွန်းက ပေါ့ပေါးပါးပါး ဖြစ်ပါစေ။ သူ့ကျောင်းနဲ့ ပတ်သက်ပြီး၊ အလုပ်အကြောင်း၊ ဒါမှမဟုတ် သူ့အကြောင်း တစ်ခုခုကို မေးလိုက်ပါ။ ဒီလိုမေးတဲ့အခါ ကိုယ့်မေးခွန်းက သူ့ကို စိတ်အနှောင့်အယှက်မဖြစ်သွားဖို့တော့ ကိုယ့်ဘက်က သတိထားလိုက်ပေါ့။ 
၃။အပြင်မှာ ကော်ဖီသောက်ကြဖို့ကို မသိမသာ ခေါ်ပါ။ ဒီအဆင့်ကို မရောက်ခင် သူကရော ကိုယ့်ကိုစိတ်ဝင်စားရဲ့လားဆိုတာ သေချာဖို့တော့ လိုပါတယ်။ သူကလည်း ကိုယ့်ကို စိတ်ဝင်စားနေမယ်၊ စကားပြောရတာ တရင်းတနှီးလည်းရှိမယ်၊ ကိုယ့်ပုံတွေ၊ ကိုယ့်စတေးတပ်စ်တွေမှာ ကွန်မန့်တွေတောင် ဝင်ပေးလာပြီဆိုရင်တော့ သူနဲ့ချက်ဖြစ်တဲ့အခါ အပြင်မှာတွေ့ဖို့ တိုက်ရိုက်မဟုတ်ပဲ စသလိုလို နောက်သလိုလိုနဲ့ ခေါ်လိုက်ပါ။ 
၄။ချစ်စရာကောင်းတဲ့ emojis လေးတွေ ပို့ပေးပါ။ သူနဲ့ စကားပြောတဲ့အခါ တစ်ချိန်လုံး ခပ်တည်တည်ကြီး ပြောဆိုနေမယ့်အစား emoji သငေ်္ကတ အရုပ်လေးတွေနဲ့ ပြောဆိုပါ။ နှစ်ဦးသား ကော်ဖီသောက်ဖို့ရှိတယ်ဆိုရင် ကော်ဖီခွက်အရုပ်လေးတွေ ပို့လိုက်တာမျိုး၊ ပန်းလေးတွေ၊ အိပ်ခါနီးရင် အိပ်ငိုက်နေပြီဆိုတဲ့ သငေ်္ကတာလေးတွေ ပို့တာမျိုး စသဖြင့် chat တဲ့အခါတိုင်း ပေါ့ပါးနေပါစေ။ 
၅။သူ့နာမည်ကိုခေါ်ပြီး ဘယ်ရောက်နေတာလဲလို့ မေးပါ။ ဒါကတော့ မိန်းကလေးတွေက ယောကျၤားလေးတွေကို chat တဲ့အခါ ပိုမေးဖို့သင့်တော်တဲ့ မေးခွန်းပါ။ ယောကျၤားလေးတွေဟာ ခုလိုမေးခွန်းမျိုး ဖြေချင်တတ်ကြပါတယ်။ သူတို့ကို စိတ်ပူတယ်ဆိုပြီးတော့လည်း ထင်သွားတတ်ကြပါတယ်။ သူတို့ပြန်ပြောတဲ့ စကားအသွားအလာကို ကြည့်ပြီးမှ ဆက် chat ပါ။ ဒါက နှစ်ဦးသား chat နေကျအချိန် သူမရှိတော့မှ မေးရမှာနော်။
 ၆။သူနဲ့ ဂိမ်းပြိုင်ဆော့တာတွေဘာတွေ လုပ်ပါ။ အွန်လိုင်းဂိမ်းဖြစ်ဖြစ်၊ ဘာဂိမ်းဖြစ်ဖြစ်နှစ်ဦးသား ဆော့လို့ရမယ့် ဂိမ်းမျိုးဆော့ပါ။ သပ်သပ်စီဆော့ရတဲ့ဟာမျိုးဆိုရင်လည်း ကိုယ်က Level ဘယ်လောက်ရောက်ပြီဆိုတာမျိုး ၊ ဘယ်ဂိမ်းက ဘယ်လိုဆိုတာမျိုး ဆွေးနွေးလို့ရပါတယ်။ 
၇။ကိုယ်စိတ်ဝင်စားသဘောကျတဲ့ သီချင်းခွေ စာအုပ်၊ အစားအစာ၊ ရုပ်ရှင်စတာတွေအကြောင်း ဆွေးနွေးပါ။ တစ်ယောက်ရဲ့အကြိုက်က ဘာဆိုတာ တစ်ယောက်ပိုသိသွားနိုင်တဲ့အချက်လေးပါပဲ။ သူဘာကြိုက်သလဲ၊ ကိုယ်ကဘယ်လိုဟာမျိုး ကြိုက်တယ်၊ ကြည့်တယ်၊ ဖတ်တယ် စတာတွေ ပြောပါ။ ဒါဟာနှစ်ဦးသား ခင်မင်မှုပိုခိုင်မြဲသွားစေမယ့် အကြောင်းအရာတစ်ခုပါပဲ။
 Ref:cosmopolitan.com 
အွန်လိုင်းပေါ်က သင့်ရဲ့Crush ကို စကားစပြောချင်တယ်ဆိုရင် ဒီအချက်ကလေးတွေ သိထားဖို့လိုတဲ့အချက်(၇)ချက် အွန်လိုင်းပေါ်က သင့်ရဲ့Crush ကို စကားစပြောချင်တယ်ဆိုရင် ဒီအချက်ကလေးတွေ သိထားဖို့လိုတဲ့အချက်(၇)ချက် Reviewed by Naethit on Sunday, April 23, 2017 Rating: 5
No comments