ကေလးေတြကိုအလိုမလိုက္သင့္တ့ဲ အခ်က္'၆)ခ်က္

သင္ဟာ မိဘတစ္ဦးဆုိရင္ မိမိကေလးေတြဟာ မိမိအသက္ေသြးေၾကာျဖစ္ျပီး သူတုိ႔အတြက္ ဘာမဆို လုပ္ေပးခ်င္မိပါလိမ့္မယ္။ အေမေတြ…သိပ္သြက္လက္မေနၾကပါနဲ႔ဦး။ ကေလးေတြကို အေကာင္းထက္ အက်ဳိးယုတ္မႈသာ ျဖစ္ေစႏုိင္တဲ့ အျပဳအမူ (၆) ခု ရိွပါတယ္။ အဲ့ဒါေတြကို အလိုလိုက္တာမ်ိဳး လံုး၀မလုပ္ပါနဲ႕။
ကေလးေတြ စားခ်င္သမွ် ခ်က္ျပဳတ္ေပးျခင္း
ထမင္းသုံးေဆာင္ဖုိ႔ ထမင္းစားစားပြဲမွာ ထုိင္ရုံပဲရိွေသး၊ သင့္ကေလး ေပါင္မုန္႔ကင္စားခ်င္တယ္ ေတာင္းလာတဲ့အခါ သင္ ခ်က္ခ်င္းထလုပ္ေပးလုိက္လိမ့္မယ္။ ဒါေပမယ့္ သူ႔ေတာင္းဆိုသမွ် အလိုလိုက္ ျဖည့္တင္းေပးျခင္းျဖင့္ အက်င့္ဆုိးေတြ ပ်ဳိးေထာင္ေပးေနတာျဖစ္ျပီး အသစ္အဆန္းေတြ စမ္းလုပ္ဖုိ႔ သူ႔စြမ္းရည္ကို ကန္႔သတ္ေနတာ ျဖစ္ပါတယ္။  အဲဒီလုိအစား ထမင္းတစ္ခါျပင္ရင္ စားစရာ (၂) မ်ဳိးစီစဥ္ျပီး ႏွစ္ခုထဲက တစ္ခုခုေရြးခုိင္းပါ။
အိမ္စာကူလုပ္ေပးျခင္း
ဘယ္သူမဆုိ ကုိယ့္ကေလးကို ေက်ာင္းမွာ စာေတာ္ေစခ်င္ၾကပါတယ္။ ကေလးေတြကို အိမ္စာကူလုပ္ေပးတာက ပုံမွန္မိဘအုပ္ထိန္းမႈ တစ္စိတ္တစ္ပိုင္းဆုိေပမယ့္ ကူညီေပးလြန္းတာက အက်ဳိးပိုယုတ္ေစႏုိင္ေၾကာင္း Texas တကၠသိုလ္ရဲ႕ မၾကာေသးမီက ေလ့လာမႈတစ္ခုက ဆုိပါတယ္။
အဝတ္အစားဆင္ေပးျခင္း
ကေလးကို သူ႔ဘာသာလႊတ္ထားရင္ သူငယ္တန္းအရြယ္ သင့္ကေလးက ေရကူးဝတ္စုံနဲ႔ ထြက္လာပါလိမ့္မယ္။ ဒီတုိင္းပဲ လႊတ္လိုက္မွာလား။ America Academy of Pediatrics ရဲ႕ ေျပာေရးဆုိခြင့္ရိွသူက Parents နဲ႔ အင္တာဗ်ဴးမွာ "ကေလးေတြကို သူတုိ႔ဟာသူတုိ႔ ဝတ္ဆင္ခုိင္းတာ သဘာဝအေလ်ာက္ ဖံြ႔ျဖိဳးမႈတစ္ခုျဖစ္ပါတယ္။ ဘာလုိ႔လဲဆုိရင္ ဒါက လုပ္ပုိင္ခြင့္နဲ႔ ကန္႔သတ္ခ်က္ေတြ စမ္းသပ္ေနတာ ျဖစ္တယ္" လို႔ သူက ဆုိပါတယ္။
အခ်ိန္ဇယားသတ္မွတ္ေပးျခင္း
ေဘာလုံး၊ စႏၵရား၊ အကစသျဖင့္ ေက်ာင္းျပင္ပလႈပ္ရွားမႈေတြ ေရြးခ်ယ္ေပးျခင္းက စိတ္လႈပ္ရွားဖြယ္ျဖစ္ပါတယ္။ ဒါေပမယ့္ ကေလးကုိ အခ်ိန္ဇယားျဖင့္ ကန္႔သတ္မႈမ်ားလြန္းတဲ့အခါ သူတုိ႔ရဲ႕ အခ်ိန္စီမံခန္႔ခြဲႏုိင္မႈ၊ ျပသနာေျဖရွင္းျခင္းနဲ႔ ဆုံးျဖတ္ခ်က္ ခ်မွတ္ျခင္းတုိ႔ကို အဟန္႔အတားျဖစ္ေစႏိုင္ပါတယ္။
ကစားစရာအရုပ္ေတြေရြးေပးျခင္း
ကေလးေတြဟာ ဖရိုဖရဲေဆာ့ကစားတတ္ၾကပါတယ္။ သူတုိ႔ဝန္းက်င္ကို ထိန္းကြပ္ခြင့္ေပးျခင္းက တာဝန္ယူမႈ၊ ေက်းဇူးသိတတ္မႈကို သင္ယူရရိွေစျပီး သင့္ကိုလည္း အနားရေစပါတယ္။
ျပသနာေတြ လုိက္ေျဖရွင္းေပးေနျခင္း
ကေလးအခ်င္းခ်င္းၾကား ကစားစရာအရုပ္အေဝမတဲ့မႈျပသနာက ဥပေဒျပဳအထက္လႊတ္ေတာ္ အစည္းအေဝးထက္ အျငင္းပြားစရာပိုမ်ားတတ္ပါတယ္။ ဒါေပမယ့္ အခ်င္းခ်င္းမထုိးၾကိတ္မခ်င္း သူတုိ႔ဟာသူတုိ႔ လႊတ္ထားျခင္းက လူမႈဆက္ဆံေရး သိကြ်မ္းနားလည္မႈ ထူေထာင္ေပးျပီး လက္ေတြ႔ဘဝမွာ အျငင္းပြားမႈကို ေကာင္းမြန္စြာေျဖရွင္းတတ္ေစပါတယ္။ 
Ref: Purewow 

Unicode

သင်ဟာ မိဘတစ်ဦးဆိုရင် မိမိကလေးတွေဟာ မိမိအသက်သွေးကြောဖြစ်ပြီး သူတို့အတွက် ဘာမဆို လုပ်ပေးချင်မိပါလိမ့်မယ်။ အမေတွေ…သိပ်သွက်လက်မနေကြပါနဲ့ဦး။ ကလေးတွေကို အကောင်းထက် အကျိုးယုတ်မှုသာ ဖြစ်စေနိုင်တဲ့ အပြုအမူ (၆) ခု ရှိပါတယ်။ အဲ့ဒါတွေကို အလိုလိုက်တာမျိုး လုံးဝမလုပ်ပါနဲ့။

ကလေးတွေ စားချင်သမျှ ချက်ပြုတ်ပေးခြင်း

ထမင်းသုံးဆောင်ဖို့ ထမင်းစားစားပွဲမှာ ထိုင်ရုံပဲရှိသေး၊ သင့်ကလေး ပေါင်မုန့်ကင်စားချင်တယ် တောင်းလာတဲ့အခါ သင် ချက်ချင်းထလုပ်ပေးလိုက်လိမ့်မယ်။ ဒါပေမယ့် သူ့တောင်းဆိုသမျှ အလိုလိုက် ဖြည့်တင်းပေးခြင်းဖြင့် အကျင့်ဆိုးတွေ ပျိုးထောင်ပေးနေတာဖြစ်ပြီး အသစ်အဆန်းတွေ စမ်းလုပ်ဖို့ သူ့စွမ်းရည်ကို ကန့်သတ်နေတာ ဖြစ်ပါတယ်။ အဲဒီလိုအစား ထမင်းတစ်ခါပြင်ရင် စားစရာ (၂) မျိုးစီစဉ်ပြီး နှစ်ခုထဲက တစ်ခုခုရွေးခိုင်းပါ။

အိမ်စာကူလုပ်ပေးခြင်း

ဘယ်သူမဆို ကိုယ့်ကလေးကို ကျောင်းမှာ စာတော်စေချင်ကြပါတယ်။ ကလေးတွေကို အိမ်စာကူလုပ်ပေးတာက ပုံမှန်မိဘအုပ်ထိန်းမှု တစ်စိတ်တစ်ပိုင်းဆိုပေမယ့် ကူညီပေးလွန်းတာက အကျိုးပိုယုတ်စေနိုင်ကြောင်း Texas တက္ကသိုလ်ရဲ့ မကြာသေးမီက လေ့လာမှုတစ်ခုက ဆိုပါတယ်။

အဝတ်အစားဆင်ပေးခြင်း

ကလေးကို သူ့ဘာသာလွှတ်ထားရင် သူငယ်တန်းအရွယ် သင့်ကလေးက ရေကူးဝတ်စုံနဲ့ ထွက်လာပါလိမ့်မယ်။ ဒီတိုင်းပဲ လွှတ်လိုက်မှာလား။ America Academy of Pediatrics ရဲ့ ပြောရေးဆိုခွင့်ရှိသူက Parents နဲ့ အင်တာဗျူးမှာ "ကလေးတွေကို သူတို့ဟာသူတို့ ဝတ်ဆင်ခိုင်းတာ သဘာဝအလျောက် ဖံွ့ဖြိုးမှုတစ်ခုဖြစ်ပါတယ်။ ဘာလို့လဲဆိုရင် ဒါက လုပ်ပိုင်ခွင့်နဲ့ ကန့်သတ်ချက်တွေ စမ်းသပ်နေတာ ဖြစ်တယ်" လို့ သူက ဆိုပါတယ်။

အချိန်ဇယားသတ်မှတ်ပေးခြင်း

ဘောလုံး၊ စန္ဒရား၊ အကစသဖြင့် ကျောင်းပြင်ပလှုပ်ရှားမှုတွေ ရွေးချယ်ပေးခြင်းက စိတ်လှုပ်ရှားဖွယ်ဖြစ်ပါတယ်။ ဒါပေမယ့် ကလေးကို အချိန်ဇယားဖြင့် ကန့်သတ်မှုများလွန်းတဲ့အခါ သူတို့ရဲ့ အချိန်စီမံခန့်ခွဲနိုင်မှု၊ ပြသနာဖြေရှင်းခြင်းနဲ့ ဆုံးဖြတ်ချက် ချမှတ်ခြင်းတို့ကို အဟန့်အတားဖြစ်စေနိုင်ပါတယ်။

ကစားစရာအရုပ်တွေရွေးပေးခြင်း

ကလေးတွေဟာ ဖရိုဖရဲဆော့ကစားတတ်ကြပါတယ်။ သူတို့ဝန်းကျင်ကို ထိန်းကွပ်ခွင့်ပေးခြင်းက တာဝန်ယူမှု၊ ကျေးဇူးသိတတ်မှုကို သင်ယူရရှိစေပြီး သင့်ကိုလည်း အနားရစေပါတယ်။

ပြသနာတွေ လိုက်ဖြေရှင်းပေးနေခြင်း

ကလေးအချင်းချင်းကြား ကစားစရာအရုပ်အဝေမတဲ့မှုပြသနာက ဥပဒေပြုအထက်လွှတ်တော် အစည်းအဝေးထက် အငြင်းပွားစရာပိုများတတ်ပါတယ်။ ဒါပေမယ့် အချင်းချင်းမထိုးကြိတ်မချင်း သူတို့ဟာသူတို့ လွှတ်ထားခြင်းက လူမှုဆက်ဆံရေး သိကျွမ်းနားလည်မှု ထူထောင်ပေးပြီး လက်တွေ့ဘဝမှာ အငြင်းပွားမှုကို ကောင်းမွန်စွာဖြေရှင်းတတ်စေပါတယ်။ 

Ref: Purewow 
ကေလးေတြကိုအလိုမလိုက္သင့္တ့ဲ အခ်က္'၆)ခ်က္ ကေလးေတြကိုအလိုမလိုက္သင့္တ့ဲ အခ်က္'၆)ခ်က္ Reviewed by Naethit on Friday, April 21, 2017 Rating: 5

No comments