လူသတ္သမားလင္မယား
MCNews
Unicode
၂ နှစ်အရွယ်ယောက်ျားလေးတစ်ဦး အပါအဝင် မိသားစုဝင် လေးဦးကို ရက်ရက်စက်စက်သတ်ဖြတ်ခဲ့တဲ့ လူသတ်သမားလင်မယား
သြဂုတ်လ 12 ရက်နေ့က ဗီယက်နမ်နိုင်ငံ ယန်း Bai ၏ မြောက်ပိုင်းပြည်နယ်တွင် ၂ နှစ်အရွယ်ယောက်ျားလေးအပါအဝင် မိသားစုဝင်လေးဦးသေဆုံးခဲ့မှုအတွက်နဲ့ လူသတ်သမားလင်မယားကို ဗီယက်နမ်ရဲက ဖမ်းဆီးခဲ့ပါတယ်။
လယ်ယာမြေနဲ့ပါတ်သတ်ပြီး အချင်းများရန်ဖြစ်ခဲ့ကြရမှ အညှိုးထားခဲ့ကြပြီး မိသားစုဝင်များ အိပ်ပျော်နေတဲ့ ညသန်းခေါင်ချိန်မှာ ရက်ရက်စက်စက် ဝင်ရောက်သတ်ဖြတ်ခဲ့ကြခြင်း ဖြစ်ပါတယ်။ လူသတ်မှုကျူးလွန်သူ အမျိးသားသည် အသက် ၃၆ Huong ဖြစ်ပြီး အမျိုးသမီးသည် အသက် ၂၆ နှစ် ငုယင်သီ တို့ဖြစ်ကြပါတယ်။
အဆိုပါလူသတ်မှုကို ဗီယက်နမ်ရဲတပ်ဖွဲ့က လေးရက်အကြာ စုံစမ်းထောက်လှမ်းခဲ့ကြရာမှ မြောက်ပိုင်းတောင်တန်းမြို့ ယန်း Bai ပြည်နယ် သစ်တောထဲမှာပုန်းအောင်းနေခဲ့သော အဆိုပါ လူသတ်သမားလင်မယား နှစ်ယောက်လုံးကို ဖမ်းဆီးခဲ့ခြင်း ဖြစ်ပါတယ်။
MCNews
အရင်းအမြစ်: thanhniennews.com
လူသတ္သမားလင္မယား
Reviewed by Naethit
on
Saturday, April 29, 2017
Rating:
Reviewed by Naethit
on
Saturday, April 29, 2017
Rating:


No comments