အေဖသို႔

သူ…. သူဟာ ဘယ္ေလာက္ေမာေမာ အိမ္ျပန္လာလို႕ သားသမီးေတြ မ်က္ႏွာျမင္ရင္ ေမာပန္းသမွ် ေျပသြားတယ္တဲ့….. ဒါေပမယ့္ အိမ္ျပန္လာတဲ့ သူ႕မ်က္ႏွာဟာ ကၽြန္ေတာ့္ အျမင္မွာ သူဟာ ေပ်ာ္ရႊင္ေနပံု မေပါက္ခဲ့ဘူး..။

သူ…. သူဟာ ကၽြန္ေတာ့္ကို သူ႕လိုမိ်ဳး ပညာမတတ္ပဲ ေမာေမာပန္းပန္းနဲ႕ အလုပ္လုပ္ရမွာကို မျဖစ္ခ်င္ဆံုးပါတဲ့… ဒါေပမယ့္ ကၽြန္ေတာ္ကေတာ့ သူက အားအားရွိ ကၽြန္ေတာ့္ကို ပင္ပန္းေအာင္ ရွာၾကံ ခိုင္းေနတယ္လို႕ပဲ ထင္ခဲ့မိတယ္..။

သူ…. သူဟာ ကၽြန္ေတာ္ မလိမ္မာလို႕ ရိုက္ႏွက္ဆံုးမျပီးရင္ ကၽြန္ေတာ္ မသိေအာင္ အေမ့ကို ေဆးလူးခိုင္းျပီး သက္သာသလား စိုးရိမ္စြာ ေမးတတ္ပါသတဲ့… ဒါေပမယ့္ ကၽြန္ေတာ္ကေတာ့ သူ႕ကို ရက္စက္တတ္သူလို႕ပဲ ထင္ခဲ့တယ္..။

သူ… ထမင္းစားပြဲမွာ ကၽြန္ေတာ္မပါရင္္ မ်က္ႏွာမေကာင္းပဲ အေစာၾကီး ထ ထ သြားျပီး ကၽြန္ေတာ္ ထမင္းစားျပီးျပီလားဆိုျပီး တေမးတည္း ေမးေနတတ္တယ္တဲ့....။ ဒါေပမယ့္ ကၽြန္ေတာ္ကေတာ့ သူ ဟင္းမေကာင္းလို႕ ဆက္ မစားတာလို႕ပဲ ထင္ခဲ့တယ္..။

သူ…. သူ႕က်န္းမာေရးအတြက္ ၀ယ္ရမယ့္ ေဆးကို မ၀ယ္ပဲ ကၽြန္ေတာ့္ အတြက္ ေက်ာင္းသံုး ပစၥည္းေတြကို ၀ယ္ေပးခဲ့တယ္..။ ကၽြန္ေတာ္ကေတာ့ ကိုယ္လိုခ်င္တဲ့ အေကာင္းစားပစၥည္းမရလို႕ သူ႕ကို ကပ္ေစးႏွဲၾကီးလို႕ ထင္ခဲ့တယ္..။

သူ…. ကၽြန္ေတာ္ စာေမးပြဲေအာင္ေတာ့ … "ငါ့သား ဘယ္ေလာက္ေတာ္လဲ ၾကည့္စမ္း..၊ ဒါမွ ငါနဲ႕ တူတဲ့ ဖေအတူသား.. ငါ့သားကြ.." ဆိုျပီး  အေမ့ကို ၾကြားေျပာပါသတဲ့…..။ ကၽြန္ေတာ္ကေတာ့ ကၽြန္ေတာ္ စာေမးပြဲေအာင္တာေတာင္ ေပ်ာ္ရႊင္ပံုမေပၚတဲ့ သူ႕ကိုၾကည့္ျပီး စိတ္ပ်က္ခဲ့တယ္..။

သူ… ကၽြန္ေတာ္ အလုပ္ကရတဲ့ ပထမဆံုးလခကို ကန္ေတာ့ ေတာ့ မ်က္ရည္္က်ျပီး သူဟာ ငိုခဲ့ပါသတဲ့..။ ကၽြန္ေတာ္ကေတာ့ ကန္ေတာ့ အျပီးမွာ ဆုေတာင္ မေပးပဲ မ်က္ႏွာလႊဲသြားတဲ့သူ႕ကို မာနၾကီးသူၾကီးလို႕ နာမည္ တပ္ခဲ့မိပါတယ္….။

သူ…. က်န္းမာေရး မေကာင္းျဖစ္ျပီး ခံစားေနရတဲ့ ေ၀ဒနာေတြကို အံၾကိတ္ျပီး အပူရုပ္ကို ဟန္လုပ္ ျပံဳးျပေနခဲ့တဲ့သူ..၊ ကၽြန္ေတာ္ကေတာ့ အေပၚယံကိုၾကည့္ အရာရာကို အဆင္ေျပလွျပီလို႕ပဲ ေတြးထားခဲ့မိတယ္…။

သူ… သူ႕ရဲ႕ ေနာက္ဆံုးအခ်ိန္လို႕ သိလိုက္ေနခ်ိန္မွာ… သူ႕ မာန္ မာနေတြ ခ၀ါခ်..၊ ေႏြးေထြးတဲ့ ျဖဴေလ်ာ့တဲ့ လက္ႏွစ္ဖက္နဲ႕ ..၊ ကၽြန္ေတာ့္လက္ကို ကိုင္ျပီး ေ၀ဒနာေတြကို အံတု အားတင္းျပီး ေျပာလိုက္တဲ့ စကားတစ္ခြန္းက "သားကို ေဖေဖ သိပ္ခ်စ္ပါတယ္…" တဲ့….။ ကၽြန္ေတာ္ ၾကားခ်င္လွတဲ့ စကားကို ကၽြန္ေတာ္ ၾကားရခ်ိန္မွာ ကၽြန္ေတာ္ဟာ ေပ်ာ္ေနတဲ့ သူတစ္ေယာက္ မျဖစ္ခဲ့ရဘူး..။


သူ…သူ…သူ… သူဟာ စကား အမ်ားၾကီး မေျပာတတ္ဘူး..။ ေျပာလိုက္တိုင္းလည္း ခ်စ္ေၾကာင္း ေပ်ာ္ရႊင္ေၾကာင္းေတြ မပါပဲ ဆံုးမစကားေတြပဲ ျဖစ္ေနတယ္..။ ဒါေပမယ့္……. သူ သားသမီး အေပၚ ခ်စ္တဲ့ ရင္ထဲက အခ်စ္ကေတာ့ ကိုးလလြယ္ ဆယ္လေမြးခဲ့တဲ့ အေမေတြရဲ႕ အခ်စ္ထက္ တစ္ျပားသားမွ မေလ်ာ့ပါဘူးဆိုတာကို သင္သိလိုက္ရတဲ့အခ်ိန္ဟာ ေနာက္မက်ပါေစနဲ႕လို႕ ဆုေတာင္းလိုက္ပါရေစ…။

ေအာင္ထြန္းဦး

Unicode


သူ…. သူဟာ ဘယ်လောက်မောမော အိမ်ပြန်လာလို့ သားသမီးတွေ မျက်နှာမြင်ရင် မောပန်းသမျှ ပြေသွားတယ်တဲ့….. ဒါပေမယ့် အိမ်ပြန်လာတဲ့ သူ့မျက်နှာဟာ ကျွန်တော့် အမြင်မှာ သူဟာ ပျော်ရွှင်နေပုံ မပေါက်ခဲ့ဘူး..။

သူ…. သူဟာ ကျွန်တော့်ကို သူ့လိုမျိုး ပညာမတတ်ပဲ မောမောပန်းပန်းနဲ့ အလုပ်လုပ်ရမှာကို မဖြစ်ချင်ဆုံးပါတဲ့… ဒါပေမယ့် ကျွန်တော်ကတော့ သူက အားအားရှိ ကျွန်တော့်ကို ပင်ပန်းအောင် ရှာကြံ ခိုင်းနေတယ်လို့ပဲ ထင်ခဲ့မိတယ်..။

သူ…. သူဟာ ကျွန်တော် မလိမ်မာလို့ ရိုက်နှက်ဆုံးမပြီးရင် ကျွန်တော် မသိအောင် အမေ့ကို ဆေးလူးခိုင်းပြီး သက်သာသလား စိုးရိမ်စွာ မေးတတ်ပါသတဲ့… ဒါပေမယ့် ကျွန်တော်ကတော့ သူ့ကို ရက်စက်တတ်သူလို့ပဲ ထင်ခဲ့တယ်..။

သူ… ထမင်းစားပွဲမှာ ကျွန်တော်မပါရင် မျက်နှာမကောင်းပဲ အစောကြီး ထ ထ သွားပြီး ကျွန်တော် ထမင်းစားပြီးပြီလားဆိုပြီး တမေးတည်း မေးနေတတ်တယ်တဲ့....။ ဒါပေမယ့် ကျွန်တော်ကတော့ သူ ဟင်းမကောင်းလို့ ဆက် မစားတာလို့ပဲ ထင်ခဲ့တယ်..။

သူ…. သူ့ကျန်းမာရေးအတွက် ဝယ်ရမယ့် ဆေးကို မဝယ်ပဲ ကျွန်တော့် အတွက် ကျောင်းသုံး ပစ္စည်းတွေကို ဝယ်ပေးခဲ့တယ်..။ ကျွန်တော်ကတော့ ကိုယ်လိုချင်တဲ့ အကောင်းစားပစ္စည်းမရလို့ သူ့ကို ကပ်စေးနှဲကြီးလို့ ထင်ခဲ့တယ်..။

သူ…. ကျွန်တော် စာမေးပွဲအောင်တော့ … "ငါ့သား ဘယ်လောက်တော်လဲ ကြည့်စမ်း..၊ ဒါမှ ငါနဲ့ တူတဲ့ ဖအေတူသား.. ငါ့သားကွ.." ဆိုပြီး  အမေ့ကို ကြွားပြောပါသတဲ့…..။ ကျွန်တော်ကတော့ ကျွန်တော် စာမေးပွဲအောင်တာတောင် ပျော်ရွှင်ပုံမပေါ်တဲ့ သူ့ကိုကြည့်ပြီး စိတ်ပျက်ခဲ့တယ်..။

သူ… ကျွန်တော် အလုပ်ကရတဲ့ ပထမဆုံးလခကို ကန်တော့ တော့ မျက်ရည်ကျပြီး သူဟာ ငိုခဲ့ပါသတဲ့..။ ကျွန်တော်ကတော့ ကန်တော့ အပြီးမှာ ဆုတောင် မပေးပဲ မျက်နှာလွှဲသွားတဲ့သူ့ကို မာနကြီးသူကြီးလို့ နာမည် တပ်ခဲ့မိပါတယ်….။

သူ…. ကျန်းမာရေး မကောင်းဖြစ်ပြီး ခံစားနေရတဲ့ ဝေဒနာတွေကို အံကြိတ်ပြီး အပူရုပ်ကို ဟန်လုပ် ပြုံးပြနေခဲ့တဲ့သူ..၊ ကျွန်တော်ကတော့ အပေါ်ယံကိုကြည့် အရာရာကို အဆင်ပြေလှပြီလို့ပဲ တွေးထားခဲ့မိတယ်…။

သူ… သူ့ရဲ့ နောက်ဆုံးအချိန်လို့ သိလိုက်နေချိန်မှာ… သူ့ မာန် မာနတွေ ခဝါချ..၊ နွေးထွေးတဲ့ ဖြူလျော့တဲ့ လက်နှစ်ဖက်နဲ့ ..၊ ကျွန်တော့်လက်ကို ကိုင်ပြီး ဝေဒနာတွေကို အံတု အားတင်းပြီး ပြောလိုက်တဲ့ စကားတစ်ခွန်းက "သားကို ဖေဖေ သိပ်ချစ်ပါတယ်…" တဲ့….။ ကျွန်တော် ကြားချင်လှတဲ့ စကားကို ကျွန်တော် ကြားရချိန်မှာ ကျွန်တော်ဟာ ပျော်နေတဲ့ သူတစ်ယောက် မဖြစ်ခဲ့ရဘူး..။


သူ…သူ…သူ… သူဟာ စကား အများကြီး မပြောတတ်ဘူး..။ ပြောလိုက်တိုင်းလည်း ချစ်ကြောင်း ပျော်ရွှင်ကြောင်းတွေ မပါပဲ ဆုံးမစကားတွေပဲ ဖြစ်နေတယ်..။ ဒါပေမယ့်……. သူ သားသမီး အပေါ် ချစ်တဲ့ ရင်ထဲက အချစ်ကတော့ ကိုးလလွယ် ဆယ်လမွေးခဲ့တဲ့ အမေတွေရဲ့ အချစ်ထက် တစ်ပြားသားမှ မလျော့ပါဘူးဆိုတာကို သင်သိလိုက်ရတဲ့အချိန်ဟာ နောက်မကျပါစေနဲ့လို့ ဆုတောင်းလိုက်ပါရစေ…။

အောင်ထွန်းဦး


အေဖသို႔ အေဖသို႔ Reviewed by Naethit on Friday, April 28, 2017 Rating: 5

No comments