ႀကိဳ႕ထိုးတာအျမန္ေပ်ာက္ကင္းေစဖို႔နည္းလမ္း

လူတိုင္း ႀကိဳ႕ထိုးတာ ခံစားဖူးၾကမယ္ ထင္ပါတယ္။ နာလိုခံခက္ ျဖစ္လြန္းတဲ့ ႀကိဳ႕ထိုးတာ ေပ်ာက္ကင္းေအာင္ နည္းလမ္းတခ်ိဳ႕ တင္ျပေပးမွာပါမယ္။ ကိုယ္တိုင္လည္း တအြတ္ အြတ္နဲ႕ အခံရခက္သလို၊ ဒီအသံကို ၾကားရတဲ့ ပတ္ဝန္းက်င္က လူေတြကိုလည္း တစုံတရာ အေႏွာင့္အယွက္ ျဖစ္ေစတဲ့ ႀကိ့ထိုးျခင္း ဘာေၾကာင့္ ျဖစ္တာလဲ ဆိုတဲ့ အေၾကာင္းက စေျပာပါမယ္။



ဘာေၾကာင့္ ႀကိဳ႕ထိုးတာလဲ

ႀကိဳ႕ထိုးေအာင္ ျဖစ္ေစတဲ့ အေၾကာင္းရင္းေတြ အမ်ားအျပား ရွိပါတယ္။ အစားအေသာက္ အဆမတန္မ်ားၿပီး ရင္ျပည့္လြန္တဲ့ အခါမွာ ႀကိဳ႕ထိုးတတ္သလို အပူအစပ္ အစားမ်ားရင္လည္း ႀကိဳ႕ထိုးတတ္ပါတယ္။ ၿပီးေတာ့ ေဆးလိပ္ အလြန္အကြၽံေသာက္တာေတြ၊ အရက္ အလြန္အကြၽံေသာက္တာေတြ၊ အပူ သို႔မဟုတ္ အေအးကို အလြန္အကြၽံ ေသာက္တာေတြေၾကာင့္လည္း ႀကိဳ႕ထိုးတတ္ပါတယ္။


အဲဒီလို အလြန္အကြၽံ သုံးစြဲ ေသာက္သုံးတဲ့ အခါ အစာအိမ္ အတြင္း / အျပင္၊ ခႏၶာကို အတြင္း/အျပင္ အပူခ်ိန္ ကြာျခားခ်က္ ႐ုတ္တရက္မ်ားလာၿပီး အသက္ရႉလမ္းေၾကာင္းနဲ႕ အစားအစာ ႀကိတ္ေခ်ဝါးမ်ိဳရာ လမ္းေၾကာင္း တေလွ်ာက္မွာရွိ နာဗ္ေၾကာေတြရဲ႕ တုံ႕ျပန္လႈပ္ရွားမႈ စနစ္ကို ပ်က္ယြင္းေစရာကေန ႀကိဳ႕ထိုးရတာ ျဖစ္ပါတယ္။

ၿပီးေတာ့ စိတ္လႈပ္ရွားတာေတြ၊ စိတ္ဖိစီးမႈေတြ၊ ကိုယ္တြင္းဇီဝကမၼ ဆိုင္ရာေရာဂါေတြ၊ အာ႐ုံေၾကာမႀကီးနဲ႕ ဆိုင္တဲ့ ေရာဂါေတြ စတာေတြ ခံစားရသူေတြလည္း မၾကာခဏ ႀကိဳ႕ထိုးတတ္ပါတယ္။ တခ်ိဳ႕ေသာ ဆီးခ်ိဳသမားမ်ား၊ ေက်ာက္ကပ္ အားနည္းသူေတြဟာလည္း ၄၈ နာရီထက္ ၾကာေအာင္ ႀကိဳ႕ထိုးတတ္ပါတယ္။

ႀကိဳ႕ထိုးတာ ေပ်ာက္ေအာင္

ႀကိဳ႕ထိုးတာဟာ ဘာမွ လုပ္ေပးစရာ မလိုဘဲ သူ႕အလိုလို ေပ်ာက္သြားတတ္ ပါတယ္။ အခ်ိန္ အရမ္းၾကာလို႔ သိပ္ေမာပန္းလာမယ္ ဆိုရင္ေတာ့ အခုေဖာ္ျပမယ့္ အခ်က္ေတြ အတိုင္း လုပ္ေဆာင္ပါ။ ႀကိဳ႕ထိုးတာ ေပ်ာက္ကင္းသြားပါ လိမ့္မယ္။



၁။ အသက္ေအာင့္ပါ

သင့္ အဆုတ္အတြင္း အျပည့္ ေနာက္ထပ္ ေလတစက္မွ ဝင္စရာမရွိေအာင္  ႏွာေခါင္းနဲ႕ တျဖည္ျဖည္းခ်င္း အသက္ ရႉသြင္းၿပီး အသက္ေအာင့္နိုင္သမွ်  အသက္ေအာင့္ပါ။ ၿပီးရင္ ပါးစပ္ကေန တျဖည္းျဖည္း ရႉထုတ္ပါ။ ေနာက္တခါ သင့္ အဆုတ္အတြင္းမွာ ေလတစက္မွ မက်န္ေအာင္ အသက္ရႉထုတ္ၿပီး အသက္ ေအာင့္နိုင္သမွ် ေအာင့္ပါ။ အဲဒီလို ၃ ခါေလာက္ တဆက္တည္း လုပ္ပါ။ ႀကိဳ႕ထိုးတာ မၾကာခင္ သက္သာေပ်ာက္ကင္း သြားပါလိမ့္မယ္။ တကယ္ေတာ့ ေလထဲမွာပါတဲ့ ေအာက္စီဂ်င္က သင့္ခႏၶာကိုယ္ရဲ႕ အပူခ်ိန္ကို ထိန္းညွိေပးတဲ့ အျပင္ အဆိပ္အေတာက္ေတြပါ ဖယ္ရွားေပးပါတယ္။


၂။ ေရေသာက္ပါ။

ေရက သင့္ခႏၶာကိုယ္အတြင္း အျပင္ သန္း့ရွင္းေစတဲ့ အျပင္ အပူခ်ိန္ကို ထိန္းညွိေပးတာေပးပါတယ္။ ေရေသာက္ျခင္းက ႀကိဳ႕ထိုးတာ ေပ်ာက္ကင္းေစပါတယ္။

၃။ သၾကားကို ငုံထားၿပီး တျဖည္းျဖည္း ၿမိဳ႕ခ်ပါ။

သင့္ရဲ႕ အသည္းက အားနည္းေနတဲ့ အခါ၊ ဒါမွမဟုတ္ အစာႀကိတ္ေခ်ဖိဳ႕ အခါးဓာတ္ နည္းပါးေနတဲ့ အခါေတြမွာလည္း ႀကိဳ႕ထိုးတတ္ပါတယ္။ အသည္းကို အားေပးဖို႔ သၾကားရည္ခ်ိဳခ်ိဳ ေသာက္ပါ။ အထူးသျဖင့္ ႀကိဳ႕ထိုးေနခ်ိန္မွာ သၾကားကို ခ်က္ခ်င္း မ်ိဳမခ်ဘဲ ငုံထားၿပီး  သၾကားရည္ကို တျဖည္းျဖည္းခ်င္း မ်ိဳခ်ပါ။ ႀကိဳ႕ထိုးတာ ေပ်ာက္ကင္း သြားပါလိမ့္မယ္။

Ref: wikihow.com

Unicode

လူတိုင်း ကြို့ထိုးတာ ခံစားဖူးကြမယ် ထင်ပါတယ်။ နာလိုခံခက် ဖြစ်လွန်းတဲ့ ကြို့ထိုးတာ ပျောက်ကင်းအောင် နည်းလမ်းတချို့ တင်ပြပေးမှာပါမယ်။ ကိုယ်တိုင်လည်း တအွတ် အွတ်နဲ့ အခံရခက်သလို၊ ဒီအသံကို ကြားရတဲ့ ပတ်ဝန်းကျင်က လူတွေကိုလည်း တစုံတရာ အနှောင့်အယှက် ဖြစ်စေတဲ့ ကြိ့ထိုးခြင်း ဘာကြောင့် ဖြစ်တာလဲ ဆိုတဲ့ အကြောင်းက စပြောပါမယ်။



ဘာကြောင့် ကြို့ထိုးတာလဲ

ကြို့ထိုးအောင် ဖြစ်စေတဲ့ အကြောင်းရင်းတွေ အများအပြား ရှိပါတယ်။ အစားအသောက် အဆမတန်များပြီး ရင်ပြည့်လွန်တဲ့ အခါမှာ ကြို့ထိုးတတ်သလို အပူအစပ် အစားများရင်လည်း ကြို့ထိုးတတ်ပါတယ်။ ပြီးတော့ ဆေးလိပ် အလွန်အကျွံသောက်တာတွေ၊ အရက် အလွန်အကျွံသောက်တာတွေ၊ အပူ သို့မဟုတ် အအေးကို အလွန်အကျွံ သောက်တာတွေကြောင့်လည်း ကြို့ထိုးတတ်ပါတယ်။


အဲဒီလို အလွန်အကျွံ သုံးစွဲ သောက်သုံးတဲ့ အခါ အစာအိမ် အတွင်း / အပြင်၊ ခန္ဓာကို အတွင်း/အပြင် အပူချိန် ကွာခြားချက် ရုတ်တရက်များလာပြီး အသက်ရှူလမ်းကြောင်းနဲ့ အစားအစာ ကြိတ်ချေဝါးမျိုရာ လမ်းကြောင်း တလျှောက်မှာရှိ နာဗ်ကြောတွေရဲ့ တုံ့ပြန်လှုပ်ရှားမှု စနစ်ကို ပျက်ယွင်းစေရာကနေ ကြို့ထိုးရတာ ဖြစ်ပါတယ်။

ပြီးတော့ စိတ်လှုပ်ရှားတာတွေ၊ စိတ်ဖိစီးမှုတွေ၊ ကိုယ်တွင်းဇီဝကမ္မ ဆိုင်ရာရောဂါတွေ၊ အာရုံကြောမကြီးနဲ့ ဆိုင်တဲ့ ရောဂါတွေ စတာတွေ ခံစားရသူတွေလည်း မကြာခဏ ကြို့ထိုးတတ်ပါတယ်။ တချို့သော ဆီးချိုသမားများ၊ ကျောက်ကပ် အားနည်းသူတွေဟာလည်း ၄၈ နာရီထက် ကြာအောင် ကြို့ထိုးတတ်ပါတယ်။

ကြို့ထိုးတာ ပျောက်အောင်

ကြို့ထိုးတာဟာ ဘာမှ လုပ်ပေးစရာ မလိုဘဲ သူ့အလိုလို ပျောက်သွားတတ် ပါတယ်။ အချိန် အရမ်းကြာလို့ သိပ်မောပန်းလာမယ် ဆိုရင်တော့ အခုဖော်ပြမယ့် အချက်တွေ အတိုင်း လုပ်ဆောင်ပါ။ ကြို့ထိုးတာ ပျောက်ကင်းသွားပါ လိမ့်မယ်။


၁။ အသက်အောင့်ပါ

သင့် အဆုတ်အတွင်း အပြည့် နောက်ထပ် လေတစက်မှ ဝင်စရာမရှိအောင် နှာခေါင်းနဲ့ တဖြည်ဖြည်းချင်း အသက် ရှူသွင်းပြီး အသက်အောင့်နိုင်သမျှ အသက်အောင့်ပါ။ ပြီးရင် ပါးစပ်ကနေ တဖြည်းဖြည်း ရှူထုတ်ပါ။ နောက်တခါ သင့် အဆုတ်အတွင်းမှာ လေတစက်မှ မကျန်အောင် အသက်ရှူထုတ်ပြီး အသက် အောင့်နိုင်သမျှ အောင့်ပါ။ အဲဒီလို ၃ ခါလောက် တဆက်တည်း လုပ်ပါ။ ကြို့ထိုးတာ မကြာခင် သက်သာပျောက်ကင်း သွားပါလိမ့်မယ်။ တကယ်တော့ လေထဲမှာပါတဲ့ အောက်စီဂျင်က သင့်ခန္ဓာကိုယ်ရဲ့ အပူချိန်ကို ထိန်းညှိပေးတဲ့ အပြင် အဆိပ်အတောက်တွေပါ ဖယ်ရှားပေးပါတယ်။


သရုပ်ဖော်ပုံ (wikihow.com)
၂။ ရေသောက်ပါ။

ရေက သင့်ခန္ဓာကိုယ်အတွင်း အပြင် သန်း့ရှင်းစေတဲ့ အပြင် အပူချိန်ကို ထိန်းညှိပေးတာပေးပါတယ်။ ရေသောက်ခြင်းက ကြို့ထိုးတာ ပျောက်ကင်းစေပါတယ်။

၃။ သကြားကို ငုံထားပြီး တဖြည်းဖြည်း မြို့ချပါ။

သင့်ရဲ့ အသည်းက အားနည်းနေတဲ့ အခါ၊ ဒါမှမဟုတ် အစာကြိတ်ချေဖို့ အခါးဓာတ် နည်းပါးနေတဲ့ အခါတွေမှာလည်း ကြို့ထိုးတတ်ပါတယ်။ အသည်းကို အားပေးဖို့ သကြားရည်ချိုချို သောက်ပါ။ အထူးသဖြင့် ကြို့ထိုးနေချိန်မှာ သကြားကို ချက်ချင်း မျိုမချဘဲ ငုံထားပြီး သကြားရည်ကို တဖြည်းဖြည်းချင်း မျိုချပါ။ ကြို့ထိုးတာ ပျောက်ကင်း သွားပါလိမ့်မယ်။

Ref: wikihow.com
ႀကိဳ႕ထိုးတာအျမန္ေပ်ာက္ကင္းေစဖို႔နည္းလမ္း ႀကိဳ႕ထိုးတာအျမန္ေပ်ာက္ကင္းေစဖို႔နည္းလမ္း Reviewed by Naethit on Tuesday, April 25, 2017 Rating: 5

No comments