ကားေမာင္းသမားတေယာက္ရ႕ဲ အေတြ႔ၾကံဳ

1998 ေလာက္က ၆ဘီး ကုန္ကားနဲ႔ ေခါင္းခန္းကေန လမ္းႀကဳံလိုက္တာ ပ်ဥ္းမနား ေတာင္ၾကားလမ္း အဆင္းမွာ ဒရုိင္ဘာက လွမ္းေျပာတယ္။

"ေကာင္ေလးေရ... ေသခ်ာသာ ကိုင္ထား။ မင္းေအာက္ကဘီး မရွိေတာ့ဘူး" တဲ့။

အဲ့ေတာ့မွ ေခါင္းျပဳၿပီး ထြက္ၾကည့္ လိုက္ေတာ့ ဘယ္ဘက္ေရွ႕ဘီး မရွိေတာ့ဘူး။ အဆင္းမွာ ဘယ္ဘက္ ေရွ႕ဘီးကြ်တ္ ထြက္သြားတာ။

ဘီးကြ်တ္ သြားသြားခ်င္း ကားက တည့္တည့္ပဲ။ ၁၅ စကၠန္႔ ေလာက္ေနမွ တေျဖးေျဖး ေစာင္းသြားၿပီး ဟတ္ဒရမ္နဲ႔ ကားလမ္း ပြတ္ၿပီး ဆြဲသြားတာ။ ဓာတ္တိုင္ သုံးတိုင္ စာေလာက္ ရွိမွ ကားရပ္သြားတယ္။

ကားမရပ္ခင္ထဲက လမ္းေဘး ထမင္းဆိုင္ေတြက လူေတြ ေရပုံးေတြ ကိုင္ၿပီး ေစာင့္ေနၾကတာ။ ကားလည္းရပ္ေရာ ၂ဘက္ ညပ္ၿပီး ေရဝိုင္းေလာင္းၾကတယ္။ ဒရမ္နဲ႔ လမ္းပြတ္ၿပီး မီးေတာက္ေနတာ သူတို႔က လွမ္းျမင္တာကိုး။

ကားဘီး ကြ်တ္သြားတာကို သိၿပီးေနာက္ ဒရုိင္ဘာရဲ႕တုန္႔ျပန္မႈ ေအးေဆး တည္ၿငိမ္ တာက အခုထိ မ်က္လုံးထဲက မထြက္ဘူး။ ကိုယ့္ကိုေတာင္ စကားလွမ္းေျပာေသးတယ္။

"ဒီအခ်ိန္ ဘရိတ္ နင္းလိုက္ရင္ ကားေမွာက္သြားမွာ" တဲ့။

ေနာက္မွာလည္း ကုန္ေတြက ပါတယ္။ ေမွာက္ခ်င္စရာ။ အေရး အေၾကာင္းဆို ဒရိုင္ဘာ တစ္ေယာက္ရဲ႕ အေတြ႔အႀကဳံဟာ အရမ္း အေရးႀကီးတယ္။

1997 တုန္းက ကားေလးနဲ႔ တေယာက္ထဲ ေမာင္းလာတုန္း သကၤန္းကြ်န္း ျပည္ေထာင္စု တံတား ကေန ငမိုးရိပ္ဘက္ကို အဆင္းမွာ ကလပ္ နင္းလိုက္တုန္း ကားစက္ ေသသြားတယ္။ ေသာ့နဲ႔ ျပန္မႏႈိးေတာ့ပဲ နံပတ္ ၃ ဂီယာ ထည့္ျပီး ျပန္ႏႈိးကာ ဆက္ေမာင္းလိုက္တယ္။

အဲ႔အခ်ိန္မွာ ကားေရွ႕ ေဘာနက္ကေန မီးခိုးေတြ ထြက္လာတာနဲ႔ လမ္းေဘး အျမန္ ထိုးရပ္ စက္သတ္ၿပီး ေဘာနက္ အျမန္ဖြင့္၊ ပလယာ ကိုင္ဆင္းသြားလိုက္တယ္။ ၾကည့္လိုက္ေတာ့ ဝါယာႀကိဳး အေသးေတြ မီးေလာင္ေနၿပီ။

လက္ထဲက ပလာယာနဲ႔ ဘထၳရီ ငုတ္တစ္ခုကို ဆြဲျဖဳတ္လိုက္မွ မီးက ေသသြားတယ္။ ကားေပၚက ဆင္းဆင္းခ်င္း ပလယာ ကိုင္သြား မိတာ မွန္သြားတယ္။ ႏို႔မို႔ ဆီကို မီးကူး ၿပီးမွ ဆိုရင္ ကားလည္းကုန္၊ ကိုယ္လည္း အခ်ဳပ္ထဲအိပ္ခဲ့ရမွာ။

ကားေမာင္းသက္ အႏွစ္၂၀ ေက်ာ္ အတြင္းမွာ မေတာ္တဆမႈ ျဖစ္လုနီးပါး အေျခအေနေတြ အမ်ားႀကီး ႀကဳံခဲ့ဖူး ပါတယ္။ ၂ခါပဲ တိုက္မိ ဖူးပါတယ္။ အဲ့ ၂ ခါကလည္း ဘရိတ္မိေတာ့ အရွိန္မပါလို႔ အေသးအဖြဲပဲ ျဖစ္ခဲ့ ပါတယ္။

အရင္ တပတ္ကတင္ ညဘက္ ကီလို ၈၀ ႏႈန္းေလာက္ေမာင္း ေနခ်ိန္မွာ တဖက္က မီးေရာင္ေၾကာင့္ ကိုယ့္ေရွ႕ တည့္တည့္က မီးပိတ္ၿပီး လမ္းေပၚ တက္ရပ္ထားတဲ့ အထုပ္အပိုးေတြနဲ႔ ဆိုင္ကယ္နဲ႔ လူကို လုံးဝ မေတြ႕ရပဲ ဘြားကနဲ ေတြ႕လိုက္ရတယ္။

ဘရိတ္မႏိုင္တဲ့ အေျခအေနေၾကာင့္ ညာဘက္ လမ္းေဘး ထိုးဆင္း ရမလား။ ဘယ္ဘက္ကားလာေနတဲ့ဘက္ ေရွာင္ရမလား။ တည့္တည့္ပဲ တိုက္ရမလား။ ရုတ္တရက္ စကၠန္႔ပိုင္း အတြင္း ျဖစ္ေပၚလာတဲ့ အေျခအေနမွာ ေနာက္ဆံုး ဘယ္ဘက္ ကို အနည္းငယ္ပဲဆြဲၿပီး လြတ္တယ္ ဆိုယုံေလး ကပ္ေရွာင္ခဲ့လို႔သာ မေတာ္တဆ အျဖစ္က ေဝးခဲ႔ရတာပါ။

ကြ်န္ေတာ္ ကားေမာင္းရမွာ ေၾကာက္ပါတယ္။ အခ်ိန္မေရြး ေထာင္ထဲ ေရာက္ႏိုင္သလို အခ်ိန္မေရြး ဒုကၡိတ ျဖစ္ႏိုင္ပါတယ္။ အခ်ိန္မေရြးလည္း ေသဆုံးႏိုင္ ပါေသးတယ္။

ဒါေၾကာင့္ အေတြ႔အႀကဳံ မ်ားေသာ္လည္း ေပါ့ဆစြာ မေမာင္းရဲပါ။ နီးသည္ျဖစ္ေစ ေဝးသည္ျဖစ္ေစ သတိ အျပည့္ ထားၿပီး မွသာ ေမာင္းႏွင္ပါတယ္။ ဟိုင္းေဝး ဆိုပါက သတိပိုထားပါတယ္။ အရွိန္မ်ားသည့္ အတြက္ မေတာ္တဆမႈ ျဖစ္ႏိုင္ေျခပိုမ်ားၿပီး အရွိန္ေၾကာင့္ ကားကို ထိန္းသိမ္းရတာလည္း ပိုခက္ပါတယ္။

ယာဥ္မေတာ္တဆမႈ တစ္ခု ျဖစ္ဖို႔ဟာ စကၠန္႔ပိုင္းေလး နဲ႔တင္ လုံေလာက္ပါတယ္။

ကားေမာင္းတဲ႔အခါမွာ သီခ်င္းႀကိဳက္ေသာ္လည္း သီခ်င္း ေရဒီယိုလုံးဝမဖြင့္ပါ။ (ကား၏ အသံေျပာင္းသြားမႈ ကိုမသိမွာ စိုးလို႔ပါ)

အေအးႀကိဳက္ေသာ္လည္း Aircon သိပ္မဖြင့္ပါ။ (မွန္လုံ သြားျခင္းေၾကာင့္ ကား အျမန္ႏႈန္းကို မသိသာသလို အိပ္ငိုက္တတ္လို႔ပါ)

Aircon ဖြင့္ထားပါက ကားအတြင္း ေအးေသာ္လည္း ကားအျပင္တြင္ မတရားပူေသာေၾကာင့္ စိုးရိမ္တာလည္း ပါပါတယ္။

ခါးပတ္ပတ္ပါတယ္။ (ဟိုးအရင္ထဲက ခါးပတ္ပတ္လို႔ ငေၾကာင္လို႔ ခဏခဏ အေျပာခံရ ဖူးပါတယ္။)

ကားမထြက္ခင္ တာယာ ေကာင္းမေကာင္း ၾကည့္တတ္ၿပီး ကားေအာက္ ငံု႔ၾကည့္ေလ့ ရွိပါတယ္။ (ဆီယိုစိမ့္ၿပီး လူမနီးသူမနီး ကားပ်က္မွာစိုးလို႔ပါ။)

ကားေအာက္ပိုင္းမွာ အသံျမည္ပါက ဆက္မေမာင္းပါ။

အပိုအလွဆင္ မီးမ်ား တပ္ဆင္ျခင္း မႀကိဳက္ပါ။ (နဂိုကထဲက လိုအပ္သည္မ်ား ကားတစ္စီးလုံးတြင္ ပါဝင္ၿပီးသားပါ။)

ကားေမာင္းရင္း အိပ္ငိုက္တဲ့ အခါ ေရာက္ရာ ေနရာမွာေဘးကပ္ရပ္ၿပီး အိပ္ပါတယ္။ (ဆက္ေမာင္းပါက ကိုယ့္သြားမယ့္ေနရာထိ မေရာက္မွာ စိုးလို႔ပါ)

မူးယစ္ ေစတတ္ေသာအရာမ်ား တစ္ခုမွမသုံးစြဲပါ။ (လူေကာင္း အတြက္ပင္ အႏၲရာယ္ႀကီးလြန္းေနတာ။ မူးေနပါကမေတြးရဲပါ။)

အခ်ိန္လုသြားရေသာ ခရီးကို မေမာင္းပါ။

ေဒါသထြက္ေနခ်ိန္ မေမာင္းပါ။

စိတ္ညစ္ေနခ်ိန္ မေမာင္းပါ။

ေနမေကာင္းခ်ိန္ မေမာင္းပါ။

ကမာၻေပၚမွာ စစ္ပြဲေတြေၾကာင့္ ေသဆုံးသူထက္ ကပ္ ေရာဂါေၾကာင့္ ေသဆုံးသူ မ်ားပါတယ္။ ကပ္ေရာဂါ ေၾကာင့္ ေသဆံုးသူထက္ ယာဥ္ မေတာ္တဆမႈေၾကာင့္ ေသဆုံးဒုကၡေရာက္သူ ပိုမ်ားပါတယ္။ အဲ့ဒါေလးကို မွတ္ထားေပးပါ။ ဘယ္ေတာ့မွ မေမ့ၾကပါနဲ႔။

ဘယ္ေလာက္ သတိထားပါတယ္ ေျပာေျပာ၊ ကားနဲ႔ ပတ္သက္ၿပီး ဒုကၡေရာက္ဖို႔က အလြန္လြယ္ကူပါတယ္။

သူငယ္ခ်င္းမ်ား အေနျဖင့္ ကားေမာင္းတဲ့ အခါ ျဖစ္ျဖစ္၊ ကားစီးတဲ့ အခါျဖစ္ျဖစ္၊ လမ္းကူးတဲ့ အခါျဖစ္ျဖစ္၊ လမ္းေဘးရပ္ေနတဲ့ အခါျဖစ္ျဖစ္ မေပါ့ဆၾကဖို႔ အႀကံျပဳတင္ျပျခင္းသာ ျဖစ္ပါတယ္။

မူရင္း- ကိုခင္ေမာင္သန္း

- မွတ္စုၾကမ္းမွ ျပန္လည္ ေဝမွ်သည္။ #kyawnge

Unicode

1998 လောက်က ၆ဘီး ကုန်ကားနဲ့ ခေါင်းခန်းကနေ လမ်းကြုံလိုက်တာ ပျဉ်းမနား တောင်ကြားလမ်း အဆင်းမှာ ဒရိုင်ဘာက လှမ်းပြောတယ်။

"ကောင်လေးရေ... သေချာသာ ကိုင်ထား။ မင်းအောက်ကဘီး မရှိတော့ဘူး" တဲ့။

အဲ့တော့မှ ခေါင်းပြုပြီး ထွက်ကြည့် လိုက်တော့ ဘယ်ဘက်ရှေ့ဘီး မရှိတော့ဘူး။ အဆင်းမှာ ဘယ်ဘက် ရှေ့ဘီးကျွတ် ထွက်သွားတာ။

ဘီးကျွတ် သွားသွားချင်း ကားက တည့်တည့်ပဲ။ ၁၅ စက္ကန့် လောက်နေမှ တဖြေးဖြေး စောင်းသွားပြီး ဟတ်ဒရမ်နဲ့ ကားလမ်း ပွတ်ပြီး ဆွဲသွားတာ။ ဓာတ်တိုင် သုံးတိုင် စာလောက် ရှိမှ ကားရပ်သွားတယ်။

ကားမရပ်ခင်ထဲက လမ်းဘေး ထမင်းဆိုင်တွေက လူတွေ ရေပုံးတွေ ကိုင်ပြီး စောင့်နေကြတာ။ ကားလည်းရပ်ရော ၂ဘက် ညပ်ပြီး ရေဝိုင်းလောင်းကြတယ်။ ဒရမ်နဲ့ လမ်းပွတ်ပြီး မီးတောက်နေတာ သူတို့က လှမ်းမြင်တာကိုး။

ကားဘီး ကျွတ်သွားတာကို သိပြီးနောက် ဒရိုင်ဘာရဲ့တုန့်ပြန်မှု အေးဆေး တည်ငြိမ် တာက အခုထိ မျက်လုံးထဲက မထွက်ဘူး။ ကိုယ့်ကိုတောင် စကားလှမ်းပြောသေးတယ်။

"ဒီအချိန် ဘရိတ် နင်းလိုက်ရင် ကားမှောက်သွားမှာ" တဲ့။

နောက်မှာလည်း ကုန်တွေက ပါတယ်။ မှောက်ချင်စရာ။ အရေး အကြောင်းဆို ဒရိုင်ဘာ တစ်ယောက်ရဲ့ အတွေ့အကြုံဟာ အရမ်း အရေးကြီးတယ်။

1997 တုန်းက ကားလေးနဲ့ တယောက်ထဲ မောင်းလာတုန်း သင်္ကန်းကျွန်း ပြည်ထောင်စု တံတား ကနေ ငမိုးရိပ်ဘက်ကို အဆင်းမှာ ကလပ် နင်းလိုက်တုန်း ကားစက် သေသွားတယ်။ သော့နဲ့ ပြန်မနှိုးတော့ပဲ နံပတ် ၃ ဂီယာ ထည့်ပြီး ပြန်နှိုးကာ ဆက်မောင်းလိုက်တယ်။

အဲ့အချိန်မှာ ကားရှေ့ ဘောနက်ကနေ မီးခိုးတွေ ထွက်လာတာနဲ့ လမ်းဘေး အမြန် ထိုးရပ် စက်သတ်ပြီး ဘောနက် အမြန်ဖွင့်၊ ပလယာ ကိုင်ဆင်းသွားလိုက်တယ်။ ကြည့်လိုက်တော့ ဝါယာကြိုး အသေးတွေ မီးလောင်နေပြီ။

လက်ထဲက ပလာယာနဲ့ ဘထ္ထရီ ငုတ်တစ်ခုကို ဆွဲဖြုတ်လိုက်မှ မီးက သေသွားတယ်။ ကားပေါ်က ဆင်းဆင်းချင်း ပလယာ ကိုင်သွား မိတာ မှန်သွားတယ်။ နို့မို့ ဆီကို မီးကူး ပြီးမှ ဆိုရင် ကားလည်းကုန်၊ ကိုယ်လည်း အချုပ်ထဲအိပ်ခဲ့ရမှာ။

ကားမောင်းသက် အနှစ်၂၀ ကျော် အတွင်းမှာ မတော်တဆမှု ဖြစ်လုနီးပါး အခြေအနေတွေ အများကြီး ကြုံခဲ့ဖူး ပါတယ်။ ၂ခါပဲ တိုက်မိ ဖူးပါတယ်။ အဲ့ ၂ ခါကလည်း ဘရိတ်မိတော့ အရှိန်မပါလို့ အသေးအဖွဲပဲ ဖြစ်ခဲ့ ပါတယ်။

အရင် တပတ်ကတင် ညဘက် ကီလို ၈၀ နှုန်းလောက်မောင်း နေချိန်မှာ တဖက်က မီးရောင်ကြောင့် ကိုယ့်ရှေ့ တည့်တည့်က မီးပိတ်ပြီး လမ်းပေါ် တက်ရပ်ထားတဲ့ အထုပ်အပိုးတွေနဲ့ ဆိုင်ကယ်နဲ့ လူကို လုံးဝ မတွေ့ရပဲ ဘွားကနဲ တွေ့လိုက်ရတယ်။

ဘရိတ်မနိုင်တဲ့ အခြေအနေကြောင့် ညာဘက် လမ်းဘေး ထိုးဆင်း ရမလား။ ဘယ်ဘက်ကားလာနေတဲ့ဘက် ရှောင်ရမလား။ တည့်တည့်ပဲ တိုက်ရမလား။ ရုတ်တရက် စက္ကန့်ပိုင်း အတွင်း ဖြစ်ပေါ်လာတဲ့ အခြေအနေမှာ နောက်ဆုံး ဘယ်ဘက် ကို အနည်းငယ်ပဲဆွဲပြီး လွတ်တယ် ဆိုယုံလေး ကပ်ရှောင်ခဲ့လို့သာ မတော်တဆ အဖြစ်က ဝေးခဲ့ရတာပါ။

ကျွန်တော် ကားမောင်းရမှာ ကြောက်ပါတယ်။ အချိန်မရွေး ထောင်ထဲ ရောက်နိုင်သလို အချိန်မရွေး ဒုက္ခိတ ဖြစ်နိုင်ပါတယ်။ အချိန်မရွေးလည်း သေဆုံးနိုင် ပါသေးတယ်။

ဒါကြောင့် အတွေ့အကြုံ များသော်လည်း ပေါ့ဆစွာ မမောင်းရဲပါ။ နီးသည်ဖြစ်စေ ဝေးသည်ဖြစ်စေ သတိ အပြည့် ထားပြီး မှသာ မောင်းနှင်ပါတယ်။ ဟိုင်းဝေး ဆိုပါက သတိပိုထားပါတယ်။ အရှိန်များသည့် အတွက် မတော်တဆမှု ဖြစ်နိုင်ခြေပိုများပြီး အရှိန်ကြောင့် ကားကို ထိန်းသိမ်းရတာလည်း ပိုခက်ပါတယ်။

ယာဉ်မတော်တဆမှု တစ်ခု ဖြစ်ဖို့ဟာ စက္ကန့်ပိုင်းလေး နဲ့တင် လုံလောက်ပါတယ်။

ကားမောင်းတဲ့အခါမှာ သီချင်းကြိုက်သော်လည်း သီချင်း ရေဒီယိုလုံးဝမဖွင့်ပါ။ (ကား၏ အသံပြောင်းသွားမှု ကိုမသိမှာ စိုးလို့ပါ)

အအေးကြိုက်သော်လည်း Aircon သိပ်မဖွင့်ပါ။ (မှန်လုံ သွားခြင်းကြောင့် ကား အမြန်နှုန်းကို မသိသာသလို အိပ်ငိုက်တတ်လို့ပါ)

Aircon ဖွင့်ထားပါက ကားအတွင်း အေးသော်လည်း ကားအပြင်တွင် မတရားပူသောကြောင့် စိုးရိမ်တာလည်း ပါပါတယ်။

ခါးပတ်ပတ်ပါတယ်။ (ဟိုးအရင်ထဲက ခါးပတ်ပတ်လို့ ငကြောင်လို့ ခဏခဏ အပြောခံရ ဖူးပါတယ်။)

ကားမထွက်ခင် တာယာ ကောင်းမကောင်း ကြည့်တတ်ပြီး ကားအောက် ငုံ့ကြည့်လေ့ ရှိပါတယ်။ (ဆီယိုစိမ့်ပြီး လူမနီးသူမနီး ကားပျက်မှာစိုးလို့ပါ။)

ကားအောက်ပိုင်းမှာ အသံမြည်ပါက ဆက်မမောင်းပါ။

အပိုအလှဆင် မီးများ တပ်ဆင်ခြင်း မကြိုက်ပါ။ (နဂိုကထဲက လိုအပ်သည်များ ကားတစ်စီးလုံးတွင် ပါဝင်ပြီးသားပါ။)

ကားမောင်းရင်း အိပ်ငိုက်တဲ့ အခါ ရောက်ရာ နေရာမှာဘေးကပ်ရပ်ပြီး အိပ်ပါတယ်။ (ဆက်မောင်းပါက ကိုယ့်သွားမယ့်နေရာထိ မရောက်မှာ စိုးလို့ပါ)

မူးယစ် စေတတ်သောအရာများ တစ်ခုမှမသုံးစွဲပါ။ (လူကောင်း အတွက်ပင် အန္တရာယ်ကြီးလွန်းနေတာ။ မူးနေပါကမတွေးရဲပါ။)

အချိန်လုသွားရသော ခရီးကို မမောင်းပါ။

ဒေါသထွက်နေချိန် မမောင်းပါ။

စိတ်ညစ်နေချိန် မမောင်းပါ။

နေမကောင်းချိန် မမောင်းပါ။

ကမ္ဘာပေါ်မှာ စစ်ပွဲတွေကြောင့် သေဆုံးသူထက် ကပ် ရောဂါကြောင့် သေဆုံးသူ များပါတယ်။ ကပ်ရောဂါ ကြောင့် သေဆုံးသူထက် ယာဉ် မတော်တဆမှုကြောင့် သေဆုံးဒုက္ခရောက်သူ ပိုများပါတယ်။ အဲ့ဒါလေးကို မှတ်ထားပေးပါ။ ဘယ်တော့မှ မမေ့ကြပါနဲ့။

ဘယ်လောက် သတိထားပါတယ် ပြောပြော၊ ကားနဲ့ ပတ်သက်ပြီး ဒုက္ခရောက်ဖို့က အလွန်လွယ်ကူပါတယ်။

သူငယ်ချင်းများ အနေဖြင့် ကားမောင်းတဲ့ အခါ ဖြစ်ဖြစ်၊ ကားစီးတဲ့ အခါဖြစ်ဖြစ်၊ လမ်းကူးတဲ့ အခါဖြစ်ဖြစ်၊ လမ်းဘေးရပ်နေတဲ့ အခါဖြစ်ဖြစ် မပေါ့ဆကြဖို့ အကြံပြုတင်ပြခြင်းသာ ဖြစ်ပါတယ်။

မူရင်း- ကိုခင်မောင်သန်း

- မှတ်စုကြမ်းမှ ပြန်လည် ဝေမျှသည်။ #kyawnge
ကားေမာင္းသမားတေယာက္ရ႕ဲ အေတြ႔ၾကံဳ ကားေမာင္းသမားတေယာက္ရ႕ဲ အေတြ႔ၾကံဳ Reviewed by Naethit on Friday, April 21, 2017 Rating: 5

No comments