တကယ္စြမ္းသလား ေခြးေလွးယား

ျမန္မာနိုင္ငံ အႏွံ႕အျပားမွာ သဘာ၀ အေလ်ာက္ ေပါက္ေရာက္ေနတာ ေတြ႕နိုင္တဲ့ ေခြးေလွးယားပင္က က်န္းမာေရး အတြက္ တကယ္စြမ္းသလား ဆိုတာ တင္ျပေပး ပါမယ္။ အဂၤလိပ္လို Cowhage သို႔မဟုတ္ Mucuna pruriens လို႔ ေခၚတဲ့ ေခြးေလွးယားသီးမွာ အရိုင္းနဲ႕ အယဥ္ ဆိုၿပီး ၂ မ်ိဳး ရွိၿပီး အယဥ္က ပိုၿပီး ေဆးဘက္ဝင္ပါတယ္။



အခုလို ေႏြဦးကာလ တပိုတြဲ တေပါင္းလေတြမွာ အသီး သီးတတ္တဲ့ ေခြးေလွးယားသီးက ၂ လက္မ၊ ၃ လက္မ ရွည္ၿပီး အဖ်ားဘက္က ေကာက္ေနပါတယ္။ ေခြးေလွးယားသီး ေတာင့္ တေတာင့္မွာ နီညိုေရာင္ ဘဲဥပုံ အေစ့ ၅ ေစ့/ ၆ ေစ့ခန႔္ပါၿပီး အေစ့အိမ္ေဘးမွာေတာ့ ယားယံေစတဲ့ အေမြးေတြ ရွိပါတယ္။ ေခြးေလွးယားပင္ရဲ႕ အျမစ္၊ အေစ့၊ အသီး၊ အ႐ြက္ေတြကို က်န္းမာေရး အတြက္ လိုအပ္သလို အသုံးျပဳနိုင္ပါတယ္။


ေခြးေလွးယားျမစ္

ေသြးဝမ္းက်ေရာဂါ အတြက္ ေခြးေလွးယားျမစ္မႈန႔္ အနည္းငယ္ကို ေရနဲ႕ေရာၿပီး ေသာက္ပါက ေပ်ာက္ကင္းေစသလို ကာလဝမ္းေရာဂါ အတြက္လည္း ေခြးေလွးယားျမစ္ကို သုံးခြက္တခြက္တင္ ျပဳတ္ၿပီး ပ်ားရည္နဲ႕ ေသာက္ရင္ ေပ်ာက္ကင္း ေစပါတယ္။

ေရဖ်ဥ္းေရာဂါ ခံစားေနရသူေတြ အတြက္ ေခြးေလွးယားျမစ္ကို ႀကိတ္ၿပီး ေရဖ်ဥ္းရွိေနတဲ့ ဝမ္းဗိုက္မွာ လိမ္းေပးျခင္း၊ ေျခဆစ္လက္ဆစ္ေတြမွာ ေခြးေလွးယားျမစ္ စည္းေႏွာင္ေပးျခင္းျဖင့္ ေရဖ်ဥ္းေရာဂါ ေပ်ာက္ေစပါတယ္။

ေလေရာဂါနဲ႕ ေျခလက္သိမ္ေသာ ေရာဂါမ်ား အတြက္ ေခြးေလွးယားျမစ္ ႀကိတ္ရည္ကို ေန႕စဥ္ေသာက္သုံးေပးျခင္းျဖင့္ ေပ်ာက္ေစပါတယ္။ ဆင္ေျခေထာက္ ေရာဂါအတြက္ ေခြးေလွးယားျမစ္မႈန႔္ကို ဆီႏွင့္ ေရာၿပီး လိမ္းေပးရင္ ေပ်ာက္ကင္း ေစပါတယ္။


ေခြးေလွးယားေစ့မႈန႔္

ဆီးခ်ဳပ္ပါက ေခြးေလွးယားေစ့မႈန႔္ကို ေရႏွင့္ေရာေသာက္ပါ။ ေသြးအံ ေသြးလွ်ံေရာဂါ ျဖစ္ပါက ေခြးေလွးယားေစ့ အႏုကို ေၾကာ္ခ်က္စားရင္ ေပ်ာက္ကင္းေစနိုင္ပါတယ္။ ေခြးေလွယားေစ့ကို ေထာပတ္နဲ႕ ေၾကာ္ခ်က္စားပါက လူကို ဝေစ၍ အားကို တိုးေစၿပီး၊ ကာလသားေရာဂါေပ်ာက္ေဆး ၊ ေလငန္းေရာဂါ ေပ်ာက္ေဆးအျဖစ္လည္း သုံးနိုင္ပါတယ္။

ေခြးေလွယားေစ့ကို အမႈန႔္လုပ္ၿပီး ႏြားနို႔နဲ႕ ေသာက္ရင္ သုက္အားကို အထူးပြားေစပါတယ္။ အမ်ိဳးသမီးမ်ား အတြက္ နို႔ထြက္ေစပါတယ္။ ေခြးေလွယားေစ့မႈန႔္၊ အျမစ္မႈန႔္နဲ႕ သၾကားတို႔ကို ဆတူေရာၿပီး ႏြားနို႔နဲ႕ ေန႕စဥ္ေသာက္ပါက က်န္းမာဝၿဖိဳးၿပီး သုက္အားကို အလြန္အမင္း ေကာင္းေစပါတယ္။

ေခြးေလွယား႐ြက္ကို ျပဳတ္တို႔ စားရင္ သားသည္ မိခင္မ်ား နို႔ထြက္မ်ားေစၿပီး၊ ေသြးအန္၊ ေသြးက်ေရာဂါေတြကို ကာကြယ္နိုင္တဲ့ အျပင္ ေယာက်ာ္းမ်ား အတြက္ ဒူလာပါဒရက္ေရာဂါ ေပ်ာက္ေစပါတယ္။


“ေခြးေလွးယားသည္ ခ်ိဳခါးေသာ အရသာ ရွိ၏၊ ေအးေသာ ဂုဏ္သတၱိရွိ၏၊ ေလ၊ သည္းေျခကို နိုင္၏၊ အေစ့သည္ သုက္ကို ပြားေစ၏၊ အားကို ျဖစ္ေစ၏၊ ဝၿဖိဳးေစ၏၊ သန္ပိုးမ်ားကို နိုင္၏၊ အာ႐ုံေၾကာမ်ားကို အားရွိေစ၏၊ အျမစ္သည္ အေၾကာမ်ားကို အားရွိေစ၏၊ ဆီး႐ႊင္ေစ၏၊ အေစ့အိမ္၌ ကပ္ေနေသာ အေမြးမ်ားသည္ သန္ပိုးမ်ားကို က်ေစ၍ ေသြးေလတို႔ကို ႂကြေစနိုင္ သျဖင့္ ထုံက်င္ေနေသာ ေနရာတို႔၌ လိမ္းေပးရ၏” လို႔ ျမန္မာ ေဆးက်မ္းေတြမွာေဖာ္ျပထားပါတယ္။

Unicode

မြန်မာနိုင်ငံ အနှံ့အပြားမှာ သဘာ၀ အလျောက် ပေါက်ရောက်နေတာ တွေ့နိုင်တဲ့ ခွေးလှေးယားပင်က ကျန်းမာရေး အတွက် တကယ်စွမ်းသလား ဆိုတာ တင်ပြပေး ပါမယ်။ အင်္ဂလိပ်လို Cowhage သို့မဟုတ် Mucuna pruriens လို့ ခေါ်တဲ့ ခွေးလှေးယားသီးမှာ အရိုင်းနဲ့ အယဉ် ဆိုပြီး ၂ မျိုး ရှိပြီး အယဉ်က ပိုပြီး ဆေးဘက်ဝင်ပါတယ်။



အခုလို နွေဦးကာလ တပိုတွဲ တပေါင်းလတွေမှာ အသီး သီးတတ်တဲ့ ခွေးလှေးယားသီးက ၂ လက်မ၊ ၃ လက်မ ရှည်ပြီး အဖျားဘက်က ကောက်နေပါတယ်။ ခွေးလှေးယားသီး တောင့် တတောင့်မှာ နီညိုရောင် ဘဲဥပုံ အစေ့ ၅ စေ့/ ၆ စေ့ခန့်ပါပြီး အစေ့အိမ်ဘေးမှာတော့ ယားယံစေတဲ့ အမွေးတွေ ရှိပါတယ်။ ခွေးလှေးယားပင်ရဲ့ အမြစ်၊ အစေ့၊ အသီး၊ အရွက်တွေကို ကျန်းမာရေး အတွက် လိုအပ်သလို အသုံးပြုနိုင်ပါတယ်။


ခွေးလှေးယားမြစ်

သွေးဝမ်းကျရောဂါ အတွက် ခွေးလှေးယားမြစ်မှုန့် အနည်းငယ်ကို ရေနဲ့ရောပြီး သောက်ပါက ပျောက်ကင်းစေသလို ကာလဝမ်းရောဂါ အတွက်လည်း ခွေးလှေးယားမြစ်ကို သုံးခွက်တခွက်တင် ပြုတ်ပြီး ပျားရည်နဲ့ သောက်ရင် ပျောက်ကင်း စေပါတယ်။

ရေဖျဉ်းရောဂါ ခံစားနေရသူတွေ အတွက် ခွေးလှေးယားမြစ်ကို ကြိတ်ပြီး ရေဖျဉ်းရှိနေတဲ့ ဝမ်းဗိုက်မှာ လိမ်းပေးခြင်း၊ ခြေဆစ်လက်ဆစ်တွေမှာ ခွေးလှေးယားမြစ် စည်းနှောင်ပေးခြင်းဖြင့် ရေဖျဉ်းရောဂါ ပျောက်စေပါတယ်။

လေရောဂါနဲ့ ခြေလက်သိမ်သော ရောဂါများ အတွက် ခွေးလှေးယားမြစ် ကြိတ်ရည်ကို နေ့စဉ်သောက်သုံးပေးခြင်းဖြင့် ပျောက်စေပါတယ်။ ဆင်ခြေထောက် ရောဂါအတွက် ခွေးလှေးယားမြစ်မှုန့်ကို ဆီနှင့် ရောပြီး လိမ်းပေးရင် ပျောက်ကင်း စေပါတယ်။


ခွေးလှေးယားစေ့မှုန့်

ဆီးချုပ်ပါက ခွေးလှေးယားစေ့မှုန့်ကို ရေနှင့်ရောသောက်ပါ။ သွေးအံ သွေးလျှံရောဂါ ဖြစ်ပါက ခွေးလှေးယားစေ့ အနုကို ကြော်ချက်စားရင် ပျောက်ကင်းစေနိုင်ပါတယ်။ ခွေးလှေယားစေ့ကို ထောပတ်နဲ့ ကြော်ချက်စားပါက လူကို ဝစေ၍ အားကို တိုးစေပြီး၊ ကာလသားရောဂါပျောက်ဆေး ၊ လေငန်းရောဂါ ပျောက်ဆေးအဖြစ်လည်း သုံးနိုင်ပါတယ်။

ခွေးလှေယားစေ့ကို အမှုန့်လုပ်ပြီး နွားနို့နဲ့ သောက်ရင် သုက်အားကို အထူးပွားစေပါတယ်။ အမျိုးသမီးများ အတွက် နို့ထွက်စေပါတယ်။ ခွေးလှေယားစေ့မှုန့်၊ အမြစ်မှုန့်နဲ့ သကြားတို့ကို ဆတူရောပြီး နွားနို့နဲ့ နေ့စဉ်သောက်ပါက ကျန်းမာဝဖြိုးပြီး သုက်အားကို အလွန်အမင်း ကောင်းစေပါတယ်။

ခွေးလှေယားရွက်ကို ပြုတ်တို့ စားရင် သားသည် မိခင်များ နို့ထွက်များစေပြီး၊ သွေးအန်၊ သွေးကျရောဂါတွေကို ကာကွယ်နိုင်တဲ့ အပြင် ယောကျာ်းများ အတွက် ဒူလာပါဒရက်ရောဂါ ပျောက်စေပါတယ်။


“ခွေးလှေးယားသည် ချိုခါးသော အရသာ ရှိ၏၊ အေးသော ဂုဏ်သတ္တိရှိ၏၊ လေ၊ သည်းခြေကို နိုင်၏၊ အစေ့သည် သုက်ကို ပွားစေ၏၊ အားကို ဖြစ်စေ၏၊ ဝဖြိုးစေ၏၊ သန်ပိုးများကို နိုင်၏၊ အာရုံကြောများကို အားရှိစေ၏၊ အမြစ်သည် အကြောများကို အားရှိစေ၏၊ ဆီးရွှင်စေ၏၊ အစေ့အိမ်၌ ကပ်နေသော အမွေးများသည် သန်ပိုးများကို ကျစေ၍ သွေးလေတို့ကို ကြွစေနိုင် သဖြင့် ထုံကျင်နေသော နေရာတို့၌ လိမ်းပေးရ၏” လို့ မြန်မာ ဆေးကျမ်းတွေမှာ ဖော်ပြထားပါတယ်။
တကယ္စြမ္းသလား ေခြးေလွးယား တကယ္စြမ္းသလား ေခြးေလွးယား Reviewed by Naethit on Tuesday, April 25, 2017 Rating: 5

No comments