ေျပာင္းလဲခ်င္သူ ေအာင္ျမင္ခ်င္သူမ်ားအတြက္

အရမ္းေကာင္းလြန္းတဲ့အားေပးစကားေတြ

Nick Vujicic ၏ စိတ္ခြန္အား ေပးသည့္ စကားစုမ်ား

ကြ်န္ေတာ့္ဟာ ေျခေထာက္ မပါဘူး လက္ မပါဘူး.. ဒါေပမဲ့ …ခင္ဗ်ားတို့ စိတ္မပူပါနဲ့

ထို့စကားကို.စိတ္ဓာတ္ျမွင့္တင္ေရးစကားေျပာ
ကြ်မ္းက်င္သူတစ္ဦးျဖစ္သူ Nick Vujicic က
ေျပာခဲ့ျခင္း ျဖစ္ပါတယ္.. သူ၏စကားကိုၾကည့္ျခင္းျဖင့္ မသန္ေပမဲ့ စြမ္းတဲ့သူ႔စိတ္ဓာတ္ကို အားက်ဖြယ္ျမင္ေတြ့ ရပါတယ္..

သူ့သည္အသက္ ၁၇ ႏွစ္မွာ Life Without Limbs ဆိုတဲ့ အသင္းကို တည္ေထာင္ျပီး မိန့္ခြန္းေျပာဆိုျခင္းနဲ့ ကုိယ္အဂၤါမသန္စြမး္သူေတြကုိ ေထာက္ပံ့ကူညီရင္း ဇနီးျဖစ္သူ Patricia Maier နဲ့အတူ ဘ၀၇ဲ့ အဓိပၸာယ္ကို ရွာေဖြလ်က္ရွိသူျဖစ္ပါတယ္။

အခုေဖာ္ျပမွာက လူငယ္ေတြ၊ေက်ာင္းသားေတြအတြက္ သူေျပာခဲ့တဲ့ မိန့္ခြန္း (သို့)စိတ္ဓာတ္ျမွင့္တင္ေရးစကား မ်ားစြာထဲက အေျခခံ အခ်က္တခ်ိဳ့ပဲျဖစ္ပါတယ္….

၁၊ မ်က္ရည္ က်တဲ့အခ်ိန္မွာ ဆံုးျဖတ္ခ်က္မခ်ပါနဲ့… အဲဒီအခ်ိန္မွာ အဆိုးျမင္စကား ေျပာဆိုျခင္း နည္း ႏုိင္သမ်ွနည္းပါေစ။

၂။အခက္အခဲ ကိစၥတစ္ခုကို အျမဲ ေတြးေတာ ပူပန္မေနပါနဲ့… ခံစားခ်က္တုိင္းကို သင့္ ဆီမွာ ေသာင္တင္ မေနပါေစနဲ့… သင့္မွာ တုိင္ပင္စရာ သူငယ္ခ်င္းေတြ မိဘေတြ ရွိေသးတာကို သတိရပါ။

၃။ မွား မွာကို မေၾကာက္ပါနဲ့…တကယ္လို့ မွားခဲ့ရင္ ေတာင္ ဦးေႏွာက္ေျခာက္မခံပါနဲ့၊ လူ့ဘ၀ဆိုတာ အမွားအမွန္ ဒြန္တြဲေနတတ္ပါတယ္။ ဘယ္လို အေျခအေနပဲျဖစ္ျဖစ္... ေနာက္ဆံုး ျပန္စဥ္းစား ၾကည့္လိုက္တဲ့အခါ…
ျပီးခဲ့တဲ့ အမွားေတြဟာ သိပ္ေတာ့ အေရး မၾကီးလွတာကို ခံစားရပါလိမ့္မယ္။

၄။ အဆိုးျမင္ျခင္းဟာ လူေတြမွာ ရွိတတ္ပါတယ္။ ဒါေပမဲ့ ဒီလိုအဆိုးျမင္တဲ့အရာေတြဟာ ဘ၀ရဲ့ ေသးငယ္တဲ့ အစိတ္အပိုင္းေတြဆိုတာ နားလည္ဖို့လိုပါတယ္။ တကယ္ေတာ့.. စိတ္ခံစားခ်က္ကို ဦးစားမေပးပဲ မွ်တေအာင္ အေကာင္းျမင္စိတ္ေလးနဲ့ အစားထုိ္းေပးဖို့ လို္ပါတယ္။

၅။ တကယ္လို့ တစ္ေယာက္ေယာက္က သင့္ကို အဆက္အသြယ္လုပ္သည္ျဖစ္ေစ…မလုပ္သည္ျဖစ္ေစ .. စကားေျပာေျပာ မေျပာေျပာ … ဒါဟာ သာမန္ပါပဲ။ ေရးၾကီးခြင္က်ယ္ အက်ယ္ခ်ဲ့ေနစရာ မလိုပါဘူး။ ေတြးျပီး ၀မ္းနည္းမေနသင့္ပါဘူး။

၆။ တကယ္လို့ သင္ တစ္ခုခုကို နားမလည္ရင္… ေမးျမန္းေျပာဆိုပါ၊ နားလည္ျပီဆုိရင္ေတာ့ ရင္ထဲမွာပဲ သိမ္းထားပါ…သိိလိုက္ရတဲ့အတြက္ ၀မ္းသာပါ။

၇။ ဦးေႏွာက္ေျခာက္စရာ ကိစၥေတြ အားလံုးက မိမိ ဘာသာ ရွာတာေတြ မ်ားပါတယ္။ ဒါေၾကာင့္ ကုိယ့္ ဘာသာ ေျဖ၇ွင္းဖို့ ၾကိဳးစားပါ…သူငယ္ခ်င္းေတြကို ငုိယို စိတ္ပူပန္ေစမဲ့ အစား … သူတို့ေတြနဲ့ အတူတူ ေပ်ာ္ေပ်ာ္ ေနပါ။

၈။ ေျပာျပီးသား ကတိတည္ပါေစ။ စကားကို လြယ္လြယ္ ေျပာဆုိျခင္းက သင့္အေပၚမွာ မိတ္ေဆြေတြ ယံုၾကည္မွု နညး္ပါးေစပါတယ္။

၉။ ဘယ္လိုအေျပာင္းအလဲ အတားအဆီးရွိပါေစ… မူလ သင္လုပ္ေနက် ေန့စဥ္ ဘ၀ကို မဆံုးရွံုးပါေစနဲ့.. အခ်ိန္မွန္စား… အခ်ိန္မွန္အိပ္စက္ပါ။

၁၀။ ကိစၥတစ္ခု လုပ္တဲ့အခါ မေၾကာက္မရြံံ့ လုပ္ေဆာင္ပါ။ ထိခုိက္နာက်င္မွာ မေၾကာက္ပါနဲ့။ မွားယြင္း ေျပာဆိုမိမွာကိုလဲ မေၾကာက္ပါနဲ့။ ျပီးခဲ့တဲ့ အရာေတြကိုလဲ ျပန္စဥ္းစား ပူပန္မေနပါနဲ့။ မေရာက္ေသးတဲ ့အနာဂတ္ကုိလဲ ေတြးပူ မေနပါနဲ့။

၁၁။မွားသည္ျဖစ္ေစ…မွန္သည္ျဖစ္ေစ၊လမ္းေၾကာင္း…
ဦးတည္ရာရွိပါေစ…ယံုၾကည္မွုနဲ့ေရွ့တိုးေဆာင္ရြက္ပါ။
လက္ရွိဘ၀ကို အျမဲသံုးသပ္ၾကည့္ျပီး ရွင္သန္ေနထုိင္ပါ။ ဘယ္လိုလူေတြနဲ ့ေတြ့ေတြ့ မုန္းတီးစရာ မလိုပါဘူး…… အမွားအမွန္ လူ႔ေလာက မွာ အမွားကေန သင္ခန္းစာ ယူျပီး အမွန္ကို ေရွ့တိုး ေဆာင္ရြက္ပါ။

၁၂။ သင့္ကုိယ္သင္ ညံ့ဖ်င္းတယ္လို့ ထင္တာဟာ… လိမ္လည္မွု တစ္ခုပါပဲ။ သင္ဟာ ဘာမွတန္ဖိုးမရွိဘူးလို့ ထင္ျခင္းကလဲ မွားယြင္းတဲ ့အေတြးတစ္ခုျဖစ္ပါတယ္။

၁၃။ ဘယ္အရာကုိမွ မေၾကာက္ပါနဲ့။ ေလာကမွာ ေၾကာက္စရာ ေကာင္းတာေတြက မ်ားပါတယ္။ သင္ေၾကာက္ေနလို့လဲ ကုန္ဆံုးမွာ မဟုတ္ပါဘူး။ အခက္အခဲၾကံဳလာရင္ ေျဖရွင္းပါ… ေျဖရွင္းလို့မရႏုိင္ရင္…စြန့္လႊတ္ရံုပါပဲ။ ေတြးေတာ ေၾကာက္ရြ့ံမေနပါနဲ့။

၁၄။ ဘယ္ေလာက္ အားကိုးရတဲ့သူျဖစ္ပါေစ၊ စကားအားလံုးကို အက်ိဳးမရွိပဲ ထုတ္ေဖာ္ မေျပာဆို သင့္ပါဘူး။

၁၅။ ဘာေျပာရမွန္း မသိတဲ့အခါမွာလဲ ဘာမွမေျပာပါနဲ့။ ဆိတ္ဆိတ္ေနပါ။ေျပာရင္း နဲ ့အမွား ပါတတ္လို့ပါ။

၁၆။ရလဒ္ အတြက္ ပူပန္မေနပါနဲ့… အေကာင္းဆံုး လုပ္ေဆာင္ပါ။ရလဒ္က အလိုလိုလိုက္ပါလာပါလိမ့္မယ္။

၁၇။ေနာင္တ မရပါေစနဲ့… ေနာင္တရျခင္း က အမွား လုပ္လိုက္တာထက္ပိုျပီးေၾကာက္စရာေကာင္းပါတယ္။
သင့္ရဲ့ ကုိယ့္ကိုယ္ကို ယံုၾကည္မွုလဲပ်က္ျပားေစပါတယ္။ မွားျပီးရင္း မွားတာေတြ ၾကံဳေတြ့ရတတ္ပါတယ္။

၁၈။ဘာကိစၥပဲ ၾကံဳၾကံဳ…ကုိယ့္ကိုယ္ကို……
"ဒါျဖစ္သင့္ပါတယ္ေလ"…လို့ေျပာပါ။
"ငါ့က်မွ ဘာလို့ ဒုကၡေရာက္ရတာလဲ"…လို့ မညည္းတြား ပါနဲ့။အခု သင္ခံစား ေနရတဲ့အခ်ိန္မွာ ကမၻာၾကီးရဲ့ တျခား ေနရာမွာ အခက္အခဲဒုကၡ ခံစားညည္းတြားေနတဲ့သူေတြ အမ်ားၾကီးပါပဲ။

၁၉။ဘ၀ မွာ ခါးသီးျခင္း နွင့္ ပိုမိုေကာင္းမြန္တဲ့ အရာေတြ ကို ေရြးခ်ယ္ရမယ္ဆိုရင္… ခါးသီးျခင္းကို ေမ့ပစ္ျပီးပိုေကာင္းတာ ေရြးပါ။

၂၀။ကုိယ္လက္အဂၤါခ်ိဳ့တဲ့ေနပါေစ…ေမွ်ာ္လင့္ခ်က္ျဖင့္ အသက္ရွင္ေနထုိင္ပါ။

၂၁။တကယ္လို့ ကြ်န္ေတာ္ က်ရွံဳးရင္ ထပ္ၾကိဳးစားမယ္။ တစ္ၾကိမ္ျပီး တစ္ၾကိမ္ေပါ့…
တကယ္လို့… သင္…က်ဆံုးခဲ့ရင္ေရာ…? ထပ္ၾကိဳးစားမွာလား…?

လူ႔စိတ္၀ိဥာဥ္ ဟာ ကြ်န္ေတာ္တုိ့ ထင္ထားတာထက္ ပိုမိုျပီး အခက္အခဲေတြကို ကိုင္တြယ္ ေျဖရွင္းႏုိင္ပါတယ္။

သင္…ဘယ္လို နိဂံုး ခ်ဳပ္ခ်င္လဲ…ဆိုတာ အေပၚမွာပဲ မူတည္ပါတယ္။

#Credit_ကနက္သီရိ

ပြောင်းလဲချင်သူ အောင်မြင်ချင်သူများ အတွက်

#အရမ်းကောင်းလွန်းတဲ့အားပေးစကားတွေ

Nick Vujicic ၏ စိတ်ခွန်အား ပေးသည့် စကားစုများ

ကျွန်တော့်ဟာ ခြေထောက် မပါဘူး လက် မပါဘူး.. ဒါပေမဲ့ …ခင်ဗျားတို့ စိတ်မပူပါနဲ့

ထို့စကားကို.စိတ်ဓာတ်မြှင့်တင်ရေးစကားပြော
ကျွမ်းကျင်သူတစ်ဦးဖြစ်သူ Nick Vujicic က
ပြောခဲ့ခြင်း ဖြစ်ပါတယ်.. သူ၏စကားကိုကြည့်ခြင်းဖြင့် မသန်ပေမဲ့ စွမ်းတဲ့သူ့စိတ်ဓာတ်ကို အားကျဖွယ်မြင်တွေ့ ရပါတယ်..

သူ့သည်အသက် ၁၇ နှစ်မှာ Life Without Limbs ဆိုတဲ့ အသင်းကို တည်ထောင်ပြီး မိန့်ခွန်းပြောဆိုခြင်းနဲ့ ကိုယ်အင်္ဂါမသန်စွမ်းသူတွေကို ထောက်ပံ့ကူညီရင်း ဇနီးဖြစ်သူ Patricia Maier နဲ့အတူ ဘဝရဲ့ အဓိပ္ပာယ်ကို ရှာဖွေလျက်ရှိသူဖြစ်ပါတယ်။

အခုဖော်ပြမှာက လူငယ်တွေ၊ကျောင်းသားတွေအတွက် သူပြောခဲ့တဲ့ မိန့်ခွန်း (သို့)စိတ်ဓာတ်မြှင့်တင်ရေးစကား များစွာထဲက အခြေခံ အချက်တချို့ပဲဖြစ်ပါတယ်….

၁၊ မျက်ရည် ကျတဲ့အချိန်မှာ ဆုံးဖြတ်ချက်မချပါနဲ့… အဲဒီအချိန်မှာ အဆိုးမြင်စကား ပြောဆိုခြင်း နည်း နိုင်သမျှနည်းပါစေ။

၂။အခက်အခဲ ကိစ္စတစ်ခုကို အမြဲ တွေးတော ပူပန်မနေပါနဲ့… ခံစားချက်တိုင်းကို သင့် ဆီမှာ သောင်တင် မနေပါစေနဲ့… သင့်မှာ တိုင်ပင်စရာ သူငယ်ချင်းတွေ မိဘတွေ ရှိသေးတာကို သတိရပါ။

၃။ မှား မှာကို မကြောက်ပါနဲ့…တကယ်လို့ မှားခဲ့ရင် တောင် ဦးနှောက်ခြောက်မခံပါနဲ့၊ လူ့ဘဝဆိုတာ အမှားအမှန် ဒွန်တွဲနေတတ်ပါတယ်။ ဘယ်လို အခြေအနေပဲဖြစ်ဖြစ်... နောက်ဆုံး ပြန်စဉ်းစား ကြည့်လိုက်တဲ့အခါ…
ပြီးခဲ့တဲ့ အမှားတွေဟာ သိပ်တော့ အရေး မကြီးလှတာကို ခံစားရပါလိမ့်မယ်။

၄။ အဆိုးမြင်ခြင်းဟာ လူတွေမှာ ရှိတတ်ပါတယ်။ ဒါပေမဲ့ ဒီလိုအဆိုးမြင်တဲ့အရာတွေဟာ ဘဝရဲ့ သေးငယ်တဲ့ အစိတ်အပိုင်းတွေဆိုတာ နားလည်ဖို့လိုပါတယ်။ တကယ်တော့.. စိတ်ခံစားချက်ကို ဦးစားမပေးပဲ မျှတအောင် အကောင်းမြင်စိတ်လေးနဲ့ အစားထိုးပေးဖို့ လိုပါတယ်။

၅။ တကယ်လို့ တစ်ယောက်ယောက်က သင့်ကို အဆက်အသွယ်လုပ်သည်ဖြစ်စေ…မလုပ်သည်ဖြစ်စေ .. စကားပြောပြော မပြောပြော … ဒါဟာ သာမန်ပါပဲ။ ရေးကြီးခွင်ကျယ် အကျယ်ချဲ့နေစရာ မလိုပါဘူး။ တွေးပြီး ဝမ်းနည်းမနေသင့်ပါဘူး။

၆။ တကယ်လို့ သင် တစ်ခုခုကို နားမလည်ရင်… မေးမြန်းပြောဆိုပါ၊ နားလည်ပြီဆိုရင်တော့ ရင်ထဲမှာပဲ သိမ်းထားပါ…သိလိုက်ရတဲ့အတွက် ဝမ်းသာပါ။

၇။ ဦးနှောက်ခြောက်စရာ ကိစ္စတွေ အားလုံးက မိမိ ဘာသာ ရှာတာတွေ များပါတယ်။ ဒါကြောင့် ကိုယ့် ဘာသာ ဖြေ၇ှင်းဖို့ ကြိုးစားပါ…သူငယ်ချင်းတွေကို ငိုယို စိတ်ပူပန်စေမဲ့ အစား … သူတို့တွေနဲ့ အတူတူ ပျော်ပျော် နေပါ။

၈။ ပြောပြီးသား ကတိတည်ပါစေ။ စကားကို လွယ်လွယ် ပြောဆိုခြင်းက သင့်အပေါ်မှာ မိတ်ဆွေတွေ ယုံကြည်မှု နည်းပါးစေပါတယ်။

၉။ ဘယ်လိုအပြောင်းအလဲ အတားအဆီးရှိပါစေ… မူလ သင်လုပ်နေကျ နေ့စဉ် ဘဝကို မဆုံးရှုံးပါစေနဲ့.. အချိန်မှန်စား… အချိန်မှန်အိပ်စက်ပါ။

၁၀။ ကိစ္စတစ်ခု လုပ်တဲ့အခါ မကြောက်မရွံံ့ လုပ်ဆောင်ပါ။ ထိခိုက်နာကျင်မှာ မကြောက်ပါနဲ့။ မှားယွင်း ပြောဆိုမိမှာကိုလဲ မကြောက်ပါနဲ့။ ပြီးခဲ့တဲ့ အရာတွေကိုလဲ ပြန်စဉ်းစား ပူပန်မနေပါနဲ့။ မရောက်သေးတဲ့အနာဂတ်ကိုလဲ တွေးပူ မနေပါနဲ့။

၁၁။မှားသည်ဖြစ်စေ…မှန်သည်ဖြစ်စေ၊လမ်းကြောင်း…
ဦးတည်ရာရှိပါစေ…ယုံကြည်မှုနဲ့ရှေ့တိုးဆောင်ရွက်ပါ။
လက်ရှိဘဝကို အမြဲသုံးသပ်ကြည့်ပြီး ရှင်သန်နေထိုင်ပါ။ ဘယ်လိုလူတွေနဲ့တွေ့တွေ့ မုန်းတီးစရာ မလိုပါဘူး…… အမှားအမှန် လူ့လောက မှာ အမှားကနေ သင်ခန်းစာ ယူပြီး အမှန်ကို ရှေ့တိုး ဆောင်ရွက်ပါ။

၁၂။ သင့်ကိုယ်သင် ညံ့ဖျင်းတယ်လို့ ထင်တာဟာ… လိမ်လည်မှု တစ်ခုပါပဲ။ သင်ဟာ ဘာမှတန်ဖိုးမရှိဘူးလို့ ထင်ခြင်းကလဲ မှားယွင်းတဲ့အတွေးတစ်ခုဖြစ်ပါတယ်။

၁၃။ ဘယ်အရာကိုမှ မကြောက်ပါနဲ့။ လောကမှာ ကြောက်စရာ ကောင်းတာတွေက များပါတယ်။ သင်ကြောက်နေလို့လဲ ကုန်ဆုံးမှာ မဟုတ်ပါဘူး။ အခက်အခဲကြုံလာရင် ဖြေရှင်းပါ… ဖြေရှင်းလို့မရနိုင်ရင်…စွန့်လွှတ်ရုံပါပဲ။ တွေးတော ကြောက်ရွံ့မနေပါနဲ့။

၁၄။ ဘယ်လောက် အားကိုးရတဲ့သူဖြစ်ပါစေ၊ စကားအားလုံးကို အကျိုးမရှိပဲ ထုတ်ဖော် မပြောဆို သင့်ပါဘူး။

၁၅။ ဘာပြောရမှန်း မသိတဲ့အခါမှာလဲ ဘာမှမပြောပါနဲ့။ ဆိတ်ဆိတ်နေပါ။ပြောရင်း နဲ့အမှား ပါတတ်လို့ပါ။

၁၆။ရလဒ် အတွက် ပူပန်မနေပါနဲ့… အကောင်းဆုံး လုပ်ဆောင်ပါ။ရလဒ်က အလိုလိုလိုက်ပါလာပါလိမ့်မယ်။

၁၇။နောင်တ မရပါစေနဲ့… နောင်တရခြင်း က အမှား လုပ်လိုက်တာထက်ပိုပြီးကြောက်စရာကောင်းပါတယ်။
သင့်ရဲ့ ကိုယ့်ကိုယ်ကို ယုံကြည်မှုလဲပျက်ပြားစေပါတယ်။ မှားပြီးရင်း မှားတာတွေ ကြုံတွေ့ရတတ်ပါတယ်။

၁၈။ဘာကိစ္စပဲ ကြုံကြုံ…ကိုယ့်ကိုယ်ကို……
"ဒါဖြစ်သင့်ပါတယ်လေ"…လို့ပြောပါ။
"ငါ့ကျမှ ဘာလို့ ဒုက္ခရောက်ရတာလဲ"…လို့ မညည်းတွား ပါနဲ့။အခု သင်ခံစား နေရတဲ့အချိန်မှာ ကမ္ဘာကြီးရဲ့ တခြား နေရာမှာ အခက်အခဲဒုက္ခ ခံစားညည်းတွားနေတဲ့သူတွေ အများကြီးပါပဲ။

၁၉။ဘ၀ မှာ ခါးသီးခြင်း နှင့် ပိုမိုကောင်းမွန်တဲ့ အရာတွေ ကို ရွေးချယ်ရမယ်ဆိုရင်… ခါးသီးခြင်းကို မေ့ပစ်ပြီးပိုကောင်းတာ ရွေးပါ။

၂၀။ကိုယ်လက်အင်္ဂါချို့တဲ့နေပါစေ…မျှော်လင့်ချက်ဖြင့် အသက်ရှင်နေထိုင်ပါ။

၂၁။တကယ်လို့ ကျွန်တော် ကျရှုံးရင် ထပ်ကြိုးစားမယ်။ တစ်ကြိမ်ပြီး တစ်ကြိမ်ပေါ့…
တကယ်လို့… သင်…ကျဆုံးခဲ့ရင်ရော…? ထပ်ကြိုးစားမှာလား…?

လူ့စိတ်ဝိဉာဉ် ဟာ ကျွန်တော်တို့ ထင်ထားတာထက် ပိုမိုပြီး အခက်အခဲတွေကို ကိုင်တွယ် ဖြေရှင်းနိုင်ပါတယ်။

သင်…ဘယ်လို နိဂုံး ချုပ်ချင်လဲ…ဆိုတာ အပေါ်မှာပဲ မူတည်ပါတယ်။

#Credit_ကနက်သီရိ
ေျပာင္းလဲခ်င္သူ ေအာင္ျမင္ခ်င္သူမ်ားအတြက္ ေျပာင္းလဲခ်င္သူ ေအာင္ျမင္ခ်င္သူမ်ားအတြက္ Reviewed by Naethit on Sunday, April 23, 2017 Rating: 5

No comments