အရက္နာက်ျခင္းကိုအလြယ္တကူ ေျပာေပ်ာက္ေစမယ့္နည္းလမ္း

အကယ္၍ သင္ဟာ ပါတီပြဲတက္တာ ၾကဳိက္ႏွစ္သက္သူနဲ႔ အရက္ပုံမွန္ေသာက္သူျဖစ္ပါက အရက္နာက်မႈ မၾကာခဏျဖစ္ႏိုင္ပါတယ္။ မိမိခႏၶာကိုယ္မွ လက္ခံႏိုင္တာထက္ ပိုေသာက္မိတဲ့ညအျပီး ေနာက္တစ္ေန႔မနက္မွာ ပ်ဳိ႕အန္ခ်င္ျပီး ဆုိးဆိုးရြားရြားခံစားေစႏုိင္တဲ့ လကၡဏာေတြ ေတြ႔ၾကဳံေလ့ရိွပါတယ္။  အရက္ေသစာက ခႏၶာကုိယ္ဆဲလ္ေတြ ေရဓာတ္ခမ္းေျခာက္ေစျပီး အစာအိမ္အတြင္း အက္ဆစ္ပမာဏကိုလည္း အေႏွာင့္အယွက္ျဖစ္ေစပါတယ္။ အဲဒီအျပင္ အရက္ေသစာ အလြန္အကြ်ံေသာက္သုံးျခင္းက ခႏၶာကုိယ္အတြင္း ေဟာ္မုန္းမညီမွ်မႈေတြ ျဖစ္ပြားေစႏုိင္ပါတယ္။ အရက္နာက်ျခင္းရဲ႕ အဓိကလကၡဏာတခ်ဳိ႕က အားနည္းျခင္း၊ ေရငတ္ျခင္း၊ ေခါင္းကိုက္ျခင္း၊ မအီမသာျဖစ္ျခင္း၊ အလင္းနဲ႔အသံ မခံႏုိင္ျခင္း၊ ေအာ့အန္ျခင္း၊ ဗုိက္ေအာင့္ျခင္း၊ ရင္ပူျခင္း၊ မူးေဝျခင္း၊ ဝမ္းေလွ်ာျခင္း စတာေတြျဖစ္ပါတယ္။ ဒီေတာ့ အရက္နာက်မႈ ေျဖရွင္းေပးမယ့္ အိမ္တြင္းေဆးနည္းေကာင္းတစ္ခု ရွိပါတယ္။  လုိအပ္သည့္ ပစၥည္းမ်ား ပန္းသီးရွာလကာရည္ စားပြဲတင္ဇြန္း (၂)ဇြန္း  သံပုရာရည္ စားပြဲတင္ဇြန္း (၂)ဇြန္း  အရက္နာက်ျခင္းအတြက္ ဒီသဘာဝေဆးနည္းက အထူးသျဖင့္ သင့္ေတာ္တဲ့ ပမာဏမွီဝဲတဲ့အခါ ထူးျခားေကာင္းမြန္စြာ ထိေရာက္တယ္လုိ႔ သိရပါတယ္။ ပန္းသီးရွာလကာရည္မွာ အစာအိမ္အတြင္း အက္ဆစ္ပမာဏကို ပုံမွန္ျဖစ္ေစျပီး ခႏၶာကိုယ္ရဲ႕ pH ပမာဏ ဟန္ခ်က္ညီေစကာ အရက္နာက်မႈ ေလွ်ာ့နည္းေစပါတယ္။ သံပုရာက ဆုံးရႈံးသြားတဲ့ အီလက္ထရိုလုိက္ေတြ ထိန္းသိမ္းေပးပါတယ္။  ျပင္ဆင္ပုံ ေဖာ္ျပထားတဲ့ ပါဝင္ပစၥည္းပမာဏကို ဖန္ခြက္တစ္ခုထဲထည့္ျပီး ေကာင္းစြာေရာေမႊေပးရပါမယ္။ ဒီအေရာအေႏွာကို ထမင္းစားျပီးေနာက္ ေသာက္ပါ။ တစ္ေန႔ ၂-၃ၾကိမ္ ေသာက္ႏုိင္ပါတယ္။  Ref:boldsky



Unicode

အကယ်၍ သင်ဟာ ပါတီပွဲတက်တာ ကြိုက်နှစ်သက်သူနဲ့ အရက်ပုံမှန်သောက်သူဖြစ်ပါက အရက်နာကျမှု မကြာခဏဖြစ်နိုင်ပါတယ်။ မိမိခန္ဓာကိုယ်မှ လက်ခံနိုင်တာထက် ပိုသောက်မိတဲ့ညအပြီး နောက်တစ်နေ့မနက်မှာ ပျို့အန်ချင်ပြီး ဆိုးဆိုးရွားရွားခံစားစေနိုင်တဲ့ လက္ခဏာတွေ တွေ့ကြုံလေ့ရှိပါတယ်။ အရက်သေစာက ခန္ဓာကိုယ်ဆဲလ်တွေ ရေဓာတ်ခမ်းခြောက်စေပြီး အစာအိမ်အတွင်း အက်ဆစ်ပမာဏကိုလည်း အနှောင့်အယှက်ဖြစ်စေပါတယ်။ အဲဒီအပြင် အရက်သေစာ အလွန်အကျွံသောက်သုံးခြင်းက ခန္ဓာကိုယ်အတွင်း ဟော်မုန်းမညီမျှမှုတွေ ဖြစ်ပွားစေနိုင်ပါတယ်။ အရက်နာကျခြင်းရဲ့ အဓိကလက္ခဏာတချို့က အားနည်းခြင်း၊ ရေငတ်ခြင်း၊ ခေါင်းကိုက်ခြင်း၊ မအီမသာဖြစ်ခြင်း၊ အလင်းနဲ့အသံ မခံနိုင်ခြင်း၊ အော့အန်ခြင်း၊ ဗိုက်အောင့်ခြင်း၊ ရင်ပူခြင်း၊ မူးဝေခြင်း၊ ဝမ်းလျှောခြင်း စတာတွေဖြစ်ပါတယ်။ ဒီတော့ အရက်နာကျမှု ဖြေရှင်းပေးမယ့် အိမ်တွင်းဆေးနည်းကောင်းတစ်ခု ရှိပါတယ်။ လိုအပ်သည့် ပစ္စည်းများ ပန်းသီးရှာလကာရည် စားပွဲတင်ဇွန်း (၂)ဇွန်း သံပုရာရည် စားပွဲတင်ဇွန်း (၂)ဇွန်း အရက်နာကျခြင်းအတွက် ဒီသဘာဝဆေးနည်းက အထူးသဖြင့် သင့်တော်တဲ့ ပမာဏမှီဝဲတဲ့အခါ ထူးခြားကောင်းမွန်စွာ ထိရောက်တယ်လို့ သိရပါတယ်။ ပန်းသီးရှာလကာရည်မှာ အစာအိမ်အတွင်း အက်ဆစ်ပမာဏကို ပုံမှန်ဖြစ်စေပြီး ခန္ဓာကိုယ်ရဲ့ pH ပမာဏ ဟန်ချက်ညီစေကာ အရက်နာကျမှု လျှော့နည်းစေပါတယ်။ သံပုရာက ဆုံးရှုံးသွားတဲ့ အီလက်ထရိုလိုက်တွေ ထိန်းသိမ်းပေးပါတယ်။ ပြင်ဆင်ပုံ ဖော်ပြထားတဲ့ ပါဝင်ပစ္စည်းပမာဏကို ဖန်ခွက်တစ်ခုထဲထည့်ပြီး ကောင်းစွာရောမွှေပေးရပါမယ်။ ဒီအရောအနှောကို ထမင်းစားပြီးနောက် သောက်ပါ။ တစ်နေ့ ၂-၃ကြိမ် သောက်နိုင်ပါတယ်။ Ref:boldsky
အရက္နာက်ျခင္းကိုအလြယ္တကူ ေျပာေပ်ာက္ေစမယ့္နည္းလမ္း အရက္နာက်ျခင္းကိုအလြယ္တကူ ေျပာေပ်ာက္ေစမယ့္နည္းလမ္း Reviewed by Naethit on Thursday, April 20, 2017 Rating: 5

No comments