ကဖင္းဓာတ္အေၾကာင္း သင္ဘယ္ေလာက္သိပါသလဲ?

ေကာ္ဖီမႀကိဳက္တဲ့သူဆိုတာ ခပ္ရွားရွားပါ။ တစ္ခ်ိဳ႕က်ေတာ့လည္း ေကာ္ဖီႀကိဳက္ေပမယ့္ ရင္တုန္တာကို မခံစားႏိုင္လို႔ ဒါမွမဟုတ္ ေကာ္ဖီကို ေရွာင္ကို ေရွာင္မွျဖစ္မွာမုိ႔ မေသာက္ရတဲ့သူေတြလည္း ရွိတာေပါ့ေလ။ က်န္းမာေရးသုေတသီေတြ ရဲ႕ စစ္တမ္းေကာက္ခ်က္အရ ႏိုင္ငံတကာက ေက်ာင္းသား၊ ေက်ာင္းသူ အထူးသျဖင့္ တကၠသိုလ္မွာ ပညာသင္ၾကားေနတဲ့ ေက်ာင္းသား၊ ေက်ာင္းသူေတြဟာ ေကာ္ဖီကို ပံုမွန္ေသာက္သံုးလာၾကသလို တစ္ခ်ိဳ႕ဆုိ တစ္ေန႔ကို သံုး၊ ေလးခြက္ ထက္ပိုေသာက္လာၾကတာမို႔ သံုးခြက္ထက္ ပိုမေသာက္ဖုိ႔ေတာင္ တားျမစ္ၾကရပါတယ္တဲ့။ ေကာ္ဖီဟာ စိတ္ကိုတက္ၾကြလန္းဆန္းေစတယ္ဆုိေပမယ့္ ေကာ္ဖီမွာပါတဲ့ ကဖင္းဓာတ္အေၾကာင္းေတာ့ သင္ေရာသင့္ပတ္၀န္းက်င္ အသိုင္းအ၀ိုင္းက အသိမိတ္ေဆြေတြပါ သိရွိထားမွာ မဟုတ္တာေၾကာင့္ ခုလို ေဖာ္ျပေပးလုိက္ပါတယ္။

 ၁။ကဖင္းဓာတ္ဟာ ကုိယ့္ရဲ႕မွတ္ဥာဏ္၊ မွတ္ႏိုင္စြမ္းအားတစ္ခ်ိဳ႕ကို အက်ိဳးသက္ေရာက္မႈေတြ ျဖစ္ေစပါတယ္။ ဒါ့ေၾကာင့္ အန္ဇိုင္းမားေရာဂါ ခံစားေနရတဲ့သူေတြဟာ ကဖင္းဓာတ္ပိုလိုအပ္ပါတယ္။ ဒါေပမယ့္ ကိုယ္က ကဖင္းဓာတ္နဲ႔ တည့္မတည့္ဆိုတဲ့အေပၚမွာေတာ့ မူတည္ေနပါေသးတယ္။ 

၂။အားကစားလုပ္တဲ့အခါ ကိုယ့္ရဲ႕စြမ္းရည္၊ လုပ္ေဆာင္မႈကို ျမင့္မားေစပါတယ္။ ကုိယ္လက္ေလ့က်င့္ခန္း မလုုပ္ခင္၊ အားကစားတစ္ခုခု မၿပိဳင္ခင္ တစ္နာရီေလာက္အလို ေကာ္ဖီေသာက္ထားလိုက္ၿပီး ေလ့က်င့္ခန္းလုပ္တဲ့အခါ ဒါမွမဟုတ္ ၿပိဳင္ပြဲတစ္ခုခုမွာ ၿပိဳင္တဲ့အခါ ႏိုးၾကားမႈေတြ ျမင့္မားေနတာေတြ႕ရမွာပါ။ ဒါေပမယ့္ တံု႕ျပန္ခ်က္မွာေတာ့ ေလ်ာ့က်သြားပါတယ္။ ဒီေတာ့ သင္သာ ႏိုးၾကားမႈရွိသလို သင့္ရဲ႕အားစိုက္မႈကိုလည္း တန္းတူထားႏိုင္မယ္ဆုိရင္ ကဖီးဓာတ္ဟာ သင့္အတြက္ အက်ိဳးျပဳတဲ့အပိုင္းေရာက္သြားမွာပါ။ အဲ့ဒီလိုမွ မဟုတ္ရင္ေတာ့ အားစိုက္မႈ အပိုင္းမွာ ျပသနာျဖစ္ႏို္င္ပါတယ္။ 

၃။ကဖင္းဓာတ္ရဲ႕ အက်ိဳးသက္ေရာက္မႈဟာ ျမန္ဆန္လြန္းပါတယ္။ ကဖင္းဓာတ္ဟာ ဦးေႏွာက္ေသြးေၾကာထဲကို လြယ္ကူစြာျဖတ္သန္းတတ္တဲ့အတြက္ ပင္မအာရံုေၾကာေတြဟာ ျမန္ျမန္ဆန္ဆန္ကို ႏိုးၾကားလိုက္ရတဲ့အတြက္ ကိုယ့္စိတ္ထဲမွာ တစ္ခုခုကို သပ္ရပ္လား၊ ေသသပ္လား၊ ေၾကာက္စရာေကာင္းသလားဆိုတာမ်ိဳးေတာင္ ေသခ်ာ မဆံုးျဖတ္ႏိုင္ပါဘူး။ ဒါ့ေၾကာင့္လည္း သင္ဟာ ေကာ္ဖီေသာက္ထားၿပီးတဲ့ေနာက္ ေပါ့ေပါ့ပါးပါးႀကီး ျဖစ္ေနသလိုလို၊ တစ္ခုခုဆို တက္တက္ၾကြၾကြ ျဖစ္ေနသလိုမ်ိဳးေတြ ခံစားေနရတာပါ။ 
၄။ေကာ္ဖီတစ္ခုခ်င္းစီးမွာ ကဖင္းဓာတ္ပါ၀င္ႏႈန္းခ်င္း မတူပါဘူး။ ေကာ္ဖီအမ်ိဳးအစားကြဲတဲ့အခါ အရသာကြဲတယ္လုိ႔ ဆိုၾကပါတယ္။ ဘယ္ေကာ္ဖီေလးမွ ႀကိဳက္တယ္။ ဘယ္တံဆိပ္မွ ေကာင္းတယ္ဆုိတာမိ်ဳးဟာ ေကာ္ဖီထဲမွာပါတဲ့ ကဖင္းဓာတ္မတူညီတာေၾကာင့္လည္း အမ်ားႀကီးဆိုင္ပါတယ္။ 
၅။ကဖင္းဓာတ္ဟာ အသားအေရကို ေျခာက္ခန္းေစပါတယ္။ ေကာ္ဖီေတာ္ေတာ္မ်ားမ်ားမွာ ပါတဲ့ ကဖင္းဓာတ္ ၉၈ရာခိုင္ႏႈန္းေၾကာင့္ သင္ေကာ္ဖီေသာက္လိုက္တဲ့အခါ အသားအေရေျခာက္ခန္းတာမ်ိဳးေတြ ျဖစ္လာပါတယ္။ ကဖင္းဓာတ္ဟာ ဆီးရႊင္ေစတာမွန္ေပမယ့္ အသားအေရေျခာက္ေစတယ္ ဆုိတာကလည္း အမွန္မုိ႔ ေကာ္ဖီေသာက္တဲ့သူေတြဟာ ေရမ်ားမ်ား ေသာက္သင့္ပါတယ္။ 
Ref:womenshealthmag

Unicode

ကော်ဖီမကြိုက်တဲ့သူဆိုတာ ခပ်ရှားရှားပါ။ တစ်ချို့ကျတော့လည်း ကော်ဖီကြိုက်ပေမယ့် ရင်တုန်တာကို မခံစားနိုင်လို့ ဒါမှမဟုတ် ကော်ဖီကို ရှောင်ကို ရှောင်မှဖြစ်မှာမို့ မသောက်ရတဲ့သူတွေလည်း ရှိတာပေါ့လေ။ ကျန်းမာရေးသုတေသီတွေ ရဲ့ စစ်တမ်းကောက်ချက်အရ နိုင်ငံတကာက ကျောင်းသား၊ ကျောင်းသူ အထူးသဖြင့် တက္ကသိုလ်မှာ ပညာသင်ကြားနေတဲ့ ကျောင်းသား၊ ကျောင်းသူတွေဟာ ကော်ဖီကို ပုံမှန်သောက်သုံးလာကြသလို တစ်ချို့ဆို တစ်နေ့ကို သုံး၊ လေးခွက် ထက်ပိုသောက်လာကြတာမို့ သုံးခွက်ထက် ပိုမသောက်ဖို့တောင် တားမြစ်ကြရပါတယ်တဲ့။ ကော်ဖီဟာ စိတ်ကိုတက်ကြွလန်းဆန်းစေတယ်ဆိုပေမယ့် ကော်ဖီမှာပါတဲ့ ကဖင်းဓာတ်အကြောင်းတော့ သင်ရောသင့်ပတ်ဝန်းကျင် အသိုင်းအဝိုင်းက အသိမိတ်ဆွေတွေပါ သိရှိထားမှာ မဟုတ်တာကြောင့် ခုလို ဖော်ပြပေးလိုက်ပါတယ်။ 
၁။ကဖင်းဓာတ်ဟာ ကိုယ့်ရဲ့မှတ်ဉာဏ်၊ မှတ်နိုင်စွမ်းအားတစ်ချို့ကို အကျိုးသက်ရောက်မှုတွေ ဖြစ်စေပါတယ်။ ဒါ့ကြောင့် အန်ဇိုင်းမားရောဂါ ခံစားနေရတဲ့သူတွေဟာ ကဖင်းဓာတ်ပိုလိုအပ်ပါတယ်။ ဒါပေမယ့် ကိုယ်က ကဖင်းဓာတ်နဲ့ တည့်မတည့်ဆိုတဲ့အပေါ်မှာတော့ မူတည်နေပါသေးတယ်။ 

၂။အားကစားလုပ်တဲ့အခါ ကိုယ့်ရဲ့စွမ်းရည်၊ လုပ်ဆောင်မှုကို မြင့်မားစေပါတယ်။ ကိုယ်လက်လေ့ကျင့်ခန်း မလုပ်ခင်၊ အားကစားတစ်ခုခု မပြိုင်ခင် တစ်နာရီလောက်အလို ကော်ဖီသောက်ထားလိုက်ပြီး လေ့ကျင့်ခန်းလုပ်တဲ့အခါ ဒါမှမဟုတ် ပြိုင်ပွဲတစ်ခုခုမှာ ပြိုင်တဲ့အခါ နိုးကြားမှုတွေ မြင့်မားနေတာတွေ့ရမှာပါ။ ဒါပေမယ့် တုံ့ပြန်ချက်မှာတော့ လျော့ကျသွားပါတယ်။ ဒီတော့ သင်သာ နိုးကြားမှုရှိသလို သင့်ရဲ့အားစိုက်မှုကိုလည်း တန်းတူထားနိုင်မယ်ဆိုရင် ကဖီးဓာတ်ဟာ သင့်အတွက် အကျိုးပြုတဲ့အပိုင်းရောက်သွားမှာပါ။ အဲ့ဒီလိုမှ မဟုတ်ရင်တော့ အားစိုက်မှု အပိုင်းမှာ ပြသနာဖြစ်နိုင်ပါတယ်။

 ၃။ကဖင်းဓာတ်ရဲ့ အကျိုးသက်ရောက်မှုဟာ မြန်ဆန်လွန်းပါတယ်။ ကဖင်းဓာတ်ဟာ ဦးနှောက်သွေးကြောထဲကို လွယ်ကူစွာဖြတ်သန်းတတ်တဲ့အတွက် ပင်မအာရုံကြောတွေဟာ မြန်မြန်ဆန်ဆန်ကို နိုးကြားလိုက်ရတဲ့အတွက် ကိုယ့်စိတ်ထဲမှာ တစ်ခုခုကို သပ်ရပ်လား၊ သေသပ်လား၊ ကြောက်စရာကောင်းသလားဆိုတာမျိုးတောင် သေချာ မဆုံးဖြတ်နိုင်ပါဘူး။ ဒါ့ကြောင့်လည်း သင်ဟာ ကော်ဖီသောက်ထားပြီးတဲ့နောက် ပေါ့ပေါ့ပါးပါးကြီး ဖြစ်နေသလိုလို၊ တစ်ခုခုဆို တက်တက်ကြွကြွ ဖြစ်နေသလိုမျိုးတွေ ခံစားနေရတာပါ။ 

၄။ကော်ဖီတစ်ခုချင်းစီးမှာ ကဖင်းဓာတ်ပါဝင်နှုန်းချင်း မတူပါဘူး။ ကော်ဖီအမျိုးအစားကွဲတဲ့အခါ အရသာကွဲတယ်လို့ ဆိုကြပါတယ်။ ဘယ်ကော်ဖီလေးမှ ကြိုက်တယ်။ ဘယ်တံဆိပ်မှ ကောင်းတယ်ဆိုတာမျိုးဟာ ကော်ဖီထဲမှာပါတဲ့ ကဖင်းဓာတ်မတူညီတာကြောင့်လည်း အများကြီးဆိုင်ပါတယ်။ 

၅။ကဖင်းဓာတ်ဟာ အသားအရေကို ခြောက်ခန်းစေပါတယ်။ ကော်ဖီတော်တော်များများမှာ ပါတဲ့ ကဖင်းဓာတ် ၉၈ရာခိုင်နှုန်းကြောင့် သင်ကော်ဖီသောက်လိုက်တဲ့အခါ အသားအရေခြောက်ခန်းတာမျိုးတွေ ဖြစ်လာပါတယ်။ ကဖင်းဓာတ်ဟာ ဆီးရွှင်စေတာမှန်ပေမယ့် အသားအရေခြောက်စေတယ် ဆိုတာကလည်း အမှန်မို့ ကော်ဖီသောက်တဲ့သူတွေဟာ ရေများများ သောက်သင့်ပါတယ်။ 

Ref:womenshealthmag
ကဖင္းဓာတ္အေၾကာင္း သင္ဘယ္ေလာက္သိပါသလဲ? ကဖင္းဓာတ္အေၾကာင္း သင္ဘယ္ေလာက္သိပါသလဲ? Reviewed by Naethit on Friday, April 21, 2017 Rating: 5

No comments