စာကျက်ရပျင်းသူများအတွက် အသင့်တော်ဆုံး အသက်မွေးဝမ်းကြောင်းအလုပ်များ
၂။ စာရေးဆရာ (Writer)
၎။ ပန်းချီဆရာ (Painter)
Ref: Youngisthan
Unicode
ကလေးဘဝကတည်းက ပညာရေးဆိုတာ ဘယ်လောက်အရေးကြီးကြောင်း မိဘတွေ ပြောပြဖူးကြမယ်လို့ ယူဆပါတယ်။ ဒါ့ကြောင့် သင်ဟာ စာကို အသည်းအသန်ကြိုးစားခဲ့ပါလိမ့်တယ်။ ဒါပေမယ့် စာသင်တာက သင်ကျွမ်းကျင်ပိုင်နိုင်တဲ့ အရာဖြစ်ချင်မှ ဖြစ်မှာပေါ့။ စာသင်ရတာ သင် လုံးဝမပျော်ပိုက်ဘူးဆိုရင် ဒါဟာ တကယ်တော့ ပြသနာတစ်ရပ် မဟုတ်ပါဘူး။ စာကျက်တဲ့အလုပ်ကို မကြိုက်နှစ်သက်သူတွေအတွက် သင့်တော်တဲ့ အသက်မွေးဝမ်းကျောင်းအလုပ်တွေ ရွေးချယ်စရာများစွာ ရှိပါတယ်။
၁။ ဓာတ်ပုံဆရာ (Photographer)
ဓာတ်ပုံဆရာဖြစ်ဖို့ ဘွဲ့တစ်ခုရှိစရာ မလိုအပ်သလို ကျောင်းသုံးဖတ်စာအုပ်ထူးထူကြီးတွေ ကျက်မှတ်စရာမလိုပါဘူး။ သင်လိုအပ်တာက အမျှော်အမြင်၊ ဖန်တီးနိုင်မှုနဲ့ စိတ်အားထက်သန်မှုတို့ပဲ ဖြစ်ပါတယ်။
၂။ စာရေးဆရာ (Writer)
သင် စာရေးနည်း သိမယ်လို့ မျှော်လင့်ပါတယ်။ အဲဒါက ဘဝမှာ ဘာမဆိုဖြစ်လာစေဖို့ လိုအပ်တဲ့အရာပဲ ဖြစ်ပါတယ်။ စာရေးနည်းသိရင် စာရေးဆရာဘဝက သင်နဲ့ ဆီလျှော်တဲ့ နောက်ထပ်အသက်မွေးဝမ်းကျောင်းအလုပ်တစ်ခု ဖြစ်ပါတယ်။ တကယ်လို့ သင် ပုံပြင်တွေ ချရေးရတာ ဝါသနာပါတယ်၊ အင်မတန်စိတ်ဝင်စားစရာကောင်းတဲ့ အချက်အလက်တွေ ခေါင်းထဲ စဉ်းစားပုံဖော်ရတာ သဘောကျတယ်ဆိုပါက စာရေးတဲ့အလုပ်က သင့်အတွက်ပါပဲ။
၃။ ရုပ်ရှင်ရိုက်ကူးသူ (Filmmaker)
စာကျက်မှတ်စရာမလိုတဲ့ နောက်အသက်မွေးဝမ်းကျောင်းတစ်ခုက ရုပ်ရှင်ရိုက်ကူးသူ filmmaker အလုပ်ပဲ ဖြစ်ပါတယ်။ နည်းစနစ်တွေနဲ့အတူ လုပ်ငန်းသုံးစကားနဲ့ ဗန်းစကားအသုံးအနှုန်းတို့ကို လေ့လာရမယ်ဆိုပေမယ့် စာကျက်တာမျိုးနဲ့ မတူပါဘူး။
၄။ ပန်းချီဆရာ (Painter)
ပန်းချီဆွဲတာ အသက်မွေးဝမ်းကျောင်း မဟုတ်ဘူးလို့ ဘယ်သူပြောလဲ။ အရောင်တွေနဲ့ ဖန်တီးမှုလက်ရာတွေကြောင့် သန်းနဲ့ချီ ဝင်ငွေရနေတဲ့ ပန်းချီဆရာတွေ စုံစမ်းကြည့်ပါ။ တကယ်လို့ သင် ကောက်ကြောင်းဆွဲ၊ အရုပ်ရေးပြီး အဓိပ္ပါယ်ရှိတဲ့ ပန်းချီကားတွေ အရောင်ခြယ်တတ်ပါက ပန်းချီဆရာ လုပ်စားပေတော့။
၅။ အားကစားသမား (Sportperson)
အားကစားအမျိုးအစား ရာနဲ့ချီရှိတော့ အသက်မွေးဝမ်းကျောင်းတစ်ခုအဖြစ် လေ့လာလိုက်စားဖို့ အားကစားတစ်မျိုးတည်းကိုပဲ ညွှန်းဆိုလို့မရပါဘူး။ သင်လုပ်ရမှာက သင်ကျွမ်းကျင်တဲ့၊ သင်စိတ်အားထက်သန်တဲ့ နယ်ပယ်ကို လိုက်ဖို့ပါပဲ။ စိတ်ထက်သန် ပြင်းပြမှုနဲ့ လုပ်ပါက အဲဒီအားကစားမှာ သေချာပေါက်အောင်မြင်ပါလိမ့်မယ်။
Ref: Youngisthan
စာကျက်ရပျင်းသူများအတွက် အသင့်တော်ဆုံး အသက်မွေးဝမ်းကြောင်းအလုပ်များ စာကျက်ရပျင်းသူများအတွက် အသင့်တော်ဆုံး အသက်မွေးဝမ်းကြောင်းအလုပ်များ Reviewed by Naethit on Saturday, April 22, 2017 Rating: 5
No comments