စိတ္ဓာတ္က်၊ စိတ္ဖိစီးတဲ့အခါ ဒီအခ်က္ေလး (၅)ခ်က္ေတြးျပီး ၀မ္းနည္းစရာေတြကို ေက်ာ္ျဖတ္ပါ

လူတုိင္းလူတုိင္းမွာ စိတ္ပင္ပန္းစရာ၊ စိတ္ဓာတ္က်စရာအေျခအေနေတြ ဆုိတာကေတာ့ ရွိစျမဲပါ။ ဒါေတြကို ဘယ္လိုေကာင္းမြန္စြာ ေက်ာ္ျဖတ္ႏိုင္ခဲ့သလဲဆုိတာေပၚ မူတည္ျပီး အဲ့ဒီလူဟာ အေတြ႔အႀကံဳကေန သင္ယူႏိုင္သြားတဲ့အျပင္ စိတ္ဓာတ္လည္း ပိုႀကံ႕ခိုင္သြားတတ္ၾကပါတယ္။ တကယ္လို႕မ်ား သင္ဟာ ၀မ္းနည္းသလိုလုိ ခံစားလာရတယ္၊ စိတ္ဓာတ္က်သလို ျဖစ္လာျပီဆုိရင္ ဒီအခ်က္ေလးေတြ ေတြးၾကည့္လိုက္ပါ။

 ၁။ငါဟာ ခံစားခ်က္ေတြကို ေၾကာက္လန္႕ေနသူ မဟုတ္ဘူး။ အရင္အခ်ိန္ေတြတုန္းက သင္ဟာ နာက်င္ေနခဲ့ရတာေတြ ဖုံးကြယ္ျပီး ဘယ္သူမွမသိေအာင္ တိတ္တိတ္ကေလး ေနခဲ့ရတယ္။ငိုခဲ့ရတယ္။ သင္ေပ်ာ္ရႊင္တဲ့အခ်ိန္မ်ိဳးဆုိရင္ေတာ့ အားလံုးေရွ႔မွာ ရယ္ေမာေပ်ာ္ရႊင္တာပဲ မဟုတ္လား။ ခံစားခ်က္ေတြကို အတင္းႀကီး ဖံုးကြယ္နစရာ မလုိပါဘူး။ ျပီးေတာ့ ငါခံစားရေတာ့မွာလားဆုိျပီးလည္း မေၾကာက္ပါနဲ႕။ အားလံုးဟာ ခဏတာလုိ႕ ေတြးပါ။ 

၂။ သူငယ္ခ်င္းအစစ္ေတြဟာ ဘယ္သူေတြဆုိတာ သိႏိုင္ျပီ။ စိတ္ဓာတ္က်တာ၊ အားငယ္တဲ့ ပံုစံမ်ိဳးေပါက္လာတာနဲ႕ ကုိယ့္အေပၚ ဘယ္သူကေတာ့ေကာင္းတယ္။ ဘယ္သူကေတာ့ မေကာင္းဘူးဆုိတာ သိသိသာသာ ျမင္လာရပါျပီ။ တစ္ခ်ိဳ႕လူေတြက စိတ္ဓာတ္က်အားငယ္ေနတဲ့ သူငယ္ခ်င္းကို ေဖးမဖုိ႕ထက္ အေ၀းကိုသာ တြန္းပို႕တတ္ၾကပါတယ္။ ကုိယ့္ဆီလာျပီး ေျပာဆုိေနမွာမ်ိဳးကိုလည္း သူတုိ႕အခ်ိန္ေပးနားမေထာင္ခ်င္ၾကပါဘူး။ ဒီအခ်ိန္မွာ သင့္ကုိ ဘယ္သူေတြက အားျဖည့္ေပးပါသလဲ။ ႏွစ္သိမ့္ကူညီေပးသလဲဆုိတာ သင္သိရမွာပါ။ 

၃။ကုိယ့္ကိုယ္ကို ပိုအခ်ိန္ေပးႏိုင္လာပါလိမ့္မယ္။ အရင္တုန္းက အျခားသူေတြအတြက္ပဲ အခ်ိန္ေပးေနခဲ့တယ္။ အျခားသူေတြ ေပ်ာ္ေအာင္ဦးစားေပးခဲ့သမ်ွ ခုခ်ိန္မွာေတာ့ ကုိယ့္ဘာသာကိုယ္အခ်ိန္ေပးႏိုင္ေအာင္ လုပ္ပါ။ ဒီေတာ့ ကိုယ္မသြားခ်င္တဲ့ ပါတီပြဲေတြ၊ ေပ်ာ္ပြဲရႊင္ပြဲေတြ လည္း စိတ္လြတ္ကိုယ္လြတ္ ျငင္းလို႕ရပါျပီ။ 

၄။ပိုရဲရင့္လာတယ္၊ ကုိယ့္ကိုယ္ကို ပိုယံုၾကည္မႈရွိလာတယ္လို႕ ေတြးပါ။ တစ္ခါစိတ္ဓာတ္က်ျပီးတုိင္း သင္ဟာ ဖြင့္ဟရဲတဲ့ သတိၱေတြရွိလာမယ္။ ခံစားခ်က္ေတြကိုလည္း ေ၀မွ်တတ္လာမယ္။ ဒီလို အခါခါႀကံဳဖူးတဲ့ေနာက္မွာ သင္ဟာ ပိုရဲရင့္လာျပီး ကိုယ့္ကိုယ္ကို ယံုၾကည္မႈေတြ ရွိလာပါလိမ့္မယ္။

 ၅။ဒီလိုျဖစ္တာ၊ ခံစားရတာ ကိုယ္တစ္ေယာက္တညး္ မဟုတ္ဘူးလုိ႕ ေတြးပါ။ တကယ္ေတာ့ စိတ္ဓာတ္က်တာ၊ ခံစားရတာဟာ သင္တစ္ေယာက္တည္း ထူးျပီးျဖစ္ေနတာမ်ိဳး မဟုတ္ပါဘူး။ ကမ႓ာေက်ာ္မင္းသား၊ မင္းသမီး အႏုပညာရွင္ေတြလည္း ဒီလိုခံစားၾကရတာပါပဲ။ ပိုက္ဆံရွိတာ မရွိတာနဲ႕လည္း မဆုိင္ပါဘူး။ ဒီေတာ့ ကိုယ့္ကိုယ္ကို အျပစ္မတင္ပါနဲ႕။ 

Ref:yourtango

Unicode

လူတိုင်းလူတိုင်းမှာ စိတ်ပင်ပန်းစရာ၊ စိတ်ဓာတ်ကျစရာအခြေအနေတွေ ဆိုတာကတော့ ရှိစမြဲပါ။ ဒါတွေကို ဘယ်လိုကောင်းမွန်စွာ ကျော်ဖြတ်နိုင်ခဲ့သလဲဆိုတာပေါ် မူတည်ပြီး အဲ့ဒီလူဟာ အတွေ့အကြုံကနေ သင်ယူနိုင်သွားတဲ့အပြင် စိတ်ဓာတ်လည်း ပိုကြံ့ခိုင်သွားတတ်ကြပါတယ်။ တကယ်လို့များ သင်ဟာ ဝမ်းနည်းသလိုလို ခံစားလာရတယ်၊ စိတ်ဓာတ်ကျသလို ဖြစ်လာပြီဆိုရင် ဒီအချက်လေးတွေ တွေးကြည့်လိုက်ပါ။ 

၁။ငါဟာ ခံစားချက်တွေကို ကြောက်လန့်နေသူ မဟုတ်ဘူး။ အရင်အချိန်တွေတုန်းက သင်ဟာ နာကျင်နေခဲ့ရတာတွေ ဖုံးကွယ်ပြီး ဘယ်သူမှမသိအောင် တိတ်တိတ်ကလေး နေခဲ့ရတယ်။ငိုခဲ့ရတယ်။ သင်ပျော်ရွှင်တဲ့အချိန်မျိုးဆိုရင်တော့ အားလုံးရှေ့မှာ ရယ်မောပျော်ရွှင်တာပဲ မဟုတ်လား။ ခံစားချက်တွေကို အတင်းကြီး ဖုံးကွယ်နစရာ မလိုပါဘူး။ ပြီးတော့ ငါခံစားရတော့မှာလားဆိုပြီးလည်း မကြောက်ပါနဲ့။ အားလုံးဟာ ခဏတာလို့ တွေးပါ။

 ၂။ သူငယ်ချင်းအစစ်တွေဟာ ဘယ်သူတွေဆိုတာ သိနိုင်ပြီ။ စိတ်ဓာတ်ကျတာ၊ အားငယ်တဲ့ ပုံစံမျိုးပေါက်လာတာနဲ့ ကိုယ့်အပေါ် ဘယ်သူကတော့ကောင်းတယ်။ ဘယ်သူကတော့ မကောင်းဘူးဆိုတာ သိသိသာသာ မြင်လာရပါပြီ။ တစ်ချို့လူတွေက စိတ်ဓာတ်ကျအားငယ်နေတဲ့ သူငယ်ချင်းကို ဖေးမဖို့ထက် အဝေးကိုသာ တွန်းပို့တတ်ကြပါတယ်။ ကိုယ့်ဆီလာပြီး ပြောဆိုနေမှာမျိုးကိုလည်း သူတို့အချိန်ပေးနားမထောင်ချင်ကြပါဘူး။ ဒီအချိန်မှာ သင့်ကို ဘယ်သူတွေက အားဖြည့်ပေးပါသလဲ။ နှစ်သိမ့်ကူညီပေးသလဲဆိုတာ သင်သိရမှာပါ။ 

၃။ကိုယ့်ကိုယ်ကို ပိုအချိန်ပေးနိုင်လာပါလိမ့်မယ်။ အရင်တုန်းက အခြားသူတွေအတွက်ပဲ အချိန်ပေးနေခဲ့တယ်။ အခြားသူတွေ ပျော်အောင်ဦးစားပေးခဲ့သမျှ ခုချိန်မှာတော့ ကိုယ့်ဘာသာကိုယ်အချိန်ပေးနိုင်အောင် လုပ်ပါ။ ဒီတော့ ကိုယ်မသွားချင်တဲ့ ပါတီပွဲတွေ၊ ပျော်ပွဲရွှင်ပွဲတွေ လည်း စိတ်လွတ်ကိုယ်လွတ် ငြင်းလို့ရပါပြီ။ 

၄။ပိုရဲရင့်လာတယ်၊ ကိုယ့်ကိုယ်ကို ပိုယုံကြည်မှုရှိလာတယ်လို့ တွေးပါ။ တစ်ခါစိတ်ဓာတ်ကျပြီးတိုင်း သင်ဟာ ဖွင့်ဟရဲတဲ့ သတိ္တတွေရှိလာမယ်။ ခံစားချက်တွေကိုလည်း ဝေမျှတတ်လာမယ်။ ဒီလို အခါခါကြုံဖူးတဲ့နောက်မှာ သင်ဟာ ပိုရဲရင့်လာပြီး ကိုယ့်ကိုယ်ကို ယုံကြည်မှုတွေ ရှိလာပါလိမ့်မယ်။ 

၅။ဒီလိုဖြစ်တာ၊ ခံစားရတာ ကိုယ်တစ်ယောက်တည်း မဟုတ်ဘူးလို့ တွေးပါ။ တကယ်တော့ စိတ်ဓာတ်ကျတာ၊ ခံစားရတာဟာ သင်တစ်ယောက်တည်း ထူးပြီးဖြစ်နေတာမျိုး မဟုတ်ပါဘူး။ ကမ္ဘာကျော်မင်းသား၊ မင်းသမီး အနုပညာရှင်တွေလည်း ဒီလိုခံစားကြရတာပါပဲ။ ပိုက်ဆံရှိတာ မရှိတာနဲ့လည်း မဆိုင်ပါဘူး။ ဒီတော့ ကိုယ့်ကိုယ်ကို အပြစ်မတင်ပါနဲ့။ 

Ref:yourtango
စိတ္ဓာတ္က်၊ စိတ္ဖိစီးတဲ့အခါ ဒီအခ်က္ေလး (၅)ခ်က္ေတြးျပီး ၀မ္းနည္းစရာေတြကို ေက်ာ္ျဖတ္ပါ စိတ္ဓာတ္က်၊ စိတ္ဖိစီးတဲ့အခါ ဒီအခ်က္ေလး (၅)ခ်က္ေတြးျပီး ၀မ္းနည္းစရာေတြကို ေက်ာ္ျဖတ္ပါ Reviewed by Naethit on Sunday, April 23, 2017 Rating: 5

No comments