သင့်စိတ်တွေအောက်ဆုံးအထိကျနေပါသလား စက္ကန့်၃၀အတွင်းပြန်မြင့်တင်လိုက်ရအောင်






စက္ကန့်အနည်းငယ်လေးအတွင်းမှာ ကိုယ့်ရဲ့စိတ်ဓာတ်ကို ကြံ့ခိုင်လာအောင် ဘယ်လိုလေ့ကျင့်ပေးနိုင်မလဲ၊ ဘယ်လိုတွေးခေါ်စဉ်းစားနိုင်မလဲဆိုတာ အောက်ပါ အချက်ကလေးတွေနဲ့ ကြိုးစားကြည့်လိုက်ပါ။ 

၁) အဆိုးထဲက အကောင်းရှာ အရာအားလုံးက မကောင်းဘူးဆိုတာတော့ မရှိပါဘူး။ စိတ်ဖိစီးမှု၊ ဒုက္ခ၊ ဆုံးရှုံးမှု၊ စိတ်ရှုပ်ထွေး ဒေါသထွက်မှုတွေကနေ တဆင့် စိတ်ဓာတ်ခိုင်မာမှု တည်ဆောက်ဖို့ လိုပါတယ်။ အရင်ဦးဆုံး စိတ်ဖိစီးမှု မတွေခဲ့ရဘဲနဲ့ဘယ်သူမှ ကိုယ်ရောစိတ်ပါ ရင့်ကျက်ခိုင်မာ မလာပါဘူး။ ဒါကြောင့် ငွေကြေးဖိစီးမှုဒုက္ခ၊ အသည်းကွဲတာ၊ အလုပ်အခက်အခဲ ဖြစ်ကြောင်း တွေးနေတာတွေ ရပ်လိုက်ပြီး စာရွက်ပေါ်မှာ ကောင်းကြောင်းတွေချရေးပါ။ ဥပမာ- ငါဟာ ဒီဖိစီးမှုဒဏ်တွေကို ခံနိုင်ရည်ရှိတယ်။ ငွေကြေး အထောက်အပံ့ကောင်းတွေလည်း ငါရလာမှာပါ။ အချစ်ရေးမှာလည်း ဒီထက်ကောင်းတဲ့သူနဲ့ တွေ့လာမှာပါ။ ငါကို့ ပိတ်ဆို့ထားတဲ့လမ်းတွေရှိရင် ဥမင်ဖောက်ပြီး မရောက်ရောက်အောင်သွားမယ် စသဖြင့် အကြပ်အတည်းတွေ့နေချိန်တွင် မိမိကိုယ်ကို ကောင်းတာဖြစ်လာမှာဖြစ်ကြောင်း တွန်းအားပေးပြောကြားပါ။ နောက်ပြီး ဘဝဆိုတာ အမြဲ အကောင်းအဆိုးဒွန်တွဲနေကြောင်း မိမိကိုယ်ကို သတိပေးနေပါ။

 ၂) ပိတ်ဆို့ထားတဲ့လမ်းရှိရင် အခွင့်အလမ်းသစ် တစ်ခုရှာဖွေပါ။ အတားအဆီးတွေဟာ ဘယ်သောအခါမှ ပျော်စရာ မကောင်းပါဘူး။ ဒါဟာမဖြစ်မြောက်ဘူးလို့ရှာဖွေတွေမှသာ သင်က သင့်ရဲ့စွမ်းအင်အားလုံးကို လမ်းကြောင်းတစ်ခုတည်းမှာ အာရုံစိုက်လုပ်ဆောင်တတ်ပါတယ်။ ဒါပေမယ့် ကိုယ်သွားနေတဲ့ လမ်းကြောင်းအားလုံးဟာ ပိတ်ဆို့ခံထားရမှုမရှိလျှင် နောက် လမ်းအသစ်တစ်ခု (တစ်ခါတစ်လေမှာ ထိုလမ်းက ပိုကောင်းတဲ့လမ်းဖြစ်နေတတ်တယ်) ကိုလည်း ရှာဖွေဖို့ မလုပ်ကြတော့ပါဘူး။ ဒီအတားအဆီးတွေက သင့် ရဲ့ ဖန်တီးမှုစွမ်းရည် အင်အားတွေကို ရပ်တန့်အောင်လုပ်ပစ်နိင်သလို တိုးတက်အောင်လည်းလုပ်ဆောင်နိုင်ပါတယ်။ သင်ဘယ်နည်းကိုရွေးမှာလဲ…….အခုပဲ ငါဘယ်နေရာမှာ ပိတ်ဆို့ခံထားရလဲဆိုတာ ကိုယ့်ကိုကိုယ်ပြန်မေးပြီး အခွင့်အလမ်းကို ရှာပါ။ အခွင့်အလမ်းတိုင်းက ဘယ်တော့မှတော့ ကောင်းကောင်း ရောက်မလာတတ်ပါဘူး။ ဒါပေမဲ့ ဒီအရာတွေကနေ တစ်ခုခုတော့ သင်ယူလေ့လာခွင့်ရမှာကိုတော့ မမေ့စေချင်ပါဘူး။

 ၃) မိမိအားနည်းချက်ကို ဝမ်းပမ်းတသာ ခရီးဦးကြိုပြုလိုက်ပါ။ ဘယ်သူမှတော့ အားနည်းချက် မရှိချင်ကြပါဘူး။ အားနည်းချက်ကို ရင်ဆိုင်မလား၊ ထွက်ပြေးမလားဆိုတဲ့အပေါ်မှာမူတည်ပါတယ်။ ကျွန်တော်တို့ ဘယ်သောအခါမှမလုပ်နိုင်တာကတော့ ဖုံးကွယ်မှုပါ။ သင်က တခြားသူတွေကို သင်ကောင်းပါကြောင်း ဖုံးကွယ်ပြောနိုင်ပေမဲ့ သင့်ကိုယ်သင်တော့ ဖုံးကွယ်ထားလို့မရပါဘူး။ ကိုယ့်အားနည်းချက် ကိုယ်သာသိပါတယ်။ ဒါကြောင့် ကိုယ့်အားနည်းချက်ကို ကိုယ်တိုင်လက်ခံခြင်းက စိတ်ဓာတ်ခိုင်မာမှုတစ်ခုပါပဲ။ သောကများတတ်သူတိုင်း လုံးဝသူတို့ရဲ့ အားနည်းချက်ကိုသိကြသလို စိတ်ဓာတ်ခိုင်မာသူတိုင်းက စိတ်ဓာတ်ခိုင်မာခြင်းဟာ မိမိအားနည်းချက် ကို ရှောင်လွဲနေခြင်း မဟုတ်ဘူးဆိုတာ ကောင်းကောင်းသိကြပါတယ်။ဒါကြောင့် အခုဘာတွေပဲဖြစ်နေနေ၊ ငါဘာကြောင့် အားနည်းချက်ရှိလဲဆိုတာ ချင့်ချိန်ပြီး ကောင်းကောင်းအသုံးချတတ်ဖို့လိုပါတယ်။ ဒီအရာနဲ့ပဲ သင်က တစ်ခုခုလုပ်နိုင်ပါတယ်။ ဒီအရည်အသွေးတွေဖြစ်လာဖို့ အခုပဲ စတင်ပျိုးထောင်ပါတော့။

 Ref:blogs.psychcentral
သင့်စိတ်တွေအောက်ဆုံးအထိကျနေပါသလား စက္ကန့်၃၀အတွင်းပြန်မြင့်တင်လိုက်ရအောင် သင့်စိတ်တွေအောက်ဆုံးအထိကျနေပါသလား စက္ကန့်၃၀အတွင်းပြန်မြင့်တင်လိုက်ရအောင် Reviewed by Naethit on Saturday, April 22, 2017 Rating: 5

No comments