လက်ကလေးတွေ ပျော့ပျောင်းနုဖတ်စေမယ့် ပေါင်းတင်အမွှေးချွတ်နည်း
ပြင်ဆင်ဖော်စပ်နည်း
အသုံးပြုပုံ
Unicode
ခန္ဓာကိုယ်အမွှေးအမျှင်တွေဟာ အမျိုးသမီးတိုင်းအတွက် မနှစ်မြို့စရာလို့ ခံစားတတ်ကြတဲ့အရာတွေဖြစ်ပါတယ်။ ဒါ့ကြောင့် အမျိုးသမီးတွေအတွက် သိပ်အချိန်ပေးစရာမလိုဘဲ ခန္ဓာကိုယ်အမွှေးအမျှင်တွေ ချွတ်ပြီး အသားဖြူသွားစေမယ့် နည်းလမ်းလေး ပြောပြချင်ပါတယ်။ ဒီအရည်ပျစ်ပျစ်အမွှေးချွတ်၊ အသားဖြူဆေးကို ဖော်စပ်ဖို့ရန်အတွက် အောက်ပါပါဝင်ပစ္စည်းတွေ လိုအပ်ပါလိမ့်မယ်။
· ဂျဲလ်လတင်းမှုန့် (gelatin powder) သစ်သီးအနံ့ ထမင်းစားဇွန်း (၂) ဇွန်း
· နွားနို့ ထမင်းစားဇွန်း (၂) ဇွန်း
· သခွားသီးရည် ထမင်းစားဇွန်း (၁) ဇွန်း
· မုန့်ဖုတ်ဆိုဒါ baking soda လက်ဖက်ရည်ဇွန်း တစ်ဝက်
ပြင်ဆင်ဖော်စပ်နည်း
ပန်းကန်တစ်ခုထဲ gelatin powder၊ နွားနို့နဲ့ သခွားသီးရည်ကို ရောထည့်ပါ။ တစ်သားတည်းပေါင်းစပ်သွားသည့်အထိ မွှေပြီး မိုက်ခရိုဝေ့မီးဖိုထဲ ၁၀-၁၂ မိနစ် ထားရပါမယ်။
အသုံးပြုပုံ
ဘရပ်ချ် brush နဲ့ ဖော်စပ်လို့ ရလာတဲ့ အရည်ပျစ်ပျစ်လေးကို လက် သို့မဟုတ် အမွှေးအမျှနုတ်ချင်တဲ့နေရာမှာ လိမ်းပြီး လုံးဝခြောက်သွေ့သွားတဲ့အထိ ထားရပါမယ်။ ပြီးရင် ခွာထုတ်ပေးရပါမယ်။
အကောင်းဆုံး အကျိုးရလဒ်တွေ ဖြစ်စေဖို့အတွက် ဒီအရည်ပျစ်ပျစ်လေးကို ပထမတစ်လတွင်း ၃ ကြိမ်အသုံးပြုပါ။ 
Ref: healthadvisor-team
လက်ကလေးတွေ ပျော့ပျောင်းနုဖတ်စေမယ့် ပေါင်းတင်အမွှေးချွတ်နည်း လက်ကလေးတွေ ပျော့ပျောင်းနုဖတ်စေမယ့် ပေါင်းတင်အမွှေးချွတ်နည်း Reviewed by Naethit on Saturday, April 29, 2017 Rating: 5
No comments