၂မိနစ်အတွင်း ဝက်ခြံများကို ဖုံးကွယ်နည်း
Ref:cosmopolitan.co.uk
Ref:cosmopolitan.co.uk
Unicode
မိန်းကလေးတိုင်းရဲ့ ဘဝမှာ စိတ်ညစ်စရာတွေတစ်ခုက ဝက်ခြံပါ။ အပူအစပ်တွေစားလို့ပဲဖြစ်ဖြစ် ၊ဓမ္မတာလာလို့ပဲဖြစ်ဖြစ် ၊ စိတ်ဖိစီးမှုတွေကြောင့် ဝက်ခြံတွေ ထွက်တတ်ပါတယ်။ ဒါပေမယ့် အရေးပေါ်သွားစရာလာစရာရှိရင် ဒီဝက်ခြံတွေကိုမဖုံးမဖိဘဲ သွားဖို့တော့ အဆင်မပြေနိုင်ပါဘူး။ အချိန်ပေးရမှာလားလို့တော့ မစိုးရိမ်ပါနဲ့။ ၂မိနစ်တည်းအချိန်ပေးရမှာပါ။ အရင်ဆုံး ရေခဲတုံးတစ်ခုကို ပုဝါတစ်ခုထဲကို ထည့်ပြီး ဝက်ခြံနီမြန်းနေတဲ့နေရာကို ခဏကပ်ထားပါ။ ရေခဲက အရောင်ကျသွားအောင် ကူညီပေးနိုင်ပြီး မျက်နှာပေါ်မှာနီမြန်းနေတာတွေကို လျော့ချပေးနိုင်ပါတယ်။ ဒုတိယအဆင့်မှာတော့ အစိမ်းရောင်ကွန်ဆီလာကို နီနေတဲ့ ဝက်ခြံပေါ်နဲ့ အနားတစ်ဝိုက်ကို လိမ်းပေးပါ။ ပြီးရင်ဘရပ်ရှ်လေးနဲ့ အသာအယာဖြန့်ပေးပါ။ နောက်ဆုံးမှာတော့ ပုံမှန် ကွန်ဆီလာကို အပေါ်က ထပ်လိမ်းပေးလိုက်ရင် ဝက်ခြံတွေလုံး၀ ဖုံးကွယ်ထားပြီးသား ဖြစ်သွားမှာပါ။ Ref:cosmopolitan.co.uk
၂မိနစ်အတွင်း ဝက်ခြံများကို ဖုံးကွယ်နည်း
Reviewed by Naethit
on
Friday, April 28, 2017
Rating:
Reviewed by Naethit
on
Friday, April 28, 2017
Rating:

No comments