နည္းပညာရပ္မ်ားမွ ရ႐ိုလာႏိုင္ေသာ ေဝဒနာမ်ား


Nomophobia ( no-mobile-phone phobia) ေရာဂါက လူငယ္ေတြအေပၚ ပုိပုိျပီး အက်ဳးိသက္ေရာက္မႈျဖစ္လာေစခဲ့ပါတယ္။ ဒီေရာဂါေဝဒနာရွင္ေတြမွာ သူတို႔ ဖုန္းနဲ႔ေဝးကြာျပီး Update သတင္းေတြကို အခ်ိန္နဲ႔ တေျပးညီ မရရိွႏုိင္ေတာ့တဲ့အခါ စိုးရိမ္ေသာကမ်ားျခင္း၊ စိတ္ေျခာက္ခ်ားမႈ စတဲ့ ေရာဂါလကၡဏာေတြ ျဖစ္ေပၚလာပါတယ္။ သုေတသနပညာရွင္ေတြက ဒီစိတ္စြဲလမ္းမႈ အေျခအေနကို ေလာင္းကစားနဲ႔ ေတာင္ ႏႈိင္းယွဥ္ထားပါတယ္။ ဒီေတာ့ နည္းပညာေတြက ဘယ္လိုေဘးထြက္ဆိုးက်ိဳးေတြ သင့္ကိုျဖစ္ေပၚေစႏိုင္ပါသလဲ။ သုတ္ရည္အားနည္းျခင္း Wi-fi ျဖန္႔ေဝမႈ လိုင္းေတြက သုတ္ရည္ကို ပ်က္ဆီးေစႏုိင္တဲ့ အလားလာရိွျပီး ေယာက်္ားေတြရဲ႕ သေႏၶေအာင္ျခင္းကို အေႏွာက္အယွက္ျဖစ္ေစပါတယ္။ ကြန္ပ်ဴတာၾကည့္ရတဲ့အတြက္ျဖစ္တဲ့ ေရာဂါ ကြန္ပ်ဴတာ ဖန္သားျပင္ကို ေတာက္ေလွ်ာက္ အခ်ိန္ၾကာၾကီး စိုက္ၾကည့္ေနျခင္းဟာ သင့္မ်က္စိကို ေကာင္းက်ဳိးမေပးပါဘူး။ အဲ့ဒီလုိ ကြန္ပ်ဴတာကို အၾကာၾကီး ျကည့္မယ္ဆိုရင္ မ်က္စိနာတာ၊ ေခါင္းကိုက္တာ၊ အျမင္မႈန္ဝါးလာတာ စတဲ့ ေရာဂါေတြကို ျဖစ္ေစႏုိင္တယ္။ ဒီျပသနာေတြကို သက္သာလာေအာင္ မ်က္ႏွာကို ကြန္ပ်ဴတာနဲ႔ တစ္ခ်က္တစ္ခ်က္ ခြာေပးျပီး ခပ္ၾကာၾကာေလး အနားယူေပးပါ။ အေနအထား မမွန္ကန္ျခင္း စားပြဲေစာင္းေရွ႕မွာ ခါးကုန္းအေနအထားနဲ႔ တေနကုန္ ထုိင္ျခင္းက ေနာက္ေက်ာရိုးနာက်င္မႈ ျဖစ္ေစပါတယ္။ ေကာင္းမြန္သင့္ေတာ္တဲ့ အေနအထားလည္း မဟုတ္ပါဘူး။ သက္ေတာင့္သက္သာျဖစ္သြားေအာင္ နံရိုးေတြ ဆန္႔တန္းေပးပါ။ ဆဲလ္ဖုန္း တံေတာင္ဆစ္ေရာဂါျဖစ္ျခင္း ဖုန္းကဘယ္ေလာက္ပဲ လွပလွပ အေရးမၾကီးပါဘူး။ တစ္စုံတစ္ေယာက္က ဒီနာက်င္မႈေဝဒနာၾကိတ္မိတ္ခံေနရတဲ့ သားေကာင္ျဖစ္ေကာင္းျဖစ္ႏုိင္တယ္။ ဒါေပမဲ့ ဆဲလ္ဖုန္းတံေတာင္ဆစ္ ဆိုတာ အခ်ိန္ၾကာၾကီး တံေတာင္ဆစ္ကို ေကြးထားျပီး လက္ေမာင္းမွာ ေသြးေၾကာထဲနာက်င္မႈျဖစ္ေစတဲ့ ေရာဂါ လကၡဏာကို ဆိုလိုတာျဖစ္ပါတယ္။ အခ်ိန္ၾကာၾကာ ဖုန္းေျပာဆိုဖို႔ သင့္ဖုန္းကို နားနဲ႔ ကပ္လ်က္ကိုင္ထားမယ္ဆိုရင္ အဆင္မေျပမႈ ရိွေကာင္းရိွႏုိင္ပါတယ္။ ဒါဆို ျဖစ္ႏုိင္ေခ်ရိွတဲ့ ေျဖရွင္းခ်က္ေတြက ဘာေတြလဲ။ ေနာက္လက္တဖက္ကို ေျပာင္းလိုက္ပါ (သို႔) လက္နဲ႔ကိုင္ေျပာစရာမလိုတဲ့ နားၾကပ္ (သို႔) ဘလူးတုသ္နားၾကပ္ အသုံးျပဳပါ။ ဆိုက္ဘာေရာဂါ ဒီေရာဂါလကၡဏာအေျခအေနအေပၚ သုေတသနပညာရွင္မ်ားဟာ ႏွစ္ေပါင္းမ်ားစြာ စိတ္ရႈပ္ေထြးေစခဲ့ပါတယ္။ ဒါေပမဲ့ ဒီေရာဂါက အျမင္အာရုံ စူးစိုက္မႈ( virtual reality) မွာ အခ်ိန္ကုန္ဆုံးေစတဲ့ လူေတြကို ဆိုးက်ဳိးျဖစ္ေစေၾကာင္း သိရိွခဲ့ပါတယ္။ ကံမေကာင္းစြာနဲ႔ (VR) အျမင္အာရုံ အသုံးခ်ရတဲ့ေနရာေတြဟာ 3D ရုပ္ရွင္ (သို႔) ဖုန္း(သို႔) တက္ဘလက္ေပၚက HD ဖန္သားျပင္ေတြ ပါဝင္တယ္။ ေရာဂါရဲ႕လကၡဏာေတြကေတာ့ မူးေနာက္ျခင္းနဲ႔ ေခါင္းကိုက္ျခင္း တို႔ ျဖစ္ပါတယ္။ 
Source: Reader's Digest

Unicode

Nomophobia ( no-mobile-phone phobia) ရောဂါက လူငယ်တွေအပေါ် ပိုပိုပြီး အကျုးိသက်ရောက်မှုဖြစ်လာစေခဲ့ပါတယ်။ ဒီရောဂါဝေဒနာရှင်တွေမှာ သူတို့ ဖုန်းနဲ့ဝေးကွာပြီး Update သတင်းတွေကို အချိန်နဲ့ တပြေးညီ မရရှိနိုင်တော့တဲ့အခါ စိုးရိမ်သောကများခြင်း၊ စိတ်ခြောက်ချားမှု စတဲ့ ရောဂါလက္ခဏာတွေ ဖြစ်ပေါ်လာပါတယ်။ သုတေသနပညာရှင်တွေက ဒီစိတ်စွဲလမ်းမှု အခြေအနေကို လောင်းကစားနဲ့ တောင် နှိုင်းယှဉ်ထားပါတယ်။ ဒီတော့ နည်းပညာတွေက ဘယ်လိုဘေးထွက်ဆိုးကျိုးတွေ သင့်ကိုဖြစ်ပေါ်စေနိုင်ပါသလဲ။ သုတ်ရည်အားနည်းခြင်း Wi-fi ဖြန့်ဝေမှု လိုင်းတွေက သုတ်ရည်ကို ပျက်ဆီးစေနိုင်တဲ့ အလားလာရှိပြီး ယောကျ်ားတွေရဲ့ သန္ဓေအောင်ခြင်းကို အနှောက်အယှက်ဖြစ်စေပါတယ်။ ကွန်ပျူတာကြည့်ရတဲ့အတွက်ဖြစ်တဲ့ ရောဂါ ကွန်ပျူတာ ဖန်သားပြင်ကို တောက်လျှောက် အချိန်ကြာကြီး စိုက်ကြည့်နေခြင်းဟာ သင့်မျက်စိကို ကောင်းကျိုးမပေးပါဘူး။ အဲ့ဒီလို ကွန်ပျူတာကို အကြာကြီး ကြည့်မယ်ဆိုရင် မျက်စိနာတာ၊ ခေါင်းကိုက်တာ၊ အမြင်မှုန်ဝါးလာတာ စတဲ့ ရောဂါတွေကို ဖြစ်စေနိုင်တယ်။ ဒီပြသနာတွေကို သက်သာလာအောင် မျက်နှာကို ကွန်ပျူတာနဲ့ တစ်ချက်တစ်ချက် ခွာပေးပြီး ခပ်ကြာကြာလေး အနားယူပေးပါ။ အနေအထား မမှန်ကန်ခြင်း စားပွဲစောင်းရှေ့မှာ ခါးကုန်းအနေအထားနဲ့ တနေကုန် ထိုင်ခြင်းက နောက်ကျောရိုးနာကျင်မှု ဖြစ်စေပါတယ်။ ကောင်းမွန်သင့်တော်တဲ့ အနေအထားလည်း မဟုတ်ပါဘူး။ သက်တောင့်သက်သာဖြစ်သွားအောင် နံရိုးတွေ ဆန့်တန်းပေးပါ။ ဆဲလ်ဖုန်း တံတောင်ဆစ်ရောဂါဖြစ်ခြင်း ဖုန်းကဘယ်လောက်ပဲ လှပလှပ အရေးမကြီးပါဘူး။ တစ်စုံတစ်ယောက်က ဒီနာကျင်မှုဝေဒနာကြိတ်မိတ်ခံနေရတဲ့ သားကောင်ဖြစ်ကောင်းဖြစ်နိုင်တယ်။ ဒါပေမဲ့ ဆဲလ်ဖုန်းတံတောင်ဆစ် ဆိုတာ အချိန်ကြာကြီး တံတောင်ဆစ်ကို ကွေးထားပြီး လက်မောင်းမှာ သွေးကြောထဲနာကျင်မှုဖြစ်စေတဲ့ ရောဂါ လက္ခဏာကို ဆိုလိုတာဖြစ်ပါတယ်။ အချိန်ကြာကြာ ဖုန်းပြောဆိုဖို့ သင့်ဖုန်းကို နားနဲ့ ကပ်လျက်ကိုင်ထားမယ်ဆိုရင် အဆင်မပြေမှု ရှိကောင်းရှိနိုင်ပါတယ်။ ဒါဆို ဖြစ်နိုင်ချေရှိတဲ့ ဖြေရှင်းချက်တွေက ဘာတွေလဲ။ နောက်လက်တဖက်ကို ပြောင်းလိုက်ပါ (သို့) လက်နဲ့ကိုင်ပြောစရာမလိုတဲ့ နားကြပ် (သို့) ဘလူးတုသ်နားကြပ် အသုံးပြုပါ။ ဆိုက်ဘာရောဂါ ဒီရောဂါလက္ခဏာအခြေအနေအပေါ် သုတေသနပညာရှင်များဟာ နှစ်ပေါင်းများစွာ စိတ်ရှုပ်ထွေးစေခဲ့ပါတယ်။ ဒါပေမဲ့ ဒီရောဂါက အမြင်အာရုံ စူးစိုက်မှု( virtual reality) မှာ အချိန်ကုန်ဆုံးစေတဲ့ လူတွေကို ဆိုးကျိုးဖြစ်စေကြောင်း သိရှိခဲ့ပါတယ်။ ကံမကောင်းစွာနဲ့ (VR) အမြင်အာရုံ အသုံးချရတဲ့နေရာတွေဟာ 3D ရုပ်ရှင် (သို့) ဖုန်း(သို့) တက်ဘလက်ပေါ်က HD ဖန်သားပြင်တွေ ပါဝင်တယ်။ ရောဂါရဲ့လက္ခဏာတွေကတော့ မူးနောက်ခြင်းနဲ့ ခေါင်းကိုက်ခြင်း တို့ ဖြစ်ပါတယ်။ 
Source: Reader's Digest

နည္းပညာရပ္မ်ားမွ ရ႐ိုလာႏိုင္ေသာ ေဝဒနာမ်ား နည္းပညာရပ္မ်ားမွ ရ႐ိုလာႏိုင္ေသာ ေဝဒနာမ်ား Reviewed by Naethit on Thursday, April 20, 2017 Rating: 5

No comments