ဘယ္လိုအခ်ိန္မွာအလုပ္ထြက္ဖို႔ မျဖစ္မေနစဥ္းစားသင့္သလဲ



အလုပ္မွာ ႀကံဳေတြ႕ေနရတဲ့ စိတ္ပ်က္စရာကိစၥေတြ၊ မေမွ်ာ္လင့္ထားတဲ့ လုပ္ငန္းအေတြ႕အႀကံဳေတြေၾကာင့္ စိတ္အဆင္းရဲႀကီး ဆင္းရဲေနရျပီလား တခ်ိဳ႕ေသာ အမ်ိဳးသားေတြဟာ သူတို႕ရဲ႕ လက္ရွိအလုပ္ကေန ထြက္ခ်ိန္တန္ေနတာကို သတိမမူဘဲ အဆင္ေျပမလားဆုိတဲ့ အေတြးနဲ႕ ဆက္လက္ ရုန္းကန္ေနၾကဆဲပါပဲ။ ဒါဟာလည္း တခ်ိဳ႕ေတြေျပာတတ္တဲ့ “တကယ္ေတာ္တဲ့ လူတစ္ေယာက္ဟာ ဘယ္ေတာ့မွ လက္ေျမွာက္ထြက္မသြားဘူး”ဆုိတဲ့ စကားမ်ိဳးေတြေၾကာင့္ သင့္ကို မေပ်ာ္ရႊင္မႈေတြနဲ႕ ဆက္လက္ ရွင္သန္ေနေစျပန္ပါတယ္။ ဆက္လက္ ဖက္တြယ္ေနဖို႕ အေၾကာင္းျပခ်က္မရွိေတာ့ဘူးဆုိပါစို႕။ အလုပ္က တကယ္ထြက္ခ်ိန္တန္ၿပီ ျဖစ္ေၾကာင္း အလြန္ေသခ်ာတဲ့ အေၾကာင္းျပခ်က္ (၅)ခု ေျပာျပပါရေစ။

 (၁) အလြန္အကၽြံ စိတ္ဖိစီးမႈမ်ားေအာက္ ေရာက္ရွိေနရင္ အနည္းငယ္ စိတ္ဖိစီးရတဲ့ ေန႕ရက္ေတြဆုိတာ လစဥ္လိုလို ရွိတတ္ပါတယ္။ ဒါေပမယ့္ ဒီလုိစိတ္ဖိစီးမႈမ်ိဳးေတြခ်ည္း ေန႕စဥ္ရက္ဆက္ အလြန္အကၽြံ ခံစားေနရတယ္ ဆုိရင္ေတာ့ ဒီအလုပ္ဟာ သင္နဲ႕ မသင့္ေတာ္ပါဘူး။ ဒါေၾကာင့္ ေနာင္တမရခင္ အရင္ထြက္လုိက္ပါ။

 (၂) စိန္ေခၚမႈေတြ မရွိေတာ့ရင္ ေန႕ေတြ ၊ လေတြ ၊ ႏွစ္ေတြမ်ားစြာ ဆယ္စုႏွစ္ တစ္စုေလာက္တုိင္ေအာင္ သင့္အလုပ္ဟာ သင့္ကို ဘာစိန္ေခၚမႈမွ မေပးႏုိင္ေတာ့ရင္ ဒါဟာ အခ်ိန္ေတြကို အလဟႆ ျဖဳန္းတီးပစ္ေနတာပါပဲ။ ဒီအခ်ိန္ဟာ တျခားအသက္ေမြး၀မ္းေၾကာင္းတစ္ခု စတင္ေျပာင္းလဲသင့္တဲ့ အခ်ိန္ပါ။

(၃) ကုမၸဏီဟာ ဘယ္ေနရာမွာမွ ဦးမေဆာင္ႏုိင္ေတာ့ရင္ ကုမၸဏီဟာ ႏွစ္ရွည္လမ်ား နာတာရွည္ေရာဂါမ်ိဳး တျဖည္းျဖည္းလိႈက္စားေနတဲ့အခါ သင့္ကို လက္ရွိေပးႏုိင္တဲ့လစာထက္ ပိုၿပီး မေပးႏုိင္ေတာ့ပါဘူး။ ေနာက္ၿပီး သင့္ရဲ႕ အနာဂတ္ဟာလည္း ဘာမွ ေရေရရာရာ မတြက္ဆႏုိင္ေတာ့ ဘူးဆုိရင္ ဒီကုမၸဏီကို သံေယာဇဥ္ ျဖတ္သင့္ပါၿပီ။ အလုပ္တစ္ခုကို ရွာေဖြတဲ့အခါ ၀င္ေငြတစ္ခုတည္းကို မၾကည့္ပါနဲ႕။ ဒီကုမၸဏီဟာ အနာဂတ္ရည္မွန္းခ်က္အစီအစဥ္နဲ႔ အိမ္မက္ေတြ ဘယ္ေလာက္ထိ ရည္မွန္းအေကာင္အထည္ ေဖာ္ႏုိင္မလဲဆုိတာကို ခ်င့္ခ်ိန္ပါ။

 (၄) အလုပ္မွာ စိတ္တက္ၾကြ ရွင္သန္ဖုိ႕အင္အား ရွာမေတြ႕ေတာ့ဘူးဆုိရင္ ရည္မွန္းခ်က္ဆုိတာ လူတုိင္းအတြက္ အေရးအႀကီးဆံုးအရာတစ္ခုျဖစ္လို႕ ဒီစိတ္ဓါတ္ ေပ်ာက္ျပယ္ လြင့္ပါးသြားတာမ်ိဳး ဘယ္ေတာ့မွ မျဖစ္သင့္ပါဘူး။ အခုသင့္ရဲ႕ လက္ရွိအလုပ္ဟာ သင့္ကို မေျပာပေလာက္တဲ့ ရည္မွန္းခ်က္ေလးေပးထားၿပီး တုိးတက္ႏုိင္တဲ့ နယ္ပယ္မွာ မလုပ္ေနရဘူး ဆုိရင္ေတာ့ မွန္ကန္တဲ့နည္းလမ္းနဲ႕ အဆံုးသတ္ဖုိ႕ ဆံုးျဖတ္သင့္ပါၿပီ။

 (၅) စိတ္အာရံုေတြ အေ၀းကိုသာ ပ်ံ႔လြင့္ေနတယ္ဆုိရင္ အလုပ္က သင့္ကို လံုေလာက္တဲ့ စိတ္၀င္စားမႈေတြ မေပးစြမ္းႏုိင္ေတာ့တဲ့ အခါ ပ်င္းရိျခင္းက ႀကီးစိုးလာၿပီး ၿငီးေငြ႕ျခင္းေတြနဲ႕အတူ ငိုက္ျမည္းေနတတ္ပါလိမ့္မယ္။ ဒါဟာ သင့္အတြက္ေရာ သင့္အလုပ္ရွင္အတြက္ပါ အေတာ္ေလး စိတ္ကသိကေအာက္ျဖစ္စရာ အေျခအေနပါ။ ဒါမ်ိဳး ျဖစ္ေနၿပီဆုိရင္ ကိုယ္စိတ္ပါ၀င္စားႏုိင္တဲ့ အလုပ္တစ္ခုကို ရွာဖုိ႕လုိအပ္ေနပါၿပီ။ ဘ၀ဆုိတာ အခ်ိန္ခဏေလးျဖစ္ၿပီး အင္မတန္ကုန္လြယ္ပါတယ္။ ဒါေၾကာင့္ နယ္ေျမသစ္ကို စတင္ရွာေဖြပါ။ တရြတ္ဆြဲ အလုပ္လုပ္ေနျခင္းဟာ သင့္အနာဂတ္အတြက္သာမက ကုမၸဏီအနာဂတ္အတြက္ပါ ထိခိုက္ႏုိင္ပါတယ္။

 Ref:mensxp

Unicode

အလုပ်မှာ ကြုံတွေ့နေရတဲ့ စိတ်ပျက်စရာကိစ္စတွေ၊ မမျှော်လင့်ထားတဲ့ လုပ်ငန်းအတွေ့အကြုံတွေကြောင့် စိတ်အဆင်းရဲကြီး ဆင်းရဲနေရပြီလား တချို့သော အမျိုးသားတွေဟာ သူတို့ရဲ့ လက်ရှိအလုပ်ကနေ ထွက်ချိန်တန်နေတာကို သတိမမူဘဲ အဆင်ပြေမလားဆိုတဲ့ အတွေးနဲ့ ဆက်လက် ရုန်းကန်နေကြဆဲပါပဲ။ ဒါဟာလည်း တချို့တွေပြောတတ်တဲ့ “တကယ်တော်တဲ့ လူတစ်ယောက်ဟာ ဘယ်တော့မှ လက်မြှောက်ထွက်မသွားဘူး”ဆိုတဲ့ စကားမျိုးတွေကြောင့် သင့်ကို မပျော်ရွှင်မှုတွေနဲ့ ဆက်လက် ရှင်သန်နေစေပြန်ပါတယ်။ ဆက်လက် ဖက်တွယ်နေဖို့ အကြောင်းပြချက်မရှိတော့ဘူးဆိုပါစို့။ အလုပ်က တကယ်ထွက်ချိန်တန်ပြီ ဖြစ်ကြောင်း အလွန်သေချာတဲ့ အကြောင်းပြချက် (၅)ခု ပြောပြပါရစေ။

 (၁) အလွန်အကျွံ စိတ်ဖိစီးမှုများအောက် ရောက်ရှိနေရင် အနည်းငယ် စိတ်ဖိစီးရတဲ့ နေ့ရက်တွေဆိုတာ လစဉ်လိုလို ရှိတတ်ပါတယ်။ ဒါပေမယ့် ဒီလိုစိတ်ဖိစီးမှုမျိုးတွေချည်း နေ့စဉ်ရက်ဆက် အလွန်အကျွံ ခံစားနေရတယ် ဆိုရင်တော့ ဒီအလုပ်ဟာ သင်နဲ့ မသင့်တော်ပါဘူး။ ဒါကြောင့် နောင်တမရခင် အရင်ထွက်လိုက်ပါ။

 (၂) စိန်ခေါ်မှုတွေ မရှိတော့ရင် နေ့တွေ ၊ လတွေ ၊ နှစ်တွေများစွာ ဆယ်စုနှစ် တစ်စုလောက်တိုင်အောင် သင့်အလုပ်ဟာ သင့်ကို ဘာစိန်ခေါ်မှုမှ မပေးနိုင်တော့ရင် ဒါဟာ အချိန်တွေကို အလဟဿ ဖြုန်းတီးပစ်နေတာပါပဲ။ ဒီအချိန်ဟာ တခြားအသက်မွေးဝမ်းကြောင်းတစ်ခု စတင်ပြောင်းလဲသင့်တဲ့ အချိန်ပါ။

(၃) ကုမ္ပဏီဟာ ဘယ်နေရာမှာမှ ဦးမဆောင်နိုင်တော့ရင် ကုမ္ပဏီဟာ နှစ်ရှည်လများ နာတာရှည်ရောဂါမျိုး တဖြည်းဖြည်းလှိုက်စားနေတဲ့အခါ သင့်ကို လက်ရှိပေးနိုင်တဲ့လစာထက် ပိုပြီး မပေးနိုင်တော့ပါဘူး။ နောက်ပြီး သင့်ရဲ့ အနာဂတ်ဟာလည်း ဘာမှ ရေရေရာရာ မတွက်ဆနိုင်တော့ ဘူးဆိုရင် ဒီကုမ္ပဏီကို သံယောဇဉ် ဖြတ်သင့်ပါပြီ။ အလုပ်တစ်ခုကို ရှာဖွေတဲ့အခါ ဝင်ငွေတစ်ခုတည်းကို မကြည့်ပါနဲ့။ ဒီကုမ္ပဏီဟာ အနာဂတ်ရည်မှန်းချက်အစီအစဉ်နဲ့ အိမ်မက်တွေ ဘယ်လောက်ထိ ရည်မှန်းအကောင်အထည် ဖော်နိုင်မလဲဆိုတာကို ချင့်ချိန်ပါ။

 (၄) အလုပ်မှာ စိတ်တက်ကြွ ရှင်သန်ဖို့အင်အား ရှာမတွေ့တော့ဘူးဆိုရင် ရည်မှန်းချက်ဆိုတာ လူတိုင်းအတွက် အရေးအကြီးဆုံးအရာတစ်ခုဖြစ်လို့ ဒီစိတ်ဓါတ် ပျောက်ပြယ် လွင့်ပါးသွားတာမျိုး ဘယ်တော့မှ မဖြစ်သင့်ပါဘူး။ အခုသင့်ရဲ့ လက်ရှိအလုပ်ဟာ သင့်ကို မပြောပလောက်တဲ့ ရည်မှန်းချက်လေးပေးထားပြီး တိုးတက်နိုင်တဲ့ နယ်ပယ်မှာ မလုပ်နေရဘူး ဆိုရင်တော့ မှန်ကန်တဲ့နည်းလမ်းနဲ့ အဆုံးသတ်ဖို့ ဆုံးဖြတ်သင့်ပါပြီ။

 (၅) စိတ်အာရုံတွေ အဝေးကိုသာ ပျံ့လွင့်နေတယ်ဆိုရင် အလုပ်က သင့်ကို လုံလောက်တဲ့ စိတ်ဝင်စားမှုတွေ မပေးစွမ်းနိုင်တော့တဲ့ အခါ ပျင်းရိခြင်းက ကြီးစိုးလာပြီး ငြီးငွေ့ခြင်းတွေနဲ့အတူ ငိုက်မြည်းနေတတ်ပါလိမ့်မယ်။ ဒါဟာ သင့်အတွက်ရော သင့်အလုပ်ရှင်အတွက်ပါ အတော်လေး စိတ်ကသိကအောက်ဖြစ်စရာ အခြေအနေပါ။ ဒါမျိုး ဖြစ်နေပြီဆိုရင် ကိုယ်စိတ်ပါဝင်စားနိုင်တဲ့ အလုပ်တစ်ခုကို ရှာဖို့လိုအပ်နေပါပြီ။ ဘဝဆိုတာ အချိန်ခဏလေးဖြစ်ပြီး အင်မတန်ကုန်လွယ်ပါတယ်။ ဒါကြောင့် နယ်မြေသစ်ကို စတင်ရှာဖွေပါ။ တရွတ်ဆွဲ အလုပ်လုပ်နေခြင်းဟာ သင့်အနာဂတ်အတွက်သာမက ကုမ္ပဏီအနာဂတ်အတွက်ပါ ထိခိုက်နိုင်ပါတယ်။

 Ref:mensxp

ဘယ္လိုအခ်ိန္မွာအလုပ္ထြက္ဖို႔ မျဖစ္မေနစဥ္းစားသင့္သလဲ ဘယ္လိုအခ်ိန္မွာအလုပ္ထြက္ဖို႔ မျဖစ္မေနစဥ္းစားသင့္သလဲ Reviewed by Naethit on Wednesday, April 19, 2017 Rating: 5

No comments