အလုပ္အင္တာဗ်ဴးမွာ မေမးသင့္ေသာေမးခြန္း(၆)ခြန္း

အလုပ္အင္တာဗ်ဳး တခုမွာ ေမးခြန္း ေမးျမန္း စစ္ေဆးမယ့္ ကုမၸဏီ သို႔မဟုတ္ အဖြဲ႕အစည္း တခုရဲ႕ တာဝန္ရွိသူဟာ ေမးခြန္းေတြ ေမးျမန္းနိုင္သူ၊ စစ္ေဆးနိုင္သူ၊ စိတ္ႀကိဳက္ အမွတ္ေပးနိုင္သူ၊ ဆုံးျဖတ္ခ်က္ ခ်မယ့္သူ ျဖစ္ေပမယ့္ အခ်ိဳ႕ေသာ ေမးခြန္းမ်ိဳးေတြကိုေတာ့ လာေရာက္ေလွ်ာက္ထားသူေတြကို မေမးသင့္တာ ေတြ ရွိပါတယ္။
ဒါက မွန္ကန္တဲ့ လုပ္ငန္းခြင္ စည္းကမ္းတခု ျဖစ္ၿပီး သင့္ရဲ႕ စည္းစနစ္ရွိမႈကို အမ်ားက ျမင္ေစနိုင္မယ့္ အခ်က္လည္း ျဖစ္ပါတယ္။ ဒီေတာ့ သင္က တာဝန္ခံ တဦးျဖစ္ေနလင့္ကစား အင္တာဗ်ဴး တခုမွာ မေမးသင့္တဲ့ ေမးခြန္းေလးေတြကို ေျပာျပခ်င္ပါတယ္။



(၁) အိမ္ေထာင္ရွိသလား

သာသာေရး ယုံၾကည္မႈေၾကာင့္ ျဖစ္ေစ၊ အေၾကာင္းရင္း တခုခုေၾကာင့္ ျဖစ္ေစ အခ်ိဳ႕က ဒီေမးခြန္းကို မေျဖခ်င္ၾကပါဘူး။ အိမ္ေထာင္ ရွိေနလ်က္နဲ႕ လူပ်ိဳ၊ အပ်ိဳ ေလွ်ာက္ထားရမယ့္ အလုပ္ တခုကို လိုအပ္ခ်က္ေၾကာင့္ လာေရာက္ ေလွ်ာက္ထားသူက လိမ္လည္ ေလွ်ာက္ထားတာ မွန္ေပမယ့္ မိမိက သူ႕ရဲ႕ ကိုယ္ေရးအခ်က္ထဲက ျဖည့္စြက္ခ်က္ အတိုင္းပဲ မွတ္သားထားရွိပါ။ ႏႈတ္နဲ႕ ထပ္ မေမးပါနဲ႕။ တဖက္သားကို စိတ္ဖိအား ေပးမိသလို ျဖစ္သြားတတ္ပါတယ္။

အိမ္ေထာင္ရွိသလား ဆိုတဲ့ ေမးခြန္းအစား – မင္းရဲ႕ မိသားစုေရးမွာ အခု လုပ္ေဆာင္ရမယ့္ တာဝန္ကို ထိခိုက္ေစနိုင္မယ့္ သူမ်ား ရွိသလား ဆိုတာမ်ိဳး အစားထိုး ေမးသင့္ပါတယ္။

(၂) အသက္ ဘယ္ေလာက္လဲ

အသက္အ႐ြယ္ ဖုံးကြယ္ၿပီး အလုပ္ ေလွ်ာက္ထားမႈ အမ်ားစု ေတြ႕ရနိုင္ပါ တယ္။ အလုပ္ လိုအပ္ခ်က္ေၾကာင့္ အသက္အ႐ြယ္ကို မျဖစ္-ျဖစ္တဲ့ နည္းနဲ႕ ဖုံးကြယ္ေလွ်ာက္ထားမႈေတြ ေတြ႕လာရ နိုင္ပါတယ္။ ဒီ အတြက္ ကိုယ္ေရးအခ်က္ထဲက အသက္နဲ႕ မ်က္ျမင္အသက္ ကြာျခားခ်က္ ရွိေနတယ္ ဆိုေတာင္မွ မင္းအသက္ ဘယ္ေလာက္လဲ လို႔ မေမးပါနဲ႕။ စိတ္ဖိအားနဲ႕ အတူ စိတ္ဓာတ္က်သြား ေစတတ္ပါ တယ္။

အသက္ ဘယ္ေလာက္လဲ ေမးခြန္းအစား ၁၈ႏွစ္ျပည့္ၿပီးၿပီလား၊ အခုတာဝန္ကို ၿပီးေျမာက္ေအာင္ ထမ္းေဆာင္ နိုင္ဖို႔ လုံေလာက္တဲ့ အသက္နဲ႕ အေတြ႕အႀကဳံမင္းမွာ ရွိထားၿပီး ျဖစ္တယ္လို႔ ယုံၾကည္သလား ဆိုတာမ်ိဳးနဲ႕ အစားထိုး ေမးသင့္ပါတယ္။

(၃) ကေလးရွိသလား၊ ကေလးယူဖို႔ ရွိသလား

ဒီအခ်က္ကလည္း တဖက္သားရဲ႕ အေရးကို ဝင္ေရာက္ စြက္ဖက္ရာေရာက္သလို အလုပ္ လာေလွ်ာက္သူ ဆီကေန ဖုံးကြယ္ လိမ္ညာမႈ တခုခုကို မျဖစ္-ျဖစ္ေအာင္ လုပ္လိုက္သလို ျဖစ္ေစပါတယ္။ အလုပ္ လိုအပ္ေနသူ ကေတာ့ ကေလးရွိသည့္တိုင္ ေအာင္၊ ယူဖို႔ အစီအစဥ္ ရွိသည့္တိုင္ေအာင္ အလုပ္ မခန႔္မွာ စိုးရိမ္တဲ့ အတြက္ မရွိဘူး လို႔ လိမ္ညာလာနိုင္ပါတယ္။

ဒီအတြက္ ကေလးရွိလား၊ ကေလးယူဖို႔ ရွိသလား ေမးခြန္း အစား မင္းပုံစံက တက္ႂကြေနပါ့လား၊ ဒီအလုပ္ထဲမွာ အာ႐ုံျပည့္ ႀကိဳးစားမယ္ ဆိုရင္ အခ်ိန္တို အတြင္း ရာထူးတက္လာနိုင္တာပဲ၊ ငယ္ေသးပါတယ္၊ အလုပ္ကိုပဲ စိတ္ထဲ ထည့္ၿပီး ႀကိဳးစားမယ္ မဟုတ္လား၊ အိမ္ေထာင္ေရး၊ မိသားစုေရးေတြ အေလးထားပုံ မရပါဘူး၊ ဟုတ္တယ္ မဟုတ္လား ဆိုတာမ်ိဳးနဲ႕ အစားထိုး ေမးသင့္ပါတယ္။

(၄) အရင္ အလုပ္မွာ ဖ်ားနာမႈရွိခဲ့ရင္ မင္း ခြင့္ဘယ္ေလာက္ ယူခဲ့သလဲ

ဒီေမးခြန္းက အမွန္ဆို မလိုအပ္တဲ့ ေမးခြန္းမ်ိဳးပါ။ တခ်ိဳ႕က တိက်ေသခ်ာခ်င္ တာေၾကာင့္ အခုလို ေမးခြန္းမ်ိဳး ေမးတတ္ ေပမယ့္ မေမးပါနဲ႕။ က်န္းမာေရးနဲ႕ ပတ္သတ္ၿပီး ဘယ္လိုဖ်ားမယ္၊ ဘယ္ေလာက္ၾကာမယ္၊ ဘယ္သူမွ ႀကိဳ မသိပါဘူး။ ေျဖဆိုသူကိုလည္း စိတ္က်ဥ္းၾကပ္ေစပါလိမ့္မယ္။

အဲဒီ ေမးခြန္း အစား တကယ္လိ့ု အလုပ္မွာ လိုအပ္ခ်က္ ရွိခဲ့ခ်ိန္ မင္းမွာလည္း က်န္းမာေရး အခက္အခဲ ရွိခဲ့ေပမယ့္ အဆင္ေျပေအာင္ တာဝန္ယူေပးနိုင္ဖို႔ ရွိသလား ဆိုတာမ်ိဳးနဲ႕ အစားထိုး ေမးသင့္ပါတယ္။

(၅) အရင္အလုပ္မွာ၊ မၾကာေသးခင္က ျပစ္ခ်က္တခုခု က်ဴးလြန္ထားတာ ရွိသလား

ဒီတခ်က္က အလုပ္ အင္တာဗ်ဴး ပုံစံ မဟုတ္ေတာ့ပဲ မႈခင္းစစ္ေဆးမႈလို ျဖစ္ေနေစပါတယ္။ အရင္အလုပ္မွာ ျဖစ္တဲ့ အျဖစ္အပ်က္ေတြဟာ သင္နဲ႕ မဆိုင္ပါဘူး။ ေလွ်ာက္ထားသူနဲ႕ပဲ ဆိုင္ပါတယ္။ သူ႕ရဲ႕ အရည္အခ်င္းကိုပဲ ၾကည့္ပါ။ သေဘာက်ရင္ အလုပ္ခန႔္ထားနိုင္ၿပီး မဟုတ္ရင္ ပယ္လိုက္နိုင္ပါတယ္။ အားနည္းခ်က္ တခုခု ရွိနိုင္တဲ့ အလုပ္ေလွ်ာက္သူ အတြက္ ဒီလို ေမးခြန္းမ်ိဳး မေမးသင့္ပါဘူး။

ဒီလို ေမးခြန္းအစား မင္းမွာ အခု အလုပ္ကို ေျပာင္းလုပ္ခ်င္လာတဲ့ အျခား အေၾကာင္း မရွိဘူးလား၊ အရင္ အလုပ္နဲ႕ စာရင္ အခုအလုပ္က ဘယ္လို ပိုေကာင္းမယ္ ထင္လို႔ ေျပာင္းေလွ်ာက္လာတာလဲ ဆိုတာမ်ိဳးနဲ႕ အစားထိုး ေမးသင့္ပါတယ္။

(၆) မင္းက ဘယ္ဘာသာဝင္လဲ

မေမးသင့္ဆုံး ေမးခြန္းတခုပါပဲ။ ေျဖဆိုသူက ျပန္မေျဖခဲ့ဘူး ဆိုရင္ေတာင္ သူ မမွားပါဘူး။ ေမးျမန္းသူရဲ႕ အမွားပါ။ လုပ္ငန္းခြင္မွာ ဘာသာေရး ခြဲျခားမႈလည္း မရွိရသလို ေမးျမန္းခ်ိန္မွာလည္း မေမးသင့္ပါဘူး။ အလုပ္ ေလွ်ာက္ထားသူတိုင္းဟာ သူတို႔ လုပ္ေဆာင္ရမယ့္ အလုပ္ကို ေလ့လာၿပီးမွ ေလွ်ာက္ထားၾကတာ ျဖစ္လို႔ မိမိေပးမယ့္ အလုပ္နဲ႕ သူ လုပ္နိုင္မယ့္ အလုပ္ အံမက်စရာ မရွိပါဘူး။

အဲဒီေမးခြန္းအစား အခု ရာထူးနဲ႕ ပတ္သတ္ၿပီး မင္းမွာ လူမႈေရးပိုင္းအရ အံမဝင္စရာ အခ်က္ တခုခုမ်ား ရွိနိုင္သလား ဆိုတာမ်ိဳး အစားထိုး ေမးသင့္ပါတယ္။

Ref: www.businessinsider.com


Unicode


အလုပ်အင်တာဗျုး တခုမှာ မေးခွန်း မေးမြန်း စစ်ဆေးမယ့် ကုမ္ပဏီ သို့မဟုတ် အဖွဲ့အစည်း တခုရဲ့ တာဝန်ရှိသူဟာ မေးခွန်းတွေ မေးမြန်းနိုင်သူ၊ စစ်ဆေးနိုင်သူ၊ စိတ်ကြိုက် အမှတ်ပေးနိုင်သူ၊ ဆုံးဖြတ်ချက် ချမယ့်သူ ဖြစ်ပေမယ့် အချို့သော မေးခွန်းမျိုးတွေကိုတော့ လာရောက်လျှောက်ထားသူတွေကို မမေးသင့်တာ တွေ ရှိပါတယ်။
ဒါက မှန်ကန်တဲ့ လုပ်ငန်းခွင် စည်းကမ်းတခု ဖြစ်ပြီး သင့်ရဲ့ စည်းစနစ်ရှိမှုကို အများက မြင်စေနိုင်မယ့် အချက်လည်း ဖြစ်ပါတယ်။ ဒီတော့ သင်က တာဝန်ခံ တဦးဖြစ်နေလင့်ကစား အင်တာဗျူး တခုမှာ မမေးသင့်တဲ့ မေးခွန်းလေးတွေကို ပြောပြချင်ပါတယ်။



(၁) အိမ်ထောင်ရှိသလား

သာသာရေး ယုံကြည်မှုကြောင့် ဖြစ်စေ၊ အကြောင်းရင်း တခုခုကြောင့် ဖြစ်စေ အချို့က ဒီမေးခွန်းကို မဖြေချင်ကြပါဘူး။ အိမ်ထောင် ရှိနေလျက်နဲ့ လူပျို၊ အပျို လျှောက်ထားရမယ့် အလုပ် တခုကို လိုအပ်ချက်ကြောင့် လာရောက် လျှောက်ထားသူက လိမ်လည် လျှောက်ထားတာ မှန်ပေမယ့် မိမိက သူ့ရဲ့ ကိုယ်ရေးအချက်ထဲက ဖြည့်စွက်ချက် အတိုင်းပဲ မှတ်သားထားရှိပါ။ နှုတ်နဲ့ ထပ် မမေးပါနဲ့။ တဖက်သားကို စိတ်ဖိအား ပေးမိသလို ဖြစ်သွားတတ်ပါတယ်။

အိမ်ထောင်ရှိသလား ဆိုတဲ့ မေးခွန်းအစား – မင်းရဲ့ မိသားစုရေးမှာ အခု လုပ်ဆောင်ရမယ့် တာဝန်ကို ထိခိုက်စေနိုင်မယ့် သူများ ရှိသလား ဆိုတာမျိုး အစားထိုး မေးသင့်ပါတယ်။

(၂) အသက် ဘယ်လောက်လဲ

အသက်အရွယ် ဖုံးကွယ်ပြီး အလုပ် လျှောက်ထားမှု အများစု တွေ့ရနိုင်ပါ တယ်။ အလုပ် လိုအပ်ချက်ကြောင့် အသက်အရွယ်ကို မဖြစ်-ဖြစ်တဲ့ နည်းနဲ့ ဖုံးကွယ်လျှောက်ထားမှုတွေ တွေ့လာရ နိုင်ပါတယ်။ ဒီ အတွက် ကိုယ်ရေးအချက်ထဲက အသက်နဲ့ မျက်မြင်အသက် ကွာခြားချက် ရှိနေတယ် ဆိုတောင်မှ မင်းအသက် ဘယ်လောက်လဲ လို့ မမေးပါနဲ့။ စိတ်ဖိအားနဲ့ အတူ စိတ်ဓာတ်ကျသွား စေတတ်ပါ တယ်။

အသက် ဘယ်လောက်လဲ မေးခွန်းအစား ၁၈နှစ်ပြည့်ပြီးပြီလား၊ အခုတာဝန်ကို ပြီးမြောက်အောင် ထမ်းဆောင် နိုင်ဖို့ လုံလောက်တဲ့ အသက်နဲ့ အတွေ့အကြုံမင်းမှာ ရှိထားပြီး ဖြစ်တယ်လို့ ယုံကြည်သလား ဆိုတာမျိုးနဲ့ အစားထိုး မေးသင့်ပါတယ်။

(၃) ကလေးရှိသလား၊ ကလေးယူဖို့ ရှိသလား

ဒီအချက်ကလည်း တဖက်သားရဲ့ အရေးကို ဝင်ရောက် စွက်ဖက်ရာရောက်သလို အလုပ် လာလျှောက်သူ ဆီကနေ ဖုံးကွယ် လိမ်ညာမှု တခုခုကို မဖြစ်-ဖြစ်အောင် လုပ်လိုက်သလို ဖြစ်စေပါတယ်။ အလုပ် လိုအပ်နေသူ ကတော့ ကလေးရှိသည့်တိုင် အောင်၊ ယူဖို့ အစီအစဉ် ရှိသည့်တိုင်အောင် အလုပ် မခန့်မှာ စိုးရိမ်တဲ့ အတွက် မရှိဘူး လို့ လိမ်ညာလာနိုင်ပါတယ်။

ဒီအတွက် ကလေးရှိလား၊ ကလေးယူဖို့ ရှိသလား မေးခွန်း အစား မင်းပုံစံက တက်ကြွနေပါ့လား၊ ဒီအလုပ်ထဲမှာ အာရုံပြည့် ကြိုးစားမယ် ဆိုရင် အချိန်တို အတွင်း ရာထူးတက်လာနိုင်တာပဲ၊ ငယ်သေးပါတယ်၊ အလုပ်ကိုပဲ စိတ်ထဲ ထည့်ပြီး ကြိုးစားမယ် မဟုတ်လား၊ အိမ်ထောင်ရေး၊ မိသားစုရေးတွေ အလေးထားပုံ မရပါဘူး၊ ဟုတ်တယ် မဟုတ်လား ဆိုတာမျိုးနဲ့ အစားထိုး မေးသင့်ပါတယ်။

(၄) အရင် အလုပ်မှာ ဖျားနာမှုရှိခဲ့ရင် မင်း ခွင့်ဘယ်လောက် ယူခဲ့သလဲ

ဒီမေးခွန်းက အမှန်ဆို မလိုအပ်တဲ့ မေးခွန်းမျိုးပါ။ တချို့က တိကျသေချာချင် တာကြောင့် အခုလို မေးခွန်းမျိုး မေးတတ် ပေမယ့် မမေးပါနဲ့။ ကျန်းမာရေးနဲ့ ပတ်သတ်ပြီး ဘယ်လိုဖျားမယ်၊ ဘယ်လောက်ကြာမယ်၊ ဘယ်သူမှ ကြို မသိပါဘူး။ ဖြေဆိုသူကိုလည်း စိတ်ကျဉ်းကြပ်စေပါလိမ့်မယ်။

အဲဒီ မေးခွန်း အစား တကယ်လိ့ု အလုပ်မှာ လိုအပ်ချက် ရှိခဲ့ချိန် မင်းမှာလည်း ကျန်းမာရေး အခက်အခဲ ရှိခဲ့ပေမယ့် အဆင်ပြေအောင် တာဝန်ယူပေးနိုင်ဖို့ ရှိသလား ဆိုတာမျိုးနဲ့ အစားထိုး မေးသင့်ပါတယ်။

(၅) အရင်အလုပ်မှာ၊ မကြာသေးခင်က ပြစ်ချက်တခုခု ကျူးလွန်ထားတာ ရှိသလား

ဒီတချက်က အလုပ် အင်တာဗျူး ပုံစံ မဟုတ်တော့ပဲ မှုခင်းစစ်ဆေးမှုလို ဖြစ်နေစေပါတယ်။ အရင်အလုပ်မှာ ဖြစ်တဲ့ အဖြစ်အပျက်တွေဟာ သင်နဲ့ မဆိုင်ပါဘူး။ လျှောက်ထားသူနဲ့ပဲ ဆိုင်ပါတယ်။ သူ့ရဲ့ အရည်အချင်းကိုပဲ ကြည့်ပါ။ သဘောကျရင် အလုပ်ခန့်ထားနိုင်ပြီး မဟုတ်ရင် ပယ်လိုက်နိုင်ပါတယ်။ အားနည်းချက် တခုခု ရှိနိုင်တဲ့ အလုပ်လျှောက်သူ အတွက် ဒီလို မေးခွန်းမျိုး မမေးသင့်ပါဘူး။

ဒီလို မေးခွန်းအစား မင်းမှာ အခု အလုပ်ကို ပြောင်းလုပ်ချင်လာတဲ့ အခြား အကြောင်း မရှိဘူးလား၊ အရင် အလုပ်နဲ့ စာရင် အခုအလုပ်က ဘယ်လို ပိုကောင်းမယ် ထင်လို့ ပြောင်းလျှောက်လာတာလဲ ဆိုတာမျိုးနဲ့ အစားထိုး မေးသင့်ပါတယ်။

(၆) မင်းက ဘယ်ဘာသာဝင်လဲ

မမေးသင့်ဆုံး မေးခွန်းတခုပါပဲ။ ဖြေဆိုသူက ပြန်မဖြေခဲ့ဘူး ဆိုရင်တောင် သူ မမှားပါဘူး။ မေးမြန်းသူရဲ့ အမှားပါ။ လုပ်ငန်းခွင်မှာ ဘာသာရေး ခွဲခြားမှုလည်း မရှိရသလို မေးမြန်းချိန်မှာလည်း မမေးသင့်ပါဘူး။ အလုပ် လျှောက်ထားသူတိုင်းဟာ သူတို့ လုပ်ဆောင်ရမယ့် အလုပ်ကို လေ့လာပြီးမှ လျှောက်ထားကြတာ ဖြစ်လို့ မိမိပေးမယ့် အလုပ်နဲ့ သူ လုပ်နိုင်မယ့် အလုပ် အံမကျစရာ မရှိပါဘူး။

အဲဒီမေးခွန်းအစား အခု ရာထူးနဲ့ ပတ်သတ်ပြီး မင်းမှာ လူမှုရေးပိုင်းအရ အံမဝင်စရာ အချက် တခုခုများ ရှိနိုင်သလား ဆိုတာမျိုး အစားထိုး မေးသင့်ပါတယ်။

Ref: www.businessinsider.com


အလုပ္အင္တာဗ်ဴးမွာ မေမးသင့္ေသာေမးခြန္း(၆)ခြန္း အလုပ္အင္တာဗ်ဴးမွာ မေမးသင့္ေသာေမးခြန္း(၆)ခြန္း Reviewed by Naethit on Tuesday, April 25, 2017 Rating: 5

No comments